Sunday, June 2, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၆)

သစ်ထူးလွင်



Posted: 02 Jun 2013 05:36 AM PDT
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆာလာရမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့နဲ့ သောကြာနေ့ ၂ ရက်အတွင်း လူတချို့ရဲ့ရန်ပြုတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ ၂ ဦးမှာ တဦးက ရန်ကုန်မြို့ကနေ အလုပ်သွားလုပ်နေတဲ့ ကိုမင်းဇော် (ခ) နာဆစ် ဆိုသူ ဖြစ်ပြီး၊ နောက်တယောက်ရဲ့အမည်ကိုတော့ မသိရသေးဘူးလို့ ဆာလာရမ်း မြို့နယ်နဲ့ကပ်လျက်က ပုမ်းမြို့နယ်က နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jun 2013 05:25 AM PDT
ဒီနေ့တော့ လှိုင်သာယာ စက်မှုဇုံဘက်မှာ အလုပ်တစ်ခုက ခပ်စောစောလေးပဲ ပြီးသွားလို့ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို သားနှစ်ယောက်နဲ့ အတူ ရောက်သွားတယ်၊ ပြပွဲဝင်ဝင်ချင်းမှာဘဲ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပါလာတဲ့ အိပ်တွေကို ဖွင့်ပြီး စစ်ဆေးတယ် သားငယ်ရဲ့ အိပ်မှာပါလာတာက လုပ်ငန်းသုံး ကရိယာတွေလေ စစ်ဆေးမယ်ဆိုတော့ သားငယ်လဲ သူ့အိပ်ကို ဖွင့်ပေးလိုက်တယ် အထဲက ပစ္စည်းတွေကို ကြည့်ပြီး လုံခြုံရေးဝန်ထမ်းက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Jun 2013 04:09 AM PDT
ယနေနံနက်  ၇ နာရီအချိန်တွင် ရှမ်းပြည်နယ် အင်းလေးဒေသ ဟော်တယ်ဇုံ စီမံကိန်း နယ်မြေအတွင်း ကန်ဘဲ့ကျေးရွာ အင်ကြင်းကုန်းကျေးရွာ ဝက်သကင်ကျေးရွာ မှ တောင်သူ ၁၅၀ ဉီးခန့်သည် သိမ်းဆည်းထားသော စိုက်ပျိုးမြေများအတွင်း  ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့သည်။ သီးနှံလျော်ကြေး မယူသော တောင်သူများ အပါအဝင်ဒေသ ခံအင်းတိုင်းရင်းသားများ ပါဝင်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း/ဓာတ်ပုံ  (ကိုမိုး  --မျိုးဆက်သစ်  (ရှမ်းပြည်)




Posted: 02 Jun 2013 03:37 AM PDT
လူဦးရေ (၂) သိန်းပါးခန့်ရှိသော ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် တစ်ခုလုံးတွင် ဆရာဝန် တစ်ဦးတည်းသာ ရှိသဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများ အနေဖြင့် အထူးအခက်အခဲ ရှိနေသည်ဟု သိရသည်။ “ ပုဏ္ဍားကျွန်းက လူတွေ နားစေး၊ ချောင်းဆိုးတာက အစ စစ်တွေကို သွားပြရတယ်။ ဒီမှာက ဆရာဝန် အလုံအလောက် မရှိတဲ့ အပြင် ကုသမူကလည်း အဆင်မပြေတာတွေ ရှိနေတော့ အသေးအဖွဲ့ ရောဂါက အစ စစ်တွေက ဆရာဝန်တွေကိုဘဲ အားကိုးနေကြရပါတယ်” ဟု ပုဏ္ဍားကျွန်း ဒေသခံ ဦးနေလင်းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jun 2013 03:32 AM PDT
မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီ ၀င်များ စွမ်းရည်မြှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ (၄) ဦး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။ “ NLD မှာ ရခိုင်က ဗဟို ကော်မီတီ ၄ ဦးရှိပါတယ်။ ဦးညီပုရယ်၊ ဦးသိန်းမောင်၊ ဦးမောင်ကြွင်းအောင်နဲ့ ကျွန်တော် ဖြစ်ပါတယ်။ ကျွန်တော် ၄ ဦးစလုံး တက်ရောက်ခဲ့ပါတယ်” ဟု NLD ဗဟိုကော်မီတီဝင် တောင်ကုတ်မြို့မှ ဦးမင်းအောင်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Jun 2013 03:23 AM PDT
တရားမဝင် မှောင်ခိုပစ္စည်းများ ဝင်ရောက်မှုကို ဟန့်တားနေသော Mobile Teamအဖွဲ့၏ လုပ်ငန်းတာဝန်များကို မေလ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရသို့ လွှဲပေးရန် စီစဉ် ခဲ့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရက တာဝန်လွှဲယူရန် အဆင်သင့် မဖြစ်သောကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း မူဆယ်-မန္တလေးလမ်းကြောင်း မှ အဆိုပါ Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Jun 2013 03:18 AM PDT
ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ငွေကြေးနှင့် နည်းပညာအကူအညီများ ထောက်ပံ့လျက် ရှိသည့် ကမ္ဘာထိပ်တန်း Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I Lewin နှင့် အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အမှုဆောင် ဦးထင်အောင်ခိုင်က The Voice သို့ ပြောကြားသည်။--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကမ္ဘာထိပ်တန်း Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I Lewin

Posted: 02 Jun 2013 03:12 AM PDT
မြစ်ကြီးနားတွင် ဖမ်းမိခဲ့သော ၅၀၀၀ တန် အတုအမှုတွင် ပါဝင် ပတ်သက်သည့် ကေအိုင်အိုမှ အရာရှိနှစ်ဦးကို အစိုးရထံသို့ လွှဲပြောင်းပေးရန် အစီအစဉ်မရှိကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က The Voice သို့ ပြောကြားသည်။ “ကေအိုင်အိုမှာ ကိုယ်ပိုင် တရားစီရင်ရေးရှိလို့ လွဲပြောင်းပေးဖို့ မဖြစ်နိုင်ပါဘူး” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Jun 2013 03:03 AM PDT
ဇွန်လ(၁) ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၅၇)

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Jun 2013 02:59 AM PDT
Posted: 02 Jun 2013 02:40 AM PDT
ရန်ကုန်မြစ်ကို ဖြတ်သန်း တိုက်ခတ်လာသည့် မိုးငွေ့ပါသည့် မနက်ခင်းလေသည် လူအုပ်ကြားထဲ တိုးဝင်လာသည်။ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက လက်ထဲမှ ဆန်စများကို ကြဲပက်လိုက်စဉ် ခိုတစ်ကောင်လန့်ပြီး ခုန်လိုက်သည်။ နေရာကား ရန်ကုန်ဆိပ်ကမ်းမြို့နယ် ဝါးတန်းဆိပ်ကမ်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း ဆန်စပါးကုန်စည် ဒိုင်ရှေ့တွင်ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Jun 2013 02:05 AM PDT
၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင် ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက်ဘက်ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော(၂)ရက်ကျော်ခန့် ကတည်းက ပျောက်ဆုံးနေသော ကိုသန့်ဇင်ဝင်း၏ဖခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုး တုပ်လျက် တွေ့ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူ ပေးပါရန် တိုင်တန်းခဲ့၍ သုံးခွမြို့မ ရဲစခန်းမှ အမှုဖွင့်ပြီး တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက် ခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Jun 2013 01:34 AM PDT
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော် ကျေးရွာတွင် မေ၂၉ရက် ညနေ ကိုးနာရီဝန်းကျင်ခန့်က သေနတ် ဖောက်သံနှစ် ချက်ကြား ရမှုကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ် ခဲ့ရကြောင်း သိရသည်။ မေ၂၉ရက် ညရှစ်နာရီဝန်းကျင်တွင် ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွာရှိ ဘင်္ဂါလီများ နှင့် ရခိုင်တိုင်းရင်းသားများ နေထိုင် သည့်ကြားနေရာမှ သေနတ်ဖောက် သံတစ်ချက် ထွက်ပေါ်လာပြီး နာရီဝက်ခန့်အကြာတွင် နောက် ထပ် သေနတ်သံ တစ်ချက် ထပ်မံ ပေါ်ထွက်လာခဲ့ကြောင်း ဒေသခံ များ၏ပြောကြားချက်အရ သိရ သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jun 2013 09:47 PM PDT
မေလ (၂၈)ရက်နေ့ ထုတ် ကုမုဒြာဂျာနယ် အတွဲ ၃၊ အမှတ် ၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Jun 2013 09:38 PM PDT
ဇွန်လ (၂)ရက်နေ့ တနင်္ဂနွေနေ့ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jun 2013 09:36 PM PDT
ဇွန်လ (၂)ရက်နေ့ တနင်္ဂနွေနေ့ ထုတ် ကြေးမုံ နေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jun 2013 09:29 PM PDT
ဇွန်လ (၂)ရက်နေ့ တနင်္ဂနွေနေ့ ထုတ်  မြ၀တီ နေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 01 Jun 2013 08:47 PM PDT
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်ကမ္ဘာ ကျေးရွာအုပ်စုက လယ်သမား ၂၀၀ ကျော်ဟာ ယခင်စစ်အစိုးရလက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိမ်းယူထားတဲ့ လယ်ဧက ၄၀၀ ကျော်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ထွန်တုံးတိုက်ပွဲအဖြစ် ပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။ ဒီနေ့ထွန်ယက်စိုက်ပျိုးခဲ့တာနဲ့ ပတ်သက်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jun 2013 08:43 PM PDT
တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးသွားပြီး ရေနံ ပိုက်လိုင်းလည်း ပြီးလုနီးပါး ဖြစ်နေပြီလို့ တရုတ် နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ CNPC က ပြောပါတယ်။ တရုတ် နိုင်ငံကနေ မလက္ကာ ရေလက်ကြားကို ဖြတ်ကျော် တည်ဆောက်ထားတဲ့ ဒီပိုက်လိုင်းတွေဟာ မဟာဗျူဟာ အရ အရေးပါပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


CNPC ကုမ္ပဏီရဲ့ ဆိုင်းဘုတ် တစိတ်တပိုင်း

Posted: 01 Jun 2013 08:40 PM PDT
ဆီးရီးယားမှာ ဖြစ်နေတဲ့ စစ် က ပိုလို့ပိုလို့ ဘာသာရေး ဂိုဏ်းကွဲ ပဋိပက္ခဘက်ကို ရောက်လာ နေပါပြီ။ အရှေ့အလယ်ပိုင်း က ဆွန်နီ မွတ်ဆလင်တွေ အားလုံး ဆီးရီးယား သူပုန် တွေ ဘက် က ကူပြီး တိုက်ကြ၊ အာဆတ် အစိုးရ ကို တိုက်ကြ လို့ ကာတာမှာ အခြေစိုက် နေတဲ့ အီဂျစ် နိုင်ငံသား ဆွန်နီ ဘာသာရေး ခေါင်းဆောင် ရှိတ်ခ ယူဆွတ် အယ် ကာရာဒါဝီ က ဒိုဟာ က လူထု စည်းဝေးပွဲ မှာ ပြောလိုက် ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်မီး ထဲ က ဆီးရီးယား

Posted: 01 Jun 2013 08:36 PM PDT
အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်းကျတဲ့ Oklahoma ပြည်နယ် မှာ လေဆင်နှာမောင်းတွေ ထပ်ပြီး တိုက်ခတ်လို့ လူ(၉)ဦး သေဆုံးပြီး လူ (၇၅) ဦး ဒါဏ်ရာရရှိသွားပါတယ်။ မေလ(၂၀)ရက်နေ့က အင်အားပြင်းပြီး ကြီးမားတဲ့ လေဆင်နှာမောင်း တိုက်သွားလို့ လူ (၂၄) ဦး သေဆုံးခဲ့ ပြည်နယ်မြို့တော်  Oklahoma City တဝိုက်မှာပဲ ဒီတခေါက်လည်း အထိအခိုက် အများဆုံးဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အိုကလာဟိုးမားပြည်နယ်မှာ တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် မှောက်သွားသော ကားတစင်း။ (ဂျွန် ၁၊ ၂၀၁၃။)

Posted: 01 Jun 2013 08:50 PM PDT
တူရကီနိုင်ငံမှာ  မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်ပြင်တစ်ခုနေရာမှာ ဆိုင်ခန်းတွေ၊ ရုံးခန်းတွေ လူနေတိုက်ခန်းတွေ  ဆောက်လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒုတိယနေ့အဖြစ် ဆန္ဒပြကြတဲ့ အစ္စတန်ဘူလ်မြို့က နာမည်ကျော် Taksim ရင်ပြင်မှာ  ဆန္ဒပြသူတွေနဲ့ ရဲကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေရာကနေ  ရဲတပ်ဖွဲ့ဝင်တွေ စတင် ဆုတ်ခွာပေးလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Jun 2013 02:31 PM PDT
လာရှိုးမြို့မှာ ဆူပူအကြမ်း ဖက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ မေလ၂၈ ရက်နေ့မှာပဲ ဒေသတွင်း အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတာကို ဒီကနေ့မှာပဲ သတ်မှတ်ထားတဲ့ အချိန်ထက် အနည်းငယ် ဖြေလျှော့ ပေးတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ လာရှိုးမြို့ အစိုးရ ပြောခွင့်ရှိ သူတွေက ပြောပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် နေရပ်နဲ့ အိုးအိမ်ခွန့်ခွာလာသူ အရေအတွက်ဟာလည်း ၁,၄၀၀ ကျော် ရှိနေပြီဖြစ်တဲ့ အတွက် ဒီနေ့မှာပဲ လာရှိုးမြို့က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင်း ရဲလုံခြုံရေးကင်းလှည်ယာဉ်နားမှာ ရပ်နေသော စစ်တပ်အရာရှိတစ်ဦးကို မြင်ရစဉ်။ (မေ ၂၉၊ ၂၀၁၃။)

Posted: 01 Jun 2013 02:26 PM PDT
အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေကို ပထမဆုံး အကြိမ် အမေရိကန် ပြည်ထောင်စု ဟာဝါရီကျွန်းမှာ တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။  Singapore နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue 2013 ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Hagel က အာရှ Pacific ဒေသ လုံခြုံရေး အတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Shangri-la ဆွေးနွေးပွဲတက်ရောက်လာသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (ယာ)။

Posted: 01 Jun 2013 02:16 PM PDT
တူရကီ နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါး ဆုံးသော ဆန္ဒပြ မှုတွေ ဖြစ်ပွား နေရာ၊ တူရကီ ဝန်ကြီးချုပ် ရာဆပ် တာရစ် အာဒိုဂန် က အဲဒီ ဆန္ဒပြ မှုတွေ ချက်ခြင်း ရပ်ကြဖို့ကို ပန်ကြားလိုက် ပါတယ်။ ဆန္ဒပြ သူတွေက အစ္စတန်ဘူးလ် မြို့လယ်က တက်ဆင် ရင်ပြင် ပြန်လည် ဖွံဖြိုးရေး လုပ်ငန်းတွေ အပေါ် ကန့်ကွက် ဆန္ဒပြ နေကြတာ ဖြစ်ပြီး၊ မစ္စတာ အာဒိုဂန် ကတော့ ရှေ့ဆက် လုပ်ဆောင် သွားဖို့ စိတ် ပိုင်းဖြတ် ပြီးသား ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တက်ဆင် ရင်ပြင်မှာ သောင်းကျန်း နေတာကို လွှတ် မထား နိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...