Alarm of Myanmar
Author: lubo601 |
5:00 PM |
No မှတ်ချက် |
ဆရာဦးဘုန်း ရဲ့ စာပေဟောပြောပွဲ တစ်ခုကို သတိရနေမိတယ် ။
အိန္ဒိယနိုင်ငံမှာ Abdul Kalam သမ္မတ ဖြစ်တော့ ... သူကိုယ်တိုင်ကလည်း ရူပဗေဒ ပညာရှင်၊ ကျောင်းဆရာ ဆိုတော့ ဟိုးနယ်စွန် နယ်ဖျား ကျောင်းလေးတွေကစ
တကူးတက သွားပြီး ကျောင်းသူလေးတွေကို နှုတ်ဆက် ပါသတဲ့ ။ ပြီးတော့ ကျောင်းသား
ကျောင်းသူ လေးတွေကို ဘာဖြစ်ချင်သလဲ လို့ မေးပြီး အဖြေလေးတွေကို
စိတ်ဝင်တစား နားထောင်ပါသတဲ့ ။
အဲလို နဲ့ မူလတန်းကျောင်း လေး တစ်ကျောင်းကိုရောက်ရောပေါ့ ။ သမ္မတကြီး က အတန်းရှေ့ဆုံး က ကလေးလေး ကစပြီး
"သားလေးတို့ ၊ သမီးလေးတို့ ကြီးလာရင် ဘာဖြစ်ချင်သလဲ " ဆိုပြီးမေးပါသတဲ့ ။
အဲဒီမှာ ကလေးလေးတွေက ဖြေကြတာပေါ့ ..
"ဆရာဝန်ကြီးဖြစ်ချင်ဒယ်"
"အင်ဂျင်နီယာကြီးဖြစ်ချင်ဒယ်"
"သူဌေးကြီးဖြစ်ချင်ဒယ်" ဆိုတာတွေ ပေါ့ လေ ။ အခန်းနောက်ဆုံးနားရောက်တော့
ပေတိ ပေစုတ် ကျောင်းသူလေးတစ်ယောက်ကနံရံ ဘေးကို ခေါင်းလေးဝှက်ပြီး နေပါသတဲ့ ။
အဲဒီ မှာ မှ သမ္မတ ကြီး က နေပြီးတော့ သမီလေးမကြောက်နဲ့ ကွဲ့ ...။ ဘဘက
သမီးကြီးရင်ဘာဖြစ်ချင်တာလဲ သိချင်လို့ ပါကွယ်လို့ ပြောသတဲ့ ။
အဲဒိ ကျမှ ကလေး မလေး က ခေါင်းလေးနည်းနည်းစောင်း ၊ မျက်နှာငယ်လေး နဲ့
"~~သာမီး တို့ အိန္ဒိယ ကြီး အမေရိကန်လိုဖြစ်ချင်တယ် ~~" ဆိုပြီး ပြောလိုက်သတဲ့ ။
အဲဒီ မှာ သမ္မတကြီး အဗဒူ ကာလန် ... ဟာ ကနည်း ဟင်ကနည်း ပက်လက်လန်သွားတာပေါ့။
သမ္မတကြီးရဲ့ စိတ်ထဲ မှာလည်း ကလေးလေး အသံ ကို ကြားပြီး
ကြက်သီးဖျင်းဖျင်းထသွားတယ် တဲ့ ။
" ငါ့ နိုင်ငံ က ကလေးတွေ ဆန္ဒ ငါတတ်
နိုင်သမျှ ဖြည့်ရမဟ " ဆိုတဲ့ စိတ်နဲ့ ပြုပြင်ပြောင်းလဲရေးတွေ တစိုက် မတ်မတ်
လုပ်လိုက်တာ .. အန္ဒိပြည်ကြီးလည်း ထိုက်သင့်သလောက် ဖွံ့ ဖြိုးတိုးတက် လာခဲ့
သလို ၊ သမ္မတကြီး အဗဒူ ကာလန် လည်း သူတို့ တပြည်လုံး က People's President
လို့ ခေါ်ဝေါကြရတဲ့ထိပါပဲတဲ့ ။ အဲဒီ မျက်နှာ ငယ်ကျောင်းသူလေးကိုတော့ Alarm
of India လို့ တင်စားကြသတဲ့ ။
ကျွန်တော်လည်း ခေတ်မှီအောင် ကိုယ့်
ကိုယ်ကို သမ္မတကြီး လို့ သဘောထားပြီး ... ကျောင်းတွေကို စိတ်ကူး နဲ့
လျှောက်သွားကြည့်တယ် ။ ကျွန်တော် လည်း အတန်း တတန်းထဲကိုဝင်သွားရော ....
ကလေးလေး တွေ က ရုတ် တရက် တညီ တည်းထလိုက်ကြတယ်ခင်ဗျ ။ ကျွန်တော်လည်း
ရုတ်တရက် ကြောင်သွားတာပေါ့ ။ ပြီးတော့ အတန်းထဲက ကလေးတွေက ကျွန်တော့်  ကို
တည့် တည့် ကြည့် ပြီး တညီ တညွတ် တည်း အော် ပြော လိုက်ကြပါတယ် ခင်ဗျ ...
" သာ မီး ဒို့ လည်း သ မ္မ ဒ ကြီး ဖြစ် ချင် ဒယ် " ... တဲ့ ။
~~ရုပ်ဆိုး~~
(စောစောက status မှာရေးထားတာလေး လိုက်ဖက်မဲ့ ကာတွန်းပုံလေးတွေ့ လို့ ပြန်တင်လိုက်တာပါ ။ )
ကာတွန်း ပုံလေး ကတော့ https://www.facebook.com/ photo.php?fbid=289748007836009& set=a.196999410444203.63093.19 6978743779603&type=1&theater ကနေယူပါတယ် ။
ဆရာဦးဘုန်း ရဲ့ စာပေဟောပြောပွဲ တစ်ခုကို သတိရနေမိတယ် ။
အိန္ဒိယနိုင်ငံမှာ Abdul Kalam သမ္မတ ဖြစ်တော့ ... သူကိုယ်တိုင်ကလည်း ရူပဗေဒ ပညာရှင်၊ ကျောင်းဆရာ ဆိုတော့ ဟိုးနယ်စွန် နယ်ဖျား ကျောင်းလေးတွေကစ တကူးတက သွားပြီး ကျောင်းသူလေးတွေကို နှုတ်ဆက် ပါသတဲ့ ။ ပြီးတော့ ကျောင်းသား ကျောင်းသူ လေးတွေကို ဘာဖြစ်ချင်သလဲ လို့ မေးပြီး အဖြေလေးတွေကို စိတ်ဝင်တစား နားထောင်ပါသတဲ့ ။
အဲလို နဲ့ မူလတန်းကျောင်း လေး တစ်ကျောင်းကိုရောက်ရောပေါ့ ။ သမ္မတကြီး က အတန်းရှေ့ဆုံး က ကလေးလေး ကစပြီး
"သားလေးတို့ ၊ သမီးလေးတို့ ကြီးလာရင် ဘာဖြစ်ချင်သလဲ " ဆိုပြီးမေးပါသတဲ့ ။
အဲဒီမှာ ကလေးလေးတွေက ဖြေကြတာပေါ့ ..
"ဆရာဝန်ကြီးဖြစ်ချင်ဒယ်"
"အင်ဂျင်နီယာကြီးဖြစ်ချင်ဒယ်"
"သူဌေးကြီးဖြစ်ချင်ဒယ်" ဆိုတာတွေ ပေါ့ လေ ။ အခန်းနောက်ဆုံးနားရောက်တော့ ပေတိ ပေစုတ် ကျောင်းသူလေးတစ်ယောက်ကနံရံ ဘေးကို ခေါင်းလေးဝှက်ပြီး နေပါသတဲ့ ။ အဲဒီ မှာ မှ သမ္မတ ကြီး က နေပြီးတော့ သမီလေးမကြောက်နဲ့ ကွဲ့ ...။ ဘဘက သမီးကြီးရင်ဘာဖြစ်ချင်တာလဲ သိချင်လို့ ပါကွယ်လို့ ပြောသတဲ့ ။
အဲဒိ ကျမှ ကလေး မလေး က ခေါင်းလေးနည်းနည်းစောင်း ၊ မျက်နှာငယ်လေး နဲ့
"~~သာမီး တို့ အိန္ဒိယ ကြီး အမေရိကန်လိုဖြစ်ချင်တယ် ~~" ဆိုပြီး ပြောလိုက်သတဲ့ ။
အဲဒီ မှာ သမ္မတကြီး အဗဒူ ကာလန် ... ဟာ ကနည်း ဟင်ကနည်း ပက်လက်လန်သွားတာပေါ့။ သမ္မတကြီးရဲ့ စိတ်ထဲ မှာလည်း ကလေးလေး အသံ ကို ကြားပြီး ကြက်သီးဖျင်းဖျင်းထသွားတယ် တဲ့ ။
" ငါ့ နိုင်ငံ က ကလေးတွေ ဆန္ဒ ငါတတ် နိုင်သမျှ ဖြည့်ရမဟ " ဆိုတဲ့ စိတ်နဲ့ ပြုပြင်ပြောင်းလဲရေးတွေ တစိုက် မတ်မတ် လုပ်လိုက်တာ .. အန္ဒိပြည်ကြီးလည်း ထိုက်သင့်သလောက် ဖွံ့ ဖြိုးတိုးတက် လာခဲ့ သလို ၊ သမ္မတကြီး အဗဒူ ကာလန် လည်း သူတို့ တပြည်လုံး က People's President လို့ ခေါ်ဝေါကြရတဲ့ထိပါပဲတဲ့ ။ အဲဒီ မျက်နှာ ငယ်ကျောင်းသူလေးကိုတော့ Alarm of India လို့ တင်စားကြသတဲ့ ။
ကျွန်တော်လည်း ခေတ်မှီအောင် ကိုယ့် ကိုယ်ကို သမ္မတကြီး လို့ သဘောထားပြီး ... ကျောင်းတွေကို စိတ်ကူး နဲ့ လျှောက်သွားကြည့်တယ် ။ ကျွန်တော် လည်း အတန်း တတန်းထဲကိုဝင်သွားရော .... ကလေးလေး တွေ က ရုတ် တရက် တညီ တည်းထလိုက်ကြတယ်ခင်ဗျ ။ ကျွန်တော်လည်း ရုတ်တရက် ကြောင်သွားတာပေါ့ ။ ပြီးတော့ အတန်းထဲက ကလေးတွေက ကျွန်တော့်  ကို တည့် တည့် ကြည့် ပြီး တညီ တညွတ် တည်း အော် ပြော လိုက်ကြပါတယ် ခင်ဗျ ...
" သာ မီး ဒို့ လည်း သ မ္မ ဒ ကြီး ဖြစ် ချင် ဒယ် " ... တဲ့ ။
~~ရုပ်ဆိုး~~
(စောစောက status မှာရေးထားတာလေး လိုက်ဖက်မဲ့ ကာတွန်းပုံလေးတွေ့ လို့ ပြန်တင်လိုက်တာပါ ။ )
ကာတွန်း ပုံလေး ကတော့ https://www.facebook.com/
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment