Miss Grand International ပြိုင်ပွဲတွင် ထားထက်ထက် ဆုလေးဆု ဆွတ်ခူး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Thunderdome တွင် နိုဝင်ဘာ ၁၉ ရက်က ပထမဆုံးအကြိမ်ကျင်းပခဲ့သည့်
Miss Grand International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ထားထက်ထက် သည် ဆုလေးဆုဆွတ်ခူးခဲ့သည်။
၎င်းဆုများတွင် Miss Popular Vote (The most honorable and invaluable special
award of Myanmar), T-Pagent People's
Choice Award, Global Beauties Favourite Poll Winner, The Beauty Concept
People's Choice Award တို့ဖြစ်ကြသည်။ ယင်းဆု များတွင် Miss Popular Vote
ဆုမှာ Miss Grand International ပြိုင်ပွဲမှ ပေးအပ်သည့်ဆုဖြစ်ပြီးပရိ
သတ်များကပေးအပ်သည့် မဲအရေအတွက်ပေါင်း ၈၈၉၉ ဖြင့်ရရှိခဲ့ခြင်းဖြစ်ကာ
ဆုကြေးအဖြစ် အမေရိကန် ဒေါ်လာ ၃၀၀၀ ကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထားထက်ထက်က “တကယ်ကို လိုအပ်နေတဲ့နေရာတွေမှာ အစဉ်အမြဲလှူ ဒါန်း နိုင်ဖို့အတွက်ဆုကြေး ငွေ အားလုံးကို မတည်ပြီး အများပြည်သူ အားလုံးအတွက် အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်သွားပါမယ်””ဟု ဆိုသည်။
ထားထက်ထက်သည် ရိုးရာဝတ်စုံ ဖြင့် ယှဉ်ပြိုင်ရာတွင် ဒီဇိုင်နာမပုံ့၏ အင်းဝခေတ်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး ၁၀ ယောက်စာရင်းတွင် ပါဝင်နိုင်ခဲ့ပြီး Miss Grand International 2013 ၏ နောက်ဆုံး ဆန်ခါတင် အယောက် ၂၀ စာရင်းတွင် ပါရှိခဲ့သည်။
Mizzima - News in Burmese

0 comments:
Post a Comment