ယမမင်းဆီကို ငရဲသားတယောက် ရောက်လာတယ် ဒါနဲ့  ယမမင်းက မေးတယ်
မောင်မင်း ဘာ့ကြောင့် သေတာလည်း
ငရဲသားက ဖြေတယ်
ကွန်တော်မျိုး အံ့သြလွန်ပြီး သေတာပါ
ဘာကို အံ့သြလွန်တာလဲ
ကျွန်တော့အဖိုးက ဟိုတုန်းက
မြန်မာနိုင်ငံအကြောင်းကို ပြောပြလို့ ပါ။
မောင်မင်းအဖိုးက ဘာတွေပြောပြလို့ လဲ
မြန်မာနိုင်ငံကြီးက ဟိုတုန်းက အရှေ့တောင်အာရှမှာ အကြီးကျယ်ဆုံးတဲ့
ဟင် - - - -
ရန်ကုန်တက္ကသိုလ်ဆိုတာ ဗီယက်နမ်သမ္မတ
ဟိုချီမင်းတို့  လိုလူမျိုးတွေတောင် ဂုဏ်ထူးဆောင်
ဘွဲလာပြီးယူရတဲ့အထိ ကြီးကျယ်ခမ်းနားတယ် တဲ့
ဟာ - - - - -
စင်္ကာပူနိုင်ငံဟာ ရန်ကုန်မြို့ကြီးကို အတူယူပြီး
တည်ဆောက်ထားတဲ့ နိုင်ငံ တဲ့
အိုး - - - - - -
ဥရောပ က စီးပွားရေးပညာရှင် တွက်ပြထားတာက မြန်မာနိုင်ငံကထွက်တဲ့
သယံဇာတတွေအနက်က ရွှေ ငွေ ကျောက်သံပတ္တမြား သစ် စတဲ့ တွင်းထွက်ပစ္စည်းတွေကို ခဏထားအုံး ပြည်ပကို
ရောင်းလို့ ရတဲ့ ဓာတ်ငွေ့ တခုတည်းနဲ့ တင်
မြန်မာနိုင်ငံသား သန်းငါးဆယ်ကျော်ဟာ
ဘာမှလုပ်စရာမလိုပဲ တဦးကို တလ တစ်သိန်းခွဲ
နုန်းလောက်ဝင်ငွေရှိပြီး ထိုင်စားလို့  ရသတဲ့
အမလေး - - - - - -
အဲဒီစကားတွေလည်း ကြားပြီးရော
ကျွနိတော်မျိုးလည်း အံ့သြလွန်ပြီး
အသက်ထွက်သွားတာပါ ယမမင်းကြီးရယ်
သြော် - - - -
မောင်မင်း သေသင့်ပါတယ်လေ

No comments:
Post a Comment