Wednesday, October 31, 2012
“ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်နေ ”
သက်တန့်ချို's photo.
အမေရိက ကမ်းခြေတစ်ဝှိုက်ပြင်းထန်စွာ တိုက်ခတ်သွားတဲ့ မုန်တိုင်းဆန်ဒီကြောင့် voting peroid ကို နိုဝင်ဘာ ၂ ရက်နေ့အထိ တိုးမြှင့်လိုက
်ကြောင်းကြေငြာခဲ့ပြီးဖြစ်ပါတယ် ။ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်လျှက်ရှိပါတယ် ။ ယမုံမိုးမှာ မြန်မာဝတ်စုံနဲ့မရှိဘူး မြန်မာစကားမတတ်ဘူးလား မြန်မာလို မရေးတတ်ဘူးလားစသဖြင့် ဝေဖန်ချက်ပေါင်းများစွာကို လူမှုကွန်ယက် စာမျက်နှာများမှာ တွေ့ခဲ့ကြပြီးဖြစ်ပါတယ် ။
ရေနှင့်ပတ်သက်သော ရိုးရာဓလေ့များ
အစဉ်အဆက်က ဆောင်ရွက်ခဲ့သော ဆေးပညာနှင့်ပြုလုပ် ဆောင်ရွက်ချက်များဟု ဆိုရမည်ဖြစ်ပါသည်။ ရှေးမြန်မာလူကြီးများသည် ဆေးဆရာများ မဟုတ်ကြသော်လည်း ကျန်းမာရေးအတွက် သူတို့၏ပြောစကား များမှာ မှတ်သားဖွယ်ရာ ဆေးပညာရှုထောင့်မှ အမြင်များဖြစ်နေတတ်သည်။
Halloween (ဟော်လိုဝင်း)
Halloween ကိုနှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပကြတယ်။ ဒါဟာ နွေရာသီ ကုန်လွန်ပြီး ဆောင်းရာသီစတဲ့ရက်လို့ ဆိုတယ်။ ဒီနေ့ဟာ အနောက်နိုင်ငံရဲ့ ရိုးရာအစဉ်အလာနေ့ တစ်နေ့ဖြစ်တယ်။ အဓိကအားဖြင့် United St
ates, Canada, Ireland နဲ့ United Kingdomမှာ ခေတ်စားတယ်။ Halloween ညမှာ ကလေးတွေဟာ မျက်နှာကို အမျိုးမျိုးလိမ်းခြယ်ကြသလို မျက်နှာဖုံးစွပ်ပြီးလည်း တစ်အိမ်တက်ဆင်း ချိုချဉ်လိုက်တောင်းလေ့ရှိတယ်။
ကထိန်အကြောင်း သိကောင်းစရာ
Rupa Singi
သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော်သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁) လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ် ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။
သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော်သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁) လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ် ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။
ကျွန်တော်ချစ်သော မြန်မာ့ပညာရေး (၁)
ပေါ်ထွန်းမြိုင်
ကျွန်တော်သည် ပညာရေးသမားစစ်စစ်ပါ။ တိတိပပဆိုရပါမူ လုပ်သက်၃၆ နှစ်ရ ကျောင်းအုပ်ကြီး တစ်ယောက်ဖြစ်ပါ၏။ မနေ့တနေ့ကမှ မိုးပေါ်ကကျလာသော မိုးကျရာထူးကြီး သခင်ပညာ့အရှင် ဝင်ကစွပ် နှစ်သီးစား အခွင့်ထူးပုဂ္ဂိုလ်ထူးမြတ် မဟုတ်ရပါကြောင်း အထူးတင်ပြလိုသည်လည်းတမုံ့။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) အဖွဲ့အစည်းတည်ထောင်ခြင်း (၂၄)နှစ်မြောက်
by Nyo Htet on Wednesday, October 31, 2012 at 9:56am
(၁) ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့သော မကဒတ (ကျောင်းသားတပ်မတော်)သည်
- တိုင်းရင်းသား လူမျိုးပေါင်စုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး
ဟူသော နိုင်ငံရေး ဦးတည်ချက်လေးရပ်ကို အခိုင်အမာ ကိုင်စွဲလျက် ၂၄ နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီးဖြစ်သည်။
" ကမ္ဘာ ၏ နောက်ဆုံး ၉၉ ရက် "
by Myo Chit Myanmar on Friday, September 14, 2012 at 3:23pm
ကမ္ဘာကြီးဟာ ...
ဒီဇင်ဘာ ၂၁ ရက်နေ့ နီးလာတာနဲ့အမျှ ..
တစ်စစနဲ့ သိသာစွာ .. ဖျားနာ လာခဲ့ပြီဘဲ ...
အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း
by Moenge Aung on Wednesday, October 31, 2012 at 4:28pm
အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာ တစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့ မရပါဘူး။ ဒီလိုရှိပါတယ်။
စစ်ဗိုလ်များနှင့် ပညာရေး (၁)
- Published on Tuesday, 30 October 2012 06:45
- Written by တင်ညွန့်
မကြာသေးမီက Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။
ပညာရေး ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။
- ဗိုလ်မှူးအေးကြူ - ဒုတိယဝန်ကြီး
- ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
- ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၂)
by U U Mhaw Sayar on Wednesday, October 31, 2012 at 6:32pm ·
အပိုင်း(၁)တွင် လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲဆိုသောအချက်အပေါ် အစ္စရေးနိုင်ငံကိုဥပမာပေး၍ တင်ပြခဲ့သည်။ ခိုင်မာသည့်အကြောင်းပြချက်တစုံတရာမရှိဘဲ လူမျိုးရေး ၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့် နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။
(၂) Politicide ဘယ်လိုလုပ်တာလဲ ?
အစ္စရေးနိုင်ငံ၌ ထုတ်ပြန်ခဲ့သော “ဇီယွန်ဝါဒီနှင့် အာရပ်ပြဿနာ” စာစောင် ၊ “ ဟာဂါနာသမိုင်း ” စာစောင်များ တွင် ထိုကာလအခြေအနေများကို ပြည့်ပြည့်စုံစုံ ဖေါ်ပြထားသည် ။
အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ .
၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။
အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကေ
အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကေ
တာ့ စိတ်ဖိစီးမှုတွေ လျော့နည်း လာခြင်းပါပဲ။ လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။
"ဟဲလိုးဝင်း" သရဲညတစ်ညမှာ
by Rupa Aung on Wednesday, October 31, 2012 at 8:06am
အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟဲလိုးဝင်းနိုက်(Halloween Night)တဲ့။ သရဲတွေရဲ့ညလို့ဆိုကြသတဲ့။ အဲဒီ သရဲည ယဉ်ကျေးမှုဟာ အခုဆိုရင်မြန်မာနိုင်ငံမှာလည်း ကူးစက်ပျံ့နှံ့လာခဲ့ပါပြီ။ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ကမ္ဘာကြီးရဲ့ နေရာတစ်နေရာကနေ စိမ့်ဝင်စီးမြောလာခဲ့တဲ့ ဒီယဉ်ကျေးမှုကိုပဲ ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးနဲ့ ဆင်နွှဲပျော်ရွှင်ကြတဲ့ မြန်မာလူငယ်လေးတွေရှိလာကြပါပြီ။
Alination သို့မဟုတ် Enstrangement
by Ter Tee on Thursday, October 25, 2012 at 10:23am ·
ရေးသူ - ဒေါက်တာခင်မောင်ဝင်း ( ဒဿနဗေဒ )
လူတို့သည်အဘယ်ကြောင့် စီးပွားရှာကြပါသနည်း။ အဘယ့်ကြောင့် ပညာရှာကြပါသနည်း။
လူတို့စီးပွားရှာကြသည်မှာ စီးပွားဖြစ်လာလျှင် စိတ်ချမ်းသာဖို့ဖြစ်သည်။ စီးပွားဖြစ်လာလျှင်
အခြားသူများနှင့် ဝေငှခံစားဖို့ဖြစ်သည်။ လူတို့ပညာရှာကြသည်မှာ ပညာရှိလာလျှင် ၊
ဆင်ခြင်တိုင်းထွာလာတတ်ဖို့ဖြစ်သည်။ မိမိပညာကို အများနှင့် ဝေငှခံစားဖို့ဖြစ်သည်။
မိဘကျေးဇူး ။
by ကိုဝိုင် ဝိုင်ကေ on Wednesday, October 31, 2012 at 9:41am ·
ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊
(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊
(၄) မိဘ၊
(၅) ဆရာတို့ဖြစ်ကြပါသည်၊၊
ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊၊
အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ
by ကိုဝိုင် ဝိုင်ကေ on Wednesday, October 31, 2012 at 9:59am
”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့် တော့ပါဘူး။ ကျွန်မအခုချိန်မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ် တစ်ခုခု ရဖို့ပဲ စိတ် ကူးရှိတော့တယ်”
ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်း မြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေး ပညာ အဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှု ပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန် လုပ်ကျွေးမှု ပြုရန် စိတ် ကူးခဲ့သည်။ သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေး ခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် ….
အစာ
by သော် ဇင် အုန်း on Wednesday, October 31, 2012 at 6:36am
“ဟဲ့-စား လေ”သူငယ်ချင်းမ ယူလာတာတွေကို ကျွန်တော် ကြည့်ရင်း ငြင်းလိုက်တယ်။
“သူက အိမ်မှာ နေ့တိုင်းစပါးတွဲဝယ်ချိတ်ပြီးကျွေးနေတာ လေ ၊နင်ပဲစားပါဟာ သူစားမှာမဟုတ်ဘူး”လို့ ကျွန်တော်ဇနီးက၀င်ပြောလိုက်တော့ သူမ မျက်နှာကအံ့သြတဲ့ပုံနဲ့ ကြည့်နေတယ်။
အကင်ဆိုင်မှာကျွန်တော်တို့လင်မယားရယ် သူငယ်ချင်းမရယ် အကင်စားခဲ့ကြတုန်းကပေါ့-
သူယူလာတဲ့ စာကလေး အကင်တွေ ကျွန်တော့ကိုကျွေးတော့ ထိတ်လန့်စွာငြင်းခဲ့တာကို သူအံ့သြနေခဲ့တယ်။
ကြာတော့ကြာပါပြီ-
ငယ်ငယ်တုန်းက ညီအကိုဝမ်းကွဲတွေရှိတဲ့ ကျွန်တော့်ဖေဖေရဲ့မွေးရပ်ဇာတိကို သားအဖတွေ သွားလည်ကြတုန်းကပေါ့။
English for Hotel and Catering Industry (Unit 4 Taking Restaurant Bookings)
Posted by zar ni (My Way!) on October 29, 2012 at 8:45 in
Unit 3 တုံးက အခန်းကြိုတင်မှာကြားမှု ကိုလက်ခံခြင်း မှာ Do/Does နဲ့ Yes/No မေးခွန်းမေးပုံကို သိထားပြီဆိုရင် မေးခွန်းတွေ အတော်များများ မေးဖို့ဖြေဖို့အခက်အခဲရှိမှာမဟုတ်တော့ပါဘူး။ ဘာသာစကားရဲ့လုပ်ငန်း ဆောင်တာမှာ မေးခွန်းမေးခြင်း၊ ဖြေခြင်းကအတော်ကြီးနေရာ ယူထားပါတယ်။ ဒီသင်ခန်းစာမှာတော့ စာသောက်ဆိုင်မှာ နေရာကြိုတင်မှာကြားမှုကို လက်ခံခြင်းကိုလေ့လာသွားပါမယ်။
Unit 3 တုံးက အခန်းကြိုတင်မှာကြားမှု ကိုလက်ခံခြင်း မှာ Do/Does နဲ့ Yes/No မေးခွန်းမေးပုံကို သိထားပြီဆိုရင် မေးခွန်းတွေ အတော်များများ မေးဖို့ဖြေဖို့အခက်အခဲရှိမှာမဟုတ်တော့ပါဘူး။ ဘာသာစကားရဲ့လုပ်ငန်း ဆောင်တာမှာ မေးခွန်းမေးခြင်း၊ ဖြေခြင်းကအတော်ကြီးနေရာ ယူထားပါတယ်။ ဒီသင်ခန်းစာမှာတော့ စာသောက်ဆိုင်မှာ နေရာကြိုတင်မှာကြားမှုကို လက်ခံခြင်းကိုလေ့လာသွားပါမယ်။
Unit 4 Taking Restaurant Bookings
Customer: Good morning. I’d like to make a reservation, please. What days do you open?
Staff : We open from Tuesday to Sunday.
Customer : When do you close?
Staff : We close on Mondays.
Customer : I see, and what time do you serve dinner?
Staff : We serve dinner from 7 o’clock to 11 pm.
Customer: Good morning. I’d like to make a reservation, please. What days do you open?
Staff : We open from Tuesday to Sunday.
Customer : When do you close?
Staff : We close on Mondays.
Customer : I see, and what time do you serve dinner?
Staff : We serve dinner from 7 o’clock to 11 pm.
ဗောင်းဗီကျွတ်တွားတာတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးကို ကျိတ်နာဒယ်”
တခါက ရွာတရွာမှာ ချစ်ချစ်ဆိုတဲ့လူတယောက်ရှိတယ်။ ဗိုလ်ရှစ်မောင်က
ရှောက်လုံးပြူးနဲ့ မြက်ချောကို ရှောက်ရှက်ပစ်တာ
တရှက်ပဲချပ်မှန်ပီးအကုန်ရှော်သွားတယ်ဆိုတဲ့ “ရှ” နဲ့ “ချ”
ကိုတလွဲသုံးပြောတဲ့လယ်ဝေးသားတွေ အပြောနဲ့ဆိုယင် ရှစ်ရှစ်ပေါ့။ ရှစ်ရှစ်
အဲလေ ချစ်ချစ်ဆိုလို့ ဣိတ္ထိယခေါ် မိန်းမတယောက်တော့မဟုတ်ဖူး။ ယောင်္ကျားမှ
အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့ ယောင်္ကျားကြီးလုံးလုံးဖြစ်သော
ပုရိဿပေါ့။ ဒါပေမယ့် ထိုးထွင်းသိမြင်ဝေဖန်ပိုင်းခြား ခြင်း
ကြံရည်ဖန်ရည်ဆိုတဲ့ ဗျတ္တိကတော့ နဲရှာတယ်အဲလေ နဲနဲချာတယ်။
ရှောက်လုံးပြူးနဲ့ မြက်ချောကို ရှောက်ရှက်ပစ်တာ
တရှက်ပဲချပ်မှန်ပီးအကုန်ရှော်သွ
ကိုတလွဲသုံးပြောတဲ့လယ်ဝေးသားတွေ
အဲလေ ချစ်ချစ်ဆိုလို့ ဣိတ္ထိယခေါ် မိန်းမတယောက်တော့မဟုတ်ဖူး။ ယောင်္ကျားမှ
အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့ ယောင်္ကျားကြီးလုံးလုံးဖြစ်သော
ပုရိဿပေါ့။ ဒါပေမယ့် ထိုးထွင်းသိမြင်ဝေဖန်ပိုင်းခြား
ကြံရည်ဖန်ရည်ဆိုတဲ့ ဗျတ္တိကတော့ နဲရှာတယ်အဲလေ နဲနဲချာတယ်။
ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူတွေ- ကိုညို (Oslo)
“ဇာဂနာ့ကျင်ငယ်ရေမှာသာတဲ့လ
မင်းကိုနိုင်ရဲ့သေရေးရှင်ရေးနဲ့
ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူ တွေ
အဲဒီညမှာလအရမ်းသာတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၀)
သစ်ထူးလွင်
|
- အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ
့သည့် ဧရာဝတီတိုင်းလွှတ်တော် - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများ သိရှိစေရန်
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်းလူ(၂)
ဦးသေဆုံး - တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
Tuesday, October 30, 2012
Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၁)
by U U Mhaw Sayar on Tuesday, October 30, 2012 at 8:13pm ·
Politicide ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်းလူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။ Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။
Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ စာဖတ်သူများ ရှင်းလင်းစွာသဘောပေါက်စေရန် အလွယ်တကူ သိမြင်နိုင်သော ကမ္ဘာကျော် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ ရေးသားပါမည်။
ကျွန်တော်သိသော...မိုနာလီဇာအကြောင်း
Posted by sai on October 30, 2012 at 10:00pm
ဘာရယ်မဟုတ်ပါဘူး။ မိုနာလီဇာအပြုံးက ဘာလို့ ကမ္ဘာကျော်တာလဲ ဆိုတဲ့အကြောင်းပေါ့။ မိုနာလီဇာအကြောင်းပြောရင် သူမကို ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗန်ချီအကြောင်း ပြောရင်မပြီးဘူးလို့ ထင်ပါတယ်။ လီယိုနာဒိုကို ဧပြီလ ၁၅ရက် ၁၄၅၂ ခုနစ် အီတလီမှာ မွေးဖွားခဲ့တယ်။ လီယိုနာဒိုက ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ၀ါသနာပါခဲ့ပြီး နောက်ပိုင်း ပန်းချီပညာဘက်တွင်သာမက ပန်းပု၊ ဗိသုကာ ဆေးပညာရပ်များမှာပါထွန်းကားခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူးသူ့ကိဲု
သိပံ္ပံလောကရဲ့ ဘိုးအေကြီးလို့လဲ သမုတ်ကြသေးတယ်။
သူဖန်တီးခဲ့တဲ့ အရာတွေများမှာတော့ မိုနာလီဇာကအကျော်ကြားဆုံးပင်။ မိုနာလီဇာ ဘာလို့ကျော်ကြား တာလဲ မေးလိုက်လို့ ရှိရင် သူမရဲ့ အပြုံးလို့ ၁၀၀ မှာ ၉၉ ယောက်က ဖြေကြမှာ မလွဲပါ။
အချစ်အက္ခရာ စကားလုံး.
Ặccept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Ḃelief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
Čare (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မ
ကော်ရင်ဂျီ (ရေးသူ- လူထုဒေါ်အမာ)
နှစ်သစ်မင်္ဂလာပါ။
ကျမဒီနေ့ အမေလူထုဒေါ်အမာရဲ့ စာတွေ့ပန်ရှာဖတ်မိပါတယ်../ အခုတင်တဲ့ ပိုစ့်ကိုဖတ်မိတော့.. ကျမတစ်ခုတွေးမိတယ်...ဗမာတိုင်းဖတ်သင့်တယ်..အထူးသဖြင့် နိုင်ငံခြားသွားပြီး အလုပ်အကိုင်လုပ်နေ သ
ူတွေ ပိုဖတ်သင့်ပါတယ်။
ပွန်ပေမြို့ရဲ့ ကြမ္မာဆိုး
ခရစ် 79 ခုနှစ် သြဂုတ်လ 24 ရက် မွန်းတည့် အချိန်မှာ အီတလီကျွန်းဆွယ် မြေတဲပင်လယ် ကမ်းနဘေး မှာရှိနေတဲ့(ယခုလက် ရှိ Naples မြို့  တော်အနီး) ပွန်ပေဆိုတဲ့ မြို့တော်ကြီးမှာ တုန်လှုပ်ချောက်ချားဖွယ် ကော င်းတဲ့ အဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်..
ပူရ်နိမာ
by Zay Ya on Tuesday, October 30, 2012 at 1:03pm
The Moon said tonight, "Let me in!"
“ပူရ်နိမာ” ဆိုတာ “လပြည့်ည” ကို ပြောတာ..။ ချမ်းမြေ့စရာကောင်းတဲ့ လပြည့်ညကို ဆိုလိုတာ..”
လ- ဟာ ကမ္ဘာ လောကဓာတ်တစ်ခွင် အတွက် ချမ်းမြေ့ဖွယ် အကောင်းဆုံး အလှပဆုံး ပြယုဂ်..။ ဆွတ်ပျံ့ ကြည်နူးစရာ ဖြစ်စေ လွမ်းဆွတ် ငေးမောစရာပဲ ဖြစ်စေ ညအခါမှာ သာတဲ့ လ- တစ်စင်းတည်းနဲ့ ဒီခံစားချက် အားလုံးကို ကိုယ်စားပြုပေး နိုင်တယ်..။ လရိပ်ဟာ ကျနော်တို့ နှလုံးသားထဲမှာ ရှိတယ်..။
ခိခိ ခွိခွိ ဟက်ဟက် ဟိဟိ ဟာဟ ဟိုးဟို အဟိ (((( ဟာသများ))))
Posted by ♥¯`» ထာဝရ ရင်ခွင် «´¯♥ on October 30, 2012 at
(ခိုင်းနည်းသစ်)
ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။ သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။ တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက…… `ရှင်ခြံထဲဆင်းပြီး ဘာမှမလုပ်တော့ဘူးလား၊ သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရ
လာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´ မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။
ဖောင်တိန်လေးကိုထားခဲ့တယ် ဆယ်လ်ဗီယာ
ဆယ်လ်ဗီယာ မင်းရုပ်ရှင်ကို ငါကြည့်ရတယ်
ဂွင်းနက်ပက်ထရိုရဲ့ သရုပ်ဆောင်ချက်ဟာ
ငါ့ရင်ကို အရှိန်ပြင်းပြင်းနဲ့ လောင်မြိုက်စေခဲ့တယ်။
ဆယ်လ်ဗီယာ မင်းကဗျာကို ငါ ဖတ်ဖူးရတယ်
ဇေယျာလင်းရဲ့ ဘာသာပြန်ချက်ဟာ
ငါ့အသည်းနုလုံးကို တစ်စဆီကြေမွစေခဲ့တယ်။
အမှားရှာပေးပါ
Kon Zaw konzawoo@gmail.com
ဉာဏ်စမ်းပဟေဠိ ဖြေရတာ ဝါသနာ ပါသူများအတွက် မေးခွန်းတစ်ခု တင်လိုက်ပါတယ် ခင်ဗျား။ ဦးဏှောက်ကျင်း အဲလေ ဦးဏှောက်ဆေး ဖို့ပါ။ အောက်ပါ စိတ်ကူးယဉ် ဇာတ်လမ်းလေးမှာ အချက်အလက် အမှန်တွေရော အမှားတွေရော ရောသမမွှေထားပါတယ်။ မေးခွန်းကတော့ မှားနေတဲ့အချက်လေးတွေကို ရှာပေးဖို့ပါပဲ။ ကဲဘယ်သူ အများဆုံးတွေ့နိုင်မလဲ။
သမိုင်းထဲက ဆရာဝန်များ (တရုတ်ပြည်၏ ဖခင်ကြီး (သို့မဟုတ်) ဒေါက်တာဆွန်ယက်ဆင်)
by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Tuesday, October 30, 2012 at 4:35am ·
ပြည်ထောင်စု စစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ (မောင်ဝံသ)
by Maung Wuntha on Tuesday, October 30, 2012 at 6:29am
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
အခုလောလောဆယ်မှာ ]အဆိုးထဲက အကောင်း}ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်း၍ တင်ပြသော ဒေါ်မိမိခိုင်၏ တင်ပြချက် ။
by ကိုဝိုင် ဝိုင်ကေ on Tuesday, October 30, 2012 at 10:38am ·
လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူများရှင့် …
ကျမ ကတော့ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်က ဒေါ်ခင်မိမိခိုင် ဖြစ်ပါတယ်။
လူကို ဘယ်သူကဖန်ဆင်းသလဲ (ရေးသူ- လူထုဒေါ်အမာ)
{မာယာမဂ္ဂဇင်း နိုဝင်ဘာ၊ ၂၀၀၃ မှာ ဖော်ပြခဲ့ပီးသောစာမူကို အင်တာနက် စာဖတ် ပရိသတ်အတွက် အမေမာ မွေးတဲ့ နိုဝင်ဘာလမှာ အမေ့ကို ဂါရ၀ပြုသောအားဖြင့် ထပ်မံ ဖော်ပြပါတယ်}
လူတယောက်ဆိုပြီးတော့ အမေတို့ အသက်ရှင် လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် လူတွေဟာ မတူညီကြတာတွေ ရှိသလို၊ တူညီကြတာတွေလဲ ရှိတယ်။ မတူညီကြမှုကို အကြောင်းပြုပီးတော့ အဲဒီလူ
ရဲ့ ပုံပန်းဖြစ်ပေါ်လာတာပဲ ထင်ပါရဲ့ကွယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃ဝ-၁၀)
သစ်ထူးလွင်
|
- ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်ပွဲဖြစ်
- ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပစ်ခတ် ထိန်းသိမ်းရာမှ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ
- ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို့လိုက်လျော
- ကျောက်နီမော် အခြေအနေ တင်းမာ
- အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး
- လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အရေးမယူတော့ဟုဆို
- အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကိ
ု လုပ်ပိုင်ခွင့်ပေးရန် တောင်းဆို - ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတင်ဖြစ်ပေါ်ပြီး
- ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင် ၁၃ ဦး သေဆုံး
- ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မတော်မှ လက်နက်ကြီး ၁၄ လုံးပစ်ဟု ကေအိုင်အို ဆို
Monday, October 29, 2012
လူပျိုကြီးတစ်ယောက် ပျောက်ဆုံးခြင်း
by Linn Yaung on Friday, September 7, 2012 at 12:09am
လူပျိုကြီးတစ်ယောက် ရုပ်ရှင်ရုံထဲရောက်နေသည်။
သူ့နဘေးမှာက အသစ်စက်စက် ချစ်သူလေး။ လက်ဖ၀ါးလေးတွေ အးစက်နေအောင်ကို ကြောက်နေရှာ၏။
“မကြောက်ပါနဲ့ ကလေးရယ်.. မင်းရဲ့ဘေးမှာ ကိုကို တစ်ယောက်လုံးရှိနေပြီပဲ” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။
30.10.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, October 29, 2012 at 8:59pm ·
ကော့ကရိတ်ဗလီ လက်ပစ်ဗုံးခွဲခံရ
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရွာ ဗလီကို ည ၁၁ နာရီလောက်မှာ ဆိုက္ကယ်နဲ့လူတယောက် က လက်ပစ်ဗုံး တလုံးနဲ့ ပစ်ပြေး သွားပြီးတော့၊ ကော့ကရိတ်မြို့ ရေနံဆီကုန်းရပ် က ဗလီကို လည်းဆိုက္ကယ်နဲ့ လူနှစ် ယောက် က ည ၁၂ နာရီခွဲလောက် မှာ ဗုံးနှစ်လုံး နဲ့ပစ်ခတ်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။
ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ..
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများ ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများ ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။
အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်း ၁၀
by Myanmar Online News on Monday, October 29, 2012 at 10:25am ·
မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွားရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြ ပါတယ်။ သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက် တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။
(၁) မှန်ကန်သော မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်း လိုက်နာပါ
ကြေးနီစီမံကိန်းနဲ့ သတ္တုတွင်းလုပ်ငန်း
by Lu Cifer on Monday, October 29, 2012 at 7:50am
ကြေးနီတောင်လို့ လူသိများတဲ့ လက်ပံတောင်းတောင် ပြည်သူ့ဆန္ဒပြပွဲဟာ ပြည်တွင်းပြည်ပသတင်း မီဒီယာတွေမှာ အခုတလော မကြာခဏ ဖော်ပြနေတဲ့ သတင်းတပုဒ် ဖြစ်ပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်တို့ကို သတ္တိပြောင်တဲ့ သံမဏီအမျိုးသမီးတွေအဖြစ် စက်တင်ဘာ (၂၆) ရက်နေ့ထုတ် New York Times သတင်းစာမှာ ဖော်ပြလိုက်ထားပါတယ်။
ဟာသများ
by Moenge Aung on Monday, October 29, 2012 at 12:52pm
၁။ သတင်းကောင်း
ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင်
တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..
ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ
လုံလောက်နေပြီ"
အမှတ်တရ သေရာပါ
by Ma Nandar on Monday, October 29, 2012 at 9:13am
သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း ရင်ထဲက အနာဟောင်း၊ စိတ်ဒဏ်ရာဟောင်းတို့နဲ့အတူ ကိုယ်မှာ သေရာပါ စွဲထင်ခဲ့တဲ့ အမာရွတ်အဟောင်းတို့ကြောင့် ကျွန်ုပ်စိတ်ထဲမလည်း ကျွတ်ကျွတ်ကျွတ်လို့ မြည်တမ်းမိပါရဲ့။
လက်ပန်တောင်း တောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ၀ိုင်းဝန်းကြိုးပမ်းပေး
by Naung Taw Lay on Monday, October 29, 2012 at 12:32pm
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပေါ်နေတဲ့အနေအထားဟာ မထင်မရှားရှိနေခဲ့ရာမှ အုံးအုံးကြွ ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ရပ်ပါ။ အဲဒီဒေသကို သွားရမယ်ဆိုကတည်းက လက်ပန်တောင်းတောင်နဲ့ ပတ်သက်တဲ့သမိုင်းနောက်ခံ ၊ ဒေသခံတွေရဲ့ အခြေအနေ၊ ပြဿနာကြီးထွား လာရခြင်းရဲ့ အစ၊ နိုင်ငံရေးသမားရဲ့ ရှုထောင့် ၊ ကုမ္ပဏီတွေက ဘာကြောင့်ရပ်တန့်လို့ မရသလဲ ဆိုတာ ကိုပါပြောပေးနိုင်ရင် ပိုပြီးပြည့်စုံတာပေါ့။ သက်ဆိုင်ရာတွေဆီက ဒီကိစ္စနဲ့ ပတ်သက်တဲ့ အခြေအနေ အရပ်ရပ်ကို မှတ်တမ်းပြုစုထားကိုပါ ရနိုင်ရင် ပြည်သူအများသိအောင် ချပြပေးစေချင်တာပါ။
မှားခဲ့တာလား ၊ မှားနေဆဲလား ၊ ဆက်ပြီး မှားအုန်းမှာလား
NLD က ၉၀ တုန်းက တပြည်လုံးမှာ (၈၀) ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့တဲ့ပါတီ။ အစိုးရကို ဦးဆောင်ဖွဲ့စည်းရမယ့် ပါတီ ပါ။ ဒါပေမယ့် NLD အပါအ၀င် အနိုင်ရပါတီအားလုံးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စစ်သားနိုင်ငံရေး မလုပ် တတ်ဘူးဆိုပြီး နိုင်ငံရေးပြဿနာ၊ အာဏာပြဿနာကို ကလေးကလား သွားလုပ်မိလိုက်ကြတော့ ဗိုလ်ချုပ် စောမောင်ဆီမှာ ဗြောင်အလိမ်ခံလိုက်ရပါတ
ယ်။
နန်းစဉ်ရတနာတွေ ပြန်ပေးမလား
Yote Thayyote
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံ ထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော် ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်း မှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြ န် ယူတော့မယ်တဲ့ ။
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံ
ရခိုင် လယ်လုပ်ငန်း ပြန်လည် ထူထောင်ရေး ကူညီကြဖို့ ဆွေးနွေး
by Lu Cifer on Monday, October 29, 2012 at 6:21am
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ဇွန်လက အကြမ်းဖက် ပဋိပက္ခတွေအတွင်း မီးလောင်ခဲ့တဲ့ အပျက်အစီးတချို့။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေကြောင့် ယိုယွင်းပျက်စီးခဲ့ရတဲ့ ဒေသခံတွေရဲ့ လယ်ယာ လုပ်ငန်းတွေ အထူးသဖြင့် စီးပွားရေးတွေ ပြန်ထူထောင်နိုင်ဖို့ အရေးကို နိုင်ငံတော် အစိုးရနဲ့အတူ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ အရေးတကြီး လိုအပ်တယ်လို့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။