Today Myanmar
ပြောရမှာက အရှည်ကြီး၊ ဘယ်သူမှလည်း ဒီအကြောင်းကို မမေးဘူးဆိုရင် မပြောပါနဲ့။
၁ - စကားများတဲ့ အကျင့်ကို အရင်မဖျောက်ခင် ကိုယ့်အကြောင်း အကြာကြီးပြောတာမျိုးကို အရင် ရှောင်သင့်ပါတယ်။ ပြောမယ်ဆိုလည်း ဟာသ ပါအောင် ပြောသင့်ပါတယ်။
၂ - စကားများများ ပြောတော့မယ်ဆိုရင် တစ်ဖက်လူကို မေးခွန်းမေးတာမျိုး၊ တစ်ခုခုသိချင်လို့ ပြောတဲ့ပုံစံမျိုး ဖြစ်သင့်ပါတယ်။
၃ - ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့အခါ ဘယ်လိုခံစားရလဲ စဉ်းစားကြည့်ပါ။
ပျင်းဖို့ကောင်တတယ်၊ ငြီးငွေ့ဖို့ကောင်းတယ်၊ စိတ်ဝင်စားစရာမရှိဘူးဆိုရင် သင့်ကိုယ်သင် ပြုပြင်ဖို့ လိုပါပြီ။
၎ - ကိုယ်ရောက်နေတဲ့ အခိုက်အတန့်မှာ လူတွေ စိတ်ဝင်စားမယ်လို့ ထင်တဲ့ အရာကိုပဲ ပြောပါ။
၅ - ကိုယ်တကယ်သိတဲ့ အကြောင်းအရာတစ်ခုကို ပြောပါ။

၆ - ပြောရမှာက အရှည်ကြီး၊ ဘယ်သူမှလည်း ဒီအကြောင်းကို မမေးဘူးဆိုရင် မပြောပါနဲ့။
၇ - တခြားလူဆီက ရလာတာ၊ အင်တာနက်က သိလာတာမျိုးဆို တစ်ဆင့်ပြန်ပြောတာမျိုး မလုပ်ပါနဲ့။
၈ - ကိုယ့်ရည်မှန်းချက်အကြောင်း မပြောပါနဲ့။
၉ - တစ်ဖက်လူက ဖုန်းတို့၊ ကွန်ပျူတာတို့ ကြည့်နေရင် မပြောပါနဲ့။
၁၀ - စကားမြန်မြန်ပြောတဲ့ အကျင့်ကိုလည်း ဖျောက်ထားသင့်ပါတယ်။
၁၁ - စကားဝိုင်းထဲ တကယ်ရယ်တဲ့လူက သင်တစ်ယောက်ပဲရှိတယ်လို့ ခံစားရရင် မပြောပါနဲ့။
Photos & Source: wikiHow
duwun

No comments:
Post a Comment