အမေရိကန်နိုင်ငံသားနဲ့ "Intermittent explosive disorder"ဆိုတဲ့ စိတ်ရောဂါ
ဟားဗတ်တက္ကသိုလ်က မကြာခင်ကပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်ချက်အရ အမေရိကန်နိုင်ငံသား
၁၆ မီလီယံဟာ
သင်တစ်ခါမှမကြားဖူးတဲ့ "Intermittent explosive disorder"ဆိုတဲ့စိတ်ရောဂါ
စွဲကပ်နေပါတယ်။
(ဒီရောဂါကို ဆေးပညာလောကမှာ ဘယ်လိုခေါ်တယ်မသိပါဘူး.. တစ်လုံးချင်းဘာသာပြန်ရရင်တော့ “ပြတ်တောင်းပြတ်တောင်းဖြစ်တဲ့ စိတ်ကစဥ့်ကလျားပေါက်ကွဲရောဂါ”.. ဆရာဝန်တွေဖတ်မိရင် မြန်မာလို ဘာရောဂါခေါ်တယ်ဆိုတာ ပြောပြပေးပါလို့း) ဒီရောဂါစွဲကပ်နေသူဟာ ဒေါသစိတ်ကိုမထိန်းနိုင်ဘဲ ကိစ္စရပ်အပေါ် လွန်လွန်ကဲကဲဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒေါသပေါက်ကွဲချိန်မှာ စိတ်ထွက်ပေါက်ရသွားတယ်၊ လွတ်မြောက်သွားတယ်လို့ သူတို့ခံစားမိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒေါသပေါက်ကွဲပြီးနောက် များသောအားဖြင့် သူတို့ဟာ နောင်တရတတ်ကြတယ်။ ဒါဟာလည်း နောက်တစ်ကြိမ်သူတို့ဒေါသမဖြစ်ဖို့ကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒီရောဂါစွဲကပ်နေသူဟာ ကိစ္စသေးသေးမွှားမွှားနဲ့ ထိုးဆွခံရလည်း ဒေါသတကြီးဖြစ် တတ်ပါတယ်။ လူကိုဖြစ်စေ၊ အရာဝတ္ထုကိုဖြစ်စေ တိုက်ခိုက်တော့တယ်။ ခန္ဓာကိုယ် ဒါမှမဟုတ် သူတစ်ပါးရဲ့ပစ္စည်းဥစ္စာကို ပျက်စီးအောင်လုပ်တော့တယ်။ သူတို့ဟာ ဒေါသပါတဲ့စကားလုံးတွေနဲ့ လူတွေကိုခြိမ်းခြောက်ရတာ နှစ်သက်တယ်။ တကယ်လို့ သူတို့မှာ နဂိုတည်းက စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြရောဂါနဲ့ မူးယစ်ဆေး၊ အရက်တွေကိုသုံးစွဲတာမျိုးရှိတတ်ခဲ့ရင်လည်း ဒီလို စိတ်ဟန်ချက်မညီတာဟာ အဲဒီအရာတွေကြောင့်မဟုတ်ပါဘူး။ လူတွေဟာ အောက်ကအကြောင်းအရာတွေကြောင့် စိတ်တိုဒေါသဖြစ်နိုင်ပါတယ်။

(၁) လူတစ်ယောက်ယောက်က ကျွန်မတို့ကို မျှော်လင့်ချက်မဲ့စေတဲ့အခါ၊
ကတိဖျက်တဲ့အခါ၊ ကျွန်မတို့ကို ဆန့်ကျင်အာခံတဲ့အခါ၊ ဒါမှမဟုတ် ကျွန်မတို့ကို
လိမ်ညာတဲ့အခါ။
(၂) စိုးရိမ်ကြောင့်ကြခြင်းက ဒေါသနဲ့တိုက်ခိုက်လိုစိတ်ကို
ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒေါသထွက်တဲ့
ခံစားချက်က စိုးရိမ်ကြောင့်ကြသူကို
အာဏာအင်အားရှိတယ်ဆိုတဲ့စိတ်ကို ဖြစ်ပေါ်စေပါတယ်။
(၃) လူတွေဟာ ရည်ရွယ်ချက်အထမမြောက်လို့ တွန့်ဆုတ်ချိန်မှာ စိတ်ဓာတ်ကျပြီး
အလွယ်တကူ ဒေါသဖြစ်တတ်ပါတယ်။
(၄) လိမ်ညာပြောတဲ့သူဟာ အမှန်တရားနဲ့ ပိုနီးစပ်အောင်ပြောနိုင်သူအပေါ်
စိတ်တိုဒေါသထွက် တတ်ပါတယ်။ သူလိမ်ညာပြောဆိုတာတွေ အဖော်ခံလိုက်ရမှာ
စိုးကြောက်လို့ဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ အမှန်တရားရှာဖွေသူတို့ကို
တိုက်ခိုက်တဲ့နည်းနဲ့ မောင်းထုတ်တတ်ကြပါတယ်။
*** မနေ့ကစာတစ်ပုဒ်ဘာသာပြန်ရင်း ဒါလေးဖတ်မိတော့ FB ပေါ်မှာ
ဒီလိုရောဂါစွဲကပ်နေသူတွေကို အလွယ်တကူတွေ့ရတတ်တယ်လို့ တွေးမိတယ်။ (~~နောက်တာနော်~~~)
.
0 comments:
Post a Comment