Thursday, October 25, 2012

သင့်ကြောင့် လူမသေပါစေနှင့်


သင့်ကြောင့် လူမသေပါစေနှင့်

လူသေတဲ့ ကိစ္စနဲ့ ခေါင်းစဉ်တပ် ထားပေမယ့် ဒီတစ်ခါ ရည်ညွှန်းတာက ကျန်းမာရေးဝန်ထမ်းတွေကို မရည်ညွှန်းဘဲ ဂျာနယ်လစ်တွေ၊ အယ်ဒီ တာတွေ ကို ရည်ညွှန်းပါတယ်။ ကျွန်တော်တို့ ဂျာနယ်တွေ စာနယ် ဇင်းတွေက လူသတ်နိုင်လို့လားဆို တော့၊ ကျန်းမာရေးဝန်ထမ်းတွေ မှားရင် တစ်ဦးချင်းသာ သေစေနိုင်ပေ မယ့် ဂျာနယ်တွေ စာနယ်ဇင်းသမား တွေ လုပ်ရင် တစ်ဦးထက်မက သေ စေနိုင်လို့ပါ။
(ဟိုတလောက ရိုဟင် ဂျာကိစ္စနဲ့ မဆိုင်ပါဘူးနော်။) အခုတလော ဂျာနယ်တွေ ဖတ်လိုက်ရင် ကိုယ့်ကိုယ်ကို သတ် သေတဲ့သတင်းတွေ အတော်လေး ပါလာတာကို တွေ့ကြရပါတယ်။
ဘယ်မြို့မှာ၊ ဘယ်သူက၊ ဘယ်လို ဘယ်နည်းနဲ့၊ ဘာကိစ္စကြောင့်၊ ဘယ် တုန်းက သတ်သေသွားပါတယ်ဆိုပြီး " ဘ" အလုံးတွေစုံအောင်၊ သတင်း တစ်ပုဒ်အင်္ဂါစုံလင်အောင် ရေးသား ထားကြတာကို တွေ့ရပါတယ်။ ဖြစ်နေ တာကတော့ နေရာအနှံ့ပါ။ မြို့ကြီး ပြကြီးတွေပါသလို မြို့လေး၊ ရွာလေး တွေမှာလည်း ဖြစ်နေပါတယ်။ တချို့ ဆိုရင် ဘယ်နိုင်ငံရောက်နေတဲ့ မြန်မာ နိုင်ငံသား/ သူ ဆိုပြီးတော့တောင် ပါလိုက်သေးတယ်။ ဘာကြောင့် ဒီလိုလုပ်ဖြစ်ခဲ့တယ် ဆိုတာမှာလည်း မိသားစုကိစ္စ၊ အချစ် ရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စ၊ စီးပွား ရေးကိစ္စ စသည် စသည်ဖြင့် ကိစ္စအစုံ အလင်ပါပဲ။ ဘယ်လိုနည်းသုံးသွား သလဲ ဆိုတာမှာလည်း ဘယ်ပိုးသတ် ဆေး၊ ဘယ်အိပ်ဆေး၊ ဘယ် လက်နက်ကိရိယာ၊ ကြိုး၊ အမြင့်ကခုန် ချ... စသည်ဖြင့် ပြည့်ပြည့်စုံစုံ ဖော် ပြနိုင်ဖို့ ကြိုးစားတတ်ကြတာကို တွေ့ ရပါတယ်။ တကယ်လို့ အဲဒီဂျာနယ် ဖတ်မိတဲ့ စာဖတ်သူတွေထဲက တစ် ယောက်ယောက်က ကိုယ့်မှာလည်း သူ့လိုပဲ ပြဿနာဆင်တူရှိနေမယ်။ ရင်ဆိုင်ဖြေရှင်းဖို့ကလည်း စိတ်က မရဲဘူး။
နဂိုကတည်းကလည်း ဒီလို လုပ်ချင်တတ်တဲ့ ဇကလေးက ရှိနေ မယ်ဆိုရင် ပုံစံတူကူးပြီး လိုက်လုပ် တာမျိုးတွေဖြစ်လာတတ်ပါတယ်။ တစ်ခါက ဘယ်သမီး ရည်းစားစုံတွဲက မိဘ တွေ သဘောမတူ လို့ စုံတွဲလိုက် ဘယ်နေရာမှာ၊ ဘယ်လိုနည်း နဲ့သေကြောင်း ကြံကြတယ် ဆိုပြီး သ တင်းထဲ ထည့်ရေးလိုက် တာနောက်ပိုင်း အဲဒီနေရာမှာ အဲဒီနည်းနဲ့ချည်း ခဏခဏစုံတွဲ လိုက်သေကြောင်း ကြံနေကြလို့ နောက်ပိုင်းသတင်းတွေ မှာ မဖော်ပြဘဲ ထားလိုက် ရတာမျိုးရှိခဲ့ပါတယ်။ အဲဒီ သတင်းရေးခဲ့မိတဲ့ ဂျာနစ်လစ်ကြီး ကလည်း ဒီလိုအသေးစိတ်ရေးခဲ့မိတဲ့ သူရဲ့နောင်တကို နောက်ပိုင်းမှာ ဖွင့်ဟခဲ့တယ်လို့ကြားသိရဖူးပါတယ်။ ဒါမျိုးကသူတို့ဆီမှာလည်းဖြစ်ခဲ့ပါ တယ်။ ၁၉၆၂ ခုနှစ်တုန်းက အမေရိ မွန်ရိုး သတ်သေပြီး နောက်တစ်လမှာ သတ်သေတဲ့နှုန်း ၁၂ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒီလိုပဲ ၁၉၈၆ ခုနှစ်တုန်းက ဂျပန်က အဆိုတော် အိုကာဒါယူကီကို ဆုံးပါးပြီး နောက်တစ်ပတ်အတွင်း မှာဆယ်ကျော် သက် ၃၁ ယောက် သူ့ပုံစံအတိုင်း လိုက်လုပ်ခဲ့ကြလို့ Yukiko Syndrome ဆိုပြီးတော့ အမည်တွင်တဲ့အထိပါပဲ။ သတင်းဆိုတာ ထူးတိုင်း၊ ဦး တိုင်းလည်း ကောင်းတတ်တာ၊ အကျိုး ပြုတတ်တာမဟုတ်ပါဘူး။ အထူးသ ဖြင့် ဖော်ပြတင်ဆက်ပုံ အဆင်မပြေ ရင်၊ အချိုးမကျရင် တပ်လှန့်ပေးရာ မရောက်ဘဲ တွန်းပို့ပေးရာ ရောက် တတ်ပါတယ်။ ရုပ်မြင်သံကြားကပြတဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပညာ ပေးဇာတ်လမ်းမှာ ဆေးပြတ်လို့ ယင်းထတာ၊ ဆေးသုံးစွဲတာတွေကို ကြည့်ပြီး ဆေးပြန်သုံးမိတတ်တာ တောင်ရှိတတ်ပါတယ်။ ကိုယ်တွေ အတွက် ဘာမှမဟုတ်ပေမယ့် ချောက် အစွန်းရောက်နေတဲ့သူအတွက် လေ တဝေ့ဟာ ချောက်ထဲကို ကျစေ တတ်ပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် သေ ကြောင်းကြံစည်သွား ခဲ့တဲ့ သူ့ရဲ့ မိသား စုပြဿနာ၊ အိမ် ထောင်ရေးပြဿ နာစတဲ့ပြဿနာ တွေရဲ့အတိမ်အ နက်ဟာနောက် က အတုခိုးပြီး လိုက်လုပ်တဲ့ သူရဲ့ မိသားစု ပြဿနာ၊ အိမ် ထောင်ရေးပြဿနာ တွေနဲ့ လုံးဝဆင်တူ ဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။ ပြဿနာချင်း နည်း နည်းဆင်တူတယ်ပဲထားဦး။ နောက်ခံမိဘဆွေမျိုးချင်း၊ အ ပေါင်းအသင်း၊ ပညာရေး၊ စီးပွားရေး နောက်ခံတွေမတူနိုင်ပါဘူး။ မတူတာ ကို ပုံစံတူပြုရင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ သေရင်ပြီးပြီဆိုပြီး စဉ်းစားမိ တတ်ကြပါသေးတယ်။ တကယ်က သေရုံနဲ့ မပြီးပါဘူး။ ဘာသာတရား အဆုံးအမတွေကို ဒီနေရာမှာ ထည့် မဆွေးနွေးသေးဘဲ လောက သဘာဝ အရပဲ စဉ်းစားကြည့် ပါဦး။ သေ ကြောင်းကြံစည် တယ်ဆိုတာ တကယ် တော့ လောကကို အရှုံးပေးသွားရ တာပါ။ အနိုင်နဲ့ ပိုင်းတာမဟုတ်ပါ ဘူး။ ကိုယ်တင်မက ကျန်ရစ်ခဲ့မယ့် ကိုယ့်အသိုင်းအဝန်း၊ ယောကျာ်း၊ ဇနီး၊ သားသမီးတွေကိုပါ အရှုံးနဲ့ ရင်ဆိုင် သွားခဲ့ရသူတစ်ယောက်နဲ့ ပတ်သက် ခဲ့ရသူတစ်ယောက်အဖြစ် တွင်ကျန်ရစ် စေတာပါ။ ကိုယ်မလုပ်နိုင်တာရှိရင် လည်း လုပ်နိုင်တဲ့သူကို နေရာဖယ် ပေးလိုက်ရတာလည်း လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒီအတွက် စိတ်ဓာတ်မကျသင့်ပါဘူး။ အရှုံးကို ရင်ဆိုင်ရဲတာလည်း သတ္တိတစ်မျိုး၊ အရည်အချင်းတစ်ခုပါပဲ။ စာနယ်ဇင်းတွေကိစ္စ ပြန်သွား ကြည့်ရအောင်ပါ။ သတ်သေတဲ့ သတင်းတွေ များများဖတ်ရ၊ ဂဃနဏ ဖတ်ရရင် အကျိုးဘာတွေရှိနိုင်ပါသလဲ။ သက်ဆိုင်ရာ ဆွေမျိုး၊ အပေါင်း အသင်းတွေက ကြိုတင်ကာကွယ်ရေး တွေ လုပ်နိုင်ပါတယ်။ ဒါမျိုးကိစ္စနဲ့ ဒီလောက်ဖြစ်တတ်ပါသလားလို့ တွေး မိလာနိုင်ပါတယ်။ မကောင်းတာက တော့ ရှေ့ပိုင်းမှာပြောခဲ့ပြီးတဲ့အတိုင်း ကာယကံရှင် ကိုယ်တိုင်က ဖတ်မိပြီး လက်ဦးမှုရယူသွားတာပါပဲ။ ကျော် ကြားတဲ့သူတွေရဲ့ လုပ်ရပ်ဆိုရင် ပိုပြီး တောင် အတုခိုးတတ်ပါသေးတယ်။
ဒီလို အတုခိုးကြရာမှာ အသုံးပြု တဲ့နည်းလမ်းကို တိတိကျကျ အသေး စိတ်ဖော်ပြခဲ့ရင် ပိုပြီး ဖြစ်တတ်တာ ကို တွေ့ရပါတယ်။ ဒါ့အပြင် ဖြစ်စေ ရတဲ့ အကြောင်းရင်းကို မိသားစု ကိစ္စ၊ အချစ်ရေးကိစ္စ၊ အိမ်ထောင်ရေး ကိစ္စ၊ စီးပွားရေးကိစ္စ၊ ပညာရေးကိစ္စ စသည့် အချက်များအပေါ်ပိုပိုသာသာ မူတည် ဖော်ပြတတ်ကြပါတယ်။ တကယ်တမ်း က စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုခု ကြောင့် ဒီလိုကိစ္စမျိုးတွေကိုလုပ်ဖြစ် သွားတတ်ကြတာများပါတယ်။ ဒါပေ မယ့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ အ ကြောင်းကိုတော့ များသောအားဖြင့် ဖော်ပြဖို့ကျန်နေတတ်ကြပါတယ်။မသိ လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာတော် အရှင်ဇနကာဘိဝံ သရဲ့ သာသနာ့အသက် ဘာသာရေး ပြဿနာများ စစ်တပ်တရားတော်ထဲ မှာပါတဲ့အတိုင်းဆိုရင် ပါဏာတိပါတ ကံ ကျူးလွန်တယ်ဆိုရာမှာ ကိုယ်တိုင် ကျူးလွန်ခြင်း၊ ခိုင်းခြင်း၊ ကျေးဇူး ပြောခြင်း၊ သဘောတူခြင်း တစ်မျိုး မျိုးကိုပြုရင် ပါဏာတိပါတ ကံထိုက် ပါတယ်။
ဒီတော့ စာနယ်ဇင်းတွေထဲ မှာ ဖော်ပြမိတဲ့ သတင်းတစ်ပုဒ် ကြောင့် နောက်ထပ်အလားတူ အဖြစ် အပျက်တွေ ဖြစ်လာမယ်ဆိုရင် ပါဏာတိပါတ ကံထိုက်၊မထိုက် ကိုယ့် ဘာသာကိုယ် စဉ်းစားမိကြဖို့ပါ။ ဒီတော့ ဖြစ်စေချင်တာကတော့ သတင်းတစ်ပုဒ်ကို ထူးတိုင်းမထည့်ဘဲ၊ ဖတ်ရတဲ့သူတွေမှာ ဘယ်လို အကျိုး ရှိမလဲ၊ နောက်ဆုံး အကျိုးမရှိရင် တောင် အကျိုးမယုတ်ရအောင် အတု ခိုးမမှားအောင် ဘယ်လိုဖော်ပြပေးရ မလဲ စဉ်းစားပြီးမှ ဖော်ပြပေးကြဖို့ပါ။ အားကျ အတုခိုးစရာ မဖြစ်အောင်၊ အသုံးပြုတဲ့နည်းလမ်းကို တိတိကျကျ အသေးစိတ်ဖော်ပြတာမျိုးတွေ အတတ်နိုင်ဆုံး ရှောင်ကြမယ်ဆိုရင် တော့ စာနယ်ဇင်းတွေကြောင့် လူ မသေတဲ့အပြင် ကျန်းမာရေးဝန်ထမ်း မဟုတ်သော်လည်းဘဲလူ့အသက်တွေ ကိုတောင် ကယ်တင်နိုင်ကြပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
ဒေါက်တာ ဌေးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...