Friday, January 29, 2016

"အသက်မကြီးသေးပါမောင်ရယ်"

မိန်းမက ဆေးရုံအရေးပေါ်အခန်းထဲက ကုတင်ပေါ်မှာ ပိုက်မျိုးစုံတန်းလန်းနဲ့ မေ့မြောရင်း အသက်က ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရှာတယ်။
စိုးရိမ်ပူပန်နေပုံရတဲ့ ယောက်ျားဖြစ်သူက ဆရာဝန်ကို မေးတယ်... ...
'ဆရာ... သူ့အခြေအနေ ဘယ်လိုရှိပါလဲ'
'ကျနော်တို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်၊ ဒါပေမယ့် ကောင်းလာမယ်လို့တော့ အာမမခံနိုင်ဘူး၊ အဆိုးဘက်က ၉၀%၊ အကောင်းဘက်က ၁၀% လောက်ရှိတယ်'

'ဗျာ... ကယ်ပါအုံး ဆရာရယ်၊ သူသေလို့ မဖြစ်သေးပါဘူး၊ ကျနော့်တို့မိသားစုက သူကိုမရှိမဖြစ် လိုအပ်နေပါတယ်၊ သူ... သူ မသေသင့်ဘူးဆရာရယ် ခုမှ ၃၄ နှစ်ပဲ ရှိသေးတာပါ'
အဲလိုပြောနေတုန်းမှာပဲ... ...
နှလုံးခုန်တိုင်းတဲ့စက် အသံတွေ ထမြည်လာတယ်။
မိန်းမဖြစ်သူရဲ့ လက်တွေ ခြေထောက်တွေ လှုပ်ရှားလာတယ်။
နှုတ်ခမ်းကလည်း ဗလုံးဗထွေးနဲ့ စကားပြောဖို့ ကြိုးစားနေတယ်။
နောက်ဆုံး ကြားလိုက်ရတာက... ...
"ဘာ ၃၄ နှစ်လဲ၊ ၃၂ ရှင့်"
.
.
သန်၎ကို - ရမ်းဘာသာသည်။
https://www.facebook.com/thanlayko
Source - Jokes4all

No comments:

Post a Comment