“ဒိုင်အမြဲစါးတဲ့..ဒို့ တိုင်းပြည်” (၁)
Maung Kyaw with Aung Oo and Soe Win
ဒေါ်စုသမ္မတဖြစ်မှာကို..ဘယ်လိုလူမျိုးတွေကများ..စိုးရိမ်နေကြပါလိမ့်??? မပူပါနဲ့…မဖြစ်ပါဘူး။
ပိုက်ဆံ ၁၁ ဘီလီယန် လောက်များရှိရင်…တစ်ဆ..ကိုးဆယ့်ကိုးဆနဲ့ ဒိုင်ကိုင်လိုက်ချင်သေးတယ်။ လူထုသိပ်တော်တိုင်းပြည်သိပ်ကံကောင်းရင်… တစ်ဆ။ မဟုတ်ရင်…ကိုးဆယ့်ကိုးဆ။ ဒိုင်ဘဲစားမှာပါ….
.ရှိတဲ့သူတွေဒိုင်ကိုင်ကြပါစေလေ။ ကြားဖူး…သိဘူးသလောက်..အသိလေးနဲ့ .. ဒိုင်အမြဲစါးတဲ့ သမိုင်းကလေးပြန် စဉ်းစားမိတယ် --
ချစ်လိုက်ကြတဲ့အမျိုး…ချစ်လိုက်ကြတဲ့တိုင်းပြည်… အသေးတောင်စိတ်လိုက်သေးတယ်။ ဒီနိုင်ငံထဲတင်…ဘယ်အမျိုးမို့ပိုချစ်တာ…ဘယ်ဒေသမို့ပိုချစ်တာ…စသည်ဖြင့်ပေါ့လေ။ လူသားရယ်လို့ဖြစ်လာရင်…လူမျိုးစွဲ…ဒေသစွဲ…ဆိုတာရှိစမြဲပါ။ ဇာတိပုညဂုဏ်မာန…ပေါ့ မဆန်းပါဘူး။ အဲ…ဆန်းတာက…အဲဒီလိုချစ်နေ…ပြောနေကြတုံး...ဟိုး…ကမ္ဘာ့အနောက်ခြမ်းက ကုလားဖြူတွေ…ဒိုင်လာစားသွားတာ…နှစ်တစ်ရာကျော်တယ်။
နှစ်တစ်ရာ…ကျော်ပြီးတော့ “ ခင်ဗျားတို့ ရဲ့ေ_ာက်ကျင့်တွေကိုပြင်ကြဘို့လိုပြီ ” …လို့..လူထုကို… လက်ခုပ်သံတစ်ဖြောင်းဖြောင်းကြားက …ပြောရဲ….ပြောနိုင်တဲ့…. .ခေါင်းဆောင်တစ်ယောက်ပေါ်လာတယ်။ မကြာပါဘူး…အသက် ၃၀ ကျော်နဲ့ ပွဲပြတ်သွားတယ်။ ဟောနောက်တစ်ယောက်….ကိုကြီး နု…တဲ့။ ဒိုင်ကိုင်မယ် ကြံခါရှိသေး…အပေါင်းအသင်းတွေထဲက…ဆဲလိုက် ဆိုလိုက် အော် လိုက်နဲ့…. ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တောင် “မောင်နုကအခုဝန်ကြီးချုပ်လေကွာ..မင်းတို့က အရင်လို သဘောထားနဲ့ ပြောချင်သလိုပြော ဆက်ဆံချင်သလို ဆက်ဆံလိုဘယ်သင့်မလဲ (မှတ်မိသမျှ ) ” လို့ပြောယူရတယ်။ မရပါဘူး အချင်းချင်းက…..ပါးစပ်ဘုရားလက်ကားယား….ဆိုပြီးတော့…ဆော်။ နွားမသတ်ရဘူးဆိုတော့…ကုလားပေါင်းစုံက၀ိုင်းဆော်…နဲ့…ချောက်ထဲကျဘို့… လက်နှစ်လုံးအလိုမှာ…ဒိုင်အစစ်ကြီးရဲ့ ဂွင်ဝင်သွားပါလေရော။ သခင်ရှုမောင်နဲ့ အပေါင်းအပါများ…..ဒိုင်စားသွားတာ..မဆလသက်၂၆ နှစ်တဲ့။ ဘယ်ကမလဲ…၆၂ခုနှစ်..ကတဲက တော်လှန်ရေးကောင်စီဆိုပြီး…ဒိုင်စစားတာ… ကနေ့ထိ…. သူ့မျိုးဆက်တွေဝါးနေရတုန်း။ ဆွစ်ဇာလန်မှာ..ခြံအဝင်ကစပြီး..လှေခါးမှန်သမျှ…ကျောက်စိမ်းပြားကြီးတွေခင်းထားတဲ့… သူ့  ဘော်ဒါကြီးငြိမ့်နေတုံး။ဂျာမနီမှာ…G3, G4တွေလုပ်ပေးတဲ့ Fritz Werner ကုမ္မဏီကို.. ရွှေချထားတဲ့..မြန်မာ့..ကျွန်းထွင်းလက်ရာ…ကျွန်းတိုင်အလုံးလိုက်ကြီးတွေ…အလကားသယ်…. အလကားဆောက်ပေးထားတဲ့…လက်ဆောင်နန်တော်ကြီး…ခန့် ခန့် ကြီး..ဗျား။
(ဆက်ပါမည်)
0 comments:
Post a Comment