သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၁)
သစ်ထူးလွင် |
|
- ရွေးကောက်ပွဲဝင်ရန် ဦးတေဇ အစီအစဉ်မရှိ
- ဒေါ်လာဈေးတက်သဖြင့် သွင်းကုန်လုပ်ငန်းရှင်များ အခက်ကြုံ
- မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်
-
ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်
မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ - ကလေးတွင် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်း၍ သေဆုံးသူ မြင့်တက်
- ဦးဝင်းချို နှင့် အပေါင်းအပါ(၆)ဦးအား ထောက်ဒဏ်(၆)လအမိန့်ချမှတ်
- သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ
- ကမ္ဘာကျော် ချောင်းသာကမ်းခြေ စည်းကမ်းမဲ့သူများကြောင့် ကမ်းခြေအလှများ ပျက်စီး
- မလေးရှားတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ ကျပ်သိန်းနှစ်ရာတောင်း
- ပုဂံစေတီပုထိုးများတွင် ညအိပ် နိုင်ငံခြားဧည့်သည် တင်းကျပ်စွာ စစ်ဆေး
- တပ်မတော်အစိုးရ၏ လုပ်ရပ်များ လက်စားချေလိုစိတ် မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
- စားသောက်ဆိုင်တွင်ရမ်းကားနေသော လူငယ်ရှစ်ဦး တိုက်ခိုက်၍ ရဲလေးဦးဒဏ်ရာရ
- အမေရိကန် တခွင် ကျေးဇူးတော်နေ့ ဆင်နွှဲ
- တောဆိုလာ နှင့် မြို့မီတာ
- ထိုင်းနယ်စပ်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားများကို ဒီဇင်ဘာတွင် ပြန်ခေါ်မည်
- ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို
- အခြေခံဥပဒေကိစ္စ ကြီးလေးကြီး တွေ့နိုင်ရန် NLD ထပ်မံ တိုက်တွန်းမည်
- မင်းလှတွင် ရဲတပ်သားဇနီး မောင်နှံစကားများရာမှ ဇနီးကဓားဖြင့်ထိုး၍ ရဲတပ်သား သေဆုံးမှုဖြစ်ပွား
-
နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်
ကွာ ရှင်းပြတ်စဲထားသည့် ဇနီးကို ဓားဖြင့်ထိုးသတ် - အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်
- တရုတ် လေတပ်ကို တပ်လှန့်
- နိုဝင်ဘာလ(၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ(၂၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 12
- နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် The Hot News Journal Vol-4,No - 168
Posted: 29 Nov 2013 03:21 AM PST
မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးတေဇသည်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဟု ကောလာဟလများထွက်ပေါ်လျက်ရှိပြီး ယင်းကိစ္စမှာ လတ်တလော၌ အစီအစဉ်မရှိသေးကြောင်း ဦးတေဇ၏ပြောရေးဆိုခွင့်ရှိသူ ဦးညီညီအောင်က စံတော်ချိန်သို့ ပြောဆိုသည်။ " တချို့သတင်းတွေက ကျွန်တော်တို့တောင်လိုက် မမီပါဘူးဗျာ။ အမျိုးမျိုးသတင်းထွက်နေတာပဲ။ ရွေးကောက်ပွဲ ၀င်ဖို့ကတော့ လတ်တလောမှာ အစီအစဉ်မရှိသေးပါဘူး" ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးညီညီအောင်က ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Nov 2013 03:12 AM PST
နိုင်ငံခြား ငွေလဲလှယ်မှုဈေးကွက် တွင် အမေ ရိကန်ဒေါ်လာလဲလှယ်မှု ဈေးနှုန်း များ မြင့်တက်လာမှုကြောင့် သွင်း ကုန်လုပ်ငန်းများတွင် အခက်တွေ့ နေရကြောင်း သွင်းကုန်လုပ်ငန်း ရှင်အသိုင်းအဝိုင်းမှ သိရသည်။ အမေရိကန်ဒေါ်လာလဲ လှယ်မှုဈေးနှုန်းသည် ယခုလပိုင်း အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၉၇ဝမှ ကျပ် ၉၉၀ ဝန်းကျင်သို့ ဈေးနှုန်းမြင့် တက်လာခြင်းဖြစ်ပြီး ယင်းသို့ ဒေါ်လာဈေးမြင့်တက် လာမှုကြောင့် သွင်းကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်လာသဖြင့် အခက်ကြုံနေ ရခြင်းဖြစ်ကြောင်း ယင်းတို့က ပြောသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Nov 2013 03:04 AM PST
ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Nov 2013 02:59 AM PST
ပဲခူးမြို့ ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိ မွန်ရိုးရာ ပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Nov 2013 02:44 AM PST
စစ်ကိုင်းတိုင်း
ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း
သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရသူနှင့် သေဆုံးသူများ
ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့်
ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။ “ဒီနှစ်အတွင်း ပြီးခဲ့တဲ့
လစဉ်ဖြစ်ခဲ့တာ ၁၀ မှု မကျော်ဘူး။ စက်တင်ဘာလ ကနေစပြီး ၁၀ မှု ကျော်တွေ
ဖြစ်လာတယ်။ ဖြစ်လိုက်ရင်လည်း အသေနဲ့ ကြီးကြီးမားမား ဒဏ်ရာရတာတွေချည်းပဲ” ဟု
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Nov 2013 02:41 AM PST
ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ နေ့လည်(၂း၀၀)အချိန့်က ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ်တရားသူကြီး ဦးကျော်စိုးမှ ဦးဝင်းချိုပါ(၆)ဦးအနက် ပုဒ်မ ၁၈ အမှုအတွက် ဦးဝင်းချိုနှင့်ရန်ပိုင်စိုး( ဦးဝင်းချိုက ထောင်ထဲမှ ပြန်လည် လွတ်မြောက်လာပါကလည်း နိုင်ငံသားအရေး ကိစ္စများကို သာဆက်လက် ဆောင်ရွက်ဦးမည် ဖြစ်ကြောင်း နှင့် ၄င်းတို့(၆)ဦး အမှုရင်ဆိုင် နေစဉ်ကာအတွင်း ယနေ့အထိချုပ်ရက် ပေါင်း(၉၀)ရက်ရရှိထားပြီ ဖြစ်ကြောင်းလည်း ပဲခူးမြို့နယ် တရားရုံးရှေ့တွင် ပြောကြားခဲ့သည်။ ကိုသန့် ဇင် By Thit Htoo Lwin |
||
Posted: 28 Nov 2013 10:22 PM PST
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်း တန်း ရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 10:19 PM PST
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ပွဲ အတွင်းရှိ မြန်မာနိုင်ငံ၌ သာမက ကမ္ဘာတွင်ပါ ထင်ရှား ကျော်ကြားခဲ့သော ချောင်းသာ အပန်းဖြေကမ်း ခြေသည် ယခုအခါ စည်းကမ်းမဲ့သူ များကြောင့် ကမ်းခြေ၏ ရှုခင်းအလှ တရားများ ပျက်စီးသွားပြီး လာမည့် နှစ်အနည်းငယ်အတွင်း ကမ်းခြေတစ်ခုလုံး ပျက်စီးသွား နိုင်သဖြင့် ကမ်းခြေ ရေရှည်တည် တံ့စေရန် လိုလားကြောင်း ချောင်းသာ ကမ်းခြေ ဒေသခံ များမှ ပြော ဆိုကြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:42 PM PST
မလေးရှားနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲပြီး ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုခဲ့ရာ သိန်းတစ်ရာ လွှဲပေးသော်လည်း ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ ပြန်ရောက်မလာသောကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတို့က တရားခံများကို အပူတပြင်းရှာဖွေနေကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ဆွန်ငိုင်းဘူးလို့ မြို့နယ်တွင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ကရင်ပြည်နယ် မိုင်းကံကျေးရွာမှ စောတင်ကျော်၏အိမ်သို့ ကရင်လူမျိုးတစ်ဦးနှင့် မော်လမြိုင်မြို့နယ်မှ အမျိုးသားသုံးဦးတို့ အလည်ရောက်လာခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:39 PM PST
မြန်မာတို့၏ ရှေးဟောင်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး ပုဂံဒေသ အတွင်းရှိ ဘုရား၊ စေတီပုထိုး များတွင် နိုင်ငံခြား ခရီးသွားအချို့၏ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အပြုအမူများနှင့် ညအိပ်စက်ခြင်းတို့နှင့် ပတ်သက်၍ တင်းကျပ်စွာ စစ်ဆေးလျက် ရှိကြောင်း ပုဂံဒေသ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:35 PM PST
ဆယ်စုနှစ်နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ်နှင့် ကန့်သတ် ဖိနှိပ်မှုများအောက် နေထိုင်ခဲ့ရသော်လည်း တပ်မတော်အစိုးရ၏ လုပ်ရပ်များအပေါ်၌ ပြန်လည် လက်စားချေလိုစိတ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ (၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် Australia Network News တို့ တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:33 PM PST
စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို ပြန်လည်ခုခံသောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရဲတပ်သားငါးဦး ဆိုင်သို့ရောက်သွားသောအခါ ပြန်လည်ခုခံ၍ ရဲတပ်သားများ ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:21 PM PST
အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကြာသပတေးနေ့ဟာ နှစ်စဉ် ဆင်နွှဲကြတဲ့ Thanksgiving ကျေးဇူးတော်နေ့ဖြစ်သလို၊ အမေရိကန် မိသားစုဝင်တွေ အတူတူ စားကြသောက်ကြ၊ အထူးလျှော့ဈေးနဲ့ ဈေးဝယ်ထွက်တာတွေကို လုပ်လေ့ရှိကြပါတယ်။ ကျေးဇူးတော်ကို ချီးမွမ်းတဲ့ အားလပ်ရက်ဖြစ်လို့၊ ဒီလိုနေ့မှာ မိသားစုတွေ ဆုံစည်းကြပြီး ကြက်ဆင်သားနဲ့ တခြား ရိုးရာ စားသောက်ဖွယ်ရာအစုံကို အတူတကွ စားသောက်ကြတာပါ။ ဒီနေ့မှာ ဘာသာရေး ၀တ်ပြုဆုတောင်းမှုတွေကိုလည်း အမေရိကန်နိုင်ငံအ၀ှမ်း စုဝေး ပြုလုပ်ကြသလို၊ အမေရိကန် ဘောလုံးပြိုင်ပွဲတွေ ကြည့်တာ၊ ဒါမှမဟုတ် အစားအသောက် စုဆောင်းလှူဒါန်းတဲ့ နေရာတွေမှာ ကူညီပါဝင်ကြတာနဲ့ တခြား စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်တတ်ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:16 PM PST
ဖျတ်ခနဲလင်းချင်းလာသော လျှပ် စစ်မီးတစ်ပွင့်ကို ကြည့်ရင်း မန်းပုဏ္ဏား ကျေနပ်နေသည်။ တီဗီဖွင့်ကြည့်တော့လည်း မျက်နှာပြင် အပြည့်ပွင့်လာသည်။ ဒါပေမဲ့စောနေသေးသည့်အတွက် သူပြန် ပိတ်ထားလိုက်သည်။ ''အစိုးရ သွယ်ပေးမယ့် မီးကိုစောင့် ရင် ကျုပ်သေသာသွားမယ်။ ရမှာမဟုတ် ဘူး။ ဒါကြောင့် ဒါလေးဝယ်ဖြစ်တာ။ နှစ်သောင်းခွဲပေးရတယ်''ဟု မန်းပုဏ္ဏားက ၎င်းတို့တဲတွင် တပ်ထားသော ဆိုလာပြား အကြောင်း ပြောပြသည်။ ဆိုလာပြားမှ ရသော လျှပ်စစ်ဖြင့် လျှပ်စစ်မီး ၃ ချောင်း တီဗီတစ်လုံးနှင့်ကက်ဆက်တစ်လုံး ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 09:14 PM PST
ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော မြန် မာနိုင်ငံသားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ပြန်လည်ခေါ်ဆောင် သွားရန် အစီအစဉ်ရှိကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ အာရှတော် ဝင်ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောသည်။ ''ထိုင်းနယ်စပ်ဘက်က camp တွေကို ဆက်သွယ်ဖို့ အစီအစဉ်လည်း ရှိတယ်။ အဲဒီမှာလည်း camp တွေက အများကြီး။ အဲဒီက မြန်မာနိုင်ငံသားတွေ သူတို့ရဲ့ဆန္ဒပဲ။ ပြန်ချင်တယ်ဆို ရင် ခေါ်ထုတ်မယ်။ မပြန်ချင်ဘူးဆိုတဲ့ လူအတွက်တော့ မတတ်နိုင်ဘူး'' ဟု ဒေါက်တာမြတ်သူက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 08:53 PM PST
နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 08:50 PM PST
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ထပ်မံတိုက်တွန်း သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။ NLD ပါတီ၏ ပထမအကြိမ် ကမ်းလှမ်းချက်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောဆိုရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က NLD ပါတီအနေနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် အဆိုပါ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ပြီးချိန်မှ ဆက်လုပ်သင့်ကြောင်း ပြောဆိုထားသဖြင့် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Nov 2013 08:33 PM PST
မကွေး၊ နိုဝင်ဘာ ၂၇ မကွေးတိုင်းဒေသကြီး မင်းလှမြို့မရဲစခန်းမှ ရဲတပ်သား ရာဇာမင်းသည် ယခုလ ၂၆ ရက် ည ၁ဝ နာရီ ၁၅ မိနစ်က နေအိမ်လိုင်းခန်းတွင်ရှိနေစဉ် အရက်သောက်စားမူးယစ်ပြီး ၄င်း၏ ဇနီးဖြစ်သူ မသန်းသန်းမြင့်နှင့် စကားများရန်ဖြစ်ကြရာမှ ဇနီးဖြစ်သူ မသန်းသန်းမြင့်က ရာဇာမင်းအား အရိုးအသွားကိုးလက်မ ခန့်ရှိ မီးဖိုချောင်သုံးဓားဦးချွန်နှင့ အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မင်းလှမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မသန်း သန်းမြင့်အား မင်းလှမြို့မရဲစခန်းက (ပ)၁၄၁/ ၂ဝ၁၃၊ ပုဒ်မ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ ကျော်ဇေယျ (မကွေး) - The Union Daily |
||
Posted: 28 Nov 2013 08:31 PM PST
မော်လမြိုင်၊ နိုဝင်ဘာ ၂၇ မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့ အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ် သားဇော်(ရာမည) - The Union Daily |
||
Posted: 28 Nov 2013 08:31 PM PST
မအူပင် ၊ နိုဝင်ဘာ ၂၈
မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ သိုက်ကုန်းကျေးရွာအုပ်စု အတွင်းရှိ ပြည်သူ များသည် ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်သည့် ဆန္ဒဖော်ထုတ်ပွဲကို မအူပင်မြို့တွင် နိုဝင်ဘာလ (၂၈)ရက် နံနက်(၁၀)နာရီ အချိန် က ဆောင်ရွက်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်သည့်ပွဲတွင် သိုက်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကို မြို့နယ်အုပ် ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်အား ရုပ်သိမ်းခဲ့ပြီး ယာယီအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးခဲ့သဖြင့် သိုက်ကုန်းကျေးရွာအုပ်စုအတွင်း ရှိ ပြည်သူ အများစုက ကျေးရွာ အုပ်ချုပ်သည့် အုပ်ချုပ်ရေးမှူးအား ဦးသိန်းဇော်ကိုသာ အလိုရှိကြောင်းနှင့် ယာယီအုပ်ချုပ်ရေးမှူး ဦးကျော် မြင့်အား အလိုမရှိကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရှိရသည် MOI Webportal Myanmar |
||
Posted: 28 Nov 2013 08:21 PM PST
တရုတ် အစိုးရ လေကြောင်း ကာကွယ်ရေး ဇုန် ပေါ် ဂျပန်နဲ့ တောင် ကိုရီးယား စစ်လေယာဉ် တွေ ဖြတ်ကျော် ပျံသန်းတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် တရုတ် တိုက်ခိုက်ရေး စစ်လေယာဉ်တွေ ဒီနယ်မြေ မှာ ချထား လိုက်ပြီလို့ တရုတ် ဘက်က ကြေညာ ခဲ့ပါတယ်။ လေယာဉ်တွေ ပုံမှန် အတိုင်း ကင်းလှည့် တာအပြင် လေတပ် ကိုလည်း တပ်လှန့် ထားတယ်လို့ ဆင်ဟွာ တရုတ် သတင်းဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Nov 2013 02:15 PM PST
|
||
Posted: 28 Nov 2013 02:08 PM PST
|
||
Posted: 28 Nov 2013 02:05 PM PST
|
||
Posted: 28 Nov 2013 02:02 PM PST
|
0 comments:
Post a Comment