ဒီလျှာရဲ့အလုပ်ကြောင့်ပါပဲ
စစ်တွေဖြစ်
ငြိမ်းချမ်းရေးတွေဖြစ်
မနုဗေဒနဲ့ သဘာဝတ္တ တွေမှာ
ဒုက္ခတွေ လှိုင်လှိုင်ဖြစ်
ချစ်ခဲ့ကြရ
ညစ်ခဲ့ကြရ့ 
လူ့ဘဝ ဤလောက
အတိတ်၊ ပစ္စုပ္ပန်မှသည်
နောင် သမိုင်းစဉ် အဆက်ဆက်
ဖြစ်တည်မှုကို ဦးဆောင်
ဖြစ်ပျက်တို့ကို လွှမ်းမိုး
လျှာတန်ခိုးကြီးနေဦးမည်
လျှာထက် ဦးနှောက် မစွမ်းသရွေ့။ ။
လူဗိုလ်
No comments:
Post a Comment