လူ့ ဘ၀ ဟာ ပန်းခင်းတဲ့လမ်း မဟုတ်တဲ့ အတွက် (ကျွန်တော်တို့ တွေ ဘယ်လောက်ပဲ
အကောင်းဆုံး မျှော်လင့်ချက်တွေ ထားပြီး ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှား
နေပါစေ) တနေ့ နေ့  တချိန်ချိန်မှာ မျှော်လင့်မထားတဲ့ ဆုံးရှူံးမှုတွေ၊
စိန်ခေါ်မှု တွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ဆုံးရှူံးမူ့ပမာဏ ပေါ်မူတည်ပြီး စိတ်ဓာတ်ကျဆင်းရတာတွေ၊ မိမိကိုယ် မိမိ ယုံကြည်ချက် နည်းသွားတာတွေ ဖြစ်တတ်သလို.. တချို့  ဆိုရင် မိမိ အသက်ကိုပင် အဆုံးစီရင် သွားတဲ့အထိ အရှူံးပေးသွားတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ....စိန်ခေါ် မှု
တွေ ကို အလှဲထိုးပြီး၊ ရှူံးနိမ့်ခြင်းတွေ ကို အောင်မြင်ခြင်း အဖြစ်သို
့ပြောင်းလဲ နိုင်ခဲ့တဲ့ သူတွေ ရဲ့  အကြောင်းတွေကို ကျွန်တော်ဖတ်လိုက်ရတဲ့
အခါ... စာဖတ်သူများအတွက် (အထူးသဖြင့် အကောင်အထည် မဖော်နိုင်သေးတဲ့
အိပ်မက်တွေ ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမယ့်သူများအတွက် ) ဒီအကြောင်းအရာ
တွေ ကို ဝေငှပေးချင်စိတ် ပေါ်လာလို့ 
အောင်မြင်သွားသူတွေ အများကြီးထဲက တချို့ ရဲ့ အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ရပါတယ် ။
စီးပွားရေးနယ်ပယ် မှာဆိုရင်..
ကမ္ဘာကျော် ဖိုဒ့်ကား ကို တီထွင် ထုတ်လုပ်ရောင်းချခဲ့တဲ့ သူဌေးကြီးဟင်နရီဖိုဒ့် ဟာ မအောင်မြင်ခင် မှာ၊ ငါးကြိမ်တိုင်တိုင် အရှူံးပေါ်ပြီး ဘိုင်ပြတ်တဲ့ဘ၀ ကို ရောက်ခဲ့ရဖူးတယ်။ မဆုတ်မနစ်သော ဇွဲ၊ မိမိကိုယ်ကိုယုံကြည်မှုပြင်းထန်မှုတွေ ကြောင့် နောက်ဆုံးမှာ ဖိုဒ့်ကား ကို လူကြိုက်များလာပြီး ဟင်နရီဖို့ ဒ် ဟာ ထိပ်တန်းသူဌေးတစ်ဥိးဖြစ်လာခဲ့ပါတယ်။
စာပေလောက မှာ ဆိုရင် ဆရာဖေမြင့် မြန်မာဘာသာပြန်ဆိုခဲ့တဲ့ နှလုံးသားအဟာရ ခေါ် Chicken Soup for the Soul စာအုပ် ကို စတင် ထုတ်ဝေစဉ်က နယူးယောက်မြို့  ရှိ ထုတ်ဝေသူပေါင်း ၃၃ ဦး နှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စာအုပ် အသင်း ပေါင်း ၁၉ ခု က ထုတ်ဝေဖို့  ငြင်းဆိုခဲ့ကြပါတယ်။ ထုတ်ဝေသူတစ်ဦးက ဆိုရင် “ဘယ်သူကမှ ဒီလို ဇာတ်လမ်း အတိုလေးတွေကို စာအုပ်အဖြစ် စုစည်းထားတဲ့ ရေးသားမှု ကို ဖတ်ချင်မှာမဟုတ်ပါဘူး” လို့  ဝေဖန်ခဲ့ဖူးတယ်။ တကယ်တမ်း ထုတ်ဝေခဲ့ တဲ့ အချိန်မှာ စာအုပ်ပေါင်း ၈ သန်းကျော် အထိ အရောင်းသွက်ခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာ စကား နဲ့  တင်မက၊ တခြားဘာသာစကားပေါင်း ၃၁မျိုးနဲ့  ဘာသာပြန်ဆိုခဲ့ကြပြီး၊ နောက်ပိုင်းမှာ ထပ်မံ ထုတ်ဝေခဲ့တဲ့ နှလုံးသားအဟာရ စာအုပ်တွဲ အပါအ၀င် စာအုပ်ပေါင်း ၅၃သန်း ခန့်  ရောင်းချခဲ့ရတဲ့ အထိ အောင်မြင်မှု ရခဲ့ပါတယ်။
အလားတူပါပဲ၊ ကလေးများအတွက် ပထမဆုံး စာအုပ်ဖြစ်တဲ့ Dr. Seuss ရဲ့  And to Think That I Saw it on Mulberry Street စာအုပ် ကို ထုတ်ဝေသူတွေ ဆီလိုက်လံအပ်နှံစဉ်က ထုတ်ဝေသူပေါင်း ၂၇ ရဲ့ ငြင်းဆန်မှုကို ခံခဲ့ရပါတယ်။ နောက်ဆုံး ၂၈ ယောက်မြောက် ထုတ်ဝေသူဆီ သွားပြီး ကမ်းလှမ်းတဲ့အခါ အဆိုပါ စာအုပ် ကို အုပ်ရေပေါင်း ၆သန်းအထိ ရောင်းချခဲ့ရပါတယ်။
စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်
ရုပ်ရှင်လောက မှာဆိုရင် “စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်”ကာတွန်းရုပ်ရှင်ဇာတ်လ မ်းအပါအ၀င်
အခြား ဝေါလ်ဒီစနီ ကာတွန်း ရုပ်ရှင် ဇာတ်လမ်းများ၊ မိသားစု အပန်းဖြေ စရာ
ဝေါလ်ဒီစနီ ဥယျာဉ် လုပ်ငန်းများနဲ့ ကြွယ်ဝချမ်းသာနေတဲ့ သူဌေးကြီး
ဝေါလ်ဒီစနီ ဟာ အောင်မြင်တဲ့ ဘ၀ကို လွယ်လွယ်နဲ့ ရခဲ့သူမဟုတ်ပါ။ သတင်းစာတိုက်
တစ်ခု အတွက် ကာတွန်းရေးဆွဲခဲ့ချိန်မှာ သူ့ ရဲ့  ရေးဆွဲမှုတွေဟာ
အတွေးအခေါ်မပါတဲ့ ရေးဆွဲမှုတွေဖြစ်တယ် ဆိုပြီး အယ်ဒီတာ တစ်ဦးက အလုပ်မှ
ထုတ်ပစ်ခဲ့ဖူးတယ်။ အလုပ်ထုတ်ခံရပေမယ့် ဝေါလ်ဒီစနီဟာ မလျော့သောဇွဲနဲ့ 
မိမိယုံကြည်တဲ့ ကာတွန်းရုပ်ပုံတွေကို ပဲ ဆက်လက်ရေးဆွဲခဲ့ပါတယ်။ နောက်ပိုင်း
စီးပွားရေးအဆင်မပြေဖြစ်ပြီး
မကြာခန ဒေ၀ါလီခံရတဲ့  အထိ ဆင်းရဲ ခဲ့ပေမယ့်၊ အလျော့မပေးပဲ ဆက်လက်
ရေးဆွဲခဲ့တာကြောင့် အခုတော့ အောင်မြင်မှု အသီးအပွင့်တွေ ကို
ခံစားနေရပြီဖြစ်ပါတယ်။
သိပ္မံပညာရှင် အိုင်းစတိုင်း
သိပ္မံပညာရှင် အိုင်းစတိုင်း ဟာ အသက် ၄နှစ် အထိအောင် စကားမပြောတတ်ခဲ့၊ အသက် ရနှစ် တိုင်အောင် စာမဖတ်တတ်ခဲ့တဲ့ အတွက် ကျောင်းမှ ဆရာ၊ ဆရာမ များက ဒီကလေးဟာ ဥာဏ်ရည်ချို့ တဲ့ တဲ့ ကလေးဖြစ်ပြီး၊ အတန်းဖော်တွေနဲ့  မ၀င်ဆန့် တဲ့ အပြင် ရူးကြောင်ကြောင် အိပ်မက်ဆန်ဆန် အကြောင်း ကို ပဲ ပြောနေ တတ်တာမို့ ၊ Zurich Polytechnic School ကျောင်းက သူ့ ကို ကျောင်းသားအဖြစ် လက်ခံဖို့  ငြင်းဆိုခြင်း ခံခဲ့ရဖူးတယ်။ The University of Bern ကလဲ အိုင်းစတိုင်းရဲ့  အတွေးအခေါ်တွေဟာ ကျိုးကြောင်း ဆီလျော် မှုမရှိဘူးလို့  ယူဆပြီး ပါရဂူဘွဲ့  ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ လဲ အိုင်းစတိုင်းရဲ့ နိယာမတွေ ကို ကမ္ဘာက ယုံယုံကြည်ကြည်ကျင့်သုံးနြေ ကရပါပြီ။
ရော့ခ်အဲန်ရိုး၏ဘုရင် အဲပရစ်ပရက်စလေ
အနုပညာ အသိုင်းအ၀ိုင်း ကို ကြည့်မယ်ဆိုရင်…ရော့်ခအင်ရိုးသီချင်းများနဲ
့ကမ္ဘာကျော်ခဲ့တဲ့ အဆိုတော် အဲပရစ်ပရက်စလေ ရဲ့  သီဆိုဟန် က ၁၉၅၄
ခုနှစ်ဝန်းကျင် က သီဆိုဟန်တွေနဲ့  မတူပဲ ဆန်းသစ်နေတာ ကြောင့် မန်နေဂျာ
ဂျင်မီဒယ်နီ က သူ့ ကို ပုံစံပြောင်းဆိုခိုင်းပေမယ့်
ပြောင်းမရတဲ့ အဆုံး၊ ပရက်စလေ ကို “မင်းဟာ ဘာမှ ဖြစ်လာမဲ့ သူမဟုတ်ဘူး၊
အိမ်ပြန်ပြီး ထရပ်(ခ)ကားသာ ပြန်မောင်းစားပေတော့” ဟု ပြောဆိုကာ အလုပ်မှ
ထုတ်ခဲ့ ဖူးတယ်။ အဲဒီ အချိန်မှာ ပရက်စလေသာ အရှူံးပေးခဲ့ရင်
ကမာကျော်အဆိုတော် ဘ၀ကို ရောက်ခဲ့မှာ မဟုတ်ဘူး။
Symphonies သီချင်းများရေးစပ် တဲ့ ၊ စန္ဒရားပညာရှင် ဘီဒိုဗဲင် ကို သူ့ ဆရာ က အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာဖို့  မျှော်လင့်ချက် မရှိဘူးလို့  ထင်ကြေးပေးခံခဲ့ ရဖူးသူ တစ်ယောက် ဖြစ်တယ်။ ဘီဒိုဗင်ဟာ အကြားအာရုံချို့ တဲ့ မှု ရောဂါကို ခံစားခဲ့ရပြီး၊ အသက်ရှင်ချင်စိတ် မရှိတော့တဲ့ အထိ စိတ်ထိခိုက်ခဲ့ဖူးပေမယ့် နောက်ဆုံး မှာတော့ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့သူဖြစ်တယ်။
အမေရိကန်သမ္မတလင်ကွန်း
နိုင်ငံရေးလောက တော.သမ္မတဖြစ်ဖို့  နှစ်ပေါင်း ၃၀ကျော် ကြိုးစားခဲ့ရတဲ့ အမေရိကန်သမ္မတလင်ကွန်း အကြောင်းကို ပြောရမှာဖြစ်ပါတယ်။ လင်ကွန်း ဟာ အသက် ၁၅ နှစ်မှာ မှ အေ၊ဘီ၊စီ၊ဒီ စသင်ခဲ့ရတယ်။ ကျောင်းမနေနိုင်တဲ့ အတွက် ကိုယ့်ဘာသာ စာပေ လေ့လာခဲ့ရတယ်၊ အိမ်မှာ စာဖတ်စရာ လျှပ်စစ်မီး မရှိတဲ့ အတွက် မီးလင်းဖို (ဒါမှမဟုတ်) ဓာတ်တိုင်အောက်မှာ သွားပြီး စာဖတ်ခဲ့ရတဲ့ အထိ ဆင်းရဲတွင်းနက်ခဲ့ပါတယ်။ ရှေ့ နေပေါက်စ ဘ၀မှာ ရုံးခန်းငှားခ မပေးနိုင်တဲ့ အတွက် လခ လာတောင်းသူကို အနွေးထည် အကျီ ကို ချွတ်ပြီး ပေးခဲ့ရတယ်။
KFC ကြက်ကြော်
စားသောက်ကုန်လုပ်ငန်းကို ကြည့်ပြန်ရင်လဲ ...၁၉၆၇ ခုနှစ် ကာလ က စီးပွားပျက်နေတဲ့ ကာနယ် စန်းတား ဟာ နေရာပေါင်း ၁၀၀၀ ကျော် ကို သွားပြီး သူ့  ရဲ့  ကြက်သားကြော် အညွှန်း ကို သွားရောက် ရောင်းချခဲ့ပေမယ့် ဘယ်သူကမှ မ၀ယ်ခဲ့ပါဘူး။ နောက်ဆုံး စိတ်ဝင်စားသူ တစ်ဦးက ၀ယ်ယူလိုက်ပြီး၊ KFC လို့ ခေါ်တဲ့ ကြက်သားကြော် ကို စတင် ရောင်းချလိုက်ရာကနေ တဖြည်းဖြည်း လူကြိုက်များခဲ့ပါတယ်။ ၇ နှစ်ကြာတဲ့ အခါ ကာနယ်စန်းတားက သူ့ ရဲ့ ကြက်ကြော် ကုမ္မဏီ ကို အမေရိကန် ဒေါ်လာ ၁၅ သန်းနဲ့  ရောင်း ချခဲ့တဲ့အထိ အမြတ်ရခဲ့ပါတယ်။ နေရာပေါင်း ၁၀၀၀ ကျော်ရဲ့  ငြင်းဆန်မှု တွေ ကို ကာနယ် စန်းတား က လက်မြောက် အရှူံးမပေးခဲ့ပဲ၊ ယုံကြည်ချက်အပြည့်နဲ့  ဆက်လက်ပြီး လှုပ်ရှားခဲ့တဲ့အတွက်..အခုေ တာ့ အမေရိကန် ပြည်ထောင်စုရဲ့  မြိုတိုင်းမှာ KFC ကြက်ကြော်ဆိုင်တွေ ကို မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။
ကဲ… အခက်အခဲတွေ နဲ့  ကြုံရတိုင်း အားမလျော့ဘူးဆိုရင် ...
ငြင်းဆိုခြင်းခံရတိုင်း ကိုယ့်ကို အသုံးမကျဘူးဆိုပြီး ဝေဖန်မှုတွေကို မတုန်လှုပ်ခဲ့ဘူးဆိုရင်.... .
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀နဲ့  ဇွဲရှိရှိကြိုးစားမယ်ဆိုရင် ......
အဆုံးသတ်မှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အကြောင်း လက်တွေ့  ပြသူ တွေက ပြသွားခဲ့ပြီ။
စိန်ခေါ်မှုတွေ ဟာ အသွင်သဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်တော်တို့ ကို အလှဲထိုးဖို့  စောင့်နေပါတယ်။ တချို့  စိန်ခေါ်မှု တွေ ကို တချက်တည်းနဲ့  အလှဲထိုးလို့  ရနိုင်ပေမယ့် အင်အားကြီးတဲ့ စိန်ခေါ်မှုတွေ ကိုတော့ ကျွန်မတို့  ခနခန ပြန်ထိုးဖို့ လိုမယ်၊ စိတ်ရှည်ရှည်နဲ့  အားနည်းချက်တွေ ကို ပြန်သုံးသပ်ဖို့ လိုချင်လိုမယ်၊ အရေးကြီးဆုံးက ယုံကြည်ချက်တွေ မပျက်ပြားဖို့  ပါပဲ။
ဒီဆောင်းပါးလေးဟာ နာမကျန်းဖြစ်နေတဲ့ နှလုံးသားများ ပြန်လည် ကျန်းမာလာဖို့  အဟာရ အနည်းငယ် ဖြစ်ပါစေလို့ ....
ခင်မင်ရင်းနှီးစွာဖြင့်
Credit to မစုဥာဏ်
(ကျမ်းကိုး။ ။ Jack Canfield and Mark Hansen: Chicken Soup for the Writer's Soul and A Cup of Chicken Soup for the Soul )
ဆုံးရှူံးမူ့ပမာဏ ပေါ်မူတည်ပြီး စိတ်ဓာတ်ကျဆင်းရတာတွေ၊ မိမိကိုယ် မိမိ ယုံကြည်ချက် နည်းသွားတာတွေ ဖြစ်တတ်သလို.. တချို့  ဆိုရင် မိမိ အသက်ကိုပင် အဆုံးစီရင် သွားတဲ့အထိ အရှူံးပေးသွားတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ....စိန်ခေါ်
အောင်မြင်သွားသူတွေ အများကြီးထဲက တချို့ ရဲ့ အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်
စီးပွားရေးနယ်ပယ် မှာဆိုရင်..
ကမ္ဘာကျော် ဖိုဒ့်ကား ကို တီထွင် ထုတ်လုပ်ရောင်းချခဲ့တဲ့ သူဌေးကြီးဟင်နရီဖိုဒ့် ဟာ မအောင်မြင်ခင် မှာ၊ ငါးကြိမ်တိုင်တိုင် အရှူံးပေါ်ပြီး ဘိုင်ပြတ်တဲ့ဘ၀ ကို ရောက်ခဲ့ရဖူးတယ်။ မဆုတ်မနစ်သော ဇွဲ၊ မိမိကိုယ်ကိုယုံကြည်မှုပြင်
စာပေလောက မှာ ဆိုရင် ဆရာဖေမြင့် မြန်မာဘာသာပြန်ဆိုခဲ့တဲ့ နှလုံးသားအဟာရ ခေါ် Chicken Soup for the Soul စာအုပ် ကို စတင် ထုတ်ဝေစဉ်က နယူးယောက်မြို့  ရှိ ထုတ်ဝေသူပေါင်း ၃၃ ဦး နှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စာအုပ် အသင်း ပေါင်း ၁၉ ခု က ထုတ်ဝေဖို့  ငြင်းဆိုခဲ့ကြပါတယ်။ ထုတ်ဝေသူတစ်ဦးက ဆိုရင် “ဘယ်သူကမှ ဒီလို ဇာတ်လမ်း အတိုလေးတွေကို စာအုပ်အဖြစ် စုစည်းထားတဲ့ ရေးသားမှု ကို ဖတ်ချင်မှာမဟုတ်ပါဘူး” လို့  ဝေဖန်ခဲ့ဖူးတယ်။ တကယ်တမ်း ထုတ်ဝေခဲ့ တဲ့ အချိန်မှာ စာအုပ်ပေါင်း ၈ သန်းကျော် အထိ အရောင်းသွက်ခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာ စကား နဲ့  တင်မက၊ တခြားဘာသာစကားပေါင်း ၃၁မျိုးနဲ့  ဘာသာပြန်ဆိုခဲ့ကြပြီး၊ နောက်ပိုင်းမှာ ထပ်မံ ထုတ်ဝေခဲ့တဲ့ နှလုံးသားအဟာရ စာအုပ်တွဲ အပါအ၀င် စာအုပ်ပေါင်း ၅၃သန်း ခန့်  ရောင်းချခဲ့ရတဲ့ အထိ အောင်မြင်မှု ရခဲ့ပါတယ်။
အလားတူပါပဲ၊ ကလေးများအတွက် ပထမဆုံး စာအုပ်ဖြစ်တဲ့ Dr. Seuss ရဲ့  And to Think That I Saw it on Mulberry Street စာအုပ် ကို ထုတ်ဝေသူတွေ ဆီလိုက်လံအပ်နှံစဉ်က ထုတ်ဝေသူပေါင်း ၂၇ ရဲ့ ငြင်းဆန်မှုကို ခံခဲ့ရပါတယ်။ နောက်ဆုံး ၂၈ ယောက်မြောက် ထုတ်ဝေသူဆီ သွားပြီး ကမ်းလှမ်းတဲ့အခါ အဆိုပါ စာအုပ် ကို အုပ်ရေပေါင်း ၆သန်းအထိ ရောင်းချခဲ့ရပါတယ်။
စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်
ရုပ်ရှင်လောက မှာဆိုရင် “စနိုးဝှိုက်မင်းသမီးနဲ့  လူပုလေး၇ ယောက်”ကာတွန်းရုပ်ရှင်ဇာတ်လ
သိပ္မံပညာရှင် အိုင်းစတိုင်း
သိပ္မံပညာရှင် အိုင်းစတိုင်း ဟာ အသက် ၄နှစ် အထိအောင် စကားမပြောတတ်ခဲ့၊ အသက် ရနှစ် တိုင်အောင် စာမဖတ်တတ်ခဲ့တဲ့ အတွက် ကျောင်းမှ ဆရာ၊ ဆရာမ များက ဒီကလေးဟာ ဥာဏ်ရည်ချို့ တဲ့ တဲ့ ကလေးဖြစ်ပြီး၊ အတန်းဖော်တွေနဲ့  မ၀င်ဆန့် တဲ့ အပြင် ရူးကြောင်ကြောင် အိပ်မက်ဆန်ဆန် အကြောင်း ကို ပဲ ပြောနေ တတ်တာမို့ ၊ Zurich Polytechnic School ကျောင်းက သူ့ ကို ကျောင်းသားအဖြစ် လက်ခံဖို့  ငြင်းဆိုခြင်း ခံခဲ့ရဖူးတယ်။ The University of Bern ကလဲ အိုင်းစတိုင်းရဲ့  အတွေးအခေါ်တွေဟာ ကျိုးကြောင်း ဆီလျော် မှုမရှိဘူးလို့  ယူဆပြီး ပါရဂူဘွဲ့  ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ လဲ အိုင်းစတိုင်းရဲ့ နိယာမတွေ ကို ကမ္ဘာက ယုံယုံကြည်ကြည်ကျင့်သုံးနြေ
ရော့ခ်အဲန်ရိုး၏ဘုရင် အဲပရစ်ပရက်စလေ
အနုပညာ အသိုင်းအ၀ိုင်း ကို ကြည့်မယ်ဆိုရင်…ရော့်ခအင်ရိ
Symphonies သီချင်းများရေးစပ် တဲ့ ၊ စန္ဒရားပညာရှင် ဘီဒိုဗဲင် ကို သူ့ ဆရာ က အောင်မြင်တဲ့ အနုပညာသမား တစ်ယောက် ဖြစ်လာဖို့  မျှော်လင့်ချက် မရှိဘူးလို့  ထင်ကြေးပေးခံခဲ့ ရဖူးသူ တစ်ယောက် ဖြစ်တယ်။ ဘီဒိုဗင်ဟာ အကြားအာရုံချို့ တဲ့ မှု ရောဂါကို ခံစားခဲ့ရပြီး၊ အသက်ရှင်ချင်စိတ် မရှိတော့တဲ့ အထိ စိတ်ထိခိုက်ခဲ့ဖူးပေမယ့် နောက်ဆုံး မှာတော့ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့သူဖြစ်တယ်။
အမေရိကန်သမ္မတလင်ကွန်း
နိုင်ငံရေးလောက တော.သမ္မတဖြစ်ဖို့  နှစ်ပေါင်း ၃၀ကျော် ကြိုးစားခဲ့ရတဲ့ အမေရိကန်သမ္မတလင်ကွန်း အကြောင်းကို ပြောရမှာဖြစ်ပါတယ်။ လင်ကွန်း ဟာ အသက် ၁၅ နှစ်မှာ မှ အေ၊ဘီ၊စီ၊ဒီ စသင်ခဲ့ရတယ်။ ကျောင်းမနေနိုင်တဲ့ အတွက် ကိုယ့်ဘာသာ စာပေ လေ့လာခဲ့ရတယ်၊ အိမ်မှာ စာဖတ်စရာ လျှပ်စစ်မီး မရှိတဲ့ အတွက် မီးလင်းဖို (ဒါမှမဟုတ်) ဓာတ်တိုင်အောက်မှာ သွားပြီး စာဖတ်ခဲ့ရတဲ့ အထိ ဆင်းရဲတွင်းနက်ခဲ့ပါတယ်။ ရှေ့ နေပေါက်စ ဘ၀မှာ ရုံးခန်းငှားခ မပေးနိုင်တဲ့ အတွက် လခ လာတောင်းသူကို အနွေးထည် အကျီ ကို ချွတ်ပြီး ပေးခဲ့ရတယ်။
KFC ကြက်ကြော်
စားသောက်ကုန်လုပ်ငန်းကို ကြည့်ပြန်ရင်လဲ ...၁၉၆၇ ခုနှစ် ကာလ က စီးပွားပျက်နေတဲ့ ကာနယ် စန်းတား ဟာ နေရာပေါင်း ၁၀၀၀ ကျော် ကို သွားပြီး သူ့  ရဲ့  ကြက်သားကြော် အညွှန်း ကို သွားရောက် ရောင်းချခဲ့ပေမယ့် ဘယ်သူကမှ မ၀ယ်ခဲ့ပါဘူး။ နောက်ဆုံး စိတ်ဝင်စားသူ တစ်ဦးက ၀ယ်ယူလိုက်ပြီး၊ KFC လို့ ခေါ်တဲ့ ကြက်သားကြော် ကို စတင် ရောင်းချလိုက်ရာကနေ တဖြည်းဖြည်း လူကြိုက်များခဲ့ပါတယ်။ ၇ နှစ်ကြာတဲ့ အခါ ကာနယ်စန်းတားက သူ့ ရဲ့ ကြက်ကြော် ကုမ္မဏီ ကို အမေရိကန် ဒေါ်လာ ၁၅ သန်းနဲ့  ရောင်း ချခဲ့တဲ့အထိ အမြတ်ရခဲ့ပါတယ်။ နေရာပေါင်း ၁၀၀၀ ကျော်ရဲ့  ငြင်းဆန်မှု တွေ ကို ကာနယ် စန်းတား က လက်မြောက် အရှူံးမပေးခဲ့ပဲ၊ ယုံကြည်ချက်အပြည့်နဲ့  ဆက်လက်ပြီး လှုပ်ရှားခဲ့တဲ့အတွက်..အခုေ
ကဲ… အခက်အခဲတွေ နဲ့  ကြုံရတိုင်း အားမလျော့ဘူးဆိုရင် ...
ငြင်းဆိုခြင်းခံရတိုင်း ကိုယ့်ကို အသုံးမကျဘူးဆိုပြီး ဝေဖန်မှုတွေကို မတုန်လှုပ်ခဲ့ဘူးဆိုရင်....
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀နဲ့  ဇွဲရှိရှိကြိုးစားမယ်ဆိုရင်
အဆုံးသတ်မှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အကြောင်း လက်တွေ့  ပြသူ တွေက ပြသွားခဲ့ပြီ။
စိန်ခေါ်မှုတွေ ဟာ အသွင်သဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်တော်တို့ ကို အလှဲထိုးဖို့  စောင့်နေပါတယ်။ တချို့  စိန်ခေါ်မှု တွေ ကို တချက်တည်းနဲ့  အလှဲထိုးလို့  ရနိုင်ပေမယ့် အင်အားကြီးတဲ့ စိန်ခေါ်မှုတွေ ကိုတော့ ကျွန်မတို့  ခနခန ပြန်ထိုးဖို့ လိုမယ်၊ စိတ်ရှည်ရှည်နဲ့  အားနည်းချက်တွေ ကို ပြန်သုံးသပ်ဖို့ လိုချင်လိုမယ်၊ အရေးကြီးဆုံးက ယုံကြည်ချက်တွေ မပျက်ပြားဖို့  ပါပဲ။
ဒီဆောင်းပါးလေးဟာ နာမကျန်းဖြစ်နေတဲ့ နှလုံးသားများ ပြန်လည် ကျန်းမာလာဖို့  အဟာရ အနည်းငယ် ဖြစ်ပါစေလို့ ....
ခင်မင်ရင်းနှီးစွာဖြင့်
Credit to မစုဥာဏ်
(ကျမ်းကိုး။ ။ Jack Canfield and Mark Hansen: Chicken Soup for the Writer's Soul and A Cup of Chicken Soup for the Soul )
No comments:
Post a Comment