သစ်ထူးလွင်
|
- တက္ကသိုလ်နဲ့ ကျောင်းတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးဖို့  ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး (ရုပ်/သံ)
- သီပေါမင်းအရိုးအိုး ပြန်သယ်ရန် လွှတ်တော်တွင် တင်ပြ
- တောင်ငူ၊ ဘားအံနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်
- ငွေကောက်ခံပြီး မီးမပေးတဲ့ ဝန်းသိုမြို့နယ် ၂၄နာရီ မီးလင်းရေး ကော်မတီ
- NGO ဆန်းစစ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း (ရုပ်/သံ)
- လစာတပြေး ညီတိုးပေးရန် (Tefel) ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ဆန္ဒပြ
- ယနေ့တင်သွင်းခဲ့သော ၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်
- သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး
- The Voice ဂျာနယ်ကို အကန့်အသတ်မရှိ ပိတ်ပင်
- နိုင်ကျဉ်း (၂)ဦး အပါအ၀င် ရခိုင်ပြည်နယ်က အကျဉ်းသား ၂၀၀ ကို အင်းစိန်ထောင်သို့ ပြောင်း
- မစ္စတာကင်တားနာ ကို မောင်တော မှာ ဆန္ဒပြ
- မြန်မာ အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန် နစက ကွပ်ကဲရေးမှူး အသစ် ရောက်ပြီ
- ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ကော်
မတီများ၊ ကော်မရှင်များမှ ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးပွဲ - ယနေ့ ပြည်သူ့လွှတ်တော် (ဓါတ်ပုံ)
- ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရ
- လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်
- သူရဲတန်းနှင့်ကျားကိုက်ရွာ ကမ်းပါးပြိုကျမှု
- SHADE ဂျာနယ်၊၂၀၁၂ ခုနှစ်၊ သြဂုတ် (၁)ရက်နေ့မှ သြဂုတ်(၇)ရက်နေ့အထိ
- နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း - မိုးရွာသွန်းမှုကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်
- ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီးတဲ့ ယဉ်တိုက်မှု
- အိပ်နေသည့် အမျိုးသမီးအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်သွားသူကို ဖမ်းဆီးရမိ
- မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ
- ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ
- ရိုဟင်ဂျာကိစ္စ ဖြေရှင်းပြီးမှ ရွေးကောက်ပွဲစနစ်သစ် စဉ်းစားသင့်ဟု ရခိုင်ပါတီဆို
Posted: 31 Jul 2012 07:27 AM PDT
ပညာရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး တက္ကသိုလ်နဲ့ ကျောင်းတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးဖို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထား ပါတယ်။ ရိုက်ကူး - ခွန်ခေါင်
DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 31 Jul 2012 05:49 AM PDT
မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့ အရိုးဂူကို အိန္ဒိယနိုင်ငံကနေ ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ်တဦးက ဒီနေ့ တင်ပြ ဆွေးနွေးတယ်လို့ သိရပါတယ်။
ရတနာဂီရိက လူနေရပ်ကွက်မှာ မထင်မရှား သင်္ဂြိုဟ်ထားတဲ့ မြန်မာဘုရင်ရဲ့ အရိုးဂူကို ပြည်တော် ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်အမတ်၊ ကုန်းဘောင်မင်းဆက်အကြောင်း စာတွေရေးနေတဲ့ ဦးသန်းဆွေ (ထားဝယ်)က ဓာတ်ပုံ အထောက်အထားတွေနဲ့ လွှတ်တော်မှာ တင်ပြခဲ့တာပါ။---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Jul 2012 05:39 AM PDT
အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေကြောင်း နောက် ၃ ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့မှာတော့ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ၀င်ပြီး ကယ်ဆယ်ရေးစခန်း ၄ ခုလောက် ဖွင့်ထားရတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။ ဘားအံမြို့ရဲ့ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်မှာ ရေတွေမြုပ်နေပြီး ဘုန်းကြီးကျောင်းတွေ၊ ဘောလုံးကွင်း၊ အားကစားရုံတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ရေမြုပ်တာက ဘုရားမှာ အိမ်ထောင်စု ၄၀ ရှိတယ်တဲ့။ ဘောလုံးကွင်းမှာ ၇၀ ရှိတယ်တဲ့။ အားကစားရုံမှာကျတော့ အိမ်ထောင်စု ၉၀ တဲ့။ များတယ်။ ရေက ရုတ်တရက် တက်လာတာ။ ခါတိုင်းက နည်းနည်း တက်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က များများ တက်လာတာ။ အစားအသောက်တွေက ဆီပေးတယ်၊ ဆန်ပေးတယ်၊ ကြက်ဥပေးတယ်၊ မားမားခေါက်ဆွဲပေးတယ်၊ အင်္ကျီအ၀တ်အစားတွေလည်း ပေးတယ်တဲ့။ ဌာနဆိုင်ရာတွေ လာပေးတာ။” ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၇၁၉ စင်တီမီတာကို ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ၆ လက်မခန့်ကျော်လွန်နေပြီး ဩဂုတ်လ ၂ ရက်မွန်းတည့်ထိ မြို့ရဲ့စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအထက်မှာ ဆက်တည်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဧရာဝတီတိုင်းမှာ င၀န်မြစ်ရေတက်ပြီး ငါးသိုင်းချောင်းမြို့မှာ ၁၁၅၃ စင်တီမီတာသို့ ရောက်နေတာကြောင့် စိုးရိမ်ရေမှတ်အထက် ၁၀ လက်မနီးပါး ကျော်လွန်နေပြီး ဩဂုတ် ၂ ရက်နေ့ထိ မြို့ရဲ့စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာ အထက်မှာ ဆက်တည်ရှိမယ်လို့ ဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေကြောင်းလည်း ကြေညာထားပါတယ်။ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်း မြို့တွင်းရေလွှမ်းမှုဖြစ်ပွာြး by နော်နိုရင်း - ဒီဗွီဘီ | ||
Posted: 31 Jul 2012 05:25 AM PDT
။ စစ်ကိုင်းတိုင်းဒေသကြီး၊ဝန်းသို
ယနေ့အချိန်တွင် ၄င်းထရန်စဖော်မာ ပြီးစီးသည်မှာ လေးလကျော်ကြာနေသော်လည်း မီးပေးနိုင်ခြင်းမရှိသေးပါ။၂၄နာ ငွေကြေးကောက်ခံသူများသည်လည်းေ ပြည်သူများကျေနပ်အောင်ရှင်းလင်း ။ မီတာတစ်လုံးလျှင်ကျပ်၁၅ဝဝဝ/ိ-အာ ငွေ၁၆သိန်းကျော်အလွှဲသုံးစားလုပ် ၃ဝ-၇-၂ဝ၁၂ရက်စွဲဖြင့် ဝန်းသိုရဲစခန်းသို့အမှုဖွင့်တို ။ ဝန်းသိုမြို့နယ်တွင် ၂၄နာရီလျှပ်စစ်မီးရရှိပြီးကတည်း ငွေကြေးများဖြင့်မီးလိုင်းများ ရွက်ရမည်ဖြစ်သော်လည်းယနေ့အချိန် ၄င်းငွေများအားမည်သည့်နေရာတွင် ။ ယနေ့အမှုဖွင့်ရန်တိုင်ကြားသော မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ငွေအလွဲသုံးစားလုပ်မှုသည်မည်သို ပြည်သူများမသိခဲ့ရပါ။ ကျသင့်သောလျှပ်စစ်ဓါတ်အားခွန်အြ မိမိတို့ပြည်သူများတာဝန်ဖြစ်ပြီ ထိုသို့ဖြစ်ပါလျက် မိမိတို့မှ မီတာတစ်လုံးလျှင်ကျပ်တစ်သောင်း ရသော်လည်း ယနေ့ထိ၎င်း 5MAV မှ မီးမရရှိသေးပဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဟောင်းဦးအောင်မိုး၏ငွေကြေးအလွှဲ ထိုကိစ္စတွင်မကပြည်သူကိုချမပြေ ဝင်စေပါသည်။သို့ဖြစ်ပါ၍ ၄င်းကိစ္စတစ်ခုလုံးအား ထိရောက်စွာရှင်းလင်း အရေးယူဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။ ဝန်းသိုသား | ||
Posted: 31 Jul 2012 04:52 AM PDT
အစိုးရ မဟုတ်တဲ့ လူမှုရေး အသင်းအဖွဲ့ NGO တွေဟာ တကယ်ပဲ လူမှုရေး လုပ်ငန်းတွေကို မျှမျှတတ လုပ်နေရဲ့လား ဆိုတာကို ဆန်းစစ်ဖို့ ပါတီလွှတ်တော် ကိုယ်စား လှယ်တွေကို ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။
ရိုက်ကူး - ခွန်ခေါင် DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Jul 2012 04:38 AM PDT
အဆိုပါ စက်ရုံမှာဒဂုံမြို့သစ် တောင်ပိုင်းစက်မှုဇုန်(၁)တွင်ြ ''လစာတိုးတဲ့ကိစ္စမှာကျွန် တော်တို့လူဟောင်းတွေကိုအက်ဖ်အီး စက်ရုံပိုင်ရှင်မှာ တရုတ်လူမျိုး ဖြစ်ပြီးဝန်ထမ်း၅၀၀ ဝန်းကျင်ရှိကြောင်း၊ လက်ရှိဆန္ဒပြနေရာ သို့မြို့နယ် အလုပ်သ မားရုံးမှ တာဝန်ရှိသူများ ကလာရောက်ညှိ နှိုင်းဆောင်နေသည်ဟုအလုပ်သမားမျ အေးမြမြထွန်း - Yangon Media Group | ||
Posted: 31 Jul 2012 04:33 AM PDT
ပြည်သူ့ လွှတ်တော်မှ ၂၀၁၂ ခုနှစ် တက္ကသိုလ်များပညာရေးဥပဒေ ကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲ သွား မည်ဖြစ် ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီမှ တင်သွင်းသော ၂၀၁၂ခုနှစ် တက္ကသိုလ်များ ပညာ ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော်မတီ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်သူများထဲမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ် စားလှယ် များ ပါဝင်ပြီး အဆိုပါဥပဒေ ကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး နှင့် ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် သူရဦးအောင်ကိုတို့ က အဆိုပါ ဥပဒေကြမ်း အားကန့်ကွက် ခဲ့ပြီး ကော့မှူးမဲ ဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည် က အဆိုပါဥပဒေကြမ်း အား ပြန်လည်ပြင်ဆင်ရေးဆွဲရန် ဆွေးနွေးခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း အဆိုပါဥပဒေ ကြမ်းအဆို ကန့်ကွက်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ လွှတ်တော်နည်းဥပဒေ ပုဒ်မ ၁၅၈/ငနှင့် ညီညွတ်မှုမရှိ ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။ ထို့ကြောင့် ပုဒ်မ ၁၅၈/င အရ လွှတ် တော်ဥက္ကဋ္ဌ၏ သဘောတူညီချက် ဖြင့် အဆိုပါ အဆိုအား ရွှေ့ဆိုင်းခြင်း ကို ဦးသိန်းညွန့်က အဆိုအဖြစ် ထပ်မံ တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။ အဆိုပါ ဥပဒေ ကြမ်းဆွေးနွေး ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြဦး ကလည်း ၂၀၁၃ခုနှစ် ပုဂ္ဂလိက တက္ကသိုလ်ပညာရေးဥပဒေကြမ်းအား ရေးဆွဲလျက်ရှိပြီး ရှေ့နေချုပ်ရုံးသို့ ပို့ဆောင် ထား ပြီဖြစ်ကြောင်း၊ မကြာမီ လွှတ်တော်အသီးသီးသို့ ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြား ခဲ့သည်။ အဆိုပါပြည်ထောင်စုဝန်ကြီး ၏ဖြေကြားမှုနှင့် ပတ်သက်၍ ကော့မှူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ''ပြည်ထောင်စုဝန်ကြီး ဖြေကြား သွားတာမှာ ဆွေးနွေးတင်ပြသွားတဲ့ အဆိုနဲ့ ကွဲလွဲနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတက္ကသိုလ် များ ဆက်သွယ်မှုကို ပြောတာမဟုတ် ပါ။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ် များနဲ့ ဆက်သွယ်ဆောင်ရွက်နေနေ လွတ်လပ်တဲ့တက္ကသိုလ်တွေ ပေါ် ပေါက်လာ ဖို့အတွက် ကျွန်မအပါ အဝင် ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင် ကိုတို့ ဆွေးနွေးတာက လွတ်လပ်တဲ့ တက္ကသိုလ် တွေပေါ်ပေါက် လာဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်''ဟု ဒေါ် အောင်ဆန်းစုကြည်က ပြည်ထောင်စု ဝန်ကြီး၏ ဆွေးနွေးချက်ကို ပြန် လည်ဆွေးနွေးခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ''လွှတ်တော်နည်းဥပဒေ ၁၅၈(ဃ)နဲ့အညီ သုံးသပ်ညှိနှိုင်း ဆောင်ရွက် လို့ရ ပါတယ်။ ပုဒ်မ ၁၅၉(င) အရ လွှတ်တော် ဥက္ကဋ္ဌရဲ့သဘောတူ ညီချက်နဲ့ ယခုအဆိုအား ရွှေ့ဆိုင်း လို့ရတဲ့ အတွက် လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ဒီဥပဒေကြမ်း အဆိုဆွေး နွေးမှုအား ရွှေ့ဆိုင်းရန် သဘောတူ ပါတယ်''ဟု ပြောကြား သည်။ ဝေမာသိမ့် - Yangon Media Group | ||
Posted: 31 Jul 2012 05:33 AM PDT
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။
သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို ပြန်လည်ရယူလိုတဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုဖို သဲကုန်းမြို့ ရွာထိပ်မှာရှိတဲ့ မြသိန်းတန် ဘုရားရှေ့ကစတင်ပြီး လူအင်အား ၂၀၀ ကျော်ခန့် သဲကုန်းမြို့တွင်းကို ချီတက်လာရာမှာ မြို့တော်ခန်းမရှေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေအပါအ၀င် အင်အား ၅၀ ခန့်က အတင်းဝင်ရောက်ရိုက်ဖြိုခွင်းပြီ ဖမ်းဆီးခံရသူတွေကတော့ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ အင်ပင်လှရွာသား ကိုအုံးဟန်၊ ပြည်မြို့က ကိုဝင်းလှိုင်၊ ဆောက်ချုံကြီးရွာသား ကိုဝင်းစိုး၊ ကိုကြည်ဝင်းနဲ့ အောင်ကုန်းရွာသား ကိုအောင်ကြိုင်တို့ဖြစ်ပြီး သူတို့ကို သဲကုန်းရဲစခန်းတွင်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲ ဖြိုခွဲခံရတဲ့ လယ်သမားတွေနဲ့ မြို့ခံတွေဟာ ဖမ်းခံရသူတွေ ပြန်လွတ်လာရေးအတွက် ရဲစခန်းရှေ့ဝန်းကျင်မှာ စောင့်ဆိုင်းနေကြပါတယ်။ by အေးနိုင် - ဒီဗွီဘီ | ||
Posted: 31 Jul 2012 03:40 AM PDT
ရန်ကုန်-ဇူလိုင် ၃၁
The Voice သတင်းဂျာနယ်ကို စည်းကမ်းသတ်မှတ်ချက်များလိုက်နာ “ဇွန်လကတည်းကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့လို့ ပြောတယ်။ ပြည်တွင်းမီဒီယာတွေအားလုံးက တိုင်းပြည်ကို အကျိုးယုတ်အောင်၊ဆူပူအောင်၊နို သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 31 Jul 2012 03:30 AM PDT
ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၂၀၀ လောက်ကို ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၂ ဦး ပါဝင်တယ်လို့ ထောင်အာဏာပိုင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီအကျဉ်းသားတွေဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ အစရှိတဲ့ ထောင်တွေဆီက လွန်ခဲ့တဲ့ ၄ ရက်လောက်က ပြောင်းလာတာဖြစ်ပြီး ဒီနေ့မှပဲ ရန်ကုန်မြို့ကို ကြယ်ငါးပွင့်သင်္ဘောနဲ့ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Jul 2012 03:59 AM PDT
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိရာမှာ လူ ၂၀၀ လောက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ မျက်မြင်မြို့ခံတဦးက ပြောပါတယ်။
မစ္စတာကင်တားနား မောင်တောမြို့ကို ဒီနေ့ နေ့ခင်း ၁ နာရီခွဲလောက်က ရဟတ်ယာဉ် ၂ စီးနဲ့ ရောက်ပြီး ကားတန်းထွက်လာတဲ့အချိန်မှာ မောင်တောမြို့ ဒေသခံလူထု ခန့်မှန်းခြေ ၂၀၀ ခန့်က ဆန္ဒပြကြကြပြီး--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 31 Jul 2012 03:05 AM PDT
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
နစက အရာရှိများကို ဘင်္ဂလာနယ် ခြားစောင့်တပ်ဖွဲ့ အရာရှိများနှင့် ကော့စ်ဘဇားမြို့ ဆွေးနွေးပွဲ တစ်ခုတွင် တွေ့ရစဉ်။
ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူး အသစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ)ဖြစ်ပြီး တောင်ကုတ်မြို့ ဇာတိ ဖြစ်ကြောင်း ဆိုသည်။
“မနေ့က ၂ နာရီခွဲမှာ ရောက်ပါတယ်။ သူနဲ့အတူ သစ်တောရေးရာ ပြည်နယ် မန်နေဂျာလည်း ပါတယ်။ အခု အသစ် ရောက်လာတဲ့ နစက ကွပ်ကဲရေးမှူးက ရခိုင် လူမျိုးလို့ပြောပါတယ်။ ရခိုင်လူမျိုးလို့ပြောတဲ့ အတွက် ဒေသခံ ရခိုင်တွေကတော့ ၀မ်းသာကြပါတယ်” ဟု မောင်တောမြို့ခံတဦးက ပြောသည်။
ယခင်ရှိခဲ့သော နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား တာဝန် ပေါ့လျော့မူနှင့် လာဒ်ပေး လာဒ်ယူမူများကြောင့် နေပြည်တော်သို့ ခေါ်ယူသွားပြီးနောက် အဆိုပါ တာဝန်ကို ထမ်းဆောင်ရန် ဗိုလ်မှူးကြီး မောင်မောင်ဦး ရောက်ရှိလာခြင်း ဖြစ်သည်။
ရက်အတန်ငယ် လစ်လပ်နေခဲ့သည့် မောင်တောမြို့ အခြေစိုက်သည့် နယ်စပ်ဒေသလုံခြုံရေးနှင့် ကွပ်ကဲ ရေးမှူး နေရာတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဗိုလ်မှူးချုပ် မောင်မောင်ဦးမှာ ယခင် နစကမှူးများ ပြောင်းရွှေ့လာပုံနှင့် မတူဘဲ ထူးခြားချက်များ ရှိနေသည်ဟု သိရသည်။
“အရင်က ဗမာပြည်မဘက်က အရာရှိတွေ မောင်တောကို ပြောင်းလာရင် ဘာပစ္စည်းမှ ပါမလာဘူး။ ဒီက ပြောင်းမှဘဲ ပစ္စည်းတွေ အပြည့် နဲ့ပြန်တာ။ အခုရောက်လာတဲ့ ကွပ်ကဲရေးမှူးမှာတော့ အိမ်သုံး ပရိဘောဂတွေ အစုံ ပါလာတာ တွေ့ရတယ်။ အဲဒါ တခုကတော့ ထူးခြားတယ်။” ဟု မောင်တောမြို့မှ နစကနှင့် နီးစပ်သူ တဦးက ပြောသည်။
ဗိုလ်မှူးကြီး အောင်ကြီး အပါအ၀င် နစက အရာရှိများသည် လာဒ်ပေး လာဒ်ယူမူ လုပ်ရာတွင် ပါဝင် ပတ်သက်မူများ အကြီးအကျယ် ရှိနေကြာင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဆူပူမူကိုလည်း ယခင် နစက ကွပ်ကဲရေးမှူးက သိန်းပေါင်း ၃၅၀၀ ယူကာ ခွင့်ပြုခဲ့သည် ဆိုသော စွပ်စွဲချက်များလည်း အများအပြား ပေါ်ပေါက်နေသည်။
ဗိုလ်မှူးကြီး အောင်ကြီး၏ ပိုင်ဆိုင်မှုတချို့ကို ယခုအခါ နိုင်ငံတော်မှ သိမ်းဆည်း လိုက်ကြောင်း မောင်တောမြို့ တွင် သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြား အတည် မပြုနိုင်ခြင်း မရှိသေးပါ။
ယခင် ကွပ်ကဲရေးမှူး အောင်ကြီးကို ဇွန်လအတွင်းက မောင်တောမြို့တွင် ဘင်္ဂလီများ ဆူပူ အကြမ်း ဖက်မှု ဖြစ် ပွားနောက် နေပြည်တော်သို့ ခေါ်ယူသွားပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင် ကိုယ်တိုင် မောင်တောခရိုင်ရှိ နစက တပ်ဖွဲ့များကို ယာယီကွပ်ကဲ ခဲ့သည်ဟု သိရသည်။
မောင်အေး - နိရဉ္စရာ သတင်းဌာန
| ||
Posted: 30 Jul 2012 10:15 PM PDT
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမြဲတမ်း ကော်မတီများမှ ဥက္ကဋ္ဌများ၊ ကော်မရှင်မှ လူကြီးများတွေ့ဆုံ ဆွေးနွေးပွဲကို ဒီကနေ့ ၂၀၁၂ ဇူလှိုင်လ ၃၀ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်း၍ ပြုလုပ်ပါသည်။
အစီအစဉ်(၁)အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားရာတွင် လွှတ်တော်များပေါ်ပေါက် သည့်အချိန်မှ သက်ဆိုင်ရာကော်မတီနှင့် ကော်မရှင်တို့ အမြဲတမ်းဆွေးနွေးပွဲ လုပ်ဖြစ်နေကြောင်း၊ ကိုယ်စားလှယ်များအကုန်လုံးရဲ့ပူ အစီအစဉ် (၂)အရ ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြရာ ဥပဒေကြမ်းကော်မတီမှ ဦးတီခွန်မြတ် စတင်ဆွေးနွေးတင်ပြရာတွင် ဥပဒေကြမ်းကော်မတီ အနေဖြင့် ရောက်လာသည့် ဥပဒေကြမ်းများကို အသေအချာဆွေးနွေးပြီးမှ လုပ်ဆောင်တာဖြစ်သည့်အတွက် အခက်အခဲမရှိကြောင်းတင်ပြခဲ့ပါ ပြည်သူ့ငွေစာရင်းကော်မတီမှ ဦးသူရိန်ဇော် က ဆွေးနွေးတင်ပြရာ ကော်မတီများအနေဖြင့် ပိုမိုထိရောက်သည့် လုပ်ဆောင်ချက်များလုပ်နိုင်ရန် ဆက်လက်ပြီး အစိုးရ၏ အာမခံချက်များ ကတိက၀တ်များ စောင့်ကြည့်ရေးကော်မတီ ဦးဝင်းစိန်မှ တင်ပြရာတွင် ပဉ္စမအကြိမ် ပုံမှန်အစည်းများတွင် လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်းများတင် လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးရင်မှ လွှတ်တော်အခွင့်အရေးများဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာမှလည်း ၀န်ထမ်းအင်အားနည်းနေကြောင်း၊ ကော်မတီများ၏ အခွင့်အရေးများထဲမှ ဥပမာ ဖုန်းသည် Facilities ဖြစ်ပြီး အခွင့်အရေးယူတာမဟုတ်ကြောင်း၊ ဥပဒေများ မြန်မြန်ပြီးဖို့လိုအပ်ကြောင်း ပြောကြားသွားပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် ပြန်လည်သုံးသပ် နိဂုံးချုပ် အမှာစကားပြောကြားရာ သောကြနေ့ နေ့တစ်ဝက် ဆင်းခိုင်းတယ်ဆိုတာ ကိုယ်စားလှယ်စတ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအတွက်သော် လည်းကောင်း၊ ကိုယ့်ဒေသရဲ့လိုအပ်ချက်ကို လေ့လာနိုင်ရန်သော်လည်းကောင်း၊ လွှတ်တော်ဆိုင်ရာ ၀န်ထမ်းနည်းတယ် ဆိုပေမယ့် စီမံခန့်ခွင့်ရေးကောင်းဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စေတနာ၊ ကြိုးစားမှုများ ကြောင့် လွှတ်တော်၏ကိစ္စရပ်များ အလုပ်ပြီးမြောက်ခြင်းဖြစ်ကြောင် ပြည်သူ့ လွှတ်တော် | ||
Posted: 30 Jul 2012 10:10 PM PDT
| ||
Posted: 30 Jul 2012 09:49 PM PDT
ပေါက်တောမြို့နယ် ကြံခင်း ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ရခိုင် အမျိုးသမီး တစ်ဦး ဈေးဝယ်ပြီး အပြန် စစ်ကဲပြင် ( တောင်) ရွာအနီးတွင် မုဒိမ်းကျင့်ခံရကြောင်း ကျေးရွာသားများက သတင်းပေး ပို့သည်။
ရခိုင်ပြည်နယ်တွင် ခရီးသွားသူများသည် ယခုလို ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Jul 2012 09:42 PM PDT
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့  ကျောက်လှဲဘိန်းရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။
"ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄ အမိန့်ထုတ်တယ်။ တောထဲကို နေ့လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင်တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ"
ကျောက်လှဲဘိန်းရွာ လယ်သမားတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေကို တစ်ဧကကို စပါး ၁၄ တင်းနှုန်းနဲ့ သီးစားပြန်ချပေးခဲ့တဲ့ အတွက် လယ်သမားတွေက သီးစားခနဲ့  မိမိတို့ လယ်တွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့  ဆိုပါတယ်။ဒါပေမဲ့ ဒီနှစ် မိုးရာသီမှာတော့ တပ်က လုံးဝ လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ လယ်သမားတွေအရေး လိုက်ပါကူညီပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ ဝင် ကိုအေးသိန်းက ပြောပါတယ်။
"၂၆ ရက်နေ့က ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာကို သွားကြပါတယ်။ အဲတာ တရားဥပဒေနဲ့အညီ တင်မယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်မယ်ဆိုပြီးတော့မှ လက်မှတ်တွေထိုးကြတယ်။ ၅ နာရီခွဲ အချိန်မှာ ခမရ ၁၄၈ ကနေပြီးတော့မှ ၁၄၄ အမိန့်ထုတ်လိုက်ပါတယ်။ လယ်တွေ၊ ယာတွေ၊ မြေတွေအသိမ်းခံလိုက်ရပြီးတော့မှ လယ်မဲ့ ယာမဲ့ ဖြစ်နေတဲ့ လယ်သမားကြီးတွေက အခု မြစ်ချိုးစားရတယ်ဗျာ။ ဝါးခုတ်စားရတယ်ဗျာ။ အဲဒီ ၁၄၄ အမိန့်ထဲမှာ နေ့လည်ခင်းကြီးတောင်မှ၊ မြင်သာထင်သာ ရှိတဲ့ အချိန်တောင်မှ ဝါးမခုတ်ရ၊ မြစ်မချိုးရဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အခါမှာ တစ်ရွာလုံးက ထမင်းချက်ဖို့ တောင်ခက်သလိုနေပြီ အခုဟာက"
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ အစိုးရ ၀န်ကြီးအဖွဲ့ နဲ့  ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းထံကို တင်ပြမယ်လို့ ပြောပါတယ်။ | ||
Posted: 30 Jul 2012 09:33 PM PDT
|
No comments:
Post a Comment