Sunday, May 28, 2017

ချာတိတ်

ပန်းပွင့်ကိုမြင်
ပန်းမထင် ရင်မှာထိတ်။

လမင်းကိုမြင်
လမထင် ရင်မှာထိတ်။

စမ်းချောင်းငယ်မြင်
စမ်းမထင် ရင်မှာထိတ်။

ပန်း, လငယ်, စမ်းတွေ မေ့စဉ်ပေါ့
စိတ်မှာထင် ၀င်လာစိုးပြီး
ကိုယ့်ရင်မှာ သူလေတိုးတယ်
ဆိုးတဲ့ချာတိတ်။

ရဲထိန် (၁.၁.၉၁/၁၂း၂၈း၅၅)

Source By: http://nyeinsuu.blogspot.com 

No comments:

Post a Comment