သစ်ထူးလွင် |
|
- သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးပွဲတော် မိန့် ခွန်းမှာ ပြောဆို (ရုပ်/သံ)
- မြောက်ဦး ရေကြီး နေအိမ် ၃၀၀ ကျော်နစ်မြုပ် (ရုပ်/သံ)
- ၁၂ နှစ်အရွယ် မိဘမဲ့ကလေးကို အဓမ္မကျင့်သည်ဟု ဦးပဉ္ဇင်းတစ်ပါး အမှုဖွင့်ခံရ
-
လူသတ်မှုကျူးလွန်ခဲ့သည်ဟုစွပ်စွဲ
ကာ ကလေးတစ်ဦးကို အမှုဖွင့် - သေဆုံးသူ မိသားစုများက ဖြောင့်ကွယ် ကွယ်ခဲ့ပေမယ့်၊ တာဝန်သိ ပြည်သူများကြောင့် အမှုမှန်ပေါ်ခဲ့တဲ့ လူသေမှု
- မွန်တိုင်းရင်းသားများ ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ
- ပဲခူးမြို့မှ ရွာ(၅)ရွာသွားရာလမ်း ရေတိုက်စားပြိုကျ
- ကျောက်ဖြူ- ယူနန် ရထားလမ်း ၂၀၁၅ အပြီးတည်ဆောက်မည်
- လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ မူဝါဒစနစ် အမှားကြောင့် တောင်သူများအကြွေးနွံနစ်ရဟုဆို
- ရန်ကုန် အနှံ့အပြား ဓာတ်ငွေ့ပိုက်ယိုစိမ့်
- လူသတ်ပြီး ဆိုင်ကယ်လုသူများအား ဖမ်းဆီးရမိ
- မိုးများ အဆက် မပြတ် ရွာသွန်း မှုကြောင့် ကျုံဒိုးမြို့ လမ်းများပေါ် ရေရောက်၍ ယာဉ်များ တိမ်းမှောက်
- သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင် YouTube တွင် ထွက်ပေါ်
- မဲဆောက်မြို့တွင် မိုးဆက်တိုက် ရွာသွန်း၍ သွားလာရေးခက်ခဲ
- ရွှေ့ပြောင်းအလုပ်သမားများ အတွက် ယာယီပတ်စ်ပို့ပြု လုပ်ရန် ထိုင်းအစိုးရမှ သက်တမ်းတစ်နှစ်ထပ်တိုး
- မန္တလေး မုဒိမ်းမှု ထက်ဝက်ကျော် ကလေးများတွင် ဖြစ်ပွား
- မွန်ပြည်သစ်ရဲဘော်တစ်ဦး ထပ်မံဖမ်းဆီးခံရ
- ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ
- စပါးသီးနှံအထွက်နည်းပြီး စားဝတ်နေရေး ကြပ်တည်းမှု ကြုံတွေ့နိုင်
- ညစ်ညမ်း ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသသည့် သတင်း မဟုတ်မှန်ဟု သန်လျင် နည်းပညာ တက္ကသိုလ် ကျောင်းသား/သူများ ရှင်းလင်း
- ကရင် လက်နက်ကိုင်များ အားလုံး တွေ့ဆုံ ဆွေးနွေးမည်
- မင်းပြားတွင် မြစ်ရေလျှံ၍ စပါးစိုက်ဧက ၈၀ ရာခိုင်နှုန်းကျော် ရေမြုပ်
- ပလိပ်ပိုးတွေ့လို့ LA ပန်းခြံပိတ်
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ ၂၊ အမှတ် ၂၇
- ဇူလိုင်လ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
Posted: 29 Jul 2013 07:09 AM PDT
McAfee SiteAdvisor Warning
ဒီမိုကရေစီ
စနစ်ရှင်သန်ဖို့အတွက် ငြိမ်းချမ်းရေး လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က
ငြိမ်းချမ်းရေး ပွဲတော် မိန့် ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဦးအောင်ကြီး
သတင်းပေးပို့ ထားပါတယ်။ DVB TV NewsThis e-mail message contains potentially unsafe links to these sites: http://2.bp.blogspot.com/-hwlfnpuiqp4/ufz3ik5jcni/... http://2.bp.blogspot.com/-t_3hkd_rqpo/ufz2ecvjsbi/... http://3.bp.blogspot.com/-dgttlknmzl4/ufxxroyekwi/... http://2.bp.blogspot.com/-8o8_4ecp76c/ufy6aaaovzi/... http://2.bp.blogspot.com/-jtamsmlxmc8/ufy04wcvboi/... http://3.bp.blogspot.com/-dvismpmylbg/ufyv8tbfxri/... http://2.bp.blogspot.com/-y-m5pjnl8my/ufysep6yiti/... ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 07:03 AM PDT
ရခိုင်ပြည်နယ်
မြောက်ဦးမြို့မှာ မိုးများပီး ရေကြီးခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော်
ရေနစ်မြုပ်နေပြီး ဘေးလွတ်ရာကို ရွေပြောင်း နေရပါတယ်။ ဖိုးသီဟ
သတင်းပေးပို့ ထားပါတယ်။ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 06:56 AM PDT
တောင်ကြီးမြို့ရှိ
ဘုန်းတော်ကြီး သင်ပညာရေး ပရဟိတကျောင်း တစ်ခုတွင် ပညာသင်ကြားနေသည့် အ သက်
၁၂ နှစ် သမီး မိဘမဲ့ ကလေးငယ် တစ်ဦးကို ထိုကျောင်းရှိ ဦးပဉ္ဇင်း တစ်ပါးက
အဓမ္မကျင့်သည်ဟု စွပ်စွဲကာ တိုင်ကြားမှု တစ်ခုကို ဇူလိုင် ၂၆ ရက်က
အဆိုပါမြို့၏ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သတင်းထုတ်ပြန်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 06:52 AM PDT
အသက်
၁၄ နှစ်အရွယ် ကလေးတစ်ဦးကို လူသတ်သည်ဟု စွပ်စွဲကာသုဝဏ္ဏနယ်မြေ ရဲစခန်း၌
ဇူလိုင် ၂၇ ရက်တွင် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က
သတင်းထုတ်ပြန်သည်။ ယင်းအမှုတွင် သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ်
ကိုကြည်လှိုင်ဆိုသူဖြစ်ပြီး သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သူ
ဖြစ်ကြောင်း၊ သူသည် ပန်းရံလုပ်သား တစ်ဦးဖြစ်သဖြင့် တိုက်ဆောက်နေစဉ်
ဓားဖြင့် အထိုးခံရ ခြင်းဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 06:39 AM PDT
၂၈၊၇၊၁၃ရက်နေ့က
ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာ သုဿန် အတွင်းရှိ လွန်ခဲ့သော(၂) လမှ
မြုတ်နှံထားခဲ့သော လူသေ အလောင်းအား ပြန်လှယ်တူးဖေါ် စစ်ဆေးမှုကို ဒုတိယ
တရားသူကြီး ဒေါ်ခင်မာဦး၊ ဒေါက်တာပြည့်ကျော်နှင့် ကသာမြို့နယ် စခန်းမှူး
ဒုရဲမှူးမြင့်လွင်တို့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 05:24 AM PDT
တနင်္သာရီတိုင်း
ဘုတ်ပြင်းမြို့နယ် မွန်ပြည်သစ်ပါတီ အခြေစိုက် သုမင်္ဂလံ ကျေးရွာကို
အစိုးရတပ်က လာရောက် တိုက်ခိုက်မီးရှို့ လိုက်တဲ့ အပေါ်
ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မွန်လူမျိုး ၁၀၀ ကျော်က
ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဒီနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို
ဦးဆောင်သူ နိုင်လ၀ီထွန်းက “အဓိက ဘာကြောင့် ဆန္ဒပြသလဲဆိုတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 05:10 AM PDT
ပဲခူးမြို့၏
ဇူလိုင်လ(၂၈)ရက်နေ့ ရွာသွန်းခဲ့သော မိုးကြောင့် ပဲခူးမြို့မှ
ဝါးမရမ်းကျေးရွာ၊ အလိုင်နီကျေးရွာ၊ ပုဂံဗိုကျေးရွာစသည့် ကျေးရွာ(၅)ရွာသို့
သွားလာ အသုံးပြု နေကြသော လမ်းမကြီးမှာ ဇူလိုင်လ(၂၈)ရက်နေ့တွင်
ရေပြွန်ပေါက်ရေများ တိုက်စားပြီး ပြိုကျခဲ့သဖြင့် ရွာသူရွာသားများ
သွားလာလို့ မရတော့ဘဲ ရှိနေကြောင်း ယင်းရေပြွန်ပေါက်မှာ ပဲခူးမြို့နှင့်
တစ်မိုင်ခန့်ဝေးပြီး လေယာဉ်ကွင်း၊ ဇလပ်ထော်ဆည်သို့လည်းသွားရာ လမ်းမကြီး
ဖြစ်သလို ပြိုကျခဲ့တဲ့ အနက်ပေ(၂၀)ခန့်ရှိပြီး လူများပင်
သွားလို့မရတော့ကြောင်း သိရသည်။
ကိုသန့် စင် by Myanmar News Now |
||
Posted: 29 Jul 2013 03:14 AM PDT
တရုတ်အစိုးရနဲ့
မြန်မာအစိုးရ ၂၀၁၁ ခုနှစ် ဧပြီလကတည်းက သဘောတူ လက်မှတ်ရေး
ထိုးထားပြီးဖြစ်တဲ့ ကျောက်ဖြူ- ယူနန် အမြန်ရထားလမ်းကို လာမယ့် ၂၀၁၅
မတိုင်မီ အပြီး ဖောက်လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဒီနေ့
တရားဝင် ထုတ်ပြန် ကြေညာပါတယ်။
မိုင် ၅၀၀ ကျော် ရှည်လျားမယ့် အဲဒီအမြန်ရထားလမ်းဟာ ဒေါ်လာ ၂၀ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး တရုတ်နိုင်ငံဘက်က အပြည့်အ၀ အကုန်အကျခံသွားမည်ဖြစ်ကာ တရုတ် ရထားအင်ဂျင်နီယာကော်ပိုရေးရှင်း ဒီရထားလမ်း မြန်မာနိုင်ငံဘက်အခြမ်းမှာ စတင်ခြင်း မရှိသေးပေမယ့် မြန်မာ- တရုတ်နယ်စပ်၊ တရုတ်နိုင်ငံဘက်အခြမ်း ရွှေလီ- မန်စီ – ကူမင်းလမ်းတလျှောက်မှာတော့ ယခုနှစ်ဆန်းပိုင်းက အစ အကြီးစားတည်ဆောက်မှုကြီးတွေ လုပ်ကိုင်နေပြီဖြစ်ကြောင်း တရုတ်ကုန်သည်တွေက ပြောပါတယ်။ by ဒီဗွီဘီ
|
||
Posted: 29 Jul 2013 03:03 AM PDT
လယ်ယာ
စိုက်ပျိုးရေး ဝန်ကြီးဌာန၏မူဝါဒ စနစ်အမှားများကြောင့် တောင် သူများ အကြွေး
နွံနစ်ခဲ့ရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ
လယ်သမားများကွန် ရက်မှဦးတင်ကိုလင်းကပြောသည်။ အစိုးရ၏ လယ်ယာစိုက်ပျိုး
ရေးဘဏ်မှ လယ်စိုက်ရာသီများ အတွက် ချေးငွေများ ချေးယူခဲ့ ပြီး ရှစ်လအတွင်း
ပြန်လည်ဆပ် ရမည်ဖြစ်၍ တောင်သူများ အ နေဖြင့် ချေးငွေများကို ရှာကြံဆပ် ရာမှ
အကြွေး နွံနစ်ရခြင်းဖြစ် ကြောင်း ယင်းကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 02:48 AM PDT
ဓာတ်ငွေ့
ပိုက်လိုင်းယိုစိမ့်မှုများ ရန်ကုန်မြို့ အနှံ့တွင် ဖြစ်ပွား
လျက်ရှိကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေး
စခန်းမှ သိရသည်။ ရန်ကုန်မြို့ရှိ ဓာတ်ငွေ့ပိုက်
လိုင်းဖြတ်သန်းသွားရာမြို့နယ် အချို့တွင် ဓာတ်ငွေ့ပိုက်လိုင်း အသေးစား
ယိုစိမ့်မှုများ ဖြစ်ပေါ် လျက်ရှိနေ သည့်အတွက် တာဝန်ရှိသူများ အ နေဖြင့်
ဓာတ်ငွေ့ယိုစိမ့်သည့်နေ ရာများအနက် အန္တရာယ်ရှိနိုင် သောနေရာများကို
ဦးစားပေးပြင် ဆင်လျက်ရှိကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 02:42 AM PDT
၉-၇-၂၀၁၃
ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ
အုပ်ချုပ်ရေးမှူးမှ စိမ်းကလဲ့ကျေးရွာ၊ ရွှေသံလွင် ရာဘာစိုက်ခင်း
စိုက်ကွက်အမှတ်(၅-၆)ကြား မီးတားလမ်း ပေါ်တွင် လူတစ်ဦး မှောက်လျက်လဲကျ
နေကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းသို့ အကြောင်းကြား ခဲ့သဖြင့်
ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ
အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 02:25 AM PDT
ကရင်ပြည်နယ်
ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့တွင် မိုးများ အဆက်မပြတ်
ရွာသွန်းမှုကြောင့် ချောင်း၊ မြစ်ရေများ ရေတိုး ခဲ့ပြီး လမ်းများ ရေကျော်၍
ကျုံဒိုးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ အသွားအလာ အခက်အခဲများ
ဖြစ်ပေါ်ခဲ့ပြီး လှေများ ဖြင့်သာ သွားလာ ခဲ့ကြရသည်။ ဇူလိုင် ၂၈ ရက်တွင်
မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၏ အဓိကလမ်းမကြီး
ကော့ကရိတ်-ကျုံဒိုး ကားလမ်းပေါ် တောင်ကျရေများ စီးဆင်းလာ၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 02:04 AM PDT
ပြည်ပြေးဘဝဖြင့်
လက်ရှိ နေထိုင်လျက်ရှိသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို
သတ်ဖြတ်မည်ဟု YouTube တွင် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာကြောင်း
ဘန်ကောက်ပို့စ် သတင်းစာ က ရေးသား ဖော်ပြသည်။ အစ္စလာမ္မစ် အစွန်းရောက်
အကြမ်းဖက်သမားများပုံစံ ဝတ်ဆင်ထားသူများ က ဝန်ကြီးချုပ်ဟောင်း
သက်ဆင်ရှင်နာဝပ်၏ ဓာတ်ပုံကို ကိုင်ဆောင်ကာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 01:47 AM PDT
ထိုင်းနိုင်ငံ၊
တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်
ရွာသွန်းသဖြင့် မြို့အတွင်းရှိ ယာဉ်လမ်းကြောင်း များတွင် ရေလွမ်းမိုးကာ
သွားလာရေးအခက် အခဲ ဖြစ်ပွားလျှက်ရှိသည်။ “မဲဆောက်မြို့လယ်က Lotus
ကုန်တိုက်ဟောင်း ရှေ့က ယာဉ်လမ်းဆိုရင် မနေ့ကတည်း ရေတွေစီးနေတယ်။
ဒီနေ့မနက်မှာ ပိုပြီးတောင် ရေက ကြီးသွားတယ်။ ရေက ဒူးခေါင်းနီးပါးရှိတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 01:43 AM PDT
ထိုင်းနိုင်ငံတွင်
ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့် ရရန် လျှောက်ထားသော
ယာယီပတ်စ်ပို့ ပြုလုပ်ပေးသည့် သက်တမ်းကို ထိုင်းအစိုးရက ၂၀၁၄ခုနှစ်၊
သြဂုတ်လ ၁၁ရက်နေ့ အထိ တစ်နှစ်တိတိ ထပ်မံ တိုးပေး လိုက်ကြောင်း သိရသည်။ ယခု
ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြုလုပ်သော ထိုင်းနိုင်ငံ ၀န်ကြီးများ ကောင်စီ
အစည်းအဝေး၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားများအတွက်
ယာယီပတ်စပို့ပြုလုပ်သည့် သက်တမ်းကို ထပ်မံတိုးပေးရန် ထိုသို့ သဘောတူ
ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 01:40 AM PDT
မြန်မာတစ်နိုင်ငံလုံး၏
အရွယ်မရောက် သေးသူများတွင် ဖြစ်ပွားသည့် မုဒိမ်းမှု (သက်ငယ် မုဒိမ်းမှု)
နှုန်း တတိယအဆင့်တွင် ရှိနေသည့် မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း
ဇူလိုင်လ၂၇ ရက်နေ့ အထိ မုဒိမ်းမှု ဖြစ်ပွားမှုမှာ ၄၇ မှုရှိရာ သက်ငယ်
မုဒိမ်းမှု ၂၆ မှု ဖြစ်ပွားခဲ့ပြီး ယင်းသည် စုစုပေါင်းအမှု၏ ထက်ဝက်ကျော်
ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 01:27 AM PDT
တနင်္သာရီတိုင်း၊
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်ရွာသစ်၌ နေထိုင်လျှက်ရှိသော မြိတ်ဒေသ၊
မွန်ပြည်သစ်ပါတီဝင် ရဲဘော် “နိုင်အရ” အား ကျေးရွာအုပ်ချုပ်ရေးမှူး
ခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ ဝင်များသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်
စောစောပိုင်းတွင် ၄င်း၏ နေအိမ်မှဖမ်း ဆီးခေါ်ဆောင်ခဲ့သည်ဟု
မွန်ပြည်သစ်တပ်မှူး ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Jul 2013 01:19 AM PDT
၁၅၀၀
တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ
မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား
သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး
အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 01:08 AM PDT
မိုးအဝင်နောက်ကျ၍
မိုးနည်းတဲ့ အတွက် ကယားပြည်နယ် ဒေသအတွင်းရှိ တချို့နေရာများတွင်
စပါးသီးနှံ စိုက်ပျိုးကြရတဲ့ တောင်သူများ အတွက် စပါးသီးနှံအထွက်နည်းပြီး
စားဝတ်နေရေး ကြပ်တည်းမှု ကြုံတွေ့နိုင်တယ်လို့ စားဝတ်နေရေး အခက်အခဲတွေကို
တဖက်တလမ်း ကူညီဖြေရှင်း ပေးနေတဲ့ လူမှုအသင်း အဖွဲ့အစည်းမှ ဝန်ထမ်းတဦးက
ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 12:53 AM PDT
ရန်ကုန်တိုင်းဒေသကြီး
သန်လျင်မြို့နယ်ရှိ နည်းပညာ တက္ကသိုလ် တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား/ သူ
နှစ်ဦး မဖွယ်မရာ ပြုလုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်မှ ပါမောက္ခ
ဆရာမကြီးနှင့်တကွ တာဝန်ရှိသူ များက နှစ်ဖက် မိဘများကို အဆိုပါ တက္ကသိုလ်သို့
ခေါ်ယူ၍ ၎င်းတို့ သားသမီးများ၏ ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသခဲ့သည်
ဆိုသည့် ကောလာဟလမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၂၈ ရက် နံနက်က ယင်း
နည်းပညာတက္ကသိုလ်ရှေ့ရှိ အကိုကြီး စားသောက်ဆိုင်တွင် ကျင်းပသည့် ကျောင်းသား
ကျောင်း သူများ ကိုယ်စား အမှန်တရား ပေါ်ပေါက်ရန် ရှင်းလင်းခြင်း
ခေါင်းစဉ်ဖြင့် ကျောင်းသား ခြောက် ဦးခန့်က မီဒီယာများထံ ရှင်းပြသည့်
သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 29 Jul 2013 12:35 AM PDT
ကရင်
တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တူညီသော အချက်များကို
ပူးပေါင်း လုပ် ဆောင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကရင်
လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး တွေ့ဆုံ ဆွေးနွေးမည်
ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ ဗိုလ်ကြီးညီညီက The Voice သို့ ပြောကြားသည်။ “ဇူလိုင် ၂၉ ရက် နောက်ပိုင်း ဆွေးနွေးမယ်” ဟု ၎င်းက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 29 Jul 2013 12:32 AM PDT
မိုးလေးရက်ဆက်တိုက်
သည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ရခိုင်ပြည်နယ်
မင်းပြားမြို့နယ်တွင် စပါးစိုက် လယ်ဧက ၈၀ ရာခိုင်နှုန်းကျော်
ရေနစ်မြုပ်သွားကြောင်း အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က
ပြောကြားသည်။ မင်းပြားမြို့နယ်တွင် စိုက်ပျိုးနိုင်သည့် ဧက ၉၀၆၀၈
ရှိသည့်အနက် ဇူလိုင်လ ၂၅ ရက်နေ့အထိ စိုက်ပျိုးပြီး ဖြစ်သော ၇၄၄၇၂ ဧကတွင်
လယ်ဧက ၅၉၅၇၈ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jul 2013 08:37 PM PDT
ပလိပ်
ရောဂါပိုး ရှိတဲ့ ရှဥ့်တကောင် တွေ့လို့ ကယ်လီဖိုးနီးယား အမျိုးသား တောအုပ်
တစိတ် တပိုင်း ဖြစ်တဲ့ လော့စ်အိန်ဂျလိစ် ပန်းခြံ ကို ပိတ် လိုက်ပါတယ်။
လော့စ်အိန်ဂျလိစ် အာဏာပိုင် တွေက ဧည့်သည်တွေ ဒီနေရာကနေ ထွက်ခွာဖို့ ကြိုတင်
ကာကွယ်တဲ့ အနေနဲ့ အမိန့်ပေး တားမြစ် ခဲ့တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Jul 2013 08:28 PM PDT
|
||
Posted: 28 Jul 2013 08:23 PM PDT
|
No comments:
Post a Comment