မနေ့ညက ...
တိတိကျကျ ပြောရရင် ၂၀၁၆.၅.၁၀ ရက်ညက သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်....
ယမနိုတယ် ရထားပေါ် သူ့ ပိုက်ဆံအိတ် ကျနေခဲ့လို့ တဲ့....ရဲစခန်းကို လိုက်ခဲ့ပါဦး ဆိုတော့ မအိပ်သေးပဲ လိုက်သွားတယ်...ဗျ။
သူ့အလုပ်က လကုန်ရက် time card သိမ်းပြီး ၁၀ ရက်နေ့ လစာ ရှင်းတော့ ၊ လစာတွေ
ထုတ်လာတယ်.... ယန်း သောင်း(၂၀)ကျော်ပါတယ်(ယန်း ၂ သိန်းကျော်) မြန်မာငွေ ၂၃ သိန်းလောက်ပေါ့...
သူငယ်ချင်းလည်း...တိုကျိုလို မြို့ကြီးရဲ့ မြို့ပတ်ရထားပေါ် ပိုက်ဆံအိတ်ကျနေခဲ့တာ...ပြန်မရတော့ပါဘူး ဆိုပြီး မျက်ရည်ဝိုင်းနေရှာတယ်....
ဒါနဲ့ ရှင်ဂျုကု ဘူတာအထွက်က ရဲစခန်းငယ်လေးကို သွားအကြောင်းကြားတယ်...နိုင်ငံခြားသားကဒ်ပါ ပါသွားတော့ ပက်စပို့ မိတ္တူပေးခဲ့ရတယ်...
တာဝန်ကျ ရဲက
'ရထားပေါ်ကျနေခဲ့ရင်တော့ ပြန်ရမှာပါ စိတ်မပူပါ နဲ့ ....ရဲစခန်းတွေ အားလုံး
အကြောင်းကြား ပေးထားပါ့မယ်.....တွေ့တာနဲ့ ဖုန်းဆက်အကြောင်းကြားပေးပါ့မယ်' ပြောတယ်ဗျ...
မယုံတဝက်နဲ့ သူငယ်ချင်းကို ဖြေသိမ့်ပြီး ပြန်လာခဲ့တယ်.....
ဒီမနက်တော့ ကျွန်တော့် ဆီဖုန်းဝင်လာတယ်...
အိုးစခိ ဘူတာက ရဲစခန်းမှာ ညက လူတစ်ယောက် လာအပ်သွားပါတယ်...တဲ့
အလုပ်နားချိန် သူငယ်ချင်းခေါ်ပြီး သွားယူကြတော့...
ပါသွားတဲ့ ငွေ တပြားမှ မလျှော့....။
ကျွန်တော်တို့မှာ ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင်စကားတွေ အထပ်ထပ်ပြော....
ရထားပေါ်က ကောက်ရပြီး လာအပ်တဲ့ သူက ဘယ်သူပါလဲ...ကျေးဇူးဆပ်ချင်လို့ပါ အထပ်ထပ် မေးတော့ ရဲက မျက်မှောင်ကုပ်ပြီး စကားနှစ်ခွန်းပြန်ပြောတယ်...
'ဂျပန်မှာ ကောက်ရတဲ့ ပစ္စည်းယူထားရင် ခိုးမှု မြှောက်တယ်၊
ကျေးဇူးတင်စရာ မလိုပါဘူး ငါတို့ အလုပ် ငါတို့ လုပ်နေတာ ပါ....
နောက်တခါ မဖြစ်အောင် ဂရုစိုက်ပါ ....' တဲ့။
ကောင်းလိုက်တဲ့ ဥပဒေ တွေနဲ့ ကိုယ်ကျင့်တရားတွေဗျာ...
ကျွန်တော်တို့ မှာတော့ ရောင်းသူမဲ့ ဆိုင်လေးတွေဖွင့် လို့ ချီးကျူးမလို့ရှိသေး ငွေဗူး အမခံရ သတဲ့။
'ရေအဆုံး၊ ကုန်းတစ်ဝက်' တို့
'ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာ ' တို့ ...ဆိုတဲ့ စကားတွေက ကျွန်တော်တို့ ရဲ့စာရိတ္တတွေ ကို မကောင်းတဲ့ဘက် တွန်းပို့ခဲ့ကြတယ်။
မင်းယျာ
၂၀၁၆.၅.၁၁

No comments:
Post a Comment