သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၁)
သစ်ထူးလွင် |
|
- ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ
- အေအိုင်ဒီအက်စ် သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဩစတေးလျကိုထွက်ခွာ
- အာဖဂန်တွင် ကျောက်တုံးဖြင့်ပစ်ပေါက် သေဒဏ်ပေးမှု ပြန်ကျင့်သုံးဖွယ်ရှိ
- ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၂၃ ဦး တရားစွဲဆိုခံရ
- ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သြစတြေးလျခရီးစဉ် စတင် (ရုပ်/သံ)
- ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် မြန်မာလုပ်သား တစ်ဦး အသတ်ခံရ
- မန္တလေး နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူဟု ယူဆရသူ ၂၄ နာရီအတွင်း ဖမ်းမိ
- အရွယ်မရောက်သေးသည့် ကလေးသူငယ်အမျိုးသမီးအား သားမယားပြုကျင့်သူ၊ ပြည့်တန်ဆာခိုင်းစေသူများကို ထိရောက်စွာအရေးယူ
- ဖားကန့် ဒေသမှာ ရေမဆေးကျောက် ရှာဖွေသူများ ဖမ်းဆီးခံရ
- နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် Tech Space နည်းပညာဂျာနယ် ( Vol-2, Issue -35 )
- နိုဝင်ဘာလ(၂၄)ရက်နေ့ ထုတ် မွန်းတည့်နေ့ဂျာနယ် အတွဲ(၁) အမှတ်(၄၈)
- ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ရန် UNFC ဆို
- မန္တလေးတွင် မှုခင်းအဖြစ်များသော နေရာများအလိုက် လုံခြုံရေးတင်းကျပ်
- ဒေါ်လာဈေး နေ့စဉ် တက်နေ
-
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ဒေါ်အောင်ဆန်းစုကြည်လက်ခံကြောင်း
ပြော - ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
- Mobile Banking စနစ် အဆင်သင့်ဟု သမဝါယမဘဏ်ဆို
- ဘန်ကောက်မှာ အရေးပေါ်လုံခြုံရေးဥပဒေထုတ်ပြန်
- မြန်မာနိုင်ငံအား ဒေသတွင်း ခေါင်းဆောင်နိုင်ငံ ဖြစ်လာစေရန်နှင့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တခုဖြစ်လာစေရန် အမေရိကန်ပြည်ထောင်စုမှ ကူညီမည်
- ပြည်သူကို အကျိုးမပြုတဲ့ သုံးခွ ရေထိန်းတံခါး ကိစ္စ အဖြေရှာမည်ဟုဆို
- ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးကူးစက် လောင်းကျွမ်း
- ရန်ကုန်မှာ ဖမ်းဆီးခံရသည့် ခလေးမတဦး သံဖြူဇရပ်မြို့ မှာ လွတ်မြောက်လာ
- ဆယ်ကျော်သက်တွေအကြား HIV ကူးစက်မှုနှုန်းများလာ
- ရှန်ဟိုင်းမြို့မှာ ၁၃ ပေါင်ခွဲအလေးချိန်ရှိ ကလေးမွေးဖွား
- ထိုင်းဆန္ဒပြသူတွေ အစိုးရရုံးတွေ ၀င်ရောက်စီးနင်း
Posted: 26 Nov 2013 05:03 AM PST
ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။ နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်။ BBC Burmese |
||
Posted: 26 Nov 2013 04:48 AM PST
ကု လသမဂ္ဂ အေအိုင်ဒီအက်အဖွဲ့ UNAIDS ရဲ့ ချစ်ကြည်ရေးသံတမန် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို တက်ရောက်ဖို့အတွက် ဩစတြေးလျနိုင်ငံကို နိုဝင်ဘာ ၂၆ ရက်နေ့မွန်းလွဲပိုင်းက ပထမဆုံးအကြိမ် ခရီးထွက်ခွာသွားပါတယ်။ေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 04:44 AM PST
အာဖဂန် နစ္စတန်တွင် လူမှုရေး ဖောက်ပြန်သူများကို ကျောက်တုံးဖြင့် ပစ်ပေါက် သေဒဏ်ပေးသော အလေ့အထကို ပြန်လည် ကျင့်သုံးရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော (၁၂)နှစ်က အာဖဂန်ကို တာလီဘန်တို့ ကြီးစိုးစဉ်က ကျင့်သုံးခဲ့သော ဘာသာရေးနှင့် ဆက်နွယ်သည့် ပြစ်ဒဏ်ကို လူ့အခွင့်အရေး အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချထားသည်။ ယခုအခါ နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေတွင် ယင်းနည်းလမ်းဟောင်းကို တစ်ကျော့ပြန် အသုံးပြုရန် ဆွေးနွေးမှုများ ရှိနေပြီး ဥပဒေ မူကြမ်းကိုပင် ရေးဆွဲနေပြီဟု ဆိုသည်။ အကယ်၍ ယင်းမူကြမ်းကို အတည်ပြုချက် ပေးနိုင်ခဲ့ပါက အပြစ်ရှိသူများကို လူအများရှေ့တွင် ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ် သေဒဏ်ပေးမှုမျိုး ပြန်လည် ကျင့်သုံးလာမည် ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 04:18 AM PST
ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း) သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 04:14 AM PST
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သြစတြေးလျ ခရီးစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဦးအောင်ကြီး သတင်းပေးပို့ ထားပါ တယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 03:43 AM PST
မြန်မာ နိုင်ငံမှ EPS စာမေးပွဲကိုအောင် မြင်ပြီး ကိုရီးယားနိုင်ငံသို့ သွား ရောက်အလုပ်လုပ် ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦးသည် ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် အသတ်ခံ ရကြောင်း သိရသည်။ အဆို ပါ အသတ်ခံရသူသည် မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်း မြို့နယ်ခွဲ ဗိုလ်ချုပ်လမ်း မြို့မ(၁) လမ်းတွင်နေထိုင်သူ အသက်၃၄ နှစ် အရွယ်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိ မြင့်သန်း က''အသတ်ခံရတာက ကျွန်မမောင်ဝမ်းကွဲပါ။ ဂျယ်ဂျူး ကျွန်းမှာ အလုပ်လုပ်ရတယ်လို့ ပြောတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 03:35 AM PST
မန္တလေးတိုင်းဒေသကြီး
မဟာအောင်မြေမြို့နယ် ၃၈လမ်း၊ ၈၃x၈၄ လမ်းကြားရှိ ဘောလုံး လောင်းကစား
ပြုလုပ်သည်ဟုဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀
မိနစ်ခန့်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုတွင်
အခင်းဖြစ်ပွားခဲ့သည့် နေအိမ်၌ အဝင်အထွက် ပြုလုပ်သည့် သက်သေခံများ၏
ထွက်ဆိုချက်များဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ နှစ်ဦးကို ၂၄ နာရီအတွင်း
ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 03:28 AM PST
မသိနားမလည်သည့် ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား ပထွေးဖြစ်သူမှ သားမယား အဖြစ်ပြုကျင့်ကာ ငွေကြေးရယူ၍ ပြည့်တန်ဆာအိမ်တွင်ထားခဲ့သဖြင့် ပထွေးဖြစ်သူ ဦးဝင်းနိုင်၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေသူ မော်လမြိုင်ကျွန်းမြို့နေ သံမဏိ(ခ)ကျော်ချစ်ဦး၊ မမေဖူးတို့နှင့် ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 03:13 AM PST
၂၄.၁၁.၂ဝ၁၃ ရက်နေ့  တွင် ကချင်ပြည်နယ် ဖားကန့် မြို့ နယ် နတ်မှော် နလနမ လုပ်ကွက်မှာ ရဲတပ်ဖွဲ့ မှအင်အား (၂ဝ)ခန့် နှင့် မြန်မာ့တပ်မတော်မှ အင်အား (၄ဝ)ခန့် သည် နေ့ လည် (၁၂)နာရီခန့် တွင် ကျောက်ကျင်း လုပ်ကွက်များ အတွင်းသို့  ဝင်ရောက်၍ အလုပ်သမားများကို ဖမ်းဆီးခဲ့ကြောင်း ကျောက်တွင်း လုပ်ကိုင်သူများက Myanmar News Now ကို ပြောပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 02:50 AM PST
နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် Tech Space နည်းပညာဂျာနယ် ( Vol-2, Issue -35 ) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 02:48 AM PST
|
||
Posted: 26 Nov 2013 02:47 AM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက်
အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန်
လိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏
အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက တိုက်တွန်း ပြောကြားသည်။ နိုဝင်ဘာလ ၂၅
ရက်နေ့တွင် ဦးနိုင်ဟံသာ အပါအဝင် UNFC ခေါင်းဆောင် သုံးဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ်
၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 02:36 AM PST
မန္တလေးမြို့တော်တွင် နေ့စဉ် ပစ္စည်းယူ လုယက်မှုများ အဖြစ်များလာသဖြင့် မှုခင်းဖြစ်ပွားသော နေရာများကို အဓိကထား၍ လုံခြုံရေးအင်အား တင်းကျပ်စွာချထား ဆောင်ရွက်လျက် ရှိကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။ လုယက်မှု အများဆုံး ဖြစ်ပွားခဲ့သော အောင်မြေသာစံ မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်တို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် ခရိုင်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ရပ်ကင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းများဖြင့် နေ့စဉ် လုံခြုံရေးအင်အား ၁၀၀ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ မြို့နယ် နှစ်ခုအပြင် မှုခင်း ဖြစ်ပွားမှုများသော နေရာများတွင်ပါ လုံခြုံရေး တင်းကျပ်မည် ဖြစ်ကြောင်း၊ တရားခံများကို အရပ်ဝတ်များဖြင့် ထောင်ခြောက်ဆင်ကာ ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆက်လက် ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 01:47 AM PST
ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်ပေးနေတဲ့ ရည်ညွန်းနိုင်ငံခြားငွေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 01:39 AM PST
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ““ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ တပ်မတော်ဆိုတာ ဖြစ်ရမှာပေါ့။ ပြည်ထောင်စုထဲမှာဆို ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော်ဖြစ်ရမှာပေါ့။ ပြည်ထောင်စုထဲမှာ ပြည်ထောင်စုနဲ့မကိုက်ညီတဲ့ တပ်မတော်ဖြစ်ရမလား””ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Nov 2013 01:29 AM PST
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Nov 2013 01:21 AM PST
တယ်လီဖုန်းဖြင့် ငွေလွှဲခြင်း၊ ဈေးဝယ်ခြင်းတို့ ပြုလုပ်နိုင်မည့် မိုဘိုင်းလ်ဘဏ် စနစ် (Mobile Banking) စတင်ရန် အဆင်သင့် ဖြစ်နေပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက် ရသည်နှင့်တစ်ပြိုင်နက် သမဝါယမဘဏ် လီမိတက် (CB) တွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ အင်တာနက်လိုင်း မရပါက မိုဘိုင်းလ်ဖုန်းမှ စာတို (SMS) ပို့ခြင်းဖြင့် ငွေလွှဲခြင်း ပြုလုပ်နိုင်မည့် အဆိုပါစနစ်ကို အကောင်အထည် ဖော်ရန် လွန်ခဲ့သည့် သုံးလခန့် ကတည်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တင်ပြထားပြီး ခွင့်ပြုချက်ရလျှင် အသုံးပြုနိုင်ရန် စမ်းသပ်သုံးစွဲပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 07:35 PM PST
ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို ၀င်ရောက် စီးနင်းမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့ နေရာ တော်တော်များများမှာ အထူးလုံခြုံရေး ဥပဒေတွေကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်က ထပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ ဘန်ကောက်မြို့ နေရာအားလုံးနဲ့ မြို့ပြင်တချို့အရပ်တွေမှာ ပြည်တွင်းလုံခြုံရေး ဥပဒေကို ထုတ်ပြန်လိုက်တဲ့ အကြောင်း တနင်္လာနေ့နှောင်းပိုင်းမှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားကတဆင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ပြောဆိုခဲ့တာပါ။ မြို့တော်ရဲ့ အချက်အခြာနေရာတွေမှာ ပြဌာန်းထားပြီးဖြစ်တဲ့ ဒီဥပဒေအရ ရဲတွေအနေနဲ့ လမ်းတွေပိတ်ခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်နဲ့ ရှာဖွေ စစ်ဆေးခွင့်တွေ ရှိမှာဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 06:50 PM PST
အမေရိကန် ပြည်ထောင်စု အနေနှင့် လုံခြုံရေးနှင့် စီးပွားရေး ဆိုင်ရာ ဦးစားပေး ကိစ္စရပ်များအား ပြန်လည်ချိန်ညှိနေခြင်းအား မူလအတိုင်းပင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အမေရိကန် နိုင်ငံ တော်လုံခြုံရေး အကြံပေး အရာရှိ ဆူဆန်ရိုက်စ်မှ ဆိုလိုက်သည်။ သမ္မတအိုဘားမား၏ စီမံချက်အတိုင်း အာရှတိုက်နှင့်သက်ဆိုင်သော ကိစ္စရပ်များအား လာမည့်နှစ်တွင် ပြန်လည် အကောင်အထည် ဖေါ်ဆောင်ရွက်မည် ဖြစ်သည်ဟု ဆူဆန်ရိုက်မှ ဆက်လက်ကြေငြာခဲ့သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 06:40 PM PST
ရန်ကုန်တိုင်း သုံးခွမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က နိုဝင်ဘာလ(၂၅)ရက်နေ့ တွင် ပြုလုပ်သော မြို့နယ်၊ ရပ်/ကျေး အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသတွင်းရှိ ရေထိန်းတံခါးများနှင့်ပတ်သက်၇်ျ ပွင်းလင်းပြတ်သားစွာပင် ဝေဖန် ထောက်ပြလိုက်ပါတယ် ။ ကျွန်မအနေနဲ့ရွေးကောက်ပွဲ မ၀င်စဉ်ကတည်းက ဒီရေထိန်းတံခါးတွေဟာ ပြည်သူကို အကျိုးပြုနိုင်မှု မရှိဘူးဆိုတဲ့ တင်ပြချက်တွေ လက်ခံရရှိခဲ့သလို ဒေသအတွင်းမှာ ရေထိန်းတံခါး စီမံကိန်းတွေကို သုံးခွ တစ်မြို့တည်းအတွက် မဟုတ်ပဲ ဒေသအတွင်း မိုင်သုံးဆယ်ပတ်လည် စိမ်းလန်းစိုပြေရေး စီမံကိန်းအနေဖြင့် ဆောင်ရွက်ခဲ့တာ ဖြစ်သော်လည်း စီမံကိန်းကို အဆုံးသတ် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသလို ဒေသအတွင်း အကျိုးပြုမှုလည်း မရှိတဲ့အပြင် ပြည်သူတွေရဲ့  လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲနှောက်နှေးကြံ့ကြာမှုတွေ ဖြစ်ပေါ်နေရသလို လယ်ယာစိုက်ပျိုးရေးအတွက် အခက်အခဲတွေ၊ ရေကြီးရေလျှံမှုတွေ စတဲ့လူမှုဒုက္ခတွေခံစား နေရတဲ့အတွက် အကောင်းဆုံး အဖြေတစ်ခုရအောင် ကျွမ်းကျင်ပညာရှင်တွေရယ်၊ ဒေသခံများနှင့် လေ့လာရေး အဖွဲ့ငယ် တစ်ခုဖွဲ့စည်းလေ့လာ သုံးသပ်ပြီး သင့်တော်တဲ့ အဖြေတစ်ခု ဖြစ်ထွန်းထွက်ပေါ်လာအောင် တောင်းဆိုသွားမယ်။ ဒီလိုဆောင်ရွက်ရာမှာ မြန်နိုင်သမျှ မြန်အောင်ဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် နှေးကွေးလေးဖင့်နေချင်သူများ ကျန်ရစ်နေခဲ့စေချင်ကြောင်း ပြတ်သားပွင့်လင်းစွာ ဆွေးနွေးဖြေကြားခဲ့ပါသည်။ by Thit Htoo Lwin |
||
Posted: 25 Nov 2013 06:24 PM PST
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာအုပ်စုပိုင် အမှတ်(၂) စက်မှုဝန်းကြီးဌာန စိုက်ကွက်(၂)ရာဘာခြံဝင်း အတွင်းရှိ မော်လမြိုင်---သံဖြူဇရပ်ကားလမ်း မိုင်တိုင် ၃၇/၄နှင့် ၃၇/၅ အကြား ရောင်းချနေသည့် လောင်စာစက်သုံး ဆီဆိုင်သည် ၂၀၁၃ နိုဝင်ဘာ၂၄ ၁၅:၁၀အချိန် ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 06:13 PM PST
၂၀၁၃ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၂၀း၀၀ အချိန်ခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ်တွင် အမျိုးသမီးငယ် တစ်ဦးသည် မော်လမြိုင် - ရေး ခရီးသည်တင် ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း grad 8(B) တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော မမိုးမိုးသက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Nov 2013 05:58 PM PST
ကမ္ဘာ့နိုင်ငံတွေမှာ
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဆယ်ကျော်သက်အရွယ် လူငယ်တွေအကြား HIV
ရောဂါကူးစက်မှုနှုန်း သုံးပုံတစ်ပုံ ပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ကမ္ဘာပေါ်က အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်အရွယ် ဆက်ကျော်သက် လူငယ်အယောက်ပေါင်း နှစ်သန်းဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး အများအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရကြဘူးလို့လည်း ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Nov 2013 04:01 PM PST
ပုံမှန်အားဖြင့်ဆိုရင် တရုတ်ပြည်မှာ ကလေးတွေ မွေးတဲ့အခါ ၆ ပေါင်ခွဲလောက်ကနေ ၇ ပေါင်၊ ၈ ပေါင် လောက်ပဲ ရှိတာများတယ်တဲ့။ ဒီကလေးကတော့ ပုံမှန်အရွယ်အစားထက် ၂ ဆလောက် ထွားတယ်လို့ ဆိုရမှာပေါ့။ ဒီကလေးကို မွေးပေးတဲ့ ဆရာဝန် ပြောတာကတော့ ကလေးအမေက ကိုယ်ဝန်ကြီးနဲ့တုန်းက အစားတွေကို လိုအပ်တာထက် အများကြီး ပို စားခဲ့သလို၊ ခဏခဏလည်း အိပ်နေတတ်တယ်တဲ့။ အဲဒါကြောင့် ကလေးက အလွန်အကျွံ ကြီးသွားတာတဲ့လေ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Nov 2013 03:58 PM PST
ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ဘန်ကောက် မြို့တော်မှာ ဘဏ္ဍာရေးဝန်ကြီးရုံးကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra အစိုရပြုတ်ကျအောင် တဆင့်တိုးပြီး ကြိုးစားတဲ့အနေနဲ့ တခြားဒါဇင်နဲ့ချီတဲ့ အစိုးရအဆောက်အဦးတွေကိုပါ ဆက်ပြီးသိမ်းပိုက်မယ်လို့ ဆန္ဒပြသူတွေက ခြိမ်းခြောက်နေပါတယ်။ ဆန္ဒပြသူ ၁,၀၀၀ လောက်ဟာ တနင်္လာနေ့မှာ ဘဏ္ဍာရေးဝန်ကြီးရုံး အဆောက်အဦးတွေထဲ ဝင်ရောက် နေရာယူထားကြတာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment