ဖိုးထောင် - မေးချိန်တန်လို့ မေးရတော့မှာပဲ ကိုလူပွားရေ။ တလောတုန်းက အင်တာနက်ထဲမှာ ပွဲဆူသွားခဲ့တဲ့
“အတ္တ ပရဟိတလုပ်ငန်း၊ လမ်းသစ်နဲ့ ရေးချိန်တန်က ရေးရမှာပဲ” ဆောင်းပါးတွေနဲ့ပတ်သက်တဲ့ ကိစ္စ
လေး ရှယ်ပါဦးဗျ။ အဲ့ဒီထဲက Civil Society ဆိုတာလေးကိုရောပေါ့။
လူပွား - ဖြေချိန်တန်လို့ဖြေလိုက်ပါ့မယ်ဗျာ။ ဖြေချင်လွန်းလို့ ကျွံသွားရင်သာ လွတ်ခွင့် …။ ဒီနေရာမှာ (၂)ပိုင်း
ခွဲပြောချင်တယ်ဗျာ။ တပိုင်းက ဆောင်းပါးကိစ္စ၊ နောက်တပိုင်းကတော့ Civil Society ကိစ္စပေါ့။
ပထမပိုင်းကို မပြောခင် ပလ္လင်တော့ခံခွင့်ပြု။ ဒါက ကျနော့်မူနဲ့ငြိနိုင်လို့ပါ။ ကျနော့် မူအရဆိုရင်
ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတွေလုပ်မှာမဟုတ်ဘူး။ လိုနေမယ်လို့မြင်တဲ့ အချက်အလက်တွေ၊
အယူအဆတွေကို ဖြည့်စွက်ရုံပဲ။ ဒီတော့ ဆောင်းပါးကိစ္စကို အကျဉ်းပဲ ပြောတော့မယ်။ Civil
Society ကိုတော့ ကျနော်နားလည်သလောက် ပိုရှင်းချင်သဗျ။
Monday, February 28, 2011
မထင်မရှား အပိုင်းအစများ
(၁) DYA ကိုမွေးဖွားခြင်း။
ရှစ်လေးလုံး ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအပြီး၊ မြန်မာနိုင်ငံဒေသအသီးသီးရှိ ဒီမိုကရေစီလိုလားသူများ သည်၊ ဒီမိုကရေစီကို လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ အရယူနိုင်မည်ဟူသော ယုံကြည်ချက်ကို ဆုပ်ကိုင်မိခဲ့ကြပေ သည်။ ထို့ကြောင့်ပင် ဖြစ်နိုင်သည့်လမ်းကြောင်းများရှာကာ တိုင်းရင်းသားတော်လှန်ရေးနယ်မြေအသီးသီးသို့ ပြေးဝင်ခို လှုံခဲ့ကြသည်။ ထိုအထဲတွင် မိမိတို့ရှမ်းပြည်နယ်၊ ပအိုဝ့်နယ်မြေရောက်၊ ကျောင်းသားလူငယ်တစုလည်းအပါအ၀င်။ မိမိတို့အား ပအိုဝ့်ပြည်သူများမှ ဂရုဏာတရားများကိုရှေးရှုလျှက် ကျောက်တလုံးဆိုသောရွာမှ အစပြုကာ သပြေပန်း များဖြင့်ပင် နွေးထွေးစွာကြိုဆိုခဲ့ကြပေသည်။

ကျနော့်ဘ၀နှင့် ဒီမိုကရေစီခရီး
ဒီမိုကရေစီနှင့် စတင်ရင်းနှီးမိခြင်း
ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီအထိ ဒီမိုကရေစီနှင့်ပတ်သက်သော ဗဟုသုတဟူ၍ မိမိတွင် လုံးဝနီးပါးမရှိခဲ့။ ကျောင်းပြီးသော ကျောင်းသားတဦး၊ ပညာတတ်တဦးအဖြစ်အမည်ခံကာ ရပ်တည်ခဲ့ရ ပေမယ့် ကျောင်းတွင်သင်ကြားခဲ့ရသော နိုင်ငံရေးသိပ္ပံဘာသာရပ်ကို (ကွန်မြူနစ်စနစ်သည် မကောင်း၊ အရင်း ရှင်စနစ်သည် မကောင်း။ ဆိုရှယ်လစ်စနစ်သည်သာ အကောင်းဆုံးဖြစ်၍ မြန်မာနိုင်ငံနှင့် အသင့်တော်ဆုံး ဖြစ်သည်ဟု) စာမေးပွဲအောင်ရုံ လေ့လာခဲ့ရကြောင်းကို ကိုယ့်ကိုယ်ကိုသာ အသိဆုံး။

လျှာတန်ခိုး
ဒီလျှာရဲ့အလုပ်ကြောင့်ပါပဲ
စစ်တွေဖြစ်
ငြိမ်းချမ်းရေးတွေဖြစ်
မနုဗေဒနဲ့ သဘာဝတ္တ တွေမှာ
ဒုက္ခတွေ လှိုင်လှိုင်ဖြစ်
ချစ်ခဲ့ကြရ
ညစ်ခဲ့ကြရ့ 
အဆိုးကျော့သံသရာမှ လွတ်မြောက်ရာ
စာရေးဆရာ(ဦး)ကျော်ဝင်း. “အဆိုးကျော့သံသရာ”ဆိုသည့် စကားလုံးကို စတင်ကြားမိစဉ်ကတည်းက မိမိအတွေးကမ္ဘာ တွင် မုန်တိုင်းတခုအစပြုခဲ့သည်မှာ ယနေ့ထက်တိုင်ပင်၊ အဆိုးကျော့သံသရာဆိုသည်မှာ အဘယ် နည်း၊ မိမိတို့မျက်မှောက်တည် ရာတွင် ရှိပါ၏လော၊ ၄င်းအဆိုးကျော့သံသရာသည် မည်သည့်နည်းဖြင့် သန္ဓေတည်ခဲ့ သနည်း၊ အဆိုးကျော့သံသရာမှ ရုန်းထွက် နိုင်စရာထွက်ပေါက်သည် မရှိနိုင်ပြီလော၊ အဆိုးကျော့သံသရာမှ ထွက် မြောက်ရာလမ်းကြောင်း အစ သည် အဘယ်အရာနည်း၊
နောင်ပေး
(က)
နို့ဖိုးဒုက္ခသည်စခန်းကို ရောက်စ၊ နာမည်လေးကိုကြားစ၊ ထူးထူးဆန်းဆန်းနဲ့ လှလှပပလေးမို့ စိတ်ဝင်စားမိ ခဲ့တယ်။ နောင်ပေး တဲ့။ ဒုက္ခသည်စခန်းသုံးလေးခုမှာ နေခဲ့ဖူးလို့ ဒုက္ခသည်ပါးဝနေပြီပြောနိုင်ပေမယ့်၊ ဒီ နောင်ပေး ဆိုတာနဲ့ ကျနော် မနီးစပ်ခဲ့တာအမှန်။ အစပိုင်းဒုက္ခသည်ဘ၀လို့ပြောရမယ့် ထိုင်း၊ ကရင်နီနယ်စပ် နို့ပအားဒုက္ခသည် စခန်းမှာနေခဲ့ ရစဉ်က လူပျိုဘ၀လည်းဖြစ်၊ ABSDF ရဲဘော်ဘ၀ လည်းဖြစ်တာမို့ ဒီလိုကိစ္စတွေကို အာရုံမရမိ၊ ဂရုလည်းမထားခဲ့မိလို့ မကြားခဲ့၊
ဘီလူးသံသရာ
တရံရောအခါ
ရွာတရွာအနီး ဘီလူးကြီးလေ
ရွာသားတွေကို မျိုးစုံအောင်ဒုက္ခပေး
သတ့့် 
စာ့း့ 
ခံရဖန်များများလာတော့
ရွာသားတွေ စုတော်လှန်ကြပေါ့ ...
နော်ဒေးမူဖေါပါရဲ့အိမ် (သို့) ကြင်စဦးအိမ်
(က)
အိမ်လေးတလုံးပိုင်ခဲ့ဖူးပါရဲ့
သုံးနှစ်ကျော်ကျော်လောက်က
တောင်ယာခုတ်သွားတဲ့
နော်ဒေးမူဖေါပါရဲ့
ဖရိုဖရဲ
တောင်ယာတဲငယ်လေး၊
အမေပြောပြတဲ့ အဖေ့အကြောင်း
(၁)
အဖေ့ဘ၀မှာ
အရက် နှစ်ခါတိတိသာ သောက်ခဲ့ဖူးတယ်တဲ့ 
တခါက အိမ်ထောင်ဦးည
နောက်တခါက သမီးဦးမွေးစ
နှစ်ခါစလုံးမှာ ရန်ရှာဖို့ဝေးစွ
အမေ့ရှေ့မှာလာ မျက်ရည်ကျ
ဝမ်းသာအားရ အမေပြောပြောနေကျ့ 
အပြစ်မဲ့သူတို့၏ ၀ဋ်ကြမ္မာ
(၁)
ကုန်းတက်ကိုအကျော် တိုးနိုးနိုပါတို့တဲစုကို လှမ်းမြင်လိုက်ရမှ သက်ပြင်းချမိသည်။ လျှောက်ခဲ့ရသည့် ခရီးက မိုင်၂ဝ ကျော်၊ တောင်ကုန်းအဆင်းအတက်တွေချည်း။ ခုမြင်လိုက်ရတဲ့တဲစုတွေက လယ်ခိုဒိုးသာရွာ သင်္ချိုင်းကုန်းအနီး တောင်ကြောတွေရဲ့ကြားက ပုန်းတဲတွေ။ ၁၉၉၇ - ခုနှစ် ရွာတွေမီးရှို့ခံရပြီး ရွာအနီးအနားမှာတောင်မှ နေခွင့်မရကြတဲ့ ရွာ သားတွေကို သံတောင်မြို့အနီးမှာ စုစည်းပြီးထားလို့ “စုစည်းရွာ” ဟူ၍ပေါ်ပေါက်လာခဲ့၏။ စုစည်းရွာမှာနေကြရတဲ့ မိသားစု တွေ ရိက္ခာစုနိုင်ဖို့နဲ့ ရွာပြန်ပြီး၊ ပုံမှန်ခြံလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် ဒီတဲစုကလေးတွေက ခေတ္တတည်းခိုစရာ … ။

ဝေးကြပြီ ကရင်မလေး
(၁)
မျက်လုံးတွေကိုလည်း မှတ်ထားလို့မရ။ လှဲအိပ်နေလို့လည်းမရ။ အတွေးများက ခြားရဟတ်ပမာ။ ရုတ်တရက် ထထိုင်လိုက်စဉ် မျက်ရည်တချို့လျှံထွက်လာ၏။ မျက်ရည်ကျခြင်းအဖြစ်ကို မနှစ်မြို့သော်လည်း ကျလာသည့် မျက်ရည်များအတွက် တားဆီးချင်စိတ်ကလည်း ကင်းမဲ့လျှက်။ နံဘေးတဖက်တချက်စီမှာ အပြစ်မဲ့စွာ အိပ်မောကျနေကြ သော ဇနီး၊ သမီးနှင့်သားကြီးတို့မှာကား ငြိမ်းအေးပေစွ။ မိမိမှာသာ …
Monday, February 14, 2011
တရာတန်ဇာတ်လမ်း
(၁)
"ဟိုက် ပိုက်ဆံရာတန်ကြီးပါလား၊ အိပ်ကပ်ထဲ ဘယ်လိုရောက်လာပါလိမ့်။"
အစည်းအဝေးထိုင်အပြီး၊ အားလုံးကိုနှုတ်ဆက်ကာ အသစ်ဖွင့်စ ငြိမ်းချမ်းရေးရင်ပြင် တိုင်းရင်းသားခန်းမကအထွက် ဆေးလိပ်သောက်ချင်စိတ်ပေါက်လာလို့ အိပ်ကပ်ထဲအရှာမှာ တွေ့လိုက်ရတာ။ သေချာတာက ကျနော့်ပိုက်ဆံမဟုတ်။ အိမ်က အမျိုးသမီး ထည့်ပေးလိုက်တာလည်း မဟုတ်။ အိမ်မှာ ငွေပြတ်နေတာကြာပြီ။