Thet Lwin ဟာသ စုစည်းမှု (၂)
သွားတိုက်သင့်တယ်
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံအကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးက ပြောလိုက်သည်မှာကား "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။
Credit to ဦးကောင်းထိုက်
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံအကြောင်းကို
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးက ပြောလိုက်သည်မှာကား "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။
Credit to ဦးကောင်းထိုက်
ညာတယ်
"ကျုပ်မိန်းမဟာ အတော်မုသား ပြောတတ်တယ် " ဟု မောင်ရိုးက သူငယ်ချင်းလူယုံအား တိုင်၏။
"မင်း ဘယ်လိုသိသလဲ "
"မနေ့ညက သူ အိမ်ပြန်မလာဘူး ၊ ဘယ်သွားနေလဲ မေးတော့ သူ့ညီမ ဂျမ်းပုံ အိမ်မှာ အိပ်ခဲ့တယ်လို့ ပြောတယ် "
"အဲဒီတော့"
"ဒါ သူညာတာ ထင်ရှားတာပေါ့၊ ကျုပ်က ဂျမ်းပုံနဲ့ တစ်ညလုံး ရှိနေခဲ့တာပဲ "
♥♥♥♥♥♥♥♥♥♥

တန်ဖိုး မရှိသောသူ
သူငယ်ချင်း နှစ်ယောက် အလောင်းအစား လုပ်ကြသည်။ တက္ကစီကားဂိတ်သို့ ရောက်လာပြီး တစ်ယောက်က တက္ကစီ ဒရိုင်ဘာကို မေးသည်။
"ဒီကနေ မြို့ထဲကို ဘယ်လောက် ပေးရမလဲ "
"နှစ်ထောင်"
"ကျွန်တော့် သူငယ်ချင်းပါ ကျွန်တော်နဲ့ လိုက်မယ်ဆိုရင်ရော "
"နှစ်ထောင်ပါပဲ "
"ကြားတယ် မဟုတ်လား ဘမောင် ... မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့အကောင်ဆိုတာ ယုံပြီလား"
ငှဲ ငှဲ

ရှာပုံတော်
ကုမ္ပဏီပိုင်ရှင်သူဌေးသည် သူ့စက်ရုံမှ မကြာခဏဆိုသလို ပစ္စည်းပျောက်နေသောကြောင့် မန်နေဂျာကို တင်းတင်းကြပ်ကြပ် စစ်ဆေးရန် မှာကြားထားသည်။
တစ်ခုသော ညနေ အလုပ်ဆင်းချိန်၌ မန်နေဂျာ စစ်ဆေးနေပုံကို သူဌေးက မြင်တွေ့သွားသည်။
"အလုပ်သမားတွေအားလုံး အင်္ကျီချွတ်ပြီး လုံချည်ခါးတောင်းကျိုက်ထား"
"ဘာပစ္စည်းပျောက်ပြန်ပြီလဲ မန် နေဂျာကြီးရဲ့ "
"စည်ပိုင်းတစ်လုံး ပျောက်သွားလို့ပါ သူဌေး"
ငင်
မောင်ကောင်းထိုက် ဟာသပဒေသာမှ

0 comments:
Post a Comment