Wednesday, July 31, 2013
နှလုံးသား ဒိုင်ယာရီ (၃)
July 31, 2013 at 3:04am
ဘဝသည် ပန်းချီကားတချပ်မဟုတ်။ သက်ဝင်လှုပ်ရှားနေမည်။ အလင်းရောင် လိုအပ်သည်။ လိုအပ်သော ဘဝအလင်းရောင်ကို ဖန်တီးပေးမည့် ပုဂ္ဂိုလ်သည်ကား ရှားလွန်းလှသည်။ ထိုနည်းတူစွာ အရိပ်တကြည့်ကြည့် နှင့် စောင့်ကြည့်နေသူမှာ ဆရာလှခေး (သို့) အလင်းရောင် ဖန်တီးပေးသူဟု ဆိုရမည်။
အခန်း (၅) လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း
NayHtet HtetAung's photo.
 ရုတ်တရက်ကြုံ တွေ့ရင်ဆိုင်ရမည့်အကဲစမ်းမှုများ
ဒီအခန်းမှာလည်း အကဲစမ်းမှုများလို့သုံးနှုန်းထားတဲ့လအသုံးအနှုန်းရဲ့ အမှန်တကယ် အနက်အဓိပ္ပါယ်ကတော့ရုတ်တရက် တောင်းဆိုလာကြမည့်ဝန်ဆောင်မှုများ နှင့် ဈေးနှုန်း ခြင်းတိုက်ဆိုင်ပြီး
 ဈေးဆစ်မှုများ ပစ္စည်းခြင်းယှဉ်လာမှုများနှင့် မထင်မှတ်စွာ ကြုံတွေ့ရမည့်ပြဿနာ အခက်အခဲများကို ဆိုလိုခြင်းဖြစ်ပါသည်။
နောင်တ
 Ucs Jugger's photo.
နောင်တ (Contrition) ဟူသည် တနည်းအားဖြင့် မိမိရဲ့ အတိတ်က လုပ်ရပ်အမှားအပေါ် မချင့်မရဲဖြစ်ခြင်း (Suppressed) နဲ့ ယူကျုံးမရဖြစ်ခြင်း (Inconsolably) ပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းတွင် အမှားကင်းပြီး အသက်ရှင်မွေးဖွားကြီးပြင်းလာသူ ဟူ၍မရှိပေ။
ကလေးများအတွက် အန္တာရယ်ကာကွယ်ပေးရေး
Seaman Nayminthu shared Than Saw's photo.
ဒီနေ့မနက် အိပ်ယာနိုးနိုးခြင်း အညှီအဟောက်ပုံတွေတင် ညစ်ညမ်းဆဲဆိုတဲ့ စကားလုံးတွေ မိန်းမတစ်တယောက်ပုံ လက်ညှိုးထောင်ပြီး ဆဲပြ တဲ့ ပို့စ်တ်တင်ပြီး သူငယ်ချင်းအနေနဲ့ လာအက်ဒ်တဲ့ သူကို ဘလော့ဂ်လိုက်တယ်။
လင်ခန်း၊ မယားခန်း (ဖြစ်ခြင်း)
July 17, 2013 at 3:17am
ပြည်ထောင်စုမြန်မာနိုင်ငံ ဗုဒ္ဓဘာသာသာသနာသည် နိုင်ငံသားအများဆုံးကိုးကွယ်ရာ ဘာသာသာသနာ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ၏ လက်ထပ်ထိမ်းမြားရေး၊ အမွေခွဲဝေရေး၊ သားသမီးမွေးစားရေး စသည့် မိသားစုကိစ္စ၊ အိမ်ထောင်မှုကိစ္စများကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရသည်။
အလားတူပင် အမှုသည်များသည် မိုဟာမေဒင်ဘာသာဝင် ဖြစ်လျှင် မိုဟာမေဒင်တရားဥပဒေအရ လည်းကောင်း၊ ဟိန္ဒူဘာသာဝင်ဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရလည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်ဖြစ်လျှင် ခရစ်ယာန်တရားဥပဒေ အရလည်းကောင်း၊ ဆုံးဖြတ်ကြရသည်။ အမှုသည်များ၏ ယုံကြည်ကိုးကွယ်ရာဘာသာကိုလိုက် ဆုံးဖြတ်ရသော ကြောင့် ၄င်းဥပဒေကို ပုဂ္ဂလိကဆိုင်ရာ ဥပဒေဟုခေါ်သည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၇)
သစ်ထူးလွင်
Tuesday, July 30, 2013
"ကျပ်တန်ပုံပြင်" (မင်းလူ)
(၁)
ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး ...
"ငါးကျပ်တန်ပေးတာ ဘယ်သူလဲ" ဟု မေးသည်။
"ဒီမှာ ... ဒီမှာ"
*** Media လောကအား ချည်းကပ်ကြည့်ခြင်း***
Media ဆိုသည်မှာ အဘယ်နည်း။ လူထုအားပြန်ကြားဆက်သွယ်ရေးကဏ္ဍပင်ဖြစ်သည်။ တနည်းဆိုရသော် Media = Communication to People + Feedback from People ဟုလည်း ကျွန်တော်နားလည်ထားပါတယ်။ မြန်မာပြည်၏ ပြန်ကြားဆက်သွယ်ရေးကဏ္ဍသည် ပွင့်လင်းလာမှု အနည်းငယ်ရှိလာသည်မှာ သိပ်မကြာသေး။
ထမင်းတစ်လုပ်
Photo: ထမင်းတစ်လုပ်
~~~~~~~~~~
ဆိုင်ကယ်နှစ်စီး ကယ်ရီ
တောင်းနှစ်တောင်းစီ ဘေးမှာချိပ်
ကုန်စိမ်းနဲ့ငါးအမှီ
ဥာဉ့်နှစ်ချက် အရောက်သွား...။
အမှောင်လွှမ်းတဲ့ မြို့တော်
မင်းနေပြည် ခစားခဲ့
လမ်းမီးတိုင်နဲ့ လမ်းဘေးခွေး
လူ မလေးကြတော့ဘူး...။
ဘက္ကဒက်ကို ဗုံးကျဲမဲ့အစ္စရေး
ဒီအချိန် မအိပ်သေး
မြို့ပေါ်မှာ နှစ်မိနစ်သာအချိန်ရ
ပြာကျမှကောင်းကင်ယံ
အလံထူလွှင့်ခဲ့...။
ဖတ်ဖတ်မောနေရှာတဲ့ 
တို့တိုင်းပြည်
စားဝတ်နေရေးထက်
အသိအတွေးကို
အချိန်မပေးခဲ့တာ ကြာပေါ့...။
“ ယ္ခင် ”
ဥသြသံကြား အာဇာနည်နေ့လားဟဲ့
အလံသည်အဖွဲ့လေ့ကျင့်ရေးပြင်ဆင်
လမ်းတွင်ပိတ်ဆို့မှ
ဘာလဲဟ ဒီလူတွေ ဘေးလူကိုမေးမြန်း
လွတ်လပ်ရေးအကြို
အလံတော်လက်ဆင့်ကမ်းမှ
သြော်....မနက်ဖြန်
လွတ်လပ်ရေးနေ့တဲ့လား?....။
“ ယ္ခု ”
မသိပေါင်ကွယ် တို့များ
မော်တော်ပီကယ်  ခဏခဏတား
လူကြီးလာမှာမို့ ကွင်းရှောင်ခိုင်း
သွားရမဲ့လမ်းတောင်
မမှတ်မိတော့....။
ဘယ်လူကြီး ဘယ်နိုင်ငံ 
တို့မသိနိုင်
ဆေးရုံကား အရေးပေါ်
ဥသြဆော် မီးသတ်ကား
တလွှားလွှား ခြိမ်းခြောက်
ရွာရောက်မှ စိတ်အေးတော့တယ်...။
လေးဖက်ချ မြင်းလိုပ
ကဆုန်ဆိုင်းနှင်ကာ ဈေးဝယ်ရ
ရွာလဲအရောက် မိုးလဲအလင်း
အာရုဏ်ဆွမ်း ချက်ဟင်းအမှီ
လတ်ဆတ်တဲ့ အသီးအရွက်
ငါးရောင်းဖို့ ထွက်....။
သြော်.......
နေ့စဉ်မပြတ်
ထမင်းမငတ်ဖို့
ဓါတ်ဆီဖိုး ပြုတ်ပြုတ်
တာယာစုပ် လဲလဲ
မင်းတို့ မြို့ပေါ် အချိန်မတော်
လာနေရဦးမှာပါကွယ်....။...။
ကိုစိုးမိုး ( ၂၀ ဂျူလိုင် ၂၀၁၃ )
           ( ၄ နာရီ ၃ မိနစ် AM )
ဆိုင်ကယ်နှစ်စီး ကယ်ရီ
တောင်းနှစ်တောင်းစီ ဘေးမှာချိပ်
ကုန်စိမ်းနဲ့ငါးအမှီ
ဥာဉ့်နှစ်ချက် အရောက်သွား...။
ကျုပ်နားလည်တဲ့ လစ်ဘရယ်
ကျုပ်သိသလောက်တော့ လစ်ဘရယ် Liberal ဆိုတဲ့ဝေါဟာရက liber ဆိုတဲ့ လက်တင်ဘာသာစကား က လာပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ပြန်ရင် free ပါ .... အနှောင်အဖွဲ့ကင်းခြင်းသဘောကို ဆောင်ပါတယ်။ လစ်ဘရယ် ၀ါဒ ကို ခုံမင်နှစ်ခြိုက်သူတွေ ... လက်ခံကျင့်သုံးသူတွေကို Liberalism လို့ခေါ်ပါတယ်။
မိဘမေတ္တာ
အသက် ၈၀ အရွယ် အဘိုးအိုနှင့် အသက် ၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာ တွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲလို့မေးသောအခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။
အသားသီးများ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်
Buddha'sservant Thansin Myint shared Health Articles's photo.
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။
လက်ဖက်ဆီ
လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။
အဖြောင့်ဆုံးပါပဲ
July 8, 2013 at 7:51pm
 နိုင်ငံ
ဘယ်ဥပဒေစနစ်မှာမဆို အခွင့်အရေးနဲ့ တာဝန်ဆိုတာ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေဆိုတာ အပြည်ပြည်ဆိုင်ရာ ဥပဓိရုပ်ရှိတဲ့ နိုင်ငံတွေရဲ့ အခွန့်အရးနဲ့ တာဝန်အကြောင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုရာ ဥပဓိရုပ်ရှိတဲ့ နိုင်ငံဖြစ်ဖို့-
(က) ပိုင်းခြားသတ်မှတ်ထားတဲ့ နယ်မြေရှိရမယ်။ (နယ်)
(ခ) အမြဲတမ်းနေတဲ့ လူဦးရေ ရှိရမယ်။ (လူ)
(ဂ) အုပ်ချုပ်တဲ့ အစိုးရ ရှိရမယ်။ (အုပ်)
(ဃ) အခြားနိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့ အရည်အသွေး အချုပ်အချာအာဏာ ရှိရပါမယ်။ (ချုပ်)
ဒီလို အရည်အချင်းရှိတဲ့ နိုင်ငံတွေသာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းမှာ နိုင်ငံ/လူရာဝင်ပါတယ်။ အသိအမှတ်ပြုပါတယ်။
“ကျမက ဘာမှမတတ်နိုင်တဲ့ မိခင် တယောက်ပေါ့”
Tuesday, July 30, 2013
တေးသံရှင်မီးမီးခဲရဲ့ faceook စာမျက်နှာပေါ်မှာ သူ့ရဲ့ အသက် ၃၀ ပြည့် မွေးနေ့အတွက် ဆုတောင်းပေး တဲ့ သူငယ်ချင်း တွေကို ကျေးဇူးတင်ကြောင်းနဲ့ Single Mom တယောက်အဖြစ် ဖြတ်သန်းနေရပေ မယ့် ပြန်ကြိုးစားသွားမယ် ဆိုတဲ့ Status တခုကို ဖတ်လိုက်ရပါတယ်။ မီးမီးခဲနဲ့ အဆိုတော် ထူးအယ်လင်း တို့ဟာ ၁၁ နှစ်ကျော်လောက် လက်တွဲခဲ့ပြီး လက်ရှိ အိမ်ထောင်ရေး အဆင်မပြေကြဘူးလို့ သိကြပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၇)
သစ်ထူးလွင်
ဝင်လေ ထွက်လေ တစ်ခုတည်းသာ စူးစိုက်မှတ်ရတာမဟုတ် (Not only Breathing)
ဝင်လေ ထွက်လေ တစ်ခုတည်းသာ                                                               စူးစိုက်မှတ်ရတာမဟုတ်                                                                             (Not only Breathing)
(ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ၏ "Different Aspects of Mindfulness (1999)" မှ ဘာသာပြန်ထားပါသည်။)
ဒီနေရာမှာ ဆွေးနွေးချင်တာက တရားမှတ်ရာမှာ ထွက်သက်ဝင်သက်သာ အရှုခံအာရုံမှန်ဖြစ်တယ်၊ အခြားအာရုံသို့ စိတ်ရောက်နေလျှင် မမှန်ဆိုတာ အတွေးအမြင်ပေါ်တတ်ပုံနှင့် ယင်းအတွေးအမြင်က သတိတရားအစစ်အမှန် တည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်တတ်ပုံတို့ဖြစ်ပါတယ်။
တရားမှတ်ရာမှာ ရှုမှတ်နိုင်တဲ့ အရှုခံအာရုံတွေ အများကြီးရှိပါတယ်။ ဥပမာ…ထွက်လေ၀င်လေ၊ ၀မ်းဗိုက်ဖောင်းပိန်၊ ဓါတ်ကြီး ၄ပါး(ရေ၊မြေ၊လေ၊မီး)၊ အရောင်(သို့) ဗုဒ္ဓမြတ်စွာဘုရားကို စိတ်ထဲမှပုံဖေါ်ခြင်း စသည်တို့ဖြစ်ပါတယ်။ ထိုရှုမှတ်စရာအဖြာဖြာတို့ဟာ ရုပ်တရားတွေဖြစ်ပြီး အများအားဖြင့် တရားထိုင်ခါစ အသစ်သမားတွေကို ပေးလေ့ရှိပါတယ်။ ဒီရှုမှတ်စရာအာရုံတွေထဲက တစ်ခုခုကို အသုံးပြုပြီး သမာဓိထူထောင်ဖို့  ကြိုးစားခြင်းဖြစ်ပါတယ်။ ဘယ်အာရုံ စတင်ရှုမှတ်ရမယ်ဆိုတာ တရားပြဆရာအပေါ်မှာ မူတည်တယ်။ များသောအားဖြင့် ထွက်လေ၀င်လေကို ပထမဆုံးပေးလေ့ရှိပါတယ်။ တရားကျင့်သူက ဒီထွက်လေ၀င်လေကို တဆက်တည်း ရှုသိမှတ်နေမယ်ဆိုရင် အာရုံစူးစိုက်မှု သမာဓိအားပိုကောင်းလာမယ်။
ဒါ့ကြောင့် သူက တရားထိုင်တယ်ဆိုတာ ထွက်လေ၀င်လေကို မှတ်တာပါလားလို့ အတွေးဝင်လာတတ်တယ်။ ဒီထင်မြင်ချက်က မမှားပေမဲ့ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝကြောင့် ထိုသူက တရားထိုင်တာကို ထွက်လေ၀င်လေ မှတ်တာတစ်ခုတည်းနဲ့ပဲ ဆက်စပ်လာတယ်။ ထွက်လေ၀င်လေမှအပ အခြားအရှုခံအာရုံတွေကို ရှုမှတ်နိုင်ကောင်းမှန်းလည်း မစဉ်းစားတော့ဘူး။ ဒါ့ကြောင့် အခြားခံစားမှုအာရုံတွေ အထူးသဖြင့် နာကျင်မှုဖြစ်ပေါ်လာလျှင် စိတ်မသက်မသာ ဖြစ်လာမယ်။ ဒေါသရင်လည်းဖြစ်မယ်။ 
အဲဒီလိုပဲ အခြားစိတ်အာရုံများဖြစ်တဲ့ အတွေးများ၊ စိတ်ခံစားမှုများနှင့် စိတ်မတည်ငြိမ်မှုဆိုတဲ့ အရှုခံအာရုံများနဲ့လည်း သူ့ရဲ့စိတ်က သက်တောင့်သက်သာရှိမှာ မဟုတ်တော့ဘူး။ ထွက်လေ၀င်လေမှအပ အခြားအာရုံပေါ် စိတ်စူးစိုက်ရှုကြည့်တာကို တရားမှတ်နေတယ်လို့ မယူဆတော့ဘူး။ ဒီလိုနဲ့ နာကျင်မှုများ၊ စိတ်ခံစားမှုများနဲ့ အတွေးများကို တွန်းကန်ဖယ်ရှားလိုတဲ့စိတ် တိုးသထက်တိုးပြီး ပြင်းထန်လာနိုင်တယ်။ အဲဒီတွန်းကန်တဲ့စိတ်က အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့အတွက် စိတ်လေ့ကျင့်မှုကို နှောင့်နှေးစေပါတယ်။ လက်ခံမည့်အစား တွန်းကန်နေလိမ့်မည်။ 
ဒီနေရာမှာ အသိစိတ်ကို ဖုံးအုပ်ထားတာက တရားထိုင်တာ ထွက်လေ၀င်လေ တစ်ခုတည်းကို ရှုမှတ်မှသာ ဖြစ်နိုင်မယ်ဆိုတဲ့အတွေးပဲ။ ဒီအတွေးအမြင်ဟာ သမာဓိရအောင် ရိုးရိုးသားသားကြိုးစားရာကနေ ဖြစ်ပေါ်လာတာ။ ဒီလိုထင်မြင်ချက်မျိုးဟာ အင်မတန်သိမ့်မွေ့တဲ့ စွဲလန်းမှုတမျိုးပါ။ ဒီလိုစွဲလန်းမှုမျိုး ဖုံးလွှမ်းထားတဲ့စိတ်ဟာ ပျော့ပျောင်းမှုမရှိပါဘူး။ တွန်းကန်ခြင်းသာရှိမယ်။ ဒီစိတ်မျိုးက ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေးအမြင်မျိုးဖန်တီးပြီး အဲဒီအတွေးအမြင်ထောင်ထဲမှာပဲ ပိတ်လှောင်မိနေမယ်။ ဒီလိုဖြစ်နေရင် သတိနှင့်သမာဓိကို တည်ဆောက်ရန် လုံးပန်းမှုရဲ့ အဟန့်အတားဖြစ်နိုင်တယ်။ 
တချို့လူတွေက တရားထိုင်ချိန်မှာ အချိန်တော်တော်ကြာ ထွက်လေ၀င်လေကို ရှုမှတ်နိုင်ပေမဲ့ တရားမထိုင်တဲ့အချိန်တွေမှာဆို သူတို့ရဲ့စိတ်ခံစားမှုကို ထိန်းနိုင်ဖို့တော့ အတော့်ကိုခက်ခဲတယ်။ အဲဒါကြောင့် သူတို့ရဲ့စိတ်ခံစားမှုနောက်ကို လွယ်လွယ်ကူကူ မျောပါသွားတတ်ကြတယ်။ သူတို့ရဲ့စိတ်ခံစားမှုကို သူတို့မထိန်းနိုင်ဘူး။ သူတို့ရဲ့ကျင့်ကြံမှုထဲမှာ ပုံသေဆန်ပြီး ပျော့ပြောင်းမှုမရှိတဲ့ အရာတွေကြောင့်ပေါ့။ ပြဿနာကတော့ သူတို့တွေက သတိထက်သမာဓိကို ပိုအလေးပေးကြလို့ပါပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးအတွက် ၀ိပဿနာတရားထိုင်မှုဆိုတာ သူတို့ဖီလင်ကောင်း ရဖို့လောက်သာ ဖြစ်လာတော့တယ်။ နေ့စဉ်ဘ၀ကို တက်ကြွတဲ့အမြင်နဲ့ ရင်ဆိုင်နိုင်ဖို့ စိတ်ကိုလေ့ကျင့် သွန်သင်တဲ့ အလုပ်မဟုတ်တော့။ ၀င်လေထွက်လေ ရှုမှတ်ရာကနေ ရရှိလာတဲ့ သမာဓိက ရံခါစိတ်ကို ငြိမ်းချမ်းစေပြီး ရံခါမှာတော့ စိတ်ကိုတင်းမာစေတယ်။ အဲဒီလို အခြေအနေမျိုးတွေ့ခဲ့ရင် လုပ်ရမှာက အရှုခံအာရုံ တစ်ခုထက်ပိုပြီး စူးစိုက်ရှုမှတ်ပေးဖို့ လိုအပ်တယ်။ ပစ္စုပ္ပန်တဲ့တဲ့မှာဖြစ်ပေါ်လာတဲ့ ဝေဒနာနဲ့ အတွေးများကို ပိုဂရုစိုက်ပြီး ရှုမှတ်ပေးရမယ်။ အဲဒီ ဝေဒနာနှင့် အတွေးများကိုလည်း အနှောင့်အယှက်ပေးတဲ့ အရာတွေလို့ မမြင်ပါနဲ့။ ထွက်လေ၀င်လေလိုပဲ တရားရှုမှတ်ရာမှာ အသုံးဝင်တဲ့ အရှုခံအာရုံတွေအဖြစ် သဘောထားပါ။ 
ထွက်လေ၀င်လေ၊ ၀မ်းဗိုက်အဖောင်းအပိန်၊ ဓါတ်ကြီး ၄ပါး(ရေ၊ မြေ၊ လေ၊ မီး)၊ အရောင်(သို့) ဗုဒ္ဓမြတ်စွာဘုရားကို စိတ်မှာပုံဖေါ်ခြင်း ဆိုတဲ့အရာတွေကသာ တရားရှုမှတ်လို့ရနိုင်တာမဟုတ်ဘူး။ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊စိတ်) ဆိုတဲ့ တံခါးခြောက်ပေါက်ကနေ ၀င်လာတဲ့ အခြားအတွေးများ၊ စိတ်ခံစားမှုများနှင့် အသံတို့ကလည်း တရားရှုမှတ်လို့ကောင်းတဲ့ အာရုံတွေပါပဲ။ ထိုအာရုံတွေကို ရှုမှတ်ဖို့ ခက်ခဲနေရင် တရားစမထိုင်ခင်ကတည်းက ကိုယ့်ကိုယ်ကို ဒီလိုသတိပေးဖို့လိုအပ်တယ်။" ထွက်လေ၀င်လေ တစ်ခုတည်းနှင့်သာ တရားမှတ်လို့ရတာမဟုတ်၊ ထွက်သက်ဝင်သက်ကိုမှတ်မှ တရားမှတ်တာမဟုတ်ဘူး" ဆိုတာလေ။ ၀ိပဿနာဆိုတာ ထွက်သက်ဝင်သက်ကို မှတ်တာထက် အများကြီးပိုပါတယ်။ ၀ိပဿနာတရား မှတ်တယ်ဆိုတာ ပထမဆုံး သတိကိုတည်ထောင်ဖို့၊ ပြီးတော့ အဲဒီသတိနဲ့ နေ့တဓူဝ ဘ၀အတွေ့အကြုံတွေကို အရင်ကမကြည့်ဖူးတဲ့ ရှု့ဒေါင့်ကနေ ကြည့်နိုင်ဖို့ဖြစ်ပါတယ်။ အဲဒီအမြင်သစ်က ဘာလဲဆိုတော့ နေ့စဉ်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ နှင့် မငြင်းပယ်ဖို့ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို သူဖြစ်တဲ့အတိုင်း မြင်ဖို့နဲ့ ကိုယ်လိုချင်ရာဘက်ကို စိတ်ကူးပြီး မကြည့်ဖို့ဖြစ်ပါတယ်။ 
ဝိပဿနာလုပ်ငန်းက ထွက်လေ၀င်လေမျှသာ မဟုတ်ပါဘူး။ ၀ိပဿနာရဲ့ ရည်ရွယ်ချက်က နေ့စဉ်ဘ၀ရဲ့ သဘာဝအစစ်အမှန်အထိ ထိုးဖေါက်ကြည့်နိုင်ဖို့ပါပဲ။ ၀ိပဿနာစိတ်လေ့ကျင့်ခန်းရဲ့ သဘောက လူတွေကို သူတို့ရဲ့နေ့စဉ်လုပ်ငန်းနဲ့ ခွဲပစ်ဖို့မဟုတ်ဘူး။ တကယ်တော့ သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး စိတ်ချမ်းသာစွာ ဆောင်ရွက်နိုင်တဲ့အရည်အသွေး မြှင့်တင်ဖို့သာ ဖြစ်တယ်။ ၀ိပဿနာကို ထွက်လေ၀င်လေ တစ်ခုတည်းအပေါ်မှာသာ အာရုံစူးစိုက်ရမယ့် စိတ်လေ့ကျင့်ခန်းတစ်ခုလို့ မသတ်မှတ်ပါနဲ့။  
(ဆက်လက်မျှဝေပါအုံးမည်။)      
စစ်မှန်သော ဓမ္မများကို မိမိရဲ့အစ္ဇျတ္တအထိ ဆောင်ယူကျင့်သုံးနိုင်ကြပါစေ။
နီနီဝင်း
(ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ၏ "Different Aspects of Mindfulness (1999)" မှ ဘာသာပြန်ထားပါသည်။)
ဒီနေရာမှာ ဆွေးနွေးချင်တာက တရားမှတ်ရာမှာ ထွက်သက်ဝင်သက်သာ အရှုခံအာရုံမှန်ဖြစ်တယ်၊ အခြားအာရုံသို့ စိတ်ရောက်နေလျှင် မမှန်ဆိုတာ အတွေးအမြင်ပေါ်တတ်ပုံနှင့် ယင်းအတွေးအမြင်က သတိတရားအစစ်အမှန် တည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်တတ်ပုံတို့ဖြစ်ပါတယ်။
တရားမှတ်ရာမှာ ရှုမှတ်နိုင်တဲ့ အရှုခံအာရုံတွေ အများကြီးရှိပါတယ်။ ဥပမာ…ထွက်လေ၀င်လေ၊ ၀မ်းဗိုက်ဖောင်းပိန်၊ ဓါတ်ကြီး ၄ပါး(ရေ၊မြေ၊လေ၊မီး)၊ အရောင်(သို့) ဗုဒ္ဓမြတ်စွာဘုရားကို စိတ်ထဲမှပုံဖေါ်ခြင်း စသည်တို့ဖြစ်ပါတယ်။
Monday, July 29, 2013
ပျံကျ
Photo: ပျံကျ
~~~~
သားငယ်
တပူပူတအီအီ....
“ နင့်အဖေဘေး ငြိမ်ငြိမ်နေ
ဟိုမှာဈေးကောက်တွေလာနေတယ်”
သားကြီး
တပူပူတဂျီဂျီ....
“ အမေလုပ်ဗျာ ကျောင်းနောက်ကျ
နေပြီ ”
“ နေဦးဟဲ့ ကောင်လေး ဈေးဦးကို
မပေါက်သေးဘူးဟဲ့ ”
“ နင့်ကျောင်းကလွန်လွန်လွန်းတယ်”
ဆရာကန်တော့ကြေး
ကျောင်းကပွဲကြေး
အားကစားကြေး
ကထိန်ကြေး
ဝါဆိုကြေး။
ဘက်ပေါင်းကိုစုံ
ခေါင်းစဉ်မထပ်တဲ့ နင်တိုကျောင်း
အမေ့ခေါင်းပေါ်က ဈေးတောင်း
ပျံကျခင်းတဲ့ ဈေးတလင်းက
အမေ့ကို သနားနေကြပြီ ။
ဈေးကောက်လာ မျက်နှာလွှဲ
ပေးဖို့နောက်ကျတာ အကြိမ်ကြိမ်
ခါးစီးနှိမ်ရို့ကျိုး အမျိုးမျိုးငိုပြခဲ့။
ကျုပ်တို့က စည်ပင်
ကျုပ်တို့က ဈေးရဲ
ကျုပ်တိုက ဈေးကောက်...တဲ့။
“ ပေးရဲမှ ဈေးခင်း ”
“ဆန်တွင်းနက်တာ ခင်ဗျားအလုပ် ”
“အခွန်အခကြောက်ရင်ဈေးမထွက်နဲ့”
မျက်ရည်တွေလဲခမ်းခဲ့တာကြာပေါ့
ရင်ထဲက ငိုချင်းရှည် ဘယ်သူ
ကြားနိုင်တာမှတ် လို့ကွယ်...။
အမေယူတဲ့ နေ့ပြန်တိုး
မယူမဖြစ် ယူခဲ့ရသလို
မပူမဖြစ် ပူခဲ့ရပါတယ် သားရယ်။
နေ့တဒူဝ မျက်နှာငယ်
အကျယ်အကျယ် အငြင်းပွါး
ဘေးနားကငါးစိမ်းသယ်မ
ဘဝတူချင်း အချွန်နဲ့..မ ။
“ ညီးနှယ်အေ ယူတတ်ရင်
ပေးတတ်ရတယ်...အေ့။
ငွေတိုးစား မိန်းမ
ဘဝင်မချ မောင်းတင်
အပြောပူ ဆူအောင်လုပ်
အမေ့မှာတော့ ငုတ်တုတ်..ပေါ့။
စိတ်ရှုတ်လို့ သေ
လင်ပူလို့ သေ
ကလေးပူလို့ သေ
အကြွေးထူလို့သေ
တနည်းနည်းသာ သေရရင်။
ဈေးခင်းတဲ့ ဗန်းကြား....
နာရေးကား အမြန်ရောက်
ခွေခွေလေး ကောက်တင်
သုသာန်တစပြင် ရောက်ရင်တောင်မှ
စည်ပင်နဲ့ သင်္ချိုင်းစောင့်
သင်္ချိုင်းလက်မှတ် ကောက်ဖို့
အသေကောင်ကို လှုပ်နှိုး
ဂုတ်ချိုးလို့ မေးမှာ....
စစ်အတွင်းက သေသူတွေ
မနေသာအကြောင်းရှုပ်
ခေါင်းထောင်လို့မေးခွန်းထုတ်..
“ ငါတို့သေခဲ့တုံးကရော မင်းတို့
စာရင်းလုပ်ခဲ့ ကြလို့လား ” ဟေ့ ။
ဖွားစာရင်း
နေစာရင်း (အိမ်ထောင်စုဇယား )
သေစာရင်း တဲ့။
ဖွား/နေ/သေ ဒုက္ခကြား
မင်းဆရာမကို ပြောလိုက်ပါ...
သားရယ်...။
အမေဟာ သံမှုံ့ကိုစား
သံမဏိလူသား မဟုတ်
သွေးဆုပ်ရင် ဆုပ်ပါစေ
သားသမီးအတွက် အလုပ်လုပ်
ဆိုးယုတ်တဲ့ လောကဓံ
ကြံ့ကြံ့  ခံနေရှာတာပါ လို့..။
ထမင်းတဆုပ်ရဲ့ ရာဇဝင်
စာသင်ခန်းမှာ ပြဌာန်းစေချင်ပ။
( ဆရာမတို့ရေ )......,
နေ့စားနေ့ပြန် ဘုံဗိမ္ဗာန်ကို
စံမြန်းကြည့်လှည့်ကြပါဦး....
ကွယ်ရို့.............။
စိုးမိုး ( ၂၇/၇/၂၀၁၃ )
သားငယ်
တပူပူတအီအီ....
“ နင့်အဖေဘေး ငြိမ်ငြိမ်နေ
ဟိုမှာဈေးကောက်တွေလာနေတယ်”
သံစဉ်များနှင့်ကမ္ဘာ (ဦးဘုန်း-ဓာတု)
ကျုပ်တို့ဖခင်တွေက သားသမီးတွေကို ဘယ်တော့မှပြောမထွက်တဲ့ စကားတွေရှိတယ်...... ကျုပ်ပြောပြမယ်......"
ကိုစံရိုးပြောတဲ့စကားတွေက သားသမီးတွေအတွက်မှတ်သားထိုက်သည်.....။ သူ့ရင်ဘတ်ကြီးနှင့်ရင်း၍ပြောသည့်စကားများဖြစ်သည်.......။
မြန်မာနိုင်ငံမှာ ဒီလိုဘ၀တွေ ဘယ်လောက်များနေပြီလဲ
29/7/2013
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ က ကျောက်ပန်းတောင်း ဆေးရုံ မှာ စိတ်မကောင်းစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်၊ ကျမထံ ဖြစ်ပြီးကာ စမှာ သတင်းပို့ ပေးသူရှိခဲ့ပေမဲ့ ကျမကလည်း အားလပ်ရက်ရှည်နဲ့ ဆက်ပြီး ခရီးထွက်နေတာကြောင့် ဒီသတင်း ကို မ စုံစမ်းခဲ့ရပါဘူး၊
ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်း အဖြစ်သို့  ပြောင်းလဲနိုင်ခဲ့သူများ
လူ့ ဘ၀ ဟာ ပန်းခင်းတဲ့လမ်း မဟုတ်တဲ့ အတွက် (ကျွန်တော်တို့ တွေ ဘယ်လောက်ပဲ အကောင်းဆုံး မျှော်လင့်ချက်တွေ ထားပြီး ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှား နေပါစေ) တနေ့ နေ့  တချိန်ချိန်မှာ မျှော်လင့်မထားတဲ့ ဆုံးရှူံးမှုတွေ၊ စိန်ခေါ်မှု တွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ဇာတိမာန် (ရသစာတမ်း)
မန္တလေးသည် ကျွန်မ၏ ငယ်အိပ်မက်ဖြစ်ပါသည်။ မန္တလေး ဆိုတာကို ကြားလိုက်ရသည်နှင့် ဆွေမျိုးရင်းချာကို တွေ့ရသလို ကျွန်မရင်မှာ နွေးထွေးလှိုက်ခုန်ပြီးသား ရင်းနှီးချစ်ခင်ပြီးသား ဖြစ်နေခဲ့သည်။
တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်းကြောင်း လေ့လာချက်အသစ်
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက် စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစား ကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေး သည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါး လုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကို လည်း လျော့ ချ ပေးနိုင် သည်။
ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း .ထောက် ခံရာ ရောက်သည်ဟု ဆိုသည်။
“ အဖော်ညှိကြသူများ.... ”
July 28, 2013 at 7:33am
 တက္ကစီပေါ်မှ ဆင်းကာ ချိန်းထားတဲ့  ဟော့ပေါ့ဆိုင်လေးရှေ့ ရောက်လာချိန်အထိ  တွေ့ ရင်ကောင်းမလား ၊ မတွေ့ ရင်ကောင်းမလား နဲ့ ဝေသွယ်ချီတုံချတုံဖြစ်နေဆဲ ....မနေ့ က ၃ခါကြီးများတောင် ဖုန်းဆက်ပြီး ဆက်ဆက်လာခဲ့ပါလို့ ပြောနေတဲ့ ဟန်နီ့  ကို အားနာလို့ သာ လာခဲ့ရ ပေမယ့်  တကယ်ဆို ကျောင်းမှာ တုန်းကမေဂျာတူအတန်းတူဆိုပေမယ့် ဝေသွယ် နဲ့  ဟန်နီ က သိပ်တွဲမိတာတော့မဟုတ်ပါ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် _ "ကျွန်တော်နဲ့ ဘွဲ့လွန်ပါရဂူ"
July 29, 2013 at 1:18am
_ [၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ]
ပြီးခဲ့တဲ့အပတ်က ကျွန်တော်နဲ့ ပါရဂူဘွဲ့ဆောင်းပါးကို ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားခဲ့တာဟာ ဘယ်သူဘယ်ဝါကိုမှ ရည်ရွယ်ပြီးပြစ်တင် ဝေဖန်တဲ့သဘောနဲ့ ရေးခဲ့တာမဟုတ်ပါဘူး။ ရှိနေ၊ ဖြစ်နေတဲ့ အခြေအနေကိုသာ အများသိအောင်တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်သင်တန်းတစ်ခုမှာ စာသင်ပြီး တက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေကို မေးခွန်းမေးစေပါတယ်။ ကျွန်တော်သင်တဲ့ ဘာသာရပ်ဆိုင်ရာမေးခွန်းတွေ မေးလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရပ်မေးခွန်းကိုမမေးဘဲ Ph.D ဆိုတာဘာလဲ ရှင်းပြပေးပါလို့ မေးခဲ့ပါတယ်။
Ph.D ဆိုတာ အမှန်တော့ Doctor of Philosophy ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကို နားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။ Doctor ဆိုတဲ့ စကားကို အများက ဆရာဝန်ပဲလို့ နားလည်ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပထ၀ီအနေအထား၏ စိန်ခေါ်မှု။။။ မျိုးသန့်
March 30, 2013 at 6:53pm
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ပထ၀ီတည်နေရာပြပုံ
http://upload.wikimedia.org/wikipedia/commons/e/ef/Burma_topo_en.jpg
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ပထ၀ီတည်နေရာပြပုံ http://upload.wikimedia.org/wikipedia/commons/e/ef/Burma_topo_en.jpg
နိဒါန်း
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့်ထိုင်းနိုင်ငံတို့ဖြင့် နယ်နမိတ်ချင်း ထိစပ်နေပြီး၊ အိန္ဒိယသမုဒ္ဒရာကနေ မုတ္တမပင်လယ်ကွေ့အတွင်းမှာ ရေပြင်ပိုင်နက်များ တည်ရှိနေတယ်။
ဟင့်အင်းနှင့် အင်းများ (စွန့်လွှတ်သူနှင့် သိမ်းပိုက်သူ)
ကျွန်တော်ဆင်းရမည့် မှတ်တိုင်က ဝေးသေးသည်။ ဒီတော့ ပေပြီးထိုင်နေလိုက်သည်။
“ အဘ လာလာ၊ ကျွန်တော့်နေရာမှာ ထိုင်လိုက်ပါ ”
စကားသံကြား၍ကြည့်လိုက်တော့ လူငယ်တစ်ဦးက သူ့နေရာကို တက်လာသော အဘ အတွက် ဖယ်ပေးလိုက်ခြင်းဖြစ်သည်။ အဘဆိုပေမယ့် ကျွန်တော့်အမြင်မှာတော့ သန်သန်မာမာရှိသေးသည်။
နှလုံးသား ဒိုင်ယာရီ (၂)
July 29, 2013 at 5:28am
တောမြိုင်လယ် ခရီး ………
ဖြစ်ချင်တာတွေ မဖြစ်ပေမဲ့ မဖြစ်ချင်တာတွေလည်း ကြုံတွေ့ရသည့်ဘဝ။
အိမ်ထောင်ကျခါစ ကျနော်တို့ ဇနီးမောင်နှံ နဲ့ ထွန်းထွန်းလင်းတို့ကို ဒေါလယ်ခူရွာသို့ ပို့ပေးကြပြန်သည်ျနော်တို့ ရောက်ရှိသွားသည့်အဖွဲ့မှာ အမှတ်(၃) ခရိုင်တပ်ဖွဲ့ ဖြစ်သည်။
မြန်မာ့နွေဦး အတွက် အာရပ်နွေဦး သင်ခန်းစာ - ကျော်ဝင်း
July 13, 2013 at 10:03am
နွေဦးဇာတ်လမ်းတစ်ပုဒ်
၂၀၁၁ ခုနှစ်၊ နှစ်ဦး တူနီးရှားနိုင်ငံမှ အစပြုခဲ့သော ဒီမိုကရေစီ အရေးတော်ကြီးကို၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက၊ “အာရပ်နွေဦး” ဟု အမည်သညာပြုခဲ့ကြသည်။ သို့နှင့်တိုင်၊ အဆိုပါ “အာရပ်နွေဦး” ဇာတ်လမ်းတွဲမှ အထင်ကရနေရာတွင်ရှိခဲ့သော “အီဂျစ်နွေဦး” ဇာတ်ကွက်မှာမူ ၂နှစ်သာသာကာလအတွင်းမှာပင်၊ မူလမျှော်မှန်းသည်နှင့် ဆန့်ကျင်စွာ ထင်တိုင်းမပေါက် ဖြစ်သွားခဲ့ရချေပြီ။ ဤတွင် “နွေဦးကာလ၊ ဟန်းနီးမွန်း အခါသမယများမှာ၊ ဘယ်လောက်ကြာကြာ ခံမည်နည်း” ဆိုသော ပုစ္စာတစ်ရပ်မှာ မေးသင့်မေးထိုက်စွာ ထွက်ပေါ်လာရလေတော့သည်။
ဒုံးကျည် လမ်းညွှန်စနစ်များ အပိုင်း (က)
Seaman Nayminthu shared Weapons of Interest's photo.
ဒုံးကျည် သို့မဟုတ် ပဲ့ထိန်းဗုံး တစ်လုံးကို ရည်ရွယ်ထားသော ပစ်မှတ်ရှိရာသို့ ထိန်းကြောင်း လမ်းညွှန်ပေးသော နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ပစ်မှတ် အား တိကျစွာ ထိမှန်နိုင်မူသည် ထိရောက်မူကောင်းသော ဒုံးကျည် တစ်စင်း ဖြစ်ရန်အတွက် အရေးပါသည့် အချက်တစ်ချက်ဖြစ်ပြီး လမ်းညွှန်စနစ်သည် တစ်ချက်တည်းဖြင့် ပစ်မှတ်အား ထိမှန်နိုင်ခြေ အားတိုးမြှင့်ပေးပါသည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၇)
သစ်ထူးလွင်
Sunday, July 28, 2013
အဖေပြောသော အိပ်ရာဝင်ပုံပြင်များ
July 28, 2013 at 10:19pm
“မိဘစကားနာထောင်သော ကာဆာဘရင်ကား“
အင်္ဂလန် ဘုရင်၏ တိုက်သဘောင်္တစ်စင်းတွင် အုပ်ချုပ်သော ရေတပ်ဗိုလ်ချုပ်သည်သူ၏သားငယ်ကို
ထူးဆန်းထွေလာ ဒေါ်ပု လက်ရာ ဂမ္ဘီရ ၀က်သားတုတ်ထိုး အမှုတွဲရှင်းတမ်း
အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဘွရှင်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ရံဖန်ရံခါ ရခိုင်အစားအစာတွေကို စိတ်ကူးတည့်သလို စတေးတပ်တင်ချက်ပြုတ်ပြီး လူတကာကို သွားရည်ကျအောင် ဒုက္ခပေးတတ်တဲ့ သတ္တ၀ါတစ်ကောင်ပါ။ အဲဒီလို ကိုယ့်စတိုင်လ်နဲ့ကိုယ် (တကယ်တော့ အမေ့စတိုင်လ်) ချက်နည်းပြုတ်နည်းတွေကို မူပိုင်ခွင့် တင်ထားတာမျိုး မရှိပါဘူး။
ဖိနပ်ပျောက်ခြင်းသည် အနာဂတ်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်
“ ဟိုက် သွားပြီဟ ”
ကျွန်တော်အထိတ်တလန့်ဆိုတော့ မိန်းမဖြစ်သူက ကျွန်တော့်ကိုကြည့်ပြီးမေးတယ်။
“ ဘာဖြစ်တာလဲ ”
“ ဖိနပ်မရှိတော့ဘူးဟ ”
“ ဟင်ဟုတ်ပ။ ဒီနားမှာ အတူတူချွတ်ထားတာပါ ”
မကြာခဏ နုံးချည့်ညောင်းညာတက်သူတို့ အင်အားတိုးစေမည့် နည်းလမ်းများ
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
လူငယ်နှင့် ကိုယ်ပိုင်လုပ်ငန်း အခန်း ၎
အခန်း (၄)
ကိုယ်ပိုင်လုပ်ငန်းငယ်ကိုထိခိုက်ပျက်စီး စေသည့်အကြောင်းအချက်များ ပြုလုပ်ခြင်း။
(၁) မိမိ၏စိတ်နေသဘောထား နိမ်ကျခြင်း။
(က) ကိုယ့်ဆီကို လာပြီးဝယ်ယူ၊ စုံးစမ်းတဲ့ ဖောက်သည်တွေကိုအမှန်အတိုင်း ပြောဆို လမ်းညွှန်မှု့မပြုတော့ဘဲ အမြတ်များများ ၏ကျန်မယ့်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေထိုးရောင်းခြင်း ။ ပစ္စည်းအစစ်နှင့်အတု ရော၍ ရောင်းချခြင်းတွေ လုပ်ဆောင်ခြင်းဟာ စိတ် သဘောထားနိမ့်ကျခြင်း ဖြစ်ပြီး အနှေးနှင့်အမြန် အလုပ်ကို ထိခိုက်နစ်နာလာစေပါတယ်။
အခြေခံအင်္ဂလိပ်အသုံး (၇)
၁၆  after (preposition)ပြီးနောက် (၀ိဘတ်) ; afterwards (adverb) ထို့နောက် (ကြိယာဝိသေသန)
After သည် ၀ိဘတ်ဖြစ်သည်။ သူ့နောက်မှ နာမ်ဖြစ်စေ၊ ving ပုံစံဖြစ်စေလိုက်နိုင်သည်။
We ate in a restaurant after the film.
After seeing the film, we ate in a restaurant.
ရုပ်ရှင်(ကြည့်)ပြီးနောက် စားသောက်ဆိုင်တစ်ခုတွင်စားကြသည်။
After သည် ၀ိဘတ်မဟုတ်ပါ။ afterwards, then or after that တို့နှင့်အဓိပ္ပါယ်တူမသုံးပါ။
A We went to the cinema and afterwards (then/after that) we ate in a
restaurant.
ဒုလ္လဘထဲက ဒုပ္ပညနှင့် ဒုဗ္ဗစများ
“ သမီးအဖေပြောနေရင် တစ်ခွန်းနဲ့ရ။ မရရင်တော့ ရိုက်မှာနှော် ”
သူက ကိုင်နေတဲ့ဖုန်းကို မချချင် ချချင်ဖြင့် ချထားလိုက်သည်။
သမီးက ငယ်သေးသည်။ ခေတ်ကာလအလျှောက် တိုးတက်လာမှုကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဖုန်းကိုဖွင့်တတ်သည်။ ဂိမ်းကစားသည်။
သူတို့နိုင်ငံပညာရေးဝန်ကြီးရဲ့ ဆင်ခြင်စဉ်းစားစရာကောင်းတဲ့ မိန့်ခွန်းတစ်ခု
အောက်ပါ မိန့်ခွန်းလေးက အမေရိကန်ပညာရေးအတွင်းရေးမှုး (ပညာရေးဝန်ကြီးနဲ့အတူတူပဲ လို့ထင်ပါတယ်) ရဲ့ မိန့်ခွန်းပါ။ ၂၀၀၃ -ခုနှစ်၊ မတ်လက ပြောခဲ့တဲ့မိန့်ခွန်းပါ။ ခေါင်းစဉ်က Teaching the Virtues (ကောင်းမြတ်မှုများကို သင်ကြားပေးရေး) ဖြစ်ပါတယ်။ မိန့်ခွန်းပြောသူက ယခင် ပညာရေး အတွင်းရေးမှုးဖြစ်သူ William J. Bennett ဖြစ်ပါတယ်။
ဒီလင့်မှာပါပါတယ်။
http://www.school-for-champions.com/education/teaching_virtues.htm
ပြောတဲ့ မိန့်ခွန်းအနှစ်ချုပ်ကတော့ ....
 (၁) အမေရိကန်မှာ သာမန် ရှစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ကတောင် ပညာရေးဝန်ကြီးတစ်ယောက်ကို မကြောက်မရွံ့ မေးရဲပြောရဲ၊ စေ့စေ့ကြည့်ရဲတယ်။ ဒါကောင်းတဲ့ ဒီမိုကရေစီပြယုဂ်တစ်ခုပါတဲ့...
အပြစ်ကင်းခြင်းမှသည် ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းရေးသို့
Sky Net ကလွှင့်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးပွဲတော်အတွက် အနုပညာရှင်တွေရဲ့ တင်ဆက်နေမှုကို ကျွန်တော် ကြည့်နေမိတယ်။
ငြိမ်းချမ်းရေးအတွက် ပြက်လုံးတွေ၊ ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေ၊ ဆုတောင်းမှုတွေနဲ့ ငြိမ်းချမ်းရေး အတွက် ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ၀ိုင်းဝန်းဆောင်ရွက်နေကြတယ်
လေလွင့် နေသူတဦး
July 28, 2013 at 10:30am
လေလွင့်နေသူ
လေလွင့်နေသူ
 ရှဉ့်လေးများပင် ကျနော့်ကို မှတ်မိနေလေပြီ။ သစ်ပင်အောက် ထိုင်ခုံလေးတွင် နေ့စဉ်နဲ့အမျှ လာထိုင်နေသော ကျနော့်ကို တိရစ္ဆန် လေးများပင် မှတ်မိနေလေပြီ။ ပထမ ရက်တွင် ခပ်လှမ်းလှမ်းမှ ကိုယ်ကို မြှောက်လိုက် ကျနော့်ဖက်သို့ ကိုယ်ကို မတ်ကာ ကြည့်လိုက် လုပ်နေတတ်သည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၇)
သစ်ထူးလွင်
Saturday, July 27, 2013
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ
=======================================
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အိမ်ခြံမြေ အကြံပေးကုမ္ပဏီဖြစ်သော Knight Frank က ၂၀၁၃ ခုနှစ် ချမ်းသာကြွယ်ဝမှုအ စီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် HNWI ဟုခေါ်သော အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံသည် HNWI အရေအတွက် များပြားလာနိုင်ခြေတွင် အာရှတိုက်၌ အမြင့်မားဆုံးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုအကြာ ၂၀၂၂ ခုနှစ်သို့ အရောက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၀၇ ဦး ရှိလာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းသည် ၆၈၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးဖြစ်သည်။
ယင်းခန့်မှန်းမှုမှာ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်မှု အခြေအနေနှင့် စီးပွားရေးလမ်း ပွင့်လာမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး ပြောင်းလဲမှု အကြီးအကျယ် ဖြစ်ပေါ်လာခြင်း၊ ပိတ်ဆို့ခံထားရမှုများ လျော့ကျလာခြင်းနှင့် ဖွံ့ဖြိုးရေး စီမံချက်များအတွက် ရန်ပုံငွေ ရရှိရန် အာမခံချက်များ ရရှိလာခြင်းတို့ကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြား ကုမ္ပဏီများ အကြီးအကျယ်  လာရောက်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပညာရေး ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကဏ္ဍများတွင် ပုဂ္ဂလိက လုပ်ငန်းစုများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုသည်။
အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်တန်းဂျာနယ် တစ်စောင်ဖြစ်သော Prime Resi မှ ထုတ်ဝေခဲ့သော စစ်တမ်းတစ်ရပ်တွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် အခြားနေရာများတွင် အိမ်ခြံမြေကဏ္ဍ၌ မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာနေပြီး ၂၀၀၃ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် တန်ဖိုးရှိသော အိမ်ခြံမြေများ ၀ယ်ယူမှု၏ တစ်ရာခိုင်နှုန်းသည် မြန်မာများဖြစ်ကြောင်း သိရသည်။ ယင်းပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ၀ယ်ယူမှု ပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ၏ လန်ဒန်မြို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာ လွန်စွာကြီးမားလာသည့်အတွက် အင်္ဂလန်နိုင်ငံမှ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီဖြစ်သော Landon Dom ကုမ္ပဏီသည် ယခုလအတွင်း ရန်ကုန်မြို့၌ ရုံးခန်းတစ်ခု လာရောက်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။ Daily Eleven မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာကြွယ်ဝသူ သို့မဟုတ် စီးပွားရေး အစုအဖွဲ့ သုံးဦးမှ လေးဦးအထိရှိကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ၀င်ငွေအနည်းပါးဆုံး နိုင်ငံဖြစ်ပြီး Wikipedia ၌ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်အတွက် တစ်ဦးချင်း ဂျီဒီပီသည် ဒေါ်လာ ၈၄၉ သာရှိပြီး အမြင့်ဆုံးဖြစ်သော စင်ကာပူသည် ၄၉,၉၃၆ ရှိကြောင်း သိရသည်။
NYM
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အိမ်ခြံမြေ အကြံပေးကုမ္ပဏီဖြစ်သော Knight Frank က ၂၀၁၃ ခုနှစ် ချမ်းသာကြွယ်ဝမှုအ စီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် HNWI ဟုခေါ်သော အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံသည် HNWI အရေအတွက် များပြားလာနိုင်ခြေတွင် အာရှတိုက်၌ အမြင့်မားဆုံးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုအကြာ ၂၀၂၂ ခုနှစ်သို့ အရောက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၀၇ ဦး ရှိလာ လိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းသည် ၆၈၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးဖြစ်သည်။