Wednesday, October 3, 2012

သတင်းထောက်ငပေါများ


by အား မာန် on Wednesday, October 3, 2012 at 5:52am 


၁။ မီဒီယာများဟု စာရေးရန်စပြီးကာမှ ပြန်တွေးမိသည်။ မီဒီယာများမဟုတ်ပါ။ ဂျာနယ်လစ်များဖြစ်ပါသည်။ သို.သော် ဂျာနယ်လစ်အကုန်လုံး မဟုတ်ပါ။ အချို.သော မြင်းစီး၍ အထီးအမမှန်းမသိသည့် ဂျာနယ်လစ် များအတွက် မရေးချင်သော်လည်းရေးရပါလိမ့်ဦးမည်။ မြင်းစီး၍ အထီးအမမသိသည်က တော်ပါဦးမည်၊ ယခုတော့ မြင်းပေါ်ထိုင်၍ ခေါင်းဘက်လှည့်ထိုင်သလား၊ အမြီးဘက် လှည့်ထိုင်သလားမသိသော ဂျာနယ်လစ်များ ရှိနေပါသေးသည်။


၂။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် (လူတိုင်းတင်ချင်ရာတင်နေသောကြောင့်) ပြောချင်ရာပြောနေသည်ကို လက်ခံပါသည်။ သို.သော် ပရင့်စာမျက်နှာပေါ်တွင် အများပြည်သူ အထင်မှားစေရန် တင်လာခြင်းမျိုးကို သည်းမခံနိုင်ပါ။ ပြည်သူ၏ အမြင်မကျယ်မှုကို ခုတုန်းလုပ်သည်ဟုပဲ မြင်ပါသည်။

၃။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသော လူနာနှင့်တွေ.ရန် ဆေးရုံသို.သွားသည်။ သတင်းထောက်သတင်းလာယူရင်ပြန်တော့ဟု ပြောသော ဆရာဝန်များကို မခြေမငံပြောသည်၊ အပေါ်စည်းမှပြောသည်၊ ရိုင်းစိုင်းသည်ဟု စွပ်စွဲကာ ဂျာနယ် စာမျက်နှာပေါ်တင်လာသည်။ နောက် ဂျာနယ်လစ်ကွန်ယက် အတွင်းရေးမှူးဆိုသူကလည်း 'ဆေးရုံဝင်းအတွင်း သတင်းယူခွင့်ရှိမရှိ၊ သတင်းထောက်အား ၀င်ရောက်ခွင့် ပြုမပြု မေးခွန်းထုတ် စရာ ဖြစ်လာပါသည်။ သတင်းထောက်များလည်း ၀ိုင်းဝန်း မေးမြန်းကာ ယခုကိစ္စကို လူသိများအောင် လုပ်သင့်သည်ဟု ယူဆပါသည်။ ဥပဒေအရ မည်သို့ ညွှန်ကြားထားသလဲ စသည်အချက်များကို ၀ိုင်းဝန်းဆွေးနွေး အဖြေရှာသင့်ပါသည်' ဟု ကြေညာချက်သဖွယ် ထုတ်လာပါသည်။ ဆိုရေးရှိလာသဖြင့် ဆိုရပါမည်။

၎။ ရိုင်းစိုင်းသည်၊ အပေါ်စီးမှ ဆက်ဆံသည်စသော မှတ်ချက်များကိုဖယ်ထား၍ (တကယ်တော့ ထိုသို.ပြောမှသိမည့်သူများကို ထိုသို.ပြောခြင်းဖြစ်ဟန်တူပါသည်၊ သူရို.လိုပဲ ထင်ရာမှတ်ချက်ပေးကြည့်ခြင်းပါ) မူရင်းတရားကိုယ်ကို ကြည့်လျှင် လူနာနှင့်တွေ.လိုခြင်းပင်ဖြစ်သည်။ လူနာမှ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်အထိ စိတ်ကစင့်ကလျားဖြစ်နေရှာသော လူနာဖြစ်ပါသည်။ တာဝန်မဲ့လွန်းပါတကားဟု မှတ်ချက်ချရန်မှတပါးအခြားမရှိပါ။

၅။ ၁၉၉၃ ဇူလိုင်၁ရက်နေ.တွင် ကျင်းပသော RESOLUTION 1003 (1993) on the ethics of journalism ကြေညာချက်တွင်ပုဂ္ဂလိက လုံခြုံခွင့် (Right of individuals to privacy) ကို လေးစားရန် အတိအလင်း ဆိုထားပါသည်။ ထို.အပြင် ပြည်သူလူထု အချက်အလက်များကို တာဝန်ယူထားသော အဖွဲ.အစည်းများ၊ ရုံးများအနေဖြင့် ပြည်သူတို.၏ ပုဂ္ဂလိက လုံခြုံခွင့်ကို (အခြား အများနှင့် ဆိုင်သော ဆုံးရှုံးမှု နှင့် မသက်ဆိုင်ပါက) ကာကွယ်ပေးရန်တာဝန်ရှိကြောင်းလည်း ဖေါ်ပြထားပါသည်။ ဆေးရုံလူနာသည် ဆရာဝန်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပါသည်။ သတင်းဦး သတင်းထူးအတွက် လာသော သတင်းထောက်သည် ထိုသို.သော သာမန်ကျင့်ဝတ်လေးကိုပင်မသိပဲ အများပြည်သူဆေးရုံကို (ကိုယ့်အဖေ အိမ်ကဲ့သို.) စွပ်ကနဲ ၀င်၍မရပါ။ ဆေးရုံသည် သက်ဆိုင်ရာ ဆရာဝန်၊သူနာပြု၊၀န်ထမ်းများနှင့် လူနာ၊ လူနာစောင့်၊ လူနာနှင့် ပတ်သက်သောဧည့်သည်မှတပါး အခြားသူလာခွင့်မရှိပါ။ လာခွင့်ရှိစေရန် သက်ဆိုင်ရာ၏ ခွင့်ပြုချက်တောင်းခံရုံမှတပါး အခြားမရှိပါ။ သက်ဆိုင်ရာမှ ငြင်းပယ်ခွင့်ရှိကြောင်းကိုလည်း သိစေချင်ပါသည်။

၆။ သက်ဆိုင်ရာဟု ပြောသောအခါ ယခင် စနစ်ဟောင်းက စိတ်များ မကုန်သေးဟု မေးငေါ့ချင်သူများရှိလာပါလိမ့်မည်။ စနစ်ဟောင်းခေတ်ဟောင်းနှင့် မဆိုင်ပါ။ စည်းမျဉ်းစည်းကမ်းဟူသည် စနစ်သစ်ခေတ်သစ်တွင် ပိုလိုပါသည်။ (တာဝန်ခံဆရာဝန်၊ ဆေးရုံအုပ်ချုပ်သူတို.လည်း သက်ဆိုင်ရာဟူသော စာရင်း တွင်ပါပါသည်) သတင်းထောက်သည် သတင်းထောက် ကျင့်ဝတ်တော့သိရပေမည်။ ရီဆိုလူးရှင်း ၁၀၀၃ အရပြောရလျှင် သတင်းအချက်အလက်ဖေါ်ပြခွင့်ကို ကိုင်ထားခွင့်ရရုံနှင့် ပုဂ္ဂလိက လုံခြုံခွင့်ကို မလေးမစားထိပါး၍ မရကြောင်း သိစေလိုပါသည်။ ထိုလုံခြုံခွင့်ကို ကာကွယ်သူများအားလည်း အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် ရောချ၍ မရပါ။ သတင်းအချက်အလက်ရယူပိုင်ခွင့်သည် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်လာဖွယ်ရာရှိမှသာ အကျုံးဝင်ပါသည်။ မီဒီယာလုပ်ပိုင်ခွင့်ကို လက်နက်သဖွယ် အသုံးပြုကာ ကိုယ်ကျိုးရှာခြင်းကို အမှန်တရားသဖွယ် ပြောနေသည်မှာ ရှက်ဖို.ကောင်းပါသည်။

၇။ ထည့်ပြောရန်ရည်ရွယ်ရင်းမရှိသော်လည်း လိုအပ်သည်ထင်၍ တစ်ချက်ခန်.ပြောပါဦးမည်။ သတင်းထောက်ဟူသည် သတင်းနှင့် မှတ်ချက်ကို ခွဲနိုင်ရပါမည်။ သတင်းကိုသာ ဖေါ်ပြခွင့်ရှိပါသည်။ မှတ်ချက်ပေးလိုလျှင် ဖေါ်ပြထားသော သတင်းအပေါ်သာ အခြေခံ၍ မှတ်ချက်ပေးရပါမည်။ ရိုင်းစိုင်း၊ အပေါ်စည်း၊ မခြေမငံဟူသော မှတ်ချက်များသည် ရည်ရွယ်ရင်းရှိရှိ ပြည်သူနှင့် ဆရာဝန်ကို တိုက်ပေးလိုက်ခြင်းဖြစ်ပါသည်။ မလုပ်ကောင်းပါ။ သတင်းထောက်က ခံစားချက်မထိန်းနိုင်လျှင်တောင်မှ အယ်ဒီတာက ထိန်းထိန်းသိမ်းသိမ်း ရှိရပါမည်။ထိုသို. တိုက်ပေးခဲ့သည်မှာ များနေပါပြီ။ ပြည်သူများအထင်မှား၍ ဆေးရုံမလာပါက နစ်နာသူမှာ ပြည်သူများသာဖြစ်ပါသည်။ မလုပ်ကောင်းပါဟု ထပ်မံသတိပေးပါသည်။

၈။ စော်ကားလိုစိတ်နှင့် ရေးခြင်းမဟုတ်ပါ။ အမှန်အတိုင်းပြောရလျှင် ကင်မရာကိုင်ရုံနှင့် နေရာတကာ ၀င်ခွင့်ရှိပြီထင်ကာ လူတကာကို ခြိမ်းခြောက်ခွင့် ရှိပြီထင်နေသော 'သတင်းထောက် ငပေါများ' ကြောင့် ကျန်သော မှန်ကန်စွာကြိုးစား အားထုတ်နေကြသော ကျင့်ဝတ်ပြည့် သတင်းထောက်များ ထိခိုက်မည်စိုးသဖြင့် ရေးရခြင်းဖြစ်ပါကြောင်း။

၉။ အခြားဆိုရန်မရှိပါ။

Thet Ka Moenyo Facebook

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...