ညီမလေးသို့  (မိန်းကလေးများအတွက်သာ သီးသန့် )
ညီမလေးရေ… ညီမလေးပြောခဲ့တဲ့…
“အပျိုမိန်းကလေး တစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ ရင် ဘ၀ပျက်သွားခဲ့ ရင် အမြဲတမ်း ပတ်ဝန်းကျင်အနေနဲ့  ဘာလို့ မိန်းကလေးကိုပဲ တန်ဖိုးမဲ့ တယ်လို့ ပြောကြ ကဲ့ ရဲ့ အပြစ်တင် ရှုံ့ ချကြ ရတာလဲ……….။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ….။ ညီတူ ညီမျှမှားခဲ့တဲ့ ယောကျာ်းလေးတွေကိုရော အပြစ်မတင်ကြတော့ဘူးလား……….။ ယောကျာ်းလေး တစ်ယောက်ရဲ့  တန်ဖိုးကရော မကျနိုင်တဲ့ အရာလား ။ ဘာဖြစ်လို့ မိန်းကလေး တွေကိုဘဲ တားမြစ် ပညာပေးကြ ပြီး ဖြစ်လာရင်လဲ မိန်းကလေးတွေကိုပဲ ဘာကြောင့် အပြစ်တင် ရတာလဲ။ မိန်းကလေးတွေကပဲ ယောကျာ်းလေးတွေထက် အသိဥာဏ် ပိုပြီးကင်းမဲ့နေတာလား ။
ဘာလို့  မိန်းကလေးတွေကို ပန်းနဲ့  နှိုင်းရတာလဲ……။မိန်းကလေးတွေကို
ပန်းလေးတစ်ပွင့်နဲ့ တူတဲ့ ညီမလေးရေ………
ပန်းဆိုတာ နူးညံ့လှပတဲ့ သဘာဝအလှတရားပါ ညီမလေးရယ်……….။ အမြင်မှာ တင့်တယ်သလို ကြွေရန် လွယ်တယ်လေ…….။ ပင်ကိုယ် သက်တမ်းစေ့လို့  ကြွေရတာထက် တစ်ပါးသူ အခြွေမခံရအောင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ် ညီမလေးရယ်…။
တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖို့  အဆင်းရနံ့ တော့ ပြည့်စုံဖို့ လိုတာပေါ့……..။ တန်ဖိုးဆိုတာ မျိုးကောင်းမျိုးသန့် မှ မဟုတ်ပါဘူး ညီမလေးရယ်………။ လှပစွာ ပွင့်လန်းနေတဲ့ အလေ့ကျ တောရိုင်းပန်းလေးတွေကိုလဲ မြတ်မြတ်နိုးနိုးနဲ့  ပန်ဆင်လိုချင်သူတွေ ရှိပါတယ်………..။
ပန်းဆိုတာ လှပလွန်းရင်လဲ ခူးယူ ခြွေချင်သူတွေ ပေါများကြပါရဲ့ ………။ ကိုယ့်ရဲ့ အလှအပကို ဝင့်ကြွားဂုဏ်ယူပြီး ကြွားဝါနေတာထက် လှလှပပ သိမ်သိမ်မွေ့ မွေ့ လေးပဲ နေပါ ညီမလေးရယ်….။
ပင်မြင့်မှာ အိနြေ္ဒရရ လှပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတစ့်ပွင့် အခြွေခံလိုက်ရရင် အခြွေခံရတဲ့ ပန်းကို သနားကြပြီး ခြွေခဲ့သူကိုသာ အပြစ်တင် ပြောဆိုကြတာ ၊ ပန်းလေးကို နှမြောတသ ဂရုဏာသက်ကြတဲ့ အဖြစ်မျိုး ညီမလေးလဲ ကြုံဖူး ကြားဖူးမှာပါ……..။ အဲ့ဒီလိုပန်းလေး အခြွေမခံရအောက် ဝိုင်းဝန်း စောက်ရှောက်ကြမှာပါ……။
ဒါပေမဲ့ အခြွေခံလိုက်ရတဲ့ ပန်းလေးက လေတိုက်တိုင်း မျက်စေ့စပါးမွေး စူးလောက်အောင် လှုပ်ရမ်းနေတဲ့ပန်းလေးတစ်ပွင့် ၊ ဆိုးရွာတဲ့ အနံ့ အသက်ကို ပိုင်ဆိုင်ထားတဲ့ ပန်း ဆိုရင်တော့ ထင်သားပဲ ကြည့်နေတာ ဘယ်တော့ အခြွေခံရမလဲဆိုတာ ၊ အခြွေခံရတာတောင်နည်းသေးတယ် ဆိုပြီး ထောပနာတွေ ပြုကြတာ ညီမလေးလဲ ကြားခဲ့ဖူးမှာပါနော်…..။
ညီမလေးသာ ပန်းလေးတစ်ပွင့်ဆိုရင် ဘယ်လိုပန်းမျိုး ဖြစ်ချင်ခဲ့သလဲ ညီမလေး………။ ဘယ်တန်ဖိုးနဲ့  နေချင်သလဲ…….။
ပန်းနဲ့ တူတဲ့ အပျိုမိန်းကလေးတစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ရင် ဆိုတဲ့ စကားလုံးလေးကို ကြားရတာနဲ့ တင် ရင်နင့်လှပါတယ် ညီမလေးရယ်…………။
မိန်းမသားဘဝဆိုတာ အထိလွယ် အကြွေလွယ်ပါတယ်…။
အကြွေလွယ်သွားခဲ့တဲ့ ပန်းလေးတွေကို အပြစ်တင် ရှုံချကြတာဟာ မကြွေအောင်ကာကွယ်နိုင်ဖို့ ခြံစည်းရိုးတစ်ခု ၊ တံတိုင်းကြီး တစ်ခုအနေနဲ့ ပါ ညီမလေး………။
လူဆိုတာ ပတ်ဝန်းကျင်ဆိုတဲ့ စည်းဝိုင်းထဲမှာ နေကြရတာပါ………။
စည်းဆိုတာ ညီမလေးကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးပါ……။
ညီမလေးက စည်းကို ဂရုစိုက်ရင် စည်းကလဲ ညီမလေးကို အပြည့်အဝကာကွယ်ပေးထားပါတယ်…။
ကြေမွခဲ့တဲ့ မိန်းကလေးကို အပြစ်ပြောရတာဟာ မကြေမွသွားအောင် ကာကွယ်ဖို့ ပါ ညီမလေးရယ်…။
ညီမလေးက စည်းပြင်မရောက်ခင် ကိုယ့်ကိုကိုယ်ကာကွယ်ထားပါနော်…
ဒါဆိုရင် ဘယ်သူအပြောမှ မခံရပဲ စည်းရဲ့  စောင့်ရှောက်ခြင်းကို ညီမလေးရမှာပါ…..။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ..။ ယောင်္ကျားလေးရော တန်ဖိုးမကျဘူးလား..သူတို့ ကိုရော အပြစ်မပြောကြဘူးလားလို့  ညီမလေး မေးခဲ့တယ်နော်…………။
လက်ခုပ်ကို နှစ်ဖက်စလုံးတီးမှတော့ နှစ်ဖက်စလုံးက တူတူပဲ နာကြရတာပဲပေါ့…………။ ပတ်ဝန်းကျင်မှာ နှမချင်း ကိုယ်ချင်းမစာနာတဲ့ ယောင်္ကျားလေး တစ်ယောက်ကို ဘယ်သူက အထင်ကြီးလေးစားကြမလဲ ညီမလေးရယ်…….။ သူဟာ ဒီလို ယောင်္ကျားပါလားဆိုတာကို သူ့ ကိုမြင်တဲ့ သူတိုင်းက လက်တို့ ပြီး ပြောနေကြပြီးသားပါ…..။
သူ့ မှာ ယုံကြည့်ရလောက်တဲ့ အကျင့်မရှိဘူး….။ လေးစားရလောက်တဲ့ သိက္ခာမရှိဘူးဆိုတာ သူ့ ရဲ့  လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ပတ်ဝန်းကျင်က မှတ်ချက်ပေးထားပြီးသားပါ….။
ညီမလေး မကျေမနပ်ပြောနေတဲ့ ပတ်ဝန်းကျင်ကလဲ သူ့ ကို ပြစ်တင်ပြောဆိုနေပါတယ်ညီမလေးရေ…
ညီမလေးပြောခဲ့တဲ့ ဘာကြောင့် မိန်းကလေးတွေကိုပဲ ပညာပေးတားမြင့်နေကြရတာလဲ ..မိန်းကလေးတွေက ပိုပြီး အသိဥာဏ်မဲ့ကြလို့ လား ဆိုတဲ့ မေးခွန်းလေးကို မေ ဖြေပေးပါရစေနော်………..။
မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် အသိဥာဏ်မမဲ့ပါဘူး ညီမလေးရေ……။ ယောင်္ကျားလေးတွေထက်ကို ပိုပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်
အတန်းပညာ မဟုတ်တဲ့ ဘဝနဲ့  သက်ဆိုင်တဲ့ ဒီလိုဗဟုသုတတွေမှာတော့ မေတို့ မိန်းကလေးတွေက ဗဟုသုတတွေ နည်းကြတယ်……..။ မိဘတွေရဲ့ အတားအမြစ်အောက်မှာ ကြီးပြင်းလာရတဲ့ မိန်းမသားတွေမှာ သင့်တင့်တဲ့ ဗဟုသုတလေ့လာမှုအားနည်းသွားရရှာတ
လှပတဲ့ ဘဝလေးကို ပိုင်ဆိုင်ဖို့  ညီမလေးက မျက်စေ့ကို ကျယ်ကျယ်ဖွင့်….နားကို ကားကားစွင့်ထားပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို မွေးမြူထားပေးလိုက်ပါနော်………။ ညီမလေးမှာ ပြည့်ဝတဲ့ ကာကွယ်မှုလေးတစ်ခု ပိုင်ဆိုင်လာမှာပါ…….။
ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား လို့  ညီမလေး မေးခဲ့တယ်နော်……..။
လူဆိုတာ အတ္တတွေကို ရင်ဝယ်ပိုက်လာကြတဲ့ သူတွေပါ ညီမလေးရေ……..။ အကောင်းဆုံးဆိုတာတွေကိုပဲ ပိုင်ဆိုင်ချင်ကြတာ လူသားတွေရဲ့  ဆန္ဒပါ…..။ ဒါပေမဲ့ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တုန့် ပြန်မှုဆိုတာ ရှိတာကို ညီမလေးသဘောပေါက်တယ်မဟုတ်လား…..။
မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်….လို ညီမလေး ပြောခဲ့တယ်နော်……။
မေကတော့ တစ်ခုကိုမှ လက်မခံဘူး ညီမလေးရေ…….။ ခူးချင်းတိုင်းလဲ ခူးခွင့်မရှိသလို ကောက်ချင်တိုင်းလဲ ကောက်လို့ မရပါဘူး ….။ နင်းဖို့ ဆိုတာ ဝေလာဝေးပေါ့ ညီမလေးရယ်……….။
တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ကို အလွယ်တစ်ကူ ခူးခွင့်မရသလို တန်ဖိုးရှိတဲ့ မိန်းကလေးကိုလဲ အလွယ်တကူ မရယူနိုင်ပါဘူးညီမလေးရယ်…..။
ကောက်ယူတယ်ဆိုတာ အကြွေပန်းကိုမှ ကောက်ယူခွင့်ရမှာပါ……။ ညီမလေးကသာ အစထဲက တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်အဖြစ် ပင်မြင့်ထက်မှာ လှလှပပပွင့်နေမယ်ဆိုရင် သူ့ မှာ ကောက်ယူနိုင်ဖို့ ရာ အခွင့်အရေး မရှိပါဘူးနော်……….။
ကောက်ယူနိုင်ဖို့ တောင် အခွင့်အရေးမရှိရင် နင်းချဖို့  ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ညီမလေးရေ……….။
ညီမလေးရေ……………….။
ပန်းဆိုတာ ခူးယူဖို့  ၊ ကောက်ယူဖို့  ၊ နင်းချဖို့  အတွက်သာ ပွင့်လာရတာ မဟုတ်ပါဘူး….။ ပန်းဆိုတာ တန်ဖိုးထားသူတွေအတွက် တန်ဖိုးရှိတဲ့ ရတနာပါ……….။ လှပရင်လှပသလောက် ၊ တန်ဖိုးထားတတ်ရင် တန်ဖိုးထားတတ်သလောက် အမြင့်စံပြီး လောကကြီးကို အလှဆင်ပေးနိုင်တဲ့ ရတနာပါ…….။ အမုန်းတွေကို ချေဖျက်ပေးနိုင်တာလဲ ပန်းတွေပါပဲ….။ ချစ်ခြင်းတွေကို သယ်ဆောင်ပေးတာလဲ ပန်းတွေပါပဲ ညီမလေးရေ…..။ လောကကို အလှဆင်ပြီး လောကကြီးသာယာ လှပအောင် ဖန်တီးပေးတာလဲ ပန်းလေးတွေရဲ့  အစွမ်းပါပဲ ညီမလေး………….။
ညီမလေးဟာ သဘာဝက ပေးလာတဲ့ အထိအကြွေလွယ် ပန်းလေးတစ်ပွင့် ဖြစ်လာခဲ့မယ်ဆိုရင်လဲ ဝမ်းနည်းနေဖို့ မလိုသလို ကိုယ့်ဘဝကို မကျေမနပ် ဖြစ်နေစရာလဲ မလိုပါဘူးနော်……….။
ညီမလေးရရှိနေတဲ့ ဘဝလေးမှာ အမြင်တင့်ပြီး တန်ဖိုးရှိတဲ့ အခြေအနေနဲ့  မြင်သူတကာ အားကျ အတုယူနိုင်ဖွယ်ရာ လှပတဲ့ ပန်းတစ်ပွင့် အဖြစ်နဲ့  ရပ်တည်နိုင်အောင် ကြိုးစားလိုက်ပါညီမလေး…..။
ပန်းသတင်းလေညှင်းဆောင်ပြီး လှပအဖိုးတန်းပန်းတစ်ပွင့်ရှိနေေ
ညီမလေးရေ………..
ခုလောက်ဆိုရင် ညီမလေးရဲ့  တန်ဖိုးရှိလှတဲ့ ဘဝလေးကို သဘောပေါက်လောက်ပြီထင်တယ်နော်….။
ညီမလေးကိုယ် ညီမလေး ကာကွယ်ထိန်းသိမ်းရမယ်ဆိုတာလဲ သိပြီပေါ့နော်…………။
မေ့ညီမလေး အဖိုးတန် ပင်မြင့်စံ ပန်းတစ်ပွင့်အဖြစ်နဲ့  လှပစွာ ဖူးပွင့်နိုင်ပါစေလို့  မေ ဆုတောင်းပေးလိုက်တယ်နော်………။
**************မေသဇင်**********
0 comments:
Post a Comment