Byခိုင်ကြည်သစ်On Tue, 2016-06-28 06:30Issue No.No.1133 Tuesday, June 28, 2016
7 Day News
(၁)
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းတွေ ပို့ချပေးဖို့ ကျေး လက်ဒေသတွေဆီ
ခရီးထွက်နေ တဲ့ ရက်ပိုင်းတွေအတွင်း သမီးဖြစ် သူကို လွမ်းတဲ့စိတ်ကို သမီးငယ်
ရဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုဖိုင် လေးတွေ ဖွင့်ကြည့်ရင်း ဖြေ ဖျောက်ရပါတယ်။
ဆင်လိုလို၊ နွား လိုလို အရုပ်ကလေးတစ်ရုပ်ကို နို့စားနွားမကြီးလို
သဘောထားပြီး ပုံးတစ်ပုံးနဲ့ နွားနို့ညှစ်တမ်းကစား နေတဲ့ သမီးငယ်ရဲ့
ဗီဒီယိုဖိုင်ကို ကြည့်ရင်း သင်တန်းတွေမှာ မကြာခဏ ပြောဖြစ်လေ့ရှိတဲ့
"Attracting youth to engage in agriculture" လူငယ်မျိုးဆက် သစ်တွေကို
စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွေမှာ ပိုမိုပါဝင်လာဖို့
ဆွဲဆောင်စည်းရုံးခြင်းဆိုတာကို သတိရမိပါတယ်။ တစ်ချိန်တည်း မှာ မိသားစုနဲ့
ခွဲခွာပြီး ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေ ရသူတွေအတွက်
ကိုယ်ချင်းစာနာ မိပြန်ပါတယ်။