ပြောရင်လည်း ကြိုက်ကြမှာ မဟုတ်ဘူး။ စာဖတ်ခြင်း လေ့လာခြင်းတွေလည်း အလွန်ပဲ အားနည်းလာ ကြတယ်။ တစ်ထွာပြရင် တစ်တောင် မြင်တာမျိုး မဟုတ်တော့ဘဲ တစ်သံကြားရင် ဆယ်သံစာလောက် ချဲ့ကားပြောကြတယ်။ ဘာမှအဓိပ္ပာယ်မရှိတဲ့ ဗျုပ္ပတ်တွေ ထွင်လာကြတယ်။
Tuesday, July 31, 2012
အစိုးရ မဖြစ်မီနှင့် ဖြစ်အပြီး
by 7Day News Journal on Tuesday, July 31, 2012 at 10:14pm ·
ရေးသားသူ- မောင်သာချို
(တစ်)
ဟုတ်မှ ဟုတ်ပါရဲ့လားဟုဆိုကာ ကိုယ့်မျက်လုံးကို ကိုယ်ပြန်ပွတ်သပ်ပြီး နောက်တစ်ခါ ပြန်ကြည့်ရသည့် သတင်းတစ်ပုဒ်ကို ယခုရက်ပိုင်း ကလေးများအတွင်း သတင်းစာမျက်နှာများပေါ်၌ ဖတ်ခွင့်ရရှိခဲ့ပါသည်။ ယခင်အစိုးရ အဆက်ဆက်မရှိခဲ့ဖူးသည့် သတင်း။ Clean Government ခေါ် သန့်ရှင်းသော အစိုးရအတွက် မရှိမဖြစ်သတင်း၊ Good Governanceခေါ် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အလိုအပ်ဆုံးသတင်း။
အစိုးရအဖွဲ့ဝင်တွေ ကိုယ့်အိတ်ထဲမှာ ရှိသမျှကို အိတ်သွန်ဖာမှောက်ချပြထားကြရလေမတဲ့။ ပြည်ထောင်စုအဆင့် အစိုးရအ ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအ ဖွဲ့ဝင်များသည် မိမိတို့၏ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေညာကာ မှတ် တမ်းတင်ထားရန်ဖြစ်ပါသည်။
ဘာသာမဲ့တွေရေ၊ ဒါ နိုင်ငံအတွက်ပါ။ ပြည်သူတွေ အတွက်ပါ။
by Than Saw on Tuesday, July 31, 2012 at 7:13pm
နိုင်ငံစီးပွားရေးတိုးတက်မှုအတွက်ဘဲ ဖြစ်ဖြစ်၊ မိမိကိုယ်ပိုင် စီးပွားရေးအတွက်ဘဲဖြစ်ဖြစ်၊ မြန်မာ ဘုရင် မိဖုရားတွေ၊ ဘုရင် မယားမြှောင် အမှတ် ၆၀၀ မှ ဆင်းသက်လာကြတဲ့ မင်းသားမင်းသမီးတွေနဲ့ တခြား လူဘုရားထီး လူဘုရားမ အရိုးတွေကို ထိုင်ရှိခိုးကြတာကို အပြစ်မတင်ပါနဲ့။
ဒီအရိုး ဓါတ်တော်တွေ ရုပ်ထုတွေ ဓါတ်ပုံတွေ အဝတ်အစားဟောင်းတွေကို ကိုးကွယ်ပြသတာဟာ နိုင်ငံအတွက် အင်မတန် အကျိုးရှိပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကို သင်္ချုင်းဝင်ခွင့်လက်မှတ်တွေ၊ ပြတိုက်ဝင်ခွင့် လက်မှတ်တွေ ရောင်းစားပြီး နိုင်ငံခြားဝင်ငွေရှာနိုင်ပါတယ်။
01.08.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, July 31, 2012 at 6:20pm ·
အိုလံပစ် ဆုတံဆိပ် ၁၉ ခုနဲ့ ဆုတံဆိပ် အများဆုံး စံချိန်တင်ခဲ့တဲ့ မိုက်ကယ်ဖဲ့
မိုက်ကယ်ဖဲ့ အိုလံပစ် ဆုတံဆိပ် စံချိန်တင်ရ
အမေရိကန်က နံမယ်ကြီး ရေကူး သမား Michael Phelps ဟာ လန်ဒန် အိုလံပစ် စတုထ္ထနေ့မှာ ရွှေတခုနဲ့ ငွေတခု ထပ်ယူခဲ့ပြီး နောက် စုစုပေါင်း အိုလံပစ် ဆုတံဆိပ် ၁၉ ခုနဲ့ ဆုတံဆိပ် အများဆုံး ရတဲ့ အိုလံပစ် အားကစား သမား ဖြစ်လာခဲ့ပါတယ်။
၁၇၊၀၇၊၂၀၁၂ ရက်နေ့ထုတ် news watch weekly ဂျာနယ် ပါ ဆောင်းပါးလေးပါ။ သောကြာသမီး ရေးသားခဲ.တာပါ ပြည်သူများအတွက် အကျိုးရှိမယ်ထင်လို. ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။
ယခင်ခေတ်အဆက်ဆက် မြန်မာတွေ ဆီကြိတ်ဆုံကြီးများ သုံးကာ ပဲဆီ၊ နှမ်းဆီစစ်စစ်များကို စားသုံးလာသော်လည်း ယနေ.ခေတ်တွင်တော.တိုးတက်လာပါသည်ဟုဆိုကာ အဆင်သင်.(ရယ်တီမိတ်)တွေဖြစ်လာသည်။
သင်သည် ဘယ်လို ဆက်သွယ်ပြောဆိုသူ အမျိုးအစား ဖြစ်ပါသလဲ (What type of communicator are you? by Guy Perring)
Posted by Myanmar Network on June 22, 2012
နှုတ်နဲ့ ပြောဆိုတာချင်း တူပေမယ့် လူမှုဆက်ဆံရေး နယ်ပယ်မှာ ပြောဆိုတာနဲ့ အလုပ်ထဲမှာ ပြောဆိုတာ
နှုတ်နဲ့ ပြောဆိုတာချင်း တူပေမယ့် လူမှုဆက်ဆံရေး နယ်ပယ်မှာ ပြောဆိုတာနဲ့ အလုပ်ထဲမှာ ပြောဆိုတာ
လိုအပ်ချက်ချင်း အများကြီး ကွာခြားပါတယ်။ လုပ်ငန်းခွင်မှာ နှုတ်နဲ့ ဆက်သွယ်ပြောဆိုမယ်ဆိုရင် ၀န်ထမ်းများအနေနဲ့ မိမိတို့ရဲ့ အဓိက ဆက်သွယ်ပြောဆိုပုံဟန်ကို သိရှိထားရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုပုံဟန် ဘယ်လို ပေါ်လွင်ထင်ရှားလာတယ်ဆိုတာကိုလည်း သိရပါမယ်။ ၀န်ထမ်းများဟာ ကိုယ့်ရဲ့ ဆက်သွယ်ပြောဆိုမှု ဟန်နဲ့ မတူညီတဲ့ အခြားသော ဆက်သွယ်ပြောဆိုမှု ချဉ်းကပ်ပုံများကိုလည်း နားလည်သဘောပေါက်ပြီး တန်ဖိုးထားတတ်ရပါမယ်။ ဆက်သွယ်ပြောဆိုမှု ဟန် မတူညီသူနဲ့ ပြောတဲ့ဆိုတဲ့အခါ အဆင်ပြေအောင် ညှိနှိုင်းမှုတွေလည်း ပြုလုပ်တတ်ရပါမယ်။ ကိုယ့်ရဲ့ ဟန်နဲ့ တစ်ဖက်သားရဲ့ ဟန်တို့ကို သိရှိနားလည်ခြင်းဖြင့် နောင်အခါ ဆက်သွယ်ပြောဆိုရာမှာ အောင်မြင်မှု ပိုမိုရရှိစေနိုင်တဲ့ ဆက်သွယ်ပြောဆိုမှု မဟာဗျူဟာတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရ အဆင့် သတ်မှတ်ချက်
by Duwa Kachin on Friday, June 22, 2012 at 9:26am
လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်
by Lu Cifer on Tuesday, July 31, 2012 at 7:06am
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံတင်ပြရမည်
by Mizzima - News in Burmese on Tuesday, July 31, 2012 at 7:58am ·
မျိုးသန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။
“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။
Microsoft Office 2013 အကြောင်း သိထားသင့်သမျှ
by Internet Journal on Tuesday, July 31, 2012 at 4:19am ·
ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်မှု ပြန်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ် ကွန်ရက်မှ တောင်းဆို
by Yangon Press International on Tuesday, July 31, 2012 at 9:20am ·
စာပေ စိစစ်ရေး မှ သတင်းဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးရန် ပြည်တွင်း သတင်းမီဒီယာ အဖွဲ့အစည်း တခုဖြစ်သည့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN မှ တောင်းဆိုသွားရန် ယနေ့ဆုံးဖြတ် လိုက်ကြောင်း သိရှိရသည်။
ယနေ့ညနေ ပြုလုပ်သည့် MJN အစည်းအဝေးမှ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြောင်း ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သူ သတင်းအယ်ဒီတာ တဦးက ပြောသည်။
"ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ" (မောင်ဝံသ)
by Maung Wuntha on Tuesday, July 31, 2012 at 10:09am ·
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ်ါမနအောနည အ့ငညုေူငုန လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။
အမှတ်တရဖေဖေ (စောဘဦးကြီး) သားဖြစ်သူ မိုက်ကယ်ကြီး ရေးသည်။
by တကျော့ ပြန်ဟစ် တလာ on Tuesday, July 31, 2012 at 12:15pm ·
Posted by အဲခေါင်သောင့် at 3:23 PM
သူ့အရပ်က ၅ ပေ ၈ လက်မရှိပြီး ဆံပင်ကိုသေသပ်စွာနောက်ပြန်ဖြီးလေ့ရှိတယ်။ ပခုံးကျယ်ပြီးကြွက်သားလှိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ဟာ ယောက်ျားပီသပြီး အလွန်ကြည့်ကောင်းသူ တယောက် ဖြစ်တယ်။ လေးထောင့် ကျကျမျက်နှာမှာအပြုံးရိပ်တွေ အမြဲ ဝေနေပေမဲ့ လေးနက်တည်ကြည်စွာ ခန့်ညားနေတဲ့သူ့ကို ကင်းဘရေ့ဂ်ျတက္ကသိုလ်(Cambridge University) မှခင်မင်သူ မိတ်ဆွေတွေက ဖရက်ဒ်အလဲန်(Fred Allen) လို့ခင်မင်စွာခေါ်ကြတယ်။
အမြဲလိုလို မျက်မှန်တပ်ထားလေ့ ရှိတဲ့သူ့ကို ဓာတ်ပုံထဲမျက်မှန် မပါဘဲတွေ့ရတော့တမျိုးလေးဆန်းနေ သလိုပါဘဲ။
ဟိုမှာဘက် ကမ်းမှ သည်
by Zay Ya on Sunday, January 8, 2012 at 9:34am
လောက်ဇူ ရဲ့ ဆိုစကား က
“တည်ငြိမ်သော အရာသည် ဖမ်းကိုင်ရ လွယ်ကူသည်။မထင်ရှားသော အရာသည် နိမိတ်ဟောရ လွယ်ကူသည်။ကျိုးပျက်လွယ်သော အရာသည် ကျေမွသွား ဖို့ရာ လွယ်ကူ၍သေးငယ်သော အရာသည် လွင့်ပါသွားဖို့ရာ လွယ်ကူသည်။ထို့ကြောင့်မရှိလာခင် ကတည်းက ခွဲခြမ်းစိတ်ဖြာ၍၊မရင့်မြည့် ခင်ကတည်းက ထိန်းသိမ်းစောင့်ရှောက်အပ်၏။မိုင်ထောင်ချီသော ခရီးသည် ခြေတစ်လှမ်းမှသာ စတင်၏။
နေ့စွဲပျောက်နေသော သက္ကရာဇ်များ
ထောင်ဆိုတာ နံရံလေးဘက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရား ဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှုဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။
`၀တ္ထုတိုရေးသားနည်း´´
ရေးသားသူ နိုင်လင်းထွန်း သည် ဇူလိုင်လ 31, 2012 တွင် 5:32pm အချိန်၌ရေးသားခဲ့သည်။စာပေးမယ် ဘလော့ ပို့(စ်)ကြည့်မယ်
ဟုတ်ကဲ့ ... ယခုတစ်ခါ ``မြန်မာအိုင်တီနန်းတော်´´ ရဲ့ ၀တ္ထုတိုပြိုင်ပွဲကို ကျင်းပတာသိရတဲ့အခါမှာ ကျွန်တော် သူငယ်ချင်းများအတွက် ၀တ္ထုတိုရေးသားနည်းကို မျှဝေရရင် ကောင်းမှာပဲ ဆိုပြီး စိတ်ကူးပေါ်လာလို့ နောက်ပြီး အကြောင်းလည်း တိုက်ဆိုင်လာလို့ မျှဝေလိုက်တာပါ။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၇)
သစ်ထူးလွင်
|
- တက္ကသိုလ်နဲ့ ကျောင်းတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးဖို့  ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး (ရုပ်/သံ)
- သီပေါမင်းအရိုးအိုး ပြန်သယ်ရန် လွှတ်တော်တွင် တင်ပြ
- တောင်ငူ၊ ဘားအံနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်
- ငွေကောက်ခံပြီး မီးမပေးတဲ့ ဝန်းသိုမြို့နယ် ၂၄နာရီ မီးလင်းရေး ကော်မတီ
- NGO ဆန်းစစ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း (ရုပ်/သံ)
- လစာတပြေး ညီတိုးပေးရန် (Tefel) ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ဆန္ဒပြ
- ယနေ့တင်သွင်းခဲ့သော ၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်
- သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး
- The Voice ဂျာနယ်ကို အကန့်အသတ်မရှိ ပိတ်ပင်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေဆိုင်ရာ အစည်းအဝေးပွဲကြီးတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို ကြေညာအသုံးပြုခဲ့ပြီး (၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ပြင်သစ်နိုင်ငံရှိ Palais de Chaillot တွင် အတည်ပြုခဲ့သည်။)။
စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ
မာမာ
စာဖတ်သော အယ်ဒီတာ
အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၂) (၃)
by ငြိမ်းအေးအိမ် on Monday, July 30, 2012 at 6:22am ·
(၂)
မြေပုံများပေါ်တွင် နိုင်ငံနယ်နမိတ်များသည် လှပပျော့ပြောင်းစွာ ကွေးညွှတ်နေသည်ကို မြင်တွေ့ဖူးကြ ပါလိမ့်မည်။ အမှန်တော့ ထိုအရာများသည် စိတ်ကူးမျဉ်းများမျှသာဖြစ်၏။ အချုပ်အခြာ အာဏာကိစ္စအတွက် ရေးဆွဲသတ်မှတ်ထားကြရခြင်းသာဖြစ်၏။ တကယ့်မြေပြင်တွင် ထိုမျဉ်းများမရှိ။ မျဉ်းမရှိသော မြေများပေါ် တွင် လူ့မျိုးနွယ်စုတို့သည် အဆင်ပြေရာ၊ အနွယ်တူရာ စုနေကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၏ နယ်စပ်မျဉ်းများတွင် ရှိနေကြသော ကျွန်တော်တို့တိုင်းရင်းသားများနှင့် “မျိုးတူ”များသည် နယ်နမိတ်ချင်း ထိစပ်နေသည့် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရှိနေကြသည်သာဖြစ်၏။
ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များက နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း
by Ko Kyi Win on Monday, July 30, 2012 at 4:09am
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များ လက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်။
တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Good/Hope/Is it/Far/Give)
Posted by Language Republic on June 26, 2012 at 13:22
အဲ့ဒါက အဆင်မပြေဘူး that’s no good သည် တစ်စုံတစ်ခုသည် လက်ခံနိုင်ဖွယ်မရှိသောအခါ (သို့) မသင့်တော်သောအခါ (သို့) အဆင်မပြေသောအခါတွင် အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။
That's no good (အဲ့ဒါက အဆင်မပြေဘူး)
အဲ့ဒါက အဆင်မပြေဘူး that’s no good သည် တစ်စုံတစ်ခုသည် လက်ခံနိုင်ဖွယ်မရှိသောအခါ (သို့) မသင့်တော်သောအခါ (သို့) အဆင်မပြေသောအခါတွင် အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။
- We have a one-bedroom holiday flat left. That's no good, unfortunately. There's my wife and myself and two children.'
ကျွန်တော်တို့မှာ အိပ်ခန်းတစ်ခန်းပါ ပိတ်ရက်သုံး တိုက်ခန်းတစ်ခန်း ကျန်သေးတယ်။ ကံမကောင်းချင်တော့ အဲဒါက အဆင်မပြေဘူး။ ကျွန်တော်ကိုယ်တိုင်အပြင် အမျိုးသမီးနဲ့ ခလေးနှစ်ယောက်ပါရှိတာ။
နိုင်ငံရေးဆိုတာ ခေါင်းပါပဲကွာ ဆိုတဲ့...... ဦးလေးကိုဖိုးမြစ်
Posted by aung htet on July 31, 2012 at 9:00amSend Message ဘလော့ ပိုစ်ကြည်မယ်
ကျွန်တော့်အမေ့မောင်..ဦးလေးကိုဖိုးမြစ်အကြောင်း သတိရတုန်းလေးပြောပြချင်ပါတယ်..
အမေ့ဇာတိက..ခုကျွန်တော်အမေနေတဲ့ မြို့လေးနဲ့သုံးမိုင်လောက်ဝေးတဲ့အိမ်ခြေ ခုနစ်ဆယ်လောက်ရှိတဲ့တောရွာလေးပါ။
“အလှည့်ကျလာပြီ” (စိမ်းခက်စိုး)
by Sein Khat Soe on Monday, July 30, 2012 at 11:57pm ·
တခါတုန်းက တောအုပ်တစ်ခုထဲမှာ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုတို့ ပျောက်ကျားတပ်စုကို ဘာတစ်စတာ အစိုးရတပ်တွေဝိုင်းမိပြီး စစ်ဆေးပါတယ်။ အဲဒီအချိန်က ကက်စထရိုကို တွေ့တဲ့နေရာမှာ အသေပစ်သတ်ဖို့ လျှို့ဝှက်အမိန့် ထုတ်ထား တဲ့အချိန်ပါ။ အဲဒီ ပျောက်ကျားတပ်သားတစ်ယောက်ချင်းစီကို လက်မျြောက်ခိုင်းထားပြီး ရှာတဲ့ အချိန်မှာ အရာရှိလေးတစ်ယောက်က ကက်စထရိုကိုစစ်ရင်းတိုးတိုးလေးကပ်ပြောတာက “ခင်ဗျားကိုယ်ခင်ဗျား ကက်စ ထရို လို့လုံးဝမပြောပါနဲ့”တဲ့။ ဘာတစ်စတာ အစိုးရ တပ်ကအရာရှိတစ်ယောက်၊ ကက်စထရိုကို သတ်နိုင်ရင် ရာထူးလည်း ရနိုင်သလို၊ သူ့အနာဂတ် အခွင့်အရေးတွေအများကြီး၊ ဒါပေမယ့် တကယ်လုပ်သွားတာက ကက်စထရိုကို တိုးတိုးတိတ် တိတ်ကယ်တင်သွားတာပါ။
Monday, July 30, 2012
သတိုးမဟာဗန္ဓုလ
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Monday, July 30, 2012 at 2:17am ·
မဟာဗန္ဓုလသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော စစ်သူကြီး ဖြစ်သည်။ ရွာငယ်လေးတွင် မထင်မရှားသော အမျိုးအနွယ်မှ ဖွားမြင်ခဲ့သော်လည်း ရဲစွမ်းသတ္တိရှိ၍ စစ်ရေးစစ်ရာတွင် ထူးချွန်သောကြောင့် စစ်သူကြီးဖြစ်လာသူ ဖြစ်သည်။ ဘွဲ့အမည် အပြည့်အစုံမှာ စစ်သူကြီး သတိုးဓမ္မမဟာဗန္ဓုလ ဖြစ်သည်။ သတိုးဘွဲ့သည် မင်းညီမင်းသားတို့သာ ခံယူရရှိသည့် ဘွဲ့ဖြစ်သည်။ စစ်သူကြီးဘွဲ့သည် အိမ်ရှေ့မင်းသားတို့သာ ရရှိသော ဘွဲ့ဖြစ်သည်။ အရည်အချင်း အထူးပြည့်စုံလှ သဖြင့် ထိုဘွဲ့များ ပေးအပ်ခံရခြင်း ဖြစ်သည်။
မဟာဗန္ဓုလ၏ ငယ်မည်မှာ မောင်ရစ်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၄၄ ခု (ခရစ်နှစ် 1782 ) တွင် အလုံတိုက်နယ် ငပယင်းရွာတွင် ဖွားမြင်သည်။ အဖ ဦးပေါက်တော အမိ ဒေါ်မိငြိမ်းတို့၏ သားဖြစ်သည်။
31.07.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, July 30, 2012 at 4:37pm
အဆင့်သတ်မှတ်တဲ့ ပွဲမှာ အဆင့် ၅၆ သာရရှိခဲ့တဲ့ မြားပစ်ပြိုင်ပွဲက နေမျိုးအောင်ကတော့ ဒီကနေ့ ရှုံးထွက်ပွဲမှာ ယူကရိန်းက ပြိုင်ဖက်ကိုရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားပြီ ဖြစ်ပါတယ်။
ကိုနေမျိုးအောင်ဟာ ယူကရိန်းက Markiyan Ivashko နဲ့ နောက်တဆင့် တက်ဖို့ ယှဉ်ပြိုင် ကစားတာမှာ ၁၀ မှတ် ရတဲ့ ပစ်မှတ် အလယ် တည့်တည့်ကို သုံးကြိမ်သာ မှန်အောင် ပစ်နိုင်ခဲ့ပြီး၊ ပြိုင်ဘက်က ပစ်မှတ် အလယ် တည့်တည့်ကို ၇ ကြိမ် ထိအောင် ပစ်နိုင်ခဲ့လို့ ကိုနေမျိုးအောင် ရှုံးနိမ့်သွားပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း
by Ko Kyi Win on Monday, July 30, 2012 at 7:20pm
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။
CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။
ခံပြင်းခြင်းရဲ့ နောက်ကွယ်မှာ …by Duwa Kachin
by Min Kyaw Khine on Monday, July 30, 2012 at 7:24pm
ကမ္ဘာမှာ စစ်ပွဲတွေအများကြီးထဲက အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးကတော့ အီစရေး တွေရဲ့ အာရပ်ကမ္ဘာ ကိုတိုက်နိုင်ခဲ့တဲ့ ခြောက်ရက် စစ်ပွဲတွေပဲ ဖြစ်ပါတယ်။ ခြောက်ရက် စစ်ပွဲအကြောင်း စာအုပ်တွေလဲ အများအပြား ပုံနှိပ် ရောင်းချခဲ့ရပါတယ်။ စာအုပ်တိုင်းရဲ့ အာဘော်တွေလဲ မတူကြပါဘူး။ တချို့က ဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းကို ချီးမွမ်းထား သလို၊ တချို့လဲ ဘာသာရေးအရ ယုံကြည်ခြင်းကို ဖေါ်ကျူးကြပါတယ်။ အားလုံးရဲ့ သဘောထား တခုတူနေတာကတော့ လူအင်အားနဲ့ လက်နက်အင်အား မမျှတဲ့ ကြားက နိုင်အောင်တိုက်ခဲ့ခြင်းပါပဲ။ သူတို့ဘယ်က စွမ်းအားတွေ ရရှိခဲ့ပါသလဲ။
သူကြွယ်ကြီး George Soros ရဲ့ အတွေးအမြင်
by Aung Myo on Monday, July 30, 2012 at 8:04pm
by FNG on July 27, 2012
မင်းရွှေမောင် မူရင်း သတင်းဆောင်းပါး ဖော်ပြထားသည့် ဈေးကွက် ဂျာနယ်
George Soros ဆိုတဲ့ ပုဂ္ဂိုလ်ကိုတော့ သိကြမှာပါ။ မကြာသေးမီ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က သူ့မိသားစုနဲ့ အတူ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေးလောကမှာတော့သူ့ကို ဒီမိုကရေစီ ထွန်းကားရေး အားပေးအားမြှောက် လုပ်ပေးသူလို့ သိထားကြတယ်။
နေတဲ့နေရာထက် ထားတဲ့ စိတ်ထားလေးက တန်ဖိုးရှိဖို့လိုအပ်ပါတယ်
မရောက်ဘူးသေးတဲ့ ဒေသတစ်ခုကို ခိုင်လေး အလည်ပတ်ရောက်ရှိနေခဲ့ပါတယ်။ မြင်ကွင်းအသစ်၊ ဓလေ့ အသစ်တွေနဲ့ လူတွေကို မြင်တွေ့နေရတာ ခိုင်လေးအတွက် သိပ်ကို ထူးဆန်းလွန်းနေသလို ကိုယ်မြေ ကိုယ်ရေကိုလည်း ပိုလို့တောင် လွမ်းဆွတ်မိလာပါတယ် ။
မိတ်ဆွေရင်းချာရဲ့ ရင်တွင်းမှရင်ဖွင့်စကားများ
Ko Thann Htun Oo
"ကျွန်တော့်အသည်း မာခဲ့ဖူးပါတယ် "
ဒီဘက်နှစ်တွေမှာ အသည်းရောဂါနဲ့ ပတ်သက်လို့ အသံတွေကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းခြောက်တာတဲ့။ ခန္ဓာရှိရင် ရောဂါရှိမယ်ဆိုတာ သိပါတယ်။ အရင်တုန်းကတော့ အရက်သောက်ရင် အသည်းရောဂါဖြစ်တတ်တယ်လို့ ကြားဖူးခဲ့ပါတယ်။
"ကျွန်တော့်အသည်း မာခဲ့ဖူးပါတယ် "
ဒီဘက်နှစ်တွေမှာ အသည်းရောဂါနဲ့ ပတ်သက်လို့ အသံတွေကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းခြောက်တာတဲ့။ ခန္ဓာရှိရင် ရောဂါရှိမယ်ဆိုတာ သိပါတယ်။ အရင်တုန်းကတော့ အရက်သောက်ရင် အသည်းရောဂါဖြစ်တတ်တယ်လို့ ကြားဖူးခဲ့ပါတယ်။
."အရည်အချင်းနှင့်လက်တွေ့"....
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။
“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”
မောင်ကျောင်းသား
(၁)
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၄ နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၄ နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက် မှာပဲ ရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ် မှန်တွေကို မသိကြရပါဘူး ။
အာဏာရှင်တွေက ဒီလောက် အနှစ်နှစ်ဆယ်ကျော်ကာလ မဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့ တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေမေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီမကြာသေးတဲ့ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။
(၁)
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၄ နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၄ နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက် မှာပဲ ရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ် မှန်တွေကို မသိကြရပါဘူး ။
အာဏာရှင်တွေက ဒီလောက် အနှစ်နှစ်ဆယ်ကျော်ကာလ မဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့ တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေမေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီမကြာသေးတဲ့ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။
- လူထုကို ခုတုံးလုပ်အုံးမှာလား
by Wai Maw on Monday, July 30, 2012 at 3:30am
..ဦးစောအောင်--၃၀-ဇူလိုင် -၂၀၁၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အပေါ် အဝေးရောက် ပစ်ထောက် မှောက်လှိမ့်သမား တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာ သူ့ကိုထောက်ခံတဲ့လူထုအင်အား အပြည့်ရှိနေတာပဲ။ ခုချိန်မှာ လူထုတိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ရမယ့်အစား နိုင်ငံတကာလှည့်ပြီး သက်သက် အချိန်ဖြုန်းနေတာ” လို့ပြောတယ် ကြားရတော့ မပြုံးဘဲ ဝါးလုံးကွဲအောင်သာ ရီမောပစ်လိုက်ချင် တော့တယ်။
ကွန်ပြူတာထဲကဖိုင်တွေကိုနေရာတကျဖြစ်အောင်ပြန်စီကြမယ်.....
ဒီဆော့ဝဲလေးကအသုံးဝင်မယ်လို့ထင်ပါတယ်...ဘာလို့လည်းဆိုတော့.
ကွန်ပြူတာထဲကိုဆော့ဝဲတွေinstallသွင်းလိုက်ပြန်ဖြုတ်လိုက်လုပ်တာများရင်
ဖိုင်တွေကပြန့်ကျဲနေတတ်ပါတယ်.....
မြန်မာဟာသ - စုစည်းမှု (၄)
Mr. Jugger juggernaut.mm@gmail.com
U Kyaw Zay Ya
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ
လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ
ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို
ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
U Kyaw Zay Ya
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ
လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ
ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို
ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
ဆိုးရွားခဲ့သည့်ဟန်ရှိသော ပုဂ္ဂိုလ်နှင့် မျိုးချစ်အမျိုးသားရေးအင်အားစုတစ်ရပ် အပေါ် အများနှင့်မတူသောအမြင်မှ ချဉ်းကပ်ကြည့်ခြင်း
by ပစ်တိုင်းထောင် ပစ်တိုင်းထောင် on Friday, June 8, 2012 at 7:23pm ·
ယခုအယူအဆသည် ကျွန်တော် ပစ်တိုင်းထောင် ၏ ကိုယ်ပိုင်အမြင်သာဖြစ်ပြီး မည်သည့် အဖွဲ့အစည်း ၊ ပါတီ ၊လူပုဂ္ဂိုလ် ၏ တိုက်တွန်းခြင်းကြောင့် ရေးသားရခြင်းမဟုတ်ပါကြောင်း စာရှုသူတို့ အား လေးစားစွာအသိပေးအပ်ပါသည်။
မြန်မာ့မျိုးချစ်တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျိုးစေ့ချပေးခဲ့သော မျိုးချစ် တပ်မတော်ကြီးကို အင်အားခိုင်မာတောင့်တင်းအောင် တည်ဆောက်ခဲ့သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း နှင့် နိုင်ငံတော်အေးချမ်းဖြိုးကောင်စီဥက္ကဌအဖြစ် တာဝန်ယူခဲ့သော ၊ မြန်မာသမိုင်းတွင် ကမ္ဘာကရောမြန်မာလူထုကပါ အာဏာရှင် ဟု သမုတ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနေရာနှင့်ပတ်သက်ပြီး ကျွန်တော်၏ကိုယ်ပိုင်အမြင်စိတ်ကူးဖြင့် စဉ်းစားကြည့်မိသည် ကိုပြောရမည်ဆိုလျှင်
"စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်"(အပိုင်း-၂)
ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)
အသိတရားလေး ရလာသလိုရှိသည်နှင့် အနည်းဆုံးတော့ ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ် သတိပြုရန် ... ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည် ပေးနိုင်ဖို့ သူတို့ စကားတွေကို နားထောင်ပေးခြင်းဟု ဆိုရမည်။ "အဲဒီမှာစတွေ့တာပဲ" ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့် "တွေ့"ရပြီ။
မြန်မာပြည် အနောက်မြောက်ဖျား ရိုဟင်ဂျာနိုင်ငံထူထောင်ရေးအတွက် အာရပ် ၅ နိုင်ငံတွင်စစ်သင်တန်း တက်နေသည်ဆိုခြင်း......
မြန်မာနိုင်ငံ အနောက်မြောက်ဖျားတွင် အီဆလင်မစ်ရီပါပလီအော်ရိုဟင် ဂျာနိုင်ငံ (Islamic Repubilc of Rohingya)ထူထောင်ရေးအတွက် ပါကစ္စတန်နိုင်ငံ၊ အာဖဂန်နီစတန်နိုင်ငံ၊ပါလက်စ တိုင်းနိုင်ငံ၊ဘင်္ဂလာဒေရှ့် နိုင်ငံ နှင့် ဆောဒီအာရေဗျား နိုင်ငံများတွင် လွန်ခဲ့သော (၁၉၉၉)ခုနှစ် မှစတင်ကာ စစ်သင်တန်းများ တက်ရောက် လျှက်ရှိနေကြောင်း ဘင်္ဂလားဒေရှ့် အစိုးရမှ ဖမ်းဆီးရမိသော အာမစ်ချားဆိုသူ၏ ထွက်ဆိုချက်များအရ သိရှိကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် The Daily Matriteemi သတင်းစာဆောင်းပါးတွင် ဖေါ်ပြထားကြောင်း သိရှိရပါသည်။