ဒါမျိုးကျတော့ မီးနဲ့ ရေလိုမျိုး တခြားစီကွာဟနေတယ် (ကျော်ကိုကို)
ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ က
ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ၀င်မယ်လို့  ကြေညာကတည်းက
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲ
နိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။
ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။
လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရ
ပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ 
ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ 
အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာ
ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးပါတယ်။
ရွေးကောက်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ ။ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ၊ ကျွန်တော်တို့ သမဂ္ဂကို ဒီအစိုးရက တရားဝင်အဖွဲ့ အစည်း
အဖြစ် အသိအမှတ်ပြုမထားဘူးခင်ဗျ။ ကျွန်တော်တို့ ကို ခေါ်ယူပြီး ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်ကနေ ၆/၈၈ နဲ့ ငြိစွန်းတဲ့ အဖွဲ့ အစည်းဆိုပြီး ခြိမ်းခြောက်
တာမျိုးတွေရှိနေတယ်။ ဒါ့ကြောင့် အန်တီ့အနေနဲ့  လွှတ်တော်မှာ တက္ကသိုလ်
အက်ဥပဒေကို တရားဝင်ဖြစ်အောင် အတည်ပြုပေးပါ၊ တက္ကသိုလ်အက်ဥပဒေမှာ
သမဂ္ဂ လွတ်လပ်စွာဖွဲ့ စည်းခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းပြီးတော့
တောင်းဆိုပေးပါ ဆိုပြီးတော့ ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေး
ခဲ့ပါတယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဘက်ကို
ကူညီသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။
ကျွန်တော်တို့ ကတော့ ပိုပြီး တိုးလုပ်ဖို့ တော့ မျှော်လင့်ထားတယ်။
ပိုတိုးလုပ်လာနိုင်မလားဆိုေ တာ့ အဲဒီအချိန်မှာ မေ ဇွန် ဆလိုင်းကိုတင်မောင်ဦး
ကြိုးပေးခံရတဲ့ နှစ်ပတ်လည်ပွဲမျိုး၊ ၇၄ ၇၅ ကျောင်းသားတွေ ဇွန် အလုပ်သမား
နှစ်ပတ်လည်ပွဲမျိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပွဲမျိုးတွေ၊ ပြီးခဲ့တဲ့
စစ်အာဏာရှင် အစိုးရ စတက်လာတဲ့ ကိုဖုန်းမော်အရေးအခင်းတို့ ၊ မြေနီကုန်း
အရေးအခင်းတို့ ၊ တံတားနီအရေးအခင်းတို့  အားလုံးအဆင်ပြေတာကို
ကျွန်တော်တို့  တွေ့ ရတယ်ခင်ဗျ။ ၈၈ မျိုးဆက်ကျောင်းသားတွေလုပ်တဲ့
ပွဲတွေမှာလည်း အဆင်ပြေတာကို တွေ့ ရတယ်။ ဇွန်ပြီးတော့ ဇူလိုင်၊ လွန်ခဲ့တဲ့
မဆလ အစိုးရ တက်ခါစလက ၁၉၆၂ ခုနှစ်က ကျောင်းသားတွေကို ပစ်သတ်
ခဲ့တယ်၊ ကျောင်းသားသမဂ္ဂ ပြိုကျခဲ့တယ်။ သမဂ္ဂအဆောက်အအုံကို
ဗုံးဖောက်ခွဲတယ်၊ အရေးအခင်းတစ်ခုရဲ့  နှစ် (၅၀)ပြည့် ပွဲ
အခမ်းအနားတစ်ခုကို ကျင်းပဖို့  ကျွန်တော်တို့ က စဉ်းစားထားတယ်။
ကျွန်တော်တို့  ဆဲဗင်းဇူလိုင် ကျင်းပဖို့  ငှားရမ်းထားတဲ့ခန်းမကို အရင်ဦးဆုံး
မြို့ နယ်အုပ်ချုပ်ရေးအာဏာပိုင်ေ တွက လာရောက် ပိတ်ပင်သွားပါတယ်။
နောက်တစ်ချက်က ကျွန်တော့်ကို ရန်ကုန်တိုင်းဒေသကြီးရဲ့ 
နယ်စပ်ရေးရာဝန်ကြီးကနေ ခေါ်ယူပြီးဆွေးနွေးပါတယ်။ အဲဒီမှာလည်း
သူတို့ က မကျင်းပဖို့ ပြောပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှာရှိတဲ့
သမဂ္ဂနေရာဟောင်းမှာ ပန်းခွေသွားမချဖို့ တားဆီးပါတယ်။ ကျွန်တော်တို့ 
ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပဖို့  မတိုင်ခင်မှာကတည်းက ကျွန်တော်တို့ 
အပေါ်မှာ ဖိအားတွေပိုတိုးလာတယ်။ အဲဒီနေ့ ညမှာ ကျောင်းသားတွေ
အကုန်လုံးကို ဖမ်းဆီးတယ်။ တစ်နိုင်ငံလုံး (၂၃)ယောက် ထိန်းသိမ်းခံရတယ်။
ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ်လို့  ကျွန်တော်တို့ 
ခံစားရတယ်။ ကျွန်တော်တို့  ကျောင်းသားတွေအားလုံးရဲ့ ရင်ထဲမှာတော့
တော်တော်ကို မျှော်လင့်ချက်ကုန်ဆုံးသွား တယ်လို့  ပြောရပါလိမ့်မယ်။
စစ်မှန်တဲ့အာဏာရဲ့  မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေလက်ထဲ ပြန်ရောက်ဖို့ 
အတွက် ကျွန်တော်တို့ ကျောင်းသားတွေက ကြိုးစားနေတာဖြစ်တယ်။
ကျောင်းသားနဲ့ ပြည်သူတွေက တစ်သားတည်းကျတဲ့အတွက်ကြောင့် မို့ လို့ 
အဲဒီတစ်ချက်ကို သူတို့ က စိုးရိမ်လိမ့်မယ်။ နောက်တစ်ချက်ကတော့
နိုင်ငံတကာမျက်နှာစာမှာ အပြောင်းအလဲ ပြဖို့ အတွက်ကျတော့
ကျွန်တော်တို့  ဗကသ ထက် ပိုပြီးတော့ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့
အဖွဲ့ အစည်းတွေ၊ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့ လူပုဂ္ဂိုလ်တွေကို သူတို့ က
အချိုသပ်တဲ့နည်းနဲ့  စည်းရုံးကောင်းစည်းရုံးလိမ့် မယ်။ ဗကသ က
Do Or Die အချိုသပ်တဲ့နည်းနဲ့ လည်း စည်းရုံးလို့ မရဘူးဆိုတာ သူတို့ 
သိတဲ့အတွက်ကြောင့်မို့ လို့  ဗကသ ကိုတော့ ဒီနည်းနဲ့ မရဘူး၊
ဟိုနည်းနဲ့ ဘဲလုပ် ဆိုတဲ့ပုံစံမျိုးနဲ့  အကြမ်းဖက်တဲ့ပုံစံမျိုးတွေ၊ ခြိမ်းခြောက်တဲ့
ပုံစံမျိုးတွေကို သုံးစွဲလာရတယ်လို့ ဘဲ ကျွန်တော်မြင်တယ်ခင်ဗျ။
လွှတ်တော်နိုင်ငံရေးဟာဆိုလို့ ရှိရင် အခုမြင်ရတဲ့အပိုင်းမှာ ဘာ Result မှ၊
ဘာရလဒ်မှ ကောင်းကောင်းမွန်မွန် ထွက်ပေါ်လာတာ မတွေ့ ရသေးဘူး။
ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ က လွှတ်တော်ထဲ
ဝင်ရခြင်းအကြောင်းအရင်းမှာ တရာဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ 
အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ အချက်သုံးချက်ကို တင်သွားတယ်။
တကယ်တမ်းမှာ အခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝထိတွေ့ လို့ မရနိုင်သလို
တရားဥပဒေစိုးမိုးရေးဟာလည်း မက်မောလောက်စရာကောင်းတဲ့ရလဒ်
မရှိဘူး။ ဒီမိုကရေစီရေးဟာလည်းဘဲ အခြေခံပြည်သူတွေမှာ ရတာ မတွေ့ 
သေးဘူး။ ထပ်ပြီးတော့ ချိုးဖောက်ခံနေရတာကို အသက်နဲ့ လဲပြီး ကာကွယ်နေရတာကို
တွေ့ ရတဲ့အတွက်ကြောင့်မလို့  ကျွန်တော်ကတော့ လွှတ်တော်အခင်းအကျင်း လက်ရှိအနေ
အထားကို အားရကျေနပ်စရာ ကောင်းသေးတယ်ဆိုတာကို လက်မခံသေးဘူးခင်ဗျ။ လာမယ့်
လပိုင်းအတွင်းမှာတော့ ခန့် မှန်းကြည့်လို့ မရနိုင်လောက်အောင် မြင်ကွင်းကမှုန်ဝါးနေပါတယ်။
အခုလက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားဟာ
သူတို့ က ကိစ္စတစ်ခုခု ပြုလုပ်တော့မယ်။ လိုချင်တာတစ်ခုခု ရှိတော့မယ်ဆိုလို့ 
ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးတော့ အပေးအယူ၊ ကစားသလို
လုပ်နေတဲ့ဟာမျိုးကျ ကျွန်တော့်အနေနဲ့  မနှစ်သက်ဘူးခင်ဗျ။ အဓိကကတော့
ဒီတစ်ခေါက်လွှတ်တာက ဦးသိန်းစိန် အမေရိကန်ခရီးစဉ်ရှိတဲ့အခါမှာ နိုင်ငံရေး
အကျဉ်းသားတွေလည်း လွှတ်နေပါတယ်ဆိုတဲ့အချက်ကို ထုတ်ပြော
နိုင်တဲ့အနေအထားမျိုးရှိအော င်လို့  နိုင်ငံရေးအကျဉ်းသားကို လွှတ်ပြီးတော့
နိုင်ငံတကာမျက်နှာစာရဲ့ အမှတ်ပေးမှုကို ရယူသွားတယ်လို့ ကျွန်တော်မြင်တယ်။
အခုလက်ရှိမှာ နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ဖာယ်သတ်မှတ်ချက်နဲ့ 
ကျွန်တော်တို့ ဘက်က ဖွင့်ဆိုထားတဲ့သူတွေ အများကြီးဘဲ ထောင်ထဲမှာ
ကျန်နေသေးတယ်။ ကိုလက်ယျာထွန်းတို့ လိုမျိုး အခုအချိန်ထိ ကျန်နေသေးတာ
တွေ့ ရတယ်။ ကျွန်တော်က တောင်ကြီးထောင်မှာ နေခဲ့ရတယ်ဆိုတော့
တောင်ကြီးထောင်မှာ ဘယ်လိုလူမျိုးတွေရှိနေသေးလဲ ဆိုတော့ SSA နဲ့ 
ပက်သက်တယ်ဆိုပြီးတော့ အဖမ်းခံထားရတဲ့သူတွေ ရှိနေသေးတယ်။
သူတို့ တွေက သူတို့ ကိုယ်သူတို့ နိုင်ငံရေးအကျဉ်းသားမှန်းေ တာင် မသိဘူး။
ရွာသူရွာသားတွေဖြစ်တယ်၊ အခြေခံလူတန်းစားတွေဖြစ်တယ်၊ တိုင်းရင်းသား
လူမျိုးတွေဖြစ်တယ်။ အဲဒါတွေက အများကြီးဘဲဗျ။ နေရာတိုင်းမှာရှိပါတယ်။ ကျွန်တော်ပြောချင်
တာကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွ င့်ဆိုတဲ့ အနေအထားမျိုးကို ပေးကိုပေးရမယ်။
အဲဒီအစီအစဉ်မျိုး ချမှတ်မှသာလျှင် တကယ့်နိုင်ငံရေးပြုပြင်ပြော င်းလဲမှုတစ်ခုဖြစ်လိမ့်မယ် လို့ 
ကျွန်တော်မြင်တယ်။
အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  ဆွေးနွေးနေတယ်
လို့  ကျွန်တော်တို့ သိတယ်။ အပစ်အခတ်ရပ်စဲရေးကနေ ပြည်ထောင်စုအဆင့်
ဆွေးနွေးပွဲကိုသွားမယ်လို့  တရားဝင်ကြေညာထားတယ်။ အဲဒီကြေညာချက်
အရ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် ပါတီထောင်ပြီး လွှတ်တော်ထဲဝင်မှ
ဆွေးနွေးမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်
တပ်တွေကို ကာကွယ်ရေးဦးစီးချုပ်လက်အော က်မှာ ထားပြီးတော့ ၂၀၀၈
အခြေခံဥပဒေကို လိုက်နာရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေသေးသ၍တော့
ငြိမ်းချမ်းရေးဆွေးနွေးမှုအဆ င့်က အောင်မြင်မှုရဖို့  ရာခိုင်နှုန်း နည်းနည်း
နည်းနေသေးတယ်လို့ မြင်တယ်။ တကယ်တမ်းကျ အပစ်အခတ်ရပ်စဲရေးတင်
မကဘဲနဲ့  အစစ်အမှန်ငြိမ်းချမ်းရေးရဖို့  ဆောင်ရွက်ရလိမ့်မယ်။ ငြိမ်းချမ်းရေး
လှုပ်ရှားတဲ့သူတွေကိုလည်း တရားစွဲနေတယ်၊ ဖမ်းဆီးမယ်၊ ထောင်ချမယ်
ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကိုလည်း အင်မတန်စိတ်မကောင်းစွာ
ကျွန်တော်တို့ တွေ့ ရတယ်။ ဒါဟာဆိုလို့ ရှိရင် မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေး
ကိုသာ တကယ်လိုလားမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်
သူတွေကို ခြမ်းခြောက်စရာမလိုဘူးလို့  ကျွန်တော်မြင်တယ်ခင်ဗျ။
(ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဌ ကျော်ကိုကို ၏ လူငယ်နိုင်ငံရေးသမား
တစ်ယောက်ရဲ့ ဘ၀နဲ့ အမြင် “အရွေ့ ရဲ့ အရိပ်” ဘီဘီစီအထူးအစဉ် မှ
ထုတ်နုတ်ဖော်ပြပါတယ်)
0 comments:
Post a Comment