Friday, May 20, 2016

ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာတည်ထောင်သူ ဓမ္မဝိဟာရီဆရာတော်သျှင်ဥာဏမဟာထေရ် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခြင်း။


 ယနေ့မနက် ဆရာတော်လွတ်မြောက်သည့်သတင်း လူမှုကွန်ယက်စာမျက်နှာများ၌ တပည့်သာဝကများ အပြန်အလှန် ဝမ်းမြောက်ဝမ်းသာ အသိပေးကြသည်များနှင့် ပြည့်လျှံနေသည်။အချို့ FB ဖရင့်ဖြစ်ပြီး အကြောင်းမသိသူုများက ဘယ်ဆရာတော်လည်း စသည်ဖြင့် ဘာညာစူးစမ်းကြ မန့်ကြသည်။သည်တော့ ထိုဆရာတော်အကြောင်း ကျွန်ပ်သိမှီသလောက် အသိပေး ရေးတင်ချင်စိတ်ဖြစ်လာသည်။ ထို့ကြောင့် ဤ စာကို ရေးပါသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားဟူ၍ ရှိသည်
။ အစိုးရမှ အစကမရှိဟုငြင်းဆိုသည်။ နောင် နိုင်ငံတကာဖိအား ပြည်တွင်းဖိအားများဖြင့် နိုင်ငံရေးအကျဉ်းသား ရှိပါသည်ဟုဝန်ံခံရသလို ဖြစ်သွားသည်။ဒါကိုပဲ ဝေ့လည်ချောင်ပတ်လုပ်ဆဲ။ဒါက သူတို့အမြင် သူတို့လုပ်ရပ်အပိုင်း။နိုင်ငံရေးကစားကွက်အဖြစ် တစ်သုတ်ပြီးတစ်သုတ် တစ်ရစ်ခြင်း တစ်ရစ်ခြင်းလွှတ်သည်။လွှတ်သည့်အခါတိုင်း သည်ဆရာတော်မပါချေ။ကုလသမဂ္ဂအထူးကိုယ်စားလှည် ကင်တာနာ်းတို့ I.C.R.C တို့က ဆရာတော်ကို တကူးတက သွားတွေ့မှ ဇာဂနာ ဆရာစံဇာနီဘိုတို့ VOA RFA DVB နှင့် မြန်မာ့ တီဗွီ သတင်းဌာနအချို့တို့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့တို့က ပြောလာမှ မဖြစ်နိုင်တော့မှန်းသိ၍ စာရင်းသွင်းခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ထင်သည်။ကင်တာနားတို့ I.C.R.C တို့ သွားရောက်တွေ့ဆုံသည့်သတင်းပင် လူမသိသူုမသိဖြစ်အောင် ဘက်ပေါင်းစုံက လုပ်ထားသည်။ညစ်နိုင်သ၍ ညစ် ထစ်နိုင်သ၍ ထစ်ထားသည်ဟု လည်းမြင်သည်။ တစ်စုံတစ်ယောက် တသင်းတဖွဲ့၏ ဖိအားတစ်ခုလည်းရှိနိုင်သည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးယုံကြည်ချက်ကြောင့် ကျသောအကျဉ်းသား သာ အများစုဖြစ်ပြီး ဘာသာရေးယုံကြည်ချက်ကြောင့်ကျသောသူဟု ယခုခေတ်မှာ သည်ဆရာတော်တစ်ပါးသာရှိသည်။ ကမ္ဘာ့ ဗုဒ္ဓဘာသာသမိုင်းမှာကိုယ်ပဲ ရှားပါးလွန်းလှသည်။အယူအဆမတူသူတို့က ဆရာတော်အား နိုင်ငံရေးအကျဉ်းသားဖြစ်ပုံကို နားမလည်နိုင်ကြပေ။ နိုင်ငံရေးအကျဉ်းသားသတ်မှတ်ချက်ကို ဘယ်လိုခွဲပါသနည်း။ဥပဒေပညာရှင်တစ်ဦးက ပြည်ထဲရေးလက်အောက်ခံ SB က တရားစွဲဆိုသော အမှုတိုင်းသည် နိုင်ငံရေးကြောင့် ဖြစ်သောအမှုဖြစ်သည်။ထိုအကျဉ်းသားကို နိုင်ငံရေးအကျဉ်းသား ဟုခေါ်သည်ဟု အလွယ်ကူဆုံးရှင်းပြတာ ကြားဘူးသည်။ မှန်ပါသည်။ ဆရာတော်သည် စစ်အစိုးရအဆက်ဆက် ထောင် သုံးကြိမ်သုံးခါ ချခံထိခဲ့သည်။ပထမ အကြိမ်သည် မဆလအစိုးရလက်ထက် ၁၉၈၂ ၈၃ ဝန်းကျင်ဖြစ်သည်။ထိုစဉ်က ဝိနည်းဓမ္မကံ ၉ ရဟန်းတုရဟန်းယောင်ဆောင်မှု။၂၉၅( က) လူတစ်စားကိုးကွယ်ယုံကြည်မှုကို စော်ကားနှောင့်ယှက်မှု စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲ ထောင်ချသည်။ ဝိနည်းဓမ္မကံ ၉ က ထောင်ဒဏ် ၃နှစ် .၂၉၅ ( က ) က ထောင်ဒဏ် ၂ နှစ် ပေါင်း ၅ နှစ်ကျခံစေဟု ပုသိမ်ကြီးတရားရုံးက အမိန့်ချသည်။တရားလိုက မန္တလေးတိုင်းသာသနာရေးမှူး ဖြစ်သည်။ တိုင်းအယူခံ၌ တပေါင်းတည်းကျခံစေ ဟုဆိုသဖြင့် ၃ နှစ်ဖြစ်သွားသည်။ ဆက်လက်အယူခံသည်။ဗဟိုတရားရုံးက ဝိနည်းဓမ္မကံ ၉ အမှုကို အပြစ်မရှိကြောင်း ဆုံးဖြတ်အနိုင်ပေးသည်။၂၉၅ ကို တည်စေ ဆုံးဖြတ်သည်။ ဗဟိုတရားရုံးက ထိုသို့ဆုံးဖြတ်ချိန်၌ ဆရာတော် တို့က နှစ်သက်တမ်းစေ့လို့ အပြင်ရောက်နေသည်မှာ တစ်လကျော်နှစ်လခန့်ပင်မကရှိပြီ။ တစ်နှစ်ပိုနေလိုက်ရသလိုဖြစ်သွားသည်။မဆလစစ်အစိုးရ၏ တရားစီရင်ရေး သည် အံ့သြဖွယ်ဖြစ်ပေသည်။ ဆရာတော်က ဗဟိုကချမှတ်သော ၂၉၅ သည်လည်း မိမိကျူးလွန်ခဲ့ခြင်းမရှိကြောင်း အကြောင်းချက်စုံစွာ ရေးသည်။ဗဟိုတရားသူကြီးတို့ ဆန္ဒာကတိလိုက်ကြခြင်းဖြစ်သည်။ ထိုအဂတိလိုက်ခြင်းသည် နိုင်ငံတော်၏ တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်း ပျက်စီးစေသဖြင့် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်ပြင်ဆင်ပေးဖို့တောင်းဆိုသည်။ တပါတည်းပင် အပြစ်မရှိပါပဲနှင့် အပြစ်ရှိလေယောင် ဥပဒေလက်တလုံးခြားလုပ်ပြီး တရားစွဲစေသည့် အရာရှိဆိုးများကြောင့် နိုင်ငံသားတို့နစ်နာရသည်။နောင် ထိုသို့ပြည်သူကို နှိပ်စက် မပြုမူနိုင်စေရေးအတွက် ၄င်းတို့ကို အရေးယူတရားစွဲနိုင်ဖို့အတွက် ဥပဒေပုဒ်မ ရှာပေးပါရန် ပြည်သု့ဥပဒေအကျိုးဆောင်အဖွဲ့ကို စာတင်သည်။ထိုစာတင်ထားဆဲ ကာလမှာပင် မဆလအစိုးရ ဇီဝိန်ခြုပ်သွားခဲ့သည်။ ထိုစာရေးတင်ချိန်က ၁၉၈၇ ၈၈ အခါသမယဖြစ်သည်။ ဆရာတော် မန္တလေးထောင်နှင့် လွန်ကျော်ရဲဘက်စခန်းမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ရန်ကင်းတောင် ပုဏ္ဏားကုန်းရွာ မင်းလွင်ခြံ ငွေတောင် မိုးပေါက်ကျ ( အရှေ့ရိုးမအခြေ )တို့သို့သတင်းသုံးသည်။သုတ္တန်ပိဋကတ် အကုန် သုတ်ပေါင်း ၄၀၀၀ခန့် ကို မိမိယုံကြည်လက်ခံသော အရိယသစ္စာဒဿနအမြင်ဖြင့် သံခိပ် ရေးသားပြုစုဖွင့်ဆိုသည်။လူတိုင်း နားလည်နိုင်သော ကျမ်းတစ်စောင်လည်းဖြစ်သည်။ထိုကျမ်းကို အမြင့်ဆုံးလူ့ဂုဏ်ရည်သိက္ခာလမ်းညွှန်ဘုရားတရား ( မဟာပေါဌက) ဟု အမည်တွင်စေသည်။ရန်ကုန်ရောက်ရှိနေသော တပည့်ရင်းချာ နိုင်ငံကျော် ဒဿန စာရေးဆရာတစ်ဦးမှ ဖင်စီပါရမ် ငှက်ဖျာှး ထူပေါသော ထို မိုးပေါက်ကျချောင် ဝေဠုဝန် တောကျောင်းမှာသတင်းမသုံးစေချင်။ သာဝကတော်တော်များများ ငှက်ဖျားရောဂါ အိမ်ပြန်လက်ဆောင်ပါသွားရင်း အသက်ပျောက်ကြတာများသည်။ထို့ကြောင့်ရန်ကုန်ပင့်ဖိတ်သဖြင့် ၁၉၉၁ ခုနှစ် ၌ ရန်ကုန် မြောက်ဥက္ကလာ မြဥယျာဉ်ခြံသို့ ပြောင်းရွှေ့သတင်းသုံးသည်။ထိုခြံသို့ ရောက်ပြီး ၁၉ ရက်အကြာတွင် စစ်သားများ ရဲများ အရပ်ဝတ်များဖြင့် လူသုံးဆယ်ခန့် ထိုကျောင်းအား စစ်ဆင်ရေးသဖွယ်ဝိုင်းပြီး အဖမ်းခံရသည်။ငွေတုလုပ်တဲ့ဂိုဏ်း မြောက်ဥက္ကလာမှာရောက်နေ ကြောင်း သတင်းရလို့ဆိုသလိုလို။ထိုစာရေးဆရာနှင့် တောင်ငူမှတက္ကသိုလ်ကျောင်းသားတစ်ယောက်လည်းပါသည်။ထိုကျောင်းသားမှာ ဆရာတော်နေမည့်ကျောင်းအား တောင်ငူမှ အပေါင်းအသင်းလက်သမားများခေါ်ယူ၍ ဆောက်နေချိန့်ဖြစ်သည်။ ထိုဖမ်းဆီးရာတွင်ဦးဆောင်သော မြောက်ဥက္ကလာ မဝတ ဗိုလ်မှူးကြီးက ထိုစာရေးဆရာအား ခင်ဗျားတို့ဆရာတော် ကိုယ့်နေရာကိုယ်နေရင် အဖမ်းမခံရပါဘူးဗျ အမဲရောင်လို့သတ်မှတ်ထားတဲ့ ဒီနေရာမို့ပါတဲ့။ ဒါဆိုရင် ကျုပ်တို့ ဘုန်းကြီးကို သူ့တောသူပြန်ပို့ပါ့မယ်။ လွှတ်ပေးပါဟုတောင်းဆိုသည်။အခုတော့အဲသည်လိုမရတော့ပါတဲ့။ဆရာတော်က အခုနိုင်ငံရေးမလုပ်ပေမယ့် ဆရာတော်ကတိုးတက်တဲ့အမြင်ရှိတာမို့ နိုင်ငံရေးသမားတွေ စာရေးဆရာ ကဗျာဆရာတွေက လာတွေ့စည်းရုံးရင် ဆရာတော်က တစ်ခိျန်လုပ်မှာ ကျိန်းသေတယ်။ ဒါ့ကြောင့် ကြီုတင်ကာကွယ်ရတာဟုလည်း ထပ်ဆောင်းပြောလိုက်သေးသည်။ ထိုစာရေးဆရာတို့က ရက်ပိုင်းအတွင်းပြန်လွတ်သည်။ထိုနေ့က စစ်သားများ ရဲများ တောင်တောင်အီင်္အီ ဖြဲရဲ ရှာကြဖွေကြရာက ဘာထရန်ရပ်ဆယ် ၏ စာအုပ်များအပါဝင် တန်ဘိုးရှိ စာအုပ်အချို့ ပျောက်သွားသည်ဟု ထိုစာရေးဆရာပြောသံကြားရသည်။သိမ်းဆည်းသွားသော ငွေများတော့ပြန်ရသည်။ ဤ သြို့ဖ င့် ဆရာတော်အား ပုဒ်မ ၅ ဃ( ည ) ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ဆယ်နှစ် ချသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ကာကွယ်စောင့်စောင့်ရှောက်သည့်ဥပဒေ ဟုဆိုသည်။။ အင်းစိန်စံကျောင်း မှာ ရှစ်နှစ်ခန့် သတင်းသုံးနေခဲ့ရပြီး နောက် ၂၀၀၀ခုနှစ် မတိုင်မီ ဆရာတော် ဒုတိယအကြိမ်ပြန်လွတ်လာခဲ့သည်။ ထိုမှ တဖန် ၂၀၁၀ ခုနှစ်၌ ဆရာတော်အား နှစ်စဉ် နှစ်ပတ်လည် ပူဇော်ပွဲ အား ပွဲမိန့်မခံပဲ တရားဟောသည်ဟူသောအကြောင်းပြချက်နှင့်ပြင်ဆင်ဖမ်းဆီးပြီးပုဒ်မအမျိုးမျိုးတပ်ခါ
င်္ထောင်ဒဏ် စုစုပေါင်း ၂၀ နှစ်ချမှတ်ခဲ့သည်။ထိုအချိန်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်သေးချေ။ ဦးသိန်းစိန်သမ္မတခေတ် လျှော့ပေါ့လွတ်ငြိမ်းခွင့်များကြောင့် လာမည့် ဧပြီလသည် ဆရာတော်ပြစ်ဒဏ်စေ့လွတ်မည့်အခါသမယ ဖြစ်သည်ဟုသိထားသည်။ ယခု လွှတ်လိုက်ခြင်းမှာ နှစ်လ စောဆရာတော်အပြင်ရောက်ခြင်းသာဖြစ်သည်။ ဆရာတော်၏ မိမိယုံကြည်ချက် အကြောင်းပြုပြီး အကျဉ်းစခန်းများမှာ နေရသည့် နှစ်များ စုပေါင်းသော် ( ၁၇ )နှစ်ခန့် ရှိပါသည်။ သာဝကများအဖို့ ဆရာတော်နှင့်တွေ့ခွင့်မရသဖြင့် အချို့ စိတ်မကောင်းခြင်းလွမ်းဆွတ်သတိရခြင်းများဖြစ်ကြရသော်လည်း အမှန်တကယ်၌ တပည့်သာဝကများ နောင်လာနောက်သားများအတွက် ကမ္ဘာ့ဒဿနပညာရှင်တိုင်း ဗုဒ္ဓဒဿနလေ့လာလိုသူတိုင်း လေ့လာလို့မကုန်လုံနိုင်လောက်အောင်သော ဖွင့်ဆိုရှင်းလင်း လမ်းပြပေးသော ကမ္ဘာ့ မည်သည့်ပညာရှင် မည်သည့် ဘာသာရေးခေါင်းဆောင်ကမျှ ဓမ္မဒိဌာန် ကျစွာ မချေဖျက် မကန့်ကွက်နိင်သော သမိုင်းဝင် စာပေကျမ်းဂန်ပေါင်း စာအုတ်စင် တစ်စင်စာမက အများအပြားရေးချန်ထားခဲ့ပြီးလည်း ဖြစ်သည်။တရားခွေပေါင်း ထောင်ချီ၍ လည်း မိန့်မြွက်လမ်းညွှန်နိုင်ခဲ့ပြီးလည်း ဖြစ်သည်။ဆရာတော်ရေးသားသော ဓမ္မ နှင့်အခြားသော ကျမ်းစာများကို ကိုးရီးယား ဘာသာဖြင့်လည်း ပြန်ဆိုနိုင်ခဲ့ပြီး ကိုးရီးယား ဗုဒ္ဓဘာသာလောကသို့ စိမ့်ဝင် ပြန့်နှံ့စပြုနေပြီလည်းဖြစ်သည်။အင်္ဂလိပ်ဘာသာ ဖြင့်လည်း ဆရာတော်အာဘော်မှ မသွေဖီအောင် ပြန်ဆိုရေးသားဖို့ ကြိုးစားနေသူများလည်း ရှိပါသည်။မကြာတော့သောနှစ်အပိုင်းအခြားအတွင်း မှာ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့ရောက်ရှိသွားတော့မည်
မှာ မလွဲဧကန်ဖြစ်တော့သည်။ ထိုနည်းတူ အကြောင်းကြောင်းကြောင့် မတော်တဆ ထောင်တွင်းရောက် သဖြင့ှ် ဆရာတော်တရား နာခွင့်ကြုံရရှာသာ ထောင်ကျ အကျဉ်းသားများအဖို့် အင်မတန် တန်ဘိုးရှိ အရတော်ကြမည်မှာ လည်း ဧကန်မလွဲ ယုံကြည်မိပါသည်။မိမိတို့ အကြောင်းပေါင်းသင့်၍ ထောင်ကျခြင်းကိုပင် ကြံကြံဖန်ဖန်တွေးခေါ်ပြီး ဝမ်းသာနေကြမည်ကို လည်းမြင်ယောင်သည်။အင်းစိန် တုန်းကပင် တက်ကြွ အားကိုးရသော ခေတ်ပညာတတ် စာရေးဆရာ နိုင်ငံရေးသမားများ ကျောင်းသားလူငယ်များစွာ တရားဓမ္မ ဆုံးမလမ်းညွှန်နိုင်ခွင့် ရရှိ အဖတ်တင်သည်။ ယခုလည်း မြစ်ကြီးနားအကျဉ်းထောင်မှ ဗုဒ္ဓဓမ္မ အမွေ လမ်းညွှန်တရားရခဲ့ကြသော ထိုသူတို့၏ ပဲ့တင်သံညံမစဲ ဝမ်းသာစကားများ ကြားရတော့မည်ကို ယုံကြည်ခြင်းများစြွာ့ဖင့်စောင့်မျှော်လျှက် ရှိနေပါသည်။ ကိုစု( မင်းကွန်း) Oriental Fine Art Special Basic Training Centre Mingun Myanmar.ဲqq

No comments:

Post a Comment