Monday, February 28, 2011

ပိဋကတ် ၃ ပုံဖိုင်မှာ ၀င်နားတဲ့ ဗိုင်းရပ်

စကျူရတီဂတ်လည်း ခံထား
စကင်လည်း မကြာမကြာလုပ်တဲ့ကြားထဲ
ဝင်လာတဲ့ အကောင်ပေါ့ 

ကလင်းတွေ အလီလီလုပ်လည်း
ဘိုးဘိုးအောင် ရဲ့ ၀ လုံး တွေလို ပျံ့နှံ့ 

ဒလိလုပ် မရ
မု လုပ် မရ
၃ ရက်နဲ့ ၃ ည
ဇောချွေးတွေ တဖြိုင်ဖြိုင်ကျ့ 

တပိုင်စား ယဉ်ပါး
က၀ိ၊ အာစရိ ဆိုသူများတောင်
လက်မှိုင်ချရ
နောက်ဆုံး ဒီဖိုင်ကျမှ့ 

ကျဉ်းလွန်းခဲ့တဲ့ အတ္တ
ပြင်းလွန်းနေတဲ့ ဒေါသနဲ့
လွှမ်းခြုံထားတဲ့ မောဟတွေကြောင့်မျာ့း့ 

လူသား ကျုပ်တို့ကိုယ်တိုင်
ဖော်စပ် မွေးမြူထားပါတဲ့
သက်မဲ့
ဒီ ဗိုင်းရပ်ဆိုတဲ့ ကောင်ကိုတောင့့်  ။ ။

လူဗိုလ်

No comments:

Post a Comment