သစ်ထူးလွင်
|
- အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ
့သည့် ဧရာဝတီတိုင်းလွှတ်တော် - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများ သိရှိစေရန်
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်းလူ(၂)
ဦးသေဆုံး - တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
- မြန်မာသို့ ရိုက်ခတ်လာသော K-Pop
- အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား
- ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်
- ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် The Hot News Weekly Vol-3, No-114
- အောက်တိုဘာ ၃၀ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၂
- စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ
- မွတ်ဆလင်တွေကို မောင်းထုတ်တဲ့ ဆန္ဒပြမှု ရဲက ပစ်ခတ် နှိမ်နင်း
- အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
- ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၈
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၆)၊ အင်္ဂါနေ့၊ အောက်တိုဘာလ (၃၀) ရက်၊ ၂၀၁၂ ခုနှစ်
Posted: 31 Oct 2012 06:52 AM PDT
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး သတင်း ထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေး ကြေညာခြင်း ၁။ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန် ကြေညာခဲ့ ပြီးဖြစ်ပါသည်။ ၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။ ၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ၄။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင် ၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။ ၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ Myanmar President Office | ||
Posted: 31 Oct 2012 06:02 AM PDT
ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ် ကိုင်ရန် သွားသော စက်လှေ တစ်စီး ဘင်္ဂလား ပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့ သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။
ယင်းမလေးသွား မှောင်ခို စက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်း ဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်း ဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါ စက်လှေ နစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။ ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။ တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။ ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။ Written by သဇင်ဥ By Arakan Times | ||
Posted: 31 Oct 2012 05:06 AM PDT
ပြည်ပ ဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အနည်းဆုံး ဘဏ် စာရင်းငါးခုဖြင့် အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ အပ်နှံထားကြောင်း ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ စောင့်ကြည့် နေသည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။
''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာ ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံများရှိဘဏ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။ 7Day News Journal
| ||
Posted: 31 Oct 2012 04:28 AM PDT
”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့် တော့ပါဘူး။ ကျွန်မအခုချိန်မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ် တစ်ခုခု ရဖို့ပဲ စိတ် ကူးရှိတော့တယ်”
ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်း မြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေး ပညာ အဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှု ပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန် လုပ်ကျွေးမှု ပြုရန် စိတ် ကူးခဲ့သည်။ သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေး ခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် …. ”စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ အတွက် ဘဏ်မှာ လုပ်ချင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးကတည်း က ဘဏ်မှာ CV Form တွေတင် တာ။ ဘဏ်နှစ်ခုမှာ အင်တာဗျူး ဝင်ခွင့်ရခဲ့တယ်။ အလုပ်မရခဲ့ဘူး။ CB ဘဏ်မှာ အင်တာဗျူးဝင်တုန်း က ခေါ်မယ့်ဝန်ထမ်းက လေးဆယ် ကျော်တဲ့။ အင်တာဗျူးလာဖြေတာ က လေးရာကျော်ရှိတယ်။ ဘဏ် တွေက ဝင်ဝင်ချင်း လစာတစ်သိန်း ခွဲပေးတဲ့အပြင်ဖုန်းဆိုလည်း အရစ် ကျနဲ့ဝယ်ပေးတယ်။ Facilities ကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးတော်တော် များများက ဘဏ်မှာလုပ်ချင်ကြတယ်။ အင်တာ ဗျူးတော့ ငွေကြေး ပိုင်းဆိုင်ရာတွေ မေးတယ်။ မေးတဲ့ အထဲက တစ်ခုကို မဖြေနိုင်ခဲ့ဘူး။ နောက်ဘဏ်တွေမှာ အင်တာဗျူး ဖြေရင်းသိရတာက အသိရှိမှအကပ်ရှိမှ အလုပ်ရတာလို့ လည်း ပြောကြတယ်။ ကျွန်မက တော့အဲဒီမေးခွန်း မဖြေနိုင်လို့လား အကပ် မရှိလို့လား မသိဘူး။ အလုပ်မရ ဘူး။ ကျွန်မနဲ့ အင်တာဗျူး အတူတူဝင်တဲ့ သူငယ်ချင်းတစ် ယောက်က အလုပ်ရသွားတယ်။ သူကတော့ အဲဒီဘဏ်မှာ အသိရှိ တယ်လေ”ဟု ဘဏ်ဝန်ထမ်းဘဝ ကို စိတ် ကူးယဉ်ခဲ့သော မသဇင်ကအလုပ်ရရှိရေး အင်တာဗျူးဝင်ခဲ့ပုံ များကို ပြန်ပြောင်းပြောပြသည်။ယခု မသဇင်တစ်ယောက် အလုပ်အင်တာဗျူးပေါင်းများစွာ ဖြေခဲ့ပြီးပြီ။ သို့သော် အလုပ်တစ်ခု မျှ မရသေးပေ။ တစ်နေ့ အလုပ် တစ်ခုရမည်ဟု ယုံကြည်လျက်ပင်။ ”ဒီလ ထဲမှာပဲ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှစ်ခုမှာ CV Form တင် ထားတယ်။Office Staff အနေနဲ့ပဲ တင်ထားတာ။ အင်တာဗျူး တစ်ခါဝင်ပြီးပြီ။ ခန့်မှန်းလစာမေးလို့ ရှစ်သောင်းခွဲ လို့ပြောလိုက်တယ်။ အဲဒီအလုပ် လည်း မရပါဘူး”ဟု စိတ်ပျက်အား လျော့သော လေသံ ဖြင့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိသေးသူ မသဇင် က ပြောသည်။ အလုပ်လက်မဲ့ ၆ သန်း မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသည့်အနက် အလုပ်လုပ်နိုင် သော ဦးရေမှာ ၃၆ ဒသမ ၈၄ သန်းရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုအလုပ်လုပ်နိုင်သူဦးရေထဲမှ ၃ဝ ဒသမ ၄၉ သန်းသော လူဦးရေသာအလုပ်အကိုင်ရရှိနေပြီး ကျန် ၆ ဒသမ ၃၅ သန်းသော လူဦးရေမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း သိရသည်။”မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦး ရေ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ တာနဲ့အမျှ အလုပ်လက်မဲ့ ဦးရေက လည်း နှစ်စဉ်တစ်သန်းလောက်တိုး ပွားနေတယ်” ဟု အ လုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။အထက်ပါ အလုပ်သမားဝန် ကြီးဌာန၏ စာရင်းဇယားသည် အ လုပ်သမားမှတ်ပုံတင်စာရင်းနှင့် အ လုပ်အ ကိုင်ရရှိမှု စာရင်းများကို သာအခြေခံ တွက်ချက်ထားခြင်း ဖြစ်ရာ ရာနှုန်းပြည့် မှန်ကန်မှုရှိသည် ဟုတော့ မဆိုနိုင်ချေ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ တော ရော၊ မြို့ပါမကျန် အလုပ်လက်မဲ့ဦး ရေ များပြားစွာရှိနေသည်။ အလုပ် အကိုင်အခွင့်အလမ်း များပြားစွာ ရှိနေသော ရန်ကုန်မြို့ကြီးတွင် မသဇင်ကဲ့သို့ အလုပ်လုပ်ချင်စိတ်ရှိ ပြီးအလုပ်အကိုင်မရှိသူ များစွာရှိ နေသလို ရန်ကုန်မြို့ရှိ လူငယ် ယောက်ျားလေး အတော်များများမှာ နေ့စဉ် လက်ဖက်ရည်ဆိုင်၊ ဂိမ်း ဆိုင်နှင့် အင် တာနက်ဆိုင်များတွင် ဒုနှင့် ဒေးရှိနေသည်။ တက်စရာသင်တန်းတွေက များ ”B.Com နဲ့ကျောင်းပြီးဖို့ ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းပြီးတော့ တစ်နှစ်လောက် အလုပ်မဝင်သေး ဘဲနဲ့LCCI၊ Computer သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ လျှောက် တက်ခဲ့တယ်။LCCI ဆို Level 2 အထိ တက်ခဲ့တယ်။ ကွန်ပျူတာ ဆိုအခြေခံလိုအပ်တာအကုန်ပဲ။ ဒီသင်တန်းတွေအတွက် သင်တန်း ကြေးက အနည်းဆုံး မကုန်ဘူးဆို ကျပ် သုံးသိန်းလောက်ရှိမယ်။ အခု စာရင်းကိုင်အလုပ်နဲ့ မီဒီယာတစ်ခု မှာ အလုပ်ဝင်လုပ်နေတယ်။ အင် တာဗျူးခေါ်တုန်းကလည်း ဘွဲ့တွေ ကိုကြည့် ပြီး ခေါ်ခဲ့တာပဲ။တကယ့် တကယ်အလုပ်ထဲကျတော့ ကိုယ် သင်ခဲ့ရတာနဲ့ လုပ်ရတာ တခြား စီဖြစ်နေတယ်။ ဒါကြောင့် အလုပ် ကထွက်လိုက်တာတစ်နှစ်လောက် ရှိပြီ”ဟု အသက် ၂၅ နှစ်အရွယ် မသဲစုမိုး ကပြောသည်။ မသဲစုမိုး နည်းတူ ရန်ကုန်မြို့ရှိ ငွေကြေး အတန်အသင့်တတ်နိုင်သူ လူငယ် အတော်များများသည် ကျောင်းပြီး ပါက လုပ်ငန်းခွင် ချက်ခြင်းဝင် ရောက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ရည်ရွယ် ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရင်းအင်းသင်တန်း စသည့် သင်တန်းပေါင်းစုံ ကို ငွေကြေးများစွာအကုန်အကျခံ၍ ဆက်လက် တက်ရောက်ကြသည်။ ထို့ပြင် နယ်မှလာ၍ အလုပ်တစ်ခု လုပ်ရင်း သင်တန်းလာရောက် တက်သူများ လည်းရှိ သည်။ ထို့အတွက် ရန်ကုန် မြို့အပါအဝင်မြန်မာနိုင်ငံရှိ မြို့တိုင်း တွင်ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊စာရင်းအင်းသင် ကုမ္ပဏီတွေကရော လူတစ် ယောက်ရဲ့ အရည်အချင်း ထက် ဓာတ်သိရဲ့ ထောက်ခံချက်ကို ပို အလေးထားသလိုပဲ။ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘာသင် တန်း၊ ညာသင်တန်းဆိုတာတွေကို လူတွေက ပိုက်ဆံပေးလုပ်ကျွေးနေ ကြတာ”ဟု ကိုသက်ထွန်းနိုင်ဆိုသူလူငယ်တစ် တိုင်းပြည်အတွင်း၌ အထက်ပါ ကဲ့သို့ လုပ်ငန်းရှင် လိုအပ်ချက် နှင့် လုပ်သားများ၏ လုပ်နိုင်စွမ်းကို ရေရှည်တွင် ထည့် သွင်းစဉ်းစားရ မည်ဖြစ်သည်။ထုထည်ကြီးကြီးမား မား မဟုတ်သော်လည်း နည်းပညာ အသားပေး နိုင်ငံတကာမှ လာမည့်ရင်းနှီးမြှုပ်နှံသူများက ထိုအချက်ကို ဦးစွာထည့် သွင်းစဉ်းစားမည်ဖြစ် သည်။ ထို့အတွက် တကယ် အလုပ် လုပ်လိုသူများ ကြိုတင်ပြင်ဆင်ထား ရန်လို အပ်သလို နိုင်ငံတော်ကလည်း တက္ကသိုလ်များမှ တစ်ဆင့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်သူများ မွေးထုတ်ပေးရေးနှ င့် သက်မွေး ပညာ ရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်ကြောင်း အငြိမ်းစား အစိုးရ ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောသည်။နည်းပါးသော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်က လိုအပ် လာမည်ဖြစ်သော လူသား ရင်းမြစ် ဆတူအဆင်သင့်ဖြစ်ရန် မြန်မာလူ ငယ်ထုပေါ်တွင်များစွာမူတည်သည်။ ထိုအချက်က ယခုနှစ်အ တွင်း ရန်ကုန်မြို့၌ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ က နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲက သက်သေတည်နေသည်။ ”အဲဒီပွဲတွေမှာ အလုပ်လာ လျှောက်တဲ့ သူတွေအများစုဟာ ငါဘယ်လို အလုပ်ကို လျှောက်မယ် ဆိုပြီး ပြင်ဆင်လာတာနည်းတယ်။ ဒီအတွက် အလုပ်ရရှိမှုနည်းတယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပရေး တာဝန်ခံနှင့် အခွင့်အလမ်းဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးသန်း စိုးက ပြောသည်။ ယင်းအပြင် အလုပ်အကိုင် ရရှိလိုသူများအနေဖြင့် လုပ်လိုသော အလုပ်နှင့် ကိုယ့်အရည်အချင်းကို သေချာစွာ စစ်ဆေးသင့်သည်။ ထို့ အပြင် အလုပ်လက်မဲ့ များရခြင်း၏ အကြောင်းအရင်းမှာ အလုပ်အ ကိုင်အခွင့်အလမ်းနေရာ နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြပွဲ ၌ လာရောက်ပြသသော ကုမ္ပဏီ နှင့် အလုပ်အကိုင်ရှာဖွေသည့် လူဦးရေမျှတမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောပြသည်။”ဒီမှာက ကုမ္ပဏီတွေနဲ့ လုပ် ငန်းတွေကတော့ အစုံပါပဲ။ အလုပ် လာလျှောက်တဲ့ သူတွေလည်း အစုံပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းရှားပါးတယ်ဆိုတာ က တော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့ ထက် လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါ တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို ယုံမိလို့ ”ဆိုင်မှာ ဗီနိုင်းလေးဘာလေး လာအပ်ရင် Photoshop ကျွမ်း ကျင်ဝန်ထမ်း လိုတဲ့အကြောင်း အခွင့်အလမ်းဂျာနယ်ကနေ ကြေ ညာခဲ့တယ်။ အဲဒီမှာ အလုပ်ရှာတဲ့ အေဂျင်စီတစ်ခုက ဖုန်းလှမ်းဆက် ပါတယ်။ အရည်အချင်း စစ်ဆေး ပြီးသား၊ကျွမ်းကျင်တဲ့လျှောက် လွှာရှင် တစ်ယောက် ရထားပါ တယ်ပေါ့။ လာပို့ရမလားဆိုပြီး မေးပါတယ်။ ဟုတ်ပါပြီ။ အကျိုး ဆောင်ခ ဘယ်လိုပေးရမလဲပေါ့။ တစ်ယောက်ကနေ ဆယ်ယောက် အထိ အင်တာဗျူးပို့ပေးရင် ၅ဝဝဝ ယူပါတယ်။ တစ်ယောက်တည်း ဆိုရင်လည်း၅ဝဝဝ ပါလို့ပြော တော့၊ ဟုတ်ပါပြီ၊ ခေါ်လာခဲ့ပါ၊ တကယ်ကျွမ်းကျင်ရင် ခန့်မှာပါလို့ ပြောလိုက်တယ်။ အေဂျင်စီက ဝန်ထမ်းလုပ် ချင်တဲ့ ကလေးတစ်ယောက် လာပို့ ပါတယ်။ စိတ်ချပါ အစ်မ။ ကျွန်မ တို့ အသေအချာစစ်ဆေးပြီးမှ လာ ပို့တာဆိုလို့ လက်ခံလိုက်ပါတယ်။ ကလေးက ဓာတ်ပုံတွေဖြတ်တာ၊ နောက်ခံချိန်း တာ၊ ပြောင်း တာ တွေအဟုတ်ပါပဲ။ ဆိုးတာက အဲ ဒါတစ်ခုကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဓာတ်ပုံအောက်မှာ ပုံစာလည်း ရိုက်ခိုင်းရော ဘာမှ မရိုက်တတ် ဘူး ဖြစ်နေတယ်။ ကျောင်းပညာ က ဆယ်တန်းအောင်တဲ့။ အောင် လက်မှတ်က အတုဖြစ်နေတယ်။ အဲဒါနဲ့ သနားလို့ ၁၅ ရက်စာ လုပ်ခပေးပြီး ပြန်လွှတ်မယ်ဆို တော့ သူ့မှာ လည်း အစ်မတို့က ပေး မယ်လို့ သဘောတူထားတဲ့ တစ်လ စာကို အေဂျင်စီမှာ ပေးခဲ့ရတယ် လို့ပြောတော့ သနားတာနဲ့တစ်လ စာပေးလိုက်ရတယ်။ ဒီလိုအေဂျင် စီတွေ ဆီကနေပို့တဲ့အလုပ်သမား ကို ကျွန်မတို့ ဘယ်လိုယုံကြည်ရ မလဲဟု ကွန်ပျူတာစာစီနှင့် ဓာတ် ပုံဆိုင်ရှင်တစ်ဦးက ပြောပါသည်။ ဥပဓိရုပ်ရှိဖို့လို လက်ရှိ ပြည်တွင်း အလုပ်အ ကိုင်နေရာအများစုသည် ၄င်းတို့ ဝန်ထမ်းဖြစ်လာမည့် သူကို အင်တာဗျူးစဉ်၌ပင် တစ်ကိုယ် ရည်သန့်ရှင်းမှုကို ဆန်းစစ်လေ့ရှိ ကြောင်း ၊ ခေတ်လူငယ်များ၏ နေထိုင်မှု ပုံစံများ ဖြစ်သည့် နားကပ်တပ်ခြင်းနှင့် ဆံပင်ပုံစံထူးထူးခြားခြားများကိ ဘွဲ့လက်မှတ်ထက် အတွေ့အကြုံက အရေးပါ ”အခုခေတ်မှာက ဘာအောင် လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ ရနေပြီ။ ဘွဲ့မရတဲ့ သူတစ်ယောက် ကလည်း လိုချင်တဲ့ ဘွဲ့ကို အတု လုပ်လို့ရတယ်။ ဒီတော့ လုပ်ငန်း ရှင်တွေက ကိုယ့်အလုပ်နဲ့ တကယ်အကျွမ်းတဝင်ဖြစ်နိုင်တဲ့သူ မိုးမြင့်မြတ်ရေးဖွဲ့သည်။ by Popular Myanmar News Journal သတင်းအချက်အလက် – ဝေယံမိုးမြင့်၊ မေဇင်ဝင်း၊ ထက်ထက်မိုးမြင့်၊ အိမ်စည်စိုးစံ | ||
Posted: 31 Oct 2012 04:16 AM PDT
မြန်မာနိုင်ငံမှ ပြည်ပသို့ ပေးဆပ် ရန်ရှိသည့် ကြွေးမြီ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀၀ကျော် (၁၅ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။
ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ဒုဝန် ကြီးက မြန်မာနိုင်ငံ၏ ကြွေးမြီ တိုးရင်း စုစုပေါင်းမှာ ဒေါ်လာ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး ၏ မေးခွန်းကို ဖြေကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ ဇန်န၀ါရီ ၃၁ ရက်က ကျင်းပခဲ့ သော အမျိုးသား လွှတ်တော်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများ သို့ ပေးဆပ်ရန်ရှိသော ကန်ဒေါ်လာ ၁၁၀၂၃ ဒသမ ၂၈၉ သန်း (ဒေါ် လာ ၁၁ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးကြေ ထို့ကြောင့် ပြည်ပသို့ ပေး ဆပ်ရမည့် ကြွေးမြီတိုးရင်း စုစု ပေါင်းမှာ ဆယ်လအတွင်း ဒေါ် လာသန်း ၄၀၀၀ ကျော် (၄ ဘီလီယံကျော်)တိုးလာခြင်းဖြစ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ စက်တင်ဘာလကုန်အထိ လည်ပတ်သုံးစွဲနေသော ငွေပမာဏ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဒသမ ၉၅ (ကျပ်ငွေ၆ဒသမ၂ ထရီလီယံခန့်)ရှိကြောင်း ဒုဝန်ကြီးကပြောကြားသည်။ ဦးမောင်တိုး၏ မေးခွန်းတွင်ပါဝင်သော နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးမည်မျှရှိကြောင်း မေးခွန်းကို စိစစ်ဆောင်ရွက် ဆဲဖြစ်ပြီး သီးခြား တင်ပြသွားမည်ဟု ဦးမောင်မောင်သိမ်း က ဖြေကြား ခဲ့သည်။ ၂၀၁၂ဇန်န၀ါရီအထိ တစ် နိုင်ငံလုံး လည်ပတ်သုံးစွဲငွေ ကျပ် ၅၆၀၀ဘီလျံ(၅ဒသမ၆ထရီလီယံ) ကျော်ရှိခဲ့ သည်။ ထို့ ကြောင့် ကိုးလ၀န်းကျင်အတွင်း ၆၀၀ဘီလျံနီးပါး တိုးလာခြင်းလည်းဖြစ်သည်။ 7Day News Journal
| ||
Posted: 31 Oct 2012 03:56 AM PDT
ဧရာဝတီတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းလမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးအား လွှတ်တော် ကိုယ်စားလှယ်များက စွတ်စွဲ ပြစ်တင်ခဲ့သော ကိစ္စရပ်များအား ပြန်လည် ရုပ်သိမ်း လိုက်ပြီ ဖြစ်သည်။
တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် ၀တ္တရားများကို ဟန့်တား နှောင့်ယှက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူနှင့် ကင်းကွာအောင် ပြုလုပ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တာဝန်ထမ်းဆောင်၍ ဆက်လက် လုပ်ဆောင်၍ မရတော့အောင် ဖြစ်ခဲ့ရသည့် ကိစ္စရပ်များအတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦးမှ လက်မှတ်ရေးထိုးကာ ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်း လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးဦသန်းထွန်းတို့အား စွပ်စွဲပြစ်တင်ခြဲ့ခင်း ဖြစ်သည်။ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေး တိုင်းလွှတ်တော်မှ စွပ်စွဲပြစ်တင်မှုကို ဥပဒေနှင့် အညီရုပ်သိမ်းခဲ့ခြင်းလည်းဖြစ် မျိုးမင်းထွန်း ဧရာဝတီတိုင်း (မြစ်မခ) by Myit Makha Mediagroup | ||
Posted: 31 Oct 2012 04:00 AM PDT
၁။ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာ နယ်နမိတ် အတွင်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် အသုံးပြု လိုသူများသည် www.mpt.net.mm website တွင် ပါရှိသော လျှေက်လွှာ ပုံစံကို Download ပြုလုပ်ပြီး လိုအပ်သော စာရွက် စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် အင်ဂျင်နီယာ ချုပ်၊ သတင်း အချက် အလက်နှင့် နည်းပညာဌာန၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေး အဆောက်အဦး၊ (၈)မိုင် ၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ လျှောက်ထား နိုင်ပါသည်။
လျှောက်လွှာပုံစံ ယူရန် ဒီနေရာကို နှိပ်ပါ ၂။ပြည်နယ်နှင့် တိုင်းဒေကြီး နယ်နမိတ်များ အတွင်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် အသုံးပြုလို သူများသည် www.mpt.net.mm Website တွင် ပါရှိသော လျှောက်လွှာပုံစံကို Download ပြုလုပ်ပြီး လိုအပ်သော စာရွက်စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း | ||
Posted: 31 Oct 2012 03:41 AM PDT
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် နန့်မော်ရွာ ၌ အောက်တိုဘာ လ(၃၀)ရက် နေ့နေ့လည်ပိုင်းက နန့်မော်ရွာ၌ ခရီးသည် တင်ကား ကားသေနတ် မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံ များထံက သိရှိရသည်။
အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖားကန့်မှ တာမခံသို့ သွားသော ခရီးသည်တင် ကားသည် နန့်မော်ရွာ တွင် သေနတ်ထိ မှန်ခဲ့ပြီှး တာမခံနယ်ေ ညာင်ပင်ကုန်းရွာမှ ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ မဆွေဆွေအောင် အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ ကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာအသီးသီးရခဲ့ကြောင်း သိရှိရသည်။ “အစိုးရတပ်နဲ့KIAတို့တိုက်ပွဲက ကျည်ဆံလာမှန်တာလို့ ပြောတယ်၊နန့်မော်ရွာနားမှာ ဖြစ်တာပါ နှစ်ယောက် ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊သုံးယောက်ဒဏ်ရာရတယ် အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့တွင် ဖားကန့်မြို့နယ်အမှိုက်ခုံရွာ၊ “ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဖို့အတွက် ဆုတောင်းပြီးသုံးနေရာခွဲပြီး မီးပုံးသုံးလုံးလွှတ်တင်လိုက်တယ် ကချင်ပြည်နယ်တွင် (၁)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်ကေနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့ အောက်တိုဘာလ(၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံရွှေလီမြို့၌အစိုး ငြိမ်းချမ်း(မြစ်မခ) by Myit Makha Mediagroup | ||
Posted: 31 Oct 2012 03:32 AM PDT
တရုတ်ပြည်သို့ ရှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ် ကျေးရွာမှတဆင့် ယခုလ အောက်တိုဘာ (၂၉)ရက်နေ့မှ စ၍ ပြန်လည် တင်ပို့ရန် အတွက် နွားအကောင်ရေ (၅၀၀)ကျော် ဆမ္မဆယ် ကျေးရွာ ၌ ရောက်ရှိ နေကြောင်း ဒေသခံများ ထံက သိရှိရသည်။
အဆိုပါ နွားများမှာ ဆမ္မဆယ်ကျေးရွာ အနောက်ရှိ တောင်နှစ်လုံးကြားတွင် ထားရှိကြောင်း ကိုလည်း သိရသည်။ ယခုနှစ် ဇန်န၀ါရီလပိုင်းမှ စတင်ကာ ဆမ္မဆယ်မှ တဆင့်တရုတ်ပြည်သို့ နေ့စဉ် နွားအကောင်ရေ(၁)ထောင် နီးပါးတင်ပို့နေပြီှး ယခုနှစ် စက်တင်ဘာလ အတွင်းတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့် ရပ်နားထားရာမှ ယခုလ (၂၉)ရက်နေ့တွင် ဆမ္မဆယ် ကျေးရွာအနောက် ဘက်တောင်ကြားထဲတွင် နွားအကောင်ရေ(၅၀၀)ကျော် ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။ “ဒီနှစ်စတုန်းက နေ့တိုင်းအကောင်ရေ တစ်ထောင်တင်ပို့နေတာ ရဲတွေက ဖမ်းလိုက်တော့တစ်လလောက် နားသွားသေးတယ် အခုဒီလ တင်ပို့ဖို့လုပ်နေပြီ”ဟု ဆမ္မဆယ်ကျေးရွာသား တစ်ဦးက ပြောသည်။ ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီးပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့ နွားဖမ်းဆီး မှု(၄)မှု ဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာမှ အကောင် (၃၀)ဖမ်း ဆီးထားကြောင်းကိုလည်း သိရှိရသည်။ “ကျွန်တော်တို့ ကိုးလပိုင်းအတွင်းက သတင်းရတော့ သွားရောက်ဖမ်းဆီးမှုတွေ လုပ်ထားပါတယ် ပိုင်ရှင်မဲ့တွေ များပါတယ်၊ ဒီနှစ်အတွင်းမှာနွားဖမ်းဆီးမှုေ ယခုလိုနွားများအလွန်အကျွံတင်ပို နောင်ချိုမြို့နယ်ဆမ္မ ဆယ်မှတဆင့် တရုတ်ပြည်သို့ နွားများကို(၁၂)ဘီးကားများဖြင့် တင်ပို့ပြီး ကားတစ်စီးလျှင် နွားအကောင်ရေ(၂၅)ကောင်မှ(၃၀)ကြာ တရုတ်ပြည်သို့နွားတင်ပို့ရာတွ အဆိုပါနွားတင်ဆောင်သော ကားများမှာ ည(၉)နာရီဝန်းကျင်အချိန်တွင်ဖြတ် ငြိမ်းချမ်း(မြစ်မခ) by Myit Makha Mediagroup | ||
Posted: 31 Oct 2012 12:07 AM PDT
ရခိုင် ပြည်နယ် အတွင်း ယခုထက် အခြေအနေ ပိုမို ဆိုးရွား လာပါက စစ်အုပ်ချုပ်ရေး ကြေညာ နိုင်ဖွယ် ရှိပြီး စစ် အုပ်ချုပ်ရေးကို ရခိုင် တိုင်းရင်းသားများ အနေဖြင့် လိုလားမှု မရှိကြောင်း ရခိုင် တိုင်းရင်း သား ခေါင်းဆောင် အချို့က ပြောသည်။ “ရခိုင်မှာ မငြိမ် သက်မှုတွေ ဖြစ်တာ ကြာလာရင် ပုဒ်မ ၁၁ အရ ဆောင်ရွက် သွားမယ်လို့ ပြည်ထဲရေး ၀န်ကြီးက လွှတ်တော်ထဲမှာ ပြောသွားတယ်။ ဒီထက်ဆိုးလို့ စစ်အုပ်ချုပ်ရေး ကြေညာရင် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 30 Oct 2012 11:50 PM PDT
ရန်ကုန်မြို့တွင် လူအများ ရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွား လာခြင်းကို တွေ့ရကြောင်း မြို့နေ ပြည်သူများနှင့် ဥပဒေ နယ်ပယ်မှ ပုဂ္ဂိုလ်များက ပြောကြားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွား လာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်း ညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်း တစ်လျှောက် ကားနှင့်တရွတ် တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာ တစ်ဦး၏ အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပ မြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင် အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခ |
[Message clipped] View entire message
No comments:
Post a Comment