Monday, October 3, 2016

မိနစ်(၂ဝ)နဲ့ စိတ်ချမ်းတဲ့ဘဝ တည်ဆောက်နည်း။

GandaWin Magazine

၁။ အသက်ရှူလေ့ကျင့်ခန်းအတွက် (၅)မိနစ်အချိန်ယူပါ။
တိတ်ဆိတ်တဲ့နေရာတစ်ခုမှာထိုင်ပြီး ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုကို
စိတ်ကူးပုံဖော်ပါ။ အသက်ကိုနက်နက်ရှိုင်းရှိုင်း ရှူထုတ်၊ ရှူသွင်းပါ။
ထိုပုံစံအတိုင်း တစ်ရက်ကို ၅ မိနစ်အချိန်ပေးပြီး လုပ်ဆောင်ခြင်းဖြင့်
တစ်နေ့တာ ကုန်ဆုံးသွားသမျှ အားအင်တွေကို ပြန်လည်ရရှိစေသလို နောက်
တစ်နေ့တာရဲ့ စိန်ခေါ်မှုတွေကိုလည်း ခွန်အားအပြည့်နဲ့
ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

၂။ အတွေးတွေကို တည်ဆောက်ဖို့ (၅ မိနစ်)အချိန်ယူပါ။
စိတ်လက်မကြည်မလင်နဲ့နိုးထလာရတဲ့ နံနက်ခင်းတစ်ခုဟာ တစ်နေ့တာလုံးကိုပါ
အဆင်မပြေ ဖြစ်စေပါတယ်။
ဒါကြောင့် နံနက်ခင်းမှာ ၅ မိနစ်ခန့်အချိန်ပေးပြီး
ကောင်းမွန်တဲ့အတွေးတွေ၊ ခံစားမှု တွေကို တည်ဆောက်ပြင်ဆင်ရပါမယ်။ ဒါမှသာ
တစ်နေ့တာလုံးမှာ စိတ်လက်ကြည်လင်စွာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ ကျေးဇူးတင်ရမယ့်အရာတွေကို ချရေးဖို့ (၃ မိနစ်)အချိန်ယူပါ။
တစ်ရက်ကို ၃ မိနစ်အချိန်ယူပြီး ဘဝကို ပိုမိုပျော်ရွှင်စေတဲ့၊
ကျန်းမာစေတဲ့၊ ကောင်းမွန်စေတဲ့ အရာတွေကို ကျေးဇူးတင်ကြောင်း ချရေးပါ။
တစ်နေ့ထက်တစ်နေ့ ဘဝထဲမှာ ကျေးဇူးတင်စရာတွေ ပိုများလာအောင် မြင်ကြည့်ပါ။
နေ့ရက်တွေက သင့်အတွက် သိသိသာသာပိုစိတ်ချမ်းသာစရာကောင်း လာတာကို
တွေ့ရမှာပါ။
၎။ တစ်နေ့တာရည်မှန်းချက်တွေချရေးဖို့ (၅ မိနစ်)အချိန်ယူပါ။
တစ်ရက်ကို ၅ မိနစ်အချိန်ယူပြီး တစ်နေ့တာဖြစ်စေချင်တာလေးတွေကို
တန်းစီချရေးပါ။ အဲ့ဒီအချက်တွေက သိပ်ပြီးကြီးမားတဲ့အောင်မြင်မှုတွေဖြစ်ဖို့
မလိုအပ်ပါဘူး။ ချရေးထားတဲ့အချက် တွေအားလုံး ပြီးမြောက်သွားတဲ့အခါ
ကျေနပ်သွားတဲ့ခံစားချက်က သင့်ကို စိတ်ချမ်းသာကျေနပ်မှု ရရှိစေမှာပါ။
၅။ ဆူညံသံတွေရှောင်လွှဲဖို့ (၂)မိနစ် အချိန်ယူပါ။
သင့်နံနက်ခင်းကို သတင်းတွေနားမထောင်ဘဲ၊ လူမှုကွန်ရက်မသုံးဘဲ၊
ဖုန်းမဆက်ဘဲနဲ့ သင်ကြိုက်တဲ့တေးဂီတသံလေးတွေကို ၂
မိနစ်အချိန်ယူနားထောင်ခြင်းနဲ့ အစပြုကြည့်ပါ။ သင့်တစ်နေ့ တာလုံး
စိတ်ချမ်းသာမှု၊ သက်တောင့်သက်သာရှိမှု၊ တည်ငြိမ်မှုတွေနဲ့
ဖြတ်သန်းနိုင်တာကို တွေ့ရမှာ ပါ။
ကဲ... ပရိသတ်ကြီးရေ အကြံပြုချက်လေးတွေကလည်း လိုက်နာဖို့ လွယ်ကူလှသလို
ပေးရတဲ့ အချိန်ကလည်း တစ်နေ့မှ မိနစ်(၂ဝ)တည်းဖြစ်ပါတယ်။
အကြံပြုချက်လေးတွေကို လိုက်နာကျင့်သုံးကြ ခြင်းအားဖြင့်
အားလုံးလည်းပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက် ပါတယ်ရှင်။
ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။
ပိုမို စုံလင်စွာဖတ်ရှုရန် >> https://goo.gl/0Si09j
GandaWin Mobile Application လေးကို download လုပ်ရန် >> Google Play:
http://bit.ly/1p5O5y9

No comments:

Post a Comment