မေမေ့ရဲ့ ပူတူးလေး......
Author: lubo601 |
10:02 PM |
No မှတ်ချက် |
ကွန်ဆူး မား's photo.
ငယ်ငယ်က
မေမေ ချော့မြှူတဲ့အခါ
တခစ်ခစ်ရယ်မော
ဘာမှ ပြန်မပြောတတ်ပေမဲ့
မေမေကျေနပ်ခဲ့တာပေါ့
ကျွန်တော်က မေမေချစ်သော
ပူတူးလေး... တဲ့လေ။
မေမေ ချီမြှောက်
ကျွန်တော် ပွင့်အံလာတဲ့
ပီတိပန်းတွေ ကောက်တုံးက
ကျွန်တော်က ငယ်လွန်းလှပါတယ်....
မမှတ်မိနိုင်တဲ့ အရွယ်ပေါ့။
မေမေချော့မြှူ... ကလူကလူနဲ့ စ
တစ်ဝကြီး ပျော်ရွှင်
ဘ၀င်အေးချမ်း
မမှတ်မိပေမဲ့လည်း
စိတ်ကူးလေးနဲ့ လွမ်းလိုက်တာ....။
သားလေးရဲ့ နှလုံးသားကို
ပျော်ရွှင်ခြင်း ပန်းတွေပျိုး
ဒီပန်းလေးတွေ ပွင့်လန်းတော့
အမောတွေပြေ
သောကတွေပျောက်
မေမေပြောတာက
သားရဲ့ ရယ်မောခြင်းတွေက
မေမေ့ဘ၀ရဲ့ အလှဆုံးပန်းတွေအဖြစ်
ရောက်ရောက်လာတတ်တယ်....တဲ့။
အနေဝေးပေမဲ့...
ကျွန်တော်ငယ်ငယ်က
မေမေကျေနပ်စရာ
အပြုံးနဲ့ ရယ်မောခြင်းတွေကို
ပေးစွမ်းခဲ့ဘူးတာပဲ။
ဘာလိုလိုနဲ့ အခုတော့...
မေမေလည်း အိုပြီ
ကျွန်တော်လည်း
နုပျိုမနေတော့ဘူး....။
ကျွန်တော်နဲ့ မေမေ့ကြားမှာတော့
ခိုင်မာတဲ့ မေတ္တာတရားကြောင့်
ပျိုပျို အိုအို ဘယ်လိုနေနေ
ဘာမှမပြောင်းလဲခဲ့ပါဘူး.....
ကျွန်တော်သိပါတယ်......
ဘယ်အချိန် ဘယ်မှာဖြစ်ဖြစ်
ကလေးလေးလို ချစ်နေရတဲ့
ကျွန်တော်ကလေ...
မေမေ့ဘ၀ရဲ့ ပူတူးလေးပဲပေါ့....။
(ကွန်ဆူးမား)(၃၀-၅-၂၀၁၃)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment