ခရစ် 79 ခုနှစ် သြဂုတ်လ 24 ရက် မွန်းတည့် အချိန်မှာ အီတလီကျွန်းဆွယ် မြေတဲပင်လယ် ကမ်းနဘေး မှာရှိနေတဲ့(ယခုလက် ရှိ Naples မြို့  တော်အနီး) ပွန်ပေဆိုတဲ့ မြို့တော်ကြီးမှာ တုန်လှုပ်ချောက်ချားဖွယ် ကော င်းတဲ့ အဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်.. အဲဒီ ပွန်ပေ မြို့တော်ကြီးဟာ ဗွီဆူးဗွီးရပ် မီးတောင် (အဲဒီခေတ်ကတော့ အဲဒီတောင်ကို မီးတောင်မှန်း မသိခဲ့ဘူးထင်ပါရဲ့ ) ခြေရင်းမှာတည်ရှိပြီး ရမ်းကို တိုးတက်ဖွံ့ ဖြိုးတဲ့ြ
မို့ တော်ကြီးပါတဲ့…79 ခုနှစ် သြဂုတ်လ 24 ရက်နေ့ မှာတော့  မြို့အနီးနားမှာ ရှိတဲ့ ဗွီဆူးဗွီးရပ် မီးတောင်ကြီး ရုတ်တရက် ဘာအရိပ်ရောင်မှ မပြ ဘဲ ထပေါက်ကွဲ ပြီး တစ်မြို့ လုံးကို ချော်ရည်ပူ နဲ့ ဖုံးသွားလိုက်တာ တစ်မြို့ လုံးအပေါ် ချော်ရည်နဲ့ ပြာတွေဟာ ပေ 20 လောက် အထိ မြင့်တက်သွားရောတဲ့ ။ ခရီးသွားတဲ့ သူကလွဲ ရင် တစ်ယေက်မှ ကို အသက်ရှင်ကျန်ခဲ့
သူမ၇ှိဘူးလို့ဆိုပါတယ် ။
ပွန်ပေမြို့တော် ကြီး ဟာ မြန်မာနိုင်ငံ မှာ ဆို၇င်တော့ ပျူခေတ် နဲ့ ခေတ်ပြိုင်လောက် ရှိမယ်ထင်ပါတယ် ။
ပွန်ပေ မြို့တော်ကြီးကို တူးဖော်လိုက်တဲ့ အခါမှာ အလွန်ဘဲအံ့သြစရာကောင်းလောက
မြို့ တော်ကိုတူးဖော်ရာမှာ စိတ်ထိခိုက်စရာအကောင်းဆုံးက
ပုံထဲက လူသေအရုပ်လောင်းတွေ ကို ကြည့်ပြီး ချော်ရည်ပူလောင်းခံရတဲ့ သူတွေဟာ ဘယ်လိုဖြစ်ပြီးတော့ လူ့ခန္တာကိုယ်ပုံစံ အတိုင်း ကျောက်တုံးကြီး တွေဖြစ်နေရတာလဲ .တခါတည်းကို အရည်ပျော်မသွား နိုင်ဘူးလား ..လို့စောဒက တက်စရာရှိပါတယ် ……၊။ မှန်ပါတယ်..အဲဒါတွေ ဟာချော် တုံးချော်ခဲတွေ မဟုတ်ပါဘူး ပလာစတုံးကြီးတွေပါ …နားလည်လွယ်အောင်ပြောရမယ်ဆ
ဒီလိုပါဘဲ..လူ့ခန္တာကိုယ် ကိုချော်ရည်ပူလောင်းခံရတဲ့ အခါမှာ အတွင်းထဲထိ မ၀င်သွားဘဲ လူ့ခန္တာကိုယ်အပြင်ပတ်ပတ် လည်မှာသာချော်ရည်အနှံ့ စီးဝင်သွားပြီး ချော်ရည်ရဲ့ အပူရှိန်ကြောင့် နဲ့ နှစ်ကာလ ကြာရှည်လာတာကြောင့် အရိုးနဲ့ အသားဟာ ဆွေးမြေ့ သွားပြီး ချော်ရည်တုံးကြီးအတွင်းမှာ လူ့ခန္တာကိုယ်ပုံစံအတိုင်း ဟောင်းလောင်းပေါက်ကျန်နေခဲ့ မှာ ဖြစ်တယ် ။ ဒီတော့ ပညာရှင်တွေက အဲဒီဟောင်းလောင်းပေါက်ရှိတဲ့  ချော်ရည်တုံးကြီးအတွင်းကို ပလစတာရည်တွေလောင်းထည့်ပြီး အပြင်ခွံ ချော်တုံးကြီးကို ဖယ်ထုတ်လိုက်တဲ့ အခါမှာတော့ သေးဆုံးသူတွေရဲ့ ခန္တာကိုယ်အရွယ်စားနဲ့ လှုပ်ရှားမှု ပုံစံတိုင်းကိုကျတော်တို့မြ င်ခွင့်ရကြတာပါ။ တကယ်တော့ ပွန်ပေမြို တော်ကြီးဟာ အိမ်မက်ဆန်ဆန် အဖြစ်ဆိုးနဲ့ ကြုံတွေ့ ရတဲ့ မြို့ တစ်မြို့ ပါ ။ ဒီမြို့ အကြောင်းလေ့လာရတာ အံ့သြ ၊ထိမ့်လန့် ၊ တုန့်လှုံ့  စရာကောင်းလှပါတယ်။ ဒီအကြားထဲ..ကျွန်တော် ကဖြင့် မြို့တော်ကြီးတူးဖော်လိုက်တဲ့ အခါ ပေါ်ထွက်လာခဲ့တဲ့ သမိုင်း အထောက်ထားတွေ ကို လေ့လာရတော့ သူ့ နဲ့ခေတ်ပြိုင်ပေါ်ခဲ့တယ်လို့ ယူဆရတဲ့ ကျတော်တို့နိုင်ငံ က ပျူမြို့ ဟောင်းက
သမိုင်းအထောက်ထားနည်းပါးမှု အပေါ် အားမလိုအားမရ ဖြစ်နေမိတော့ တယ် ခင်ဗျာ…။
No comments:
Post a Comment