Wednesday, March 30, 2016

ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာ (၄) မျိုး

 
သိန်း မြင့်

နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတို့ကို နာမကျန်းဖြစ်တယ်ဆိုတာထက် ဓာတ်မတည့်ခြင်းလို့ ပိုသတ်မှတ်ချင်ပါလိမ့်မယ်။ ဒီရောဂါလက္ခဏာတွေကို ဘာတွေက စတင်ဖြစ်ပေါ်စေလဲဆိုတာ တိတိကျကျ ဖော်ထုတ်ဖို့ အင်မတန် ခက်ပါတယ်။ မကုဘဲထားတဲ့ ဓာတ်မတည့်ခြင်းတို့က ကုသရတာ ပိုမိုခက်ခဲရှုပ်ထွေးစေတဲ့ နာတာရှည်နှာပိတ်ရောဂါ ကူးစက်မှု၊ နားရွက်ရောဂါ ကူးစက်မှု၊ အိပ်မပျော်ပြသနာနဲ့ ပန်းနာရောဂါတွေ စတင်ဖြစ်ပေါ်စေတတ်ပါတယ်။
ဒါ့ကြောင့် ဒီရောဂါလက္ခဏာတွေ သတိပြုမိတာနဲ့ အမြန်ဆုံး ကာကွယ်တားမြစ်ပါ။
၁။ ရောဂါလက္ခဏာ နှစ်ပတ်ထက်ကြာခြင်း
လည်ချောင်းယားကျိကျိဖြစ်ခြင်းက ပိုလည်းဆိုးမလာ၊ ပိုလည်းကောင်းမလာဘဲ အဆက်မပြတ် နှာစေးနေပါက ဒါ ဓာတ်မတည့်မှုတွေသာ ဖြစ်နိုင်ပါတယ်။
၂။ နှပ်ချေး အဝါရောင် (သို့) ကြည်လင်နေခြင်း
နှပ်ချေး ဝါပျော့ပျော့ဖြစ်ရင်တောင် အဆင်ပြေပါသေးတယ်။
၃။ တစ်နှစ်ပတ်လုံး နေကောင်းပေမယ့် ဒီလိုအရာတွေ ခံစားနေရခြင်း
ဧပြီ၊ မေ (သို့) ဇွန်လအတွင်း ပန်းတွေပွင့်လာတာနဲ့အတူ ပန်းနာချောင်းဆိုးခြင်းနဲ့ သလိပ်သံနဲ့ ခက်ခက်ခဲခဲ အသက်ရှူခြင်းတို့က တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပါ။
၎။ ဓာတ်မတည့်မှု ရှိတယ်လို့ ယူဆပါက
ဆေးစာမဲ့ဝယ်နိုင်တဲ့ ဓာတ်မတည့်ဆေးတွေ သောက်ပါ။ အဲဒါမှ မသက်သာသေးရင် အကောင်းဆုံးအကြံဥာဏ်ပေးနိုင်မယ့် ဓာတ်မတည့်ရောဂါကု ဆရာဝန်ဆီပြပါ။
trand myanmar

No comments:

Post a Comment