ပါဝင်သောပစ္စည်းများ။
****************
၁။ဂျုံမှုန့်-၃ခွက်။
၂။တဆေး( yeast )-၁ဇွန်း (Tsp)
၃။ရေနွေး-၁ခွက်
၎။သကြား-၂ဇွန်း (Tsp)
၅။ဆား-၁ဇွန်း(Tbsp)
၆။ဆီ-၂ဇွန်း (Tbsp)
****************
၁။ဂျုံမှုန့်-၃ခွက်။
၂။တဆေး( yeast )-၁ဇွန်း (Tsp)
၃။ရေနွေး-၁ခွက်
၎။သကြား-၂ဇွန်း (Tsp)
၅။ဆား-၁ဇွန်း(Tbsp)
၆။ဆီ-၂ဇွန်း (Tbsp)
ပြုလုပ်ပုံ
******
၁။တဆေး,သကြား,ဆားတို့ကို ဇလုံတလုံးထဲထည့်ပါ။ရေနွေးရောထည့်ပြီး သမအောင်မွှေပြီးရင်ဆီထည့်ပါ။
ဂျုံ နှယ်နည်း။
*********
ဂျုံ မှုန့်နဲ့ဆားကိုအရင်အခြောက်မွှေပေးပါ။ပြီးနောက်yeastပွဆေးရည်ကိုနည်းနည်းချင်းထည့်ပြီးဂျုံအသားချောမွေ့လာသည့်အထိနှယ်ပေးပါ။ ၅-၁၀မိနှစ်ထိနာနာနှယ်ပေးပြီးမုန့်သားလက်ကိုမကပ်တော့ဘူးဆိုရင်ရပါပြီ။ဂျုံ နှယ်ပြီးပါကအဝတ်သန့်တခု(သို့)ပလပ်စတစ်warpတခုခုနဲ့လုံအောင်ဖုံးပြီး(၁)နာရီကြာနှပ်ထားပါ။မုန့်နှပ်ထားတဲ့အချိန်မှာပေါက်စီအစာသွပ်ဖို့ပဲယိုထိုးထားပါ။
့
ရလာတဲ့မုန့်သားကိုတခေါက်ထပ်နှယ်ပေးပါ ဒါးနဲ့၂ခြမ်းခွဲပြီးမုန့်သားကိုရှည်ရှည်လေးရအောင်လက်နဲ့လိမ့်ပေးပါပြီးရင်ဒါးနဲ့၁လက်မခွဲအရွယ်တုံးပြီးတလိမ့်တုံးနဲ့အပြားလေးရအောင်လိမ့်ပါ။ မထူမပါးလေးပေါ့။ ရလာတဲ့မုန့်ပြားကိုလက်ဖဝါးပေါ်တင်ပြီးအစာထည့်ပြီးထုပ်လိုက်ပြီးရင်ဆီစက္ကူနဲ့ကပ်ပြီးပေါင်းအိုးထဲထည့်ပေါင်းပါ မိနစ်၂၀ဆိုပူပူနွေးနွေးသုံးဆောင်လို့ရပါပြီရှင်။
ပဲယိုထိုးနည်း။
**********
ပါဝင်သောပစ္စည်းများ။
****************
၁။ထန်းလျှက်/သကြား-၂၀၀ဂရမ်
၂။စားတော်ပဲပြုတ်-၁ပန်းကန်လုံးစာ
၃။အုန်းသီး-၁၅၀ဂရမ်။
အိုးတလုံးထဲကိုထန်းလျှက်/သကြား၂၀၀ဂရမ်ထည့်ပြီးရေအနည်းငယ်ထည့်၍တည့်ပါ။သကြားကိုအရင်မီးပူရှိန်medium heat ဖြင့်ကျိုပါ။ထန်းလျှက်/သကြားရည်ပျစ်လာပါက
အုန်းသီးခြစ်ပြီးသားနဲ့ပဲပြုတ်ထည့်၍ယိုထိုးပါ။အရမ်းစီးကပ်အောင်ထိုးရန်မလိုပါ။အလောတော်လေးထိုးပေးရင်ရပါပြီး။ဆားအနည်းငယ်ထည့်ပေးပါ။
ကြက်သားပေါက်စီအစာလုပ်နည်း။
*************************
၁။ကြက်သား-၂၅ကျပ်သား။250g chicken mince
၂။ကြက်သွန်ဖြူ -၁လုံး။1 garlic clove, crushed
၃။သကြားအညို-၁ဇွန်း1 tablespoon brown sugar
၎။ချင်း-၁ဇွန်း။1 teaspoon finely grated fresh ginger
၅။တရုပ်မဆလာ-၁ဇွန်း1 teaspoon Chinese five spice
၆။ခရုဆီ-၂ဇွန်း။2 tablespoons oyster sauce
၇။ပဲငံပြာရည်-၁ဇွန်း။ 1 tablespoon soy sauce
၈။နှမ်းဆီ-၂ဇွန်း။2 teaspoons sesame oil
၉။ဆား-အနည်းငယ်Pinch of salt
ပြုလုပ်ပုံ။
******
၁။ကြက်သားကိုစင်းကော(သို့)blander
နဲ့ ကြိတ်ထားပါ။
၂။ချင်း၊ကြက်သွန်ဖြူ တို့ကိုညှက်အောင်ထောင်းထားပါ။
၃။ကြက်သွန်နီကိုပါးပါးလှီးပြီးစင်းကောကောထားပါ။
၎။သကြား၊ချင်း၊တရုပ်မဆလာ၊ခရုဆီ၊ပဲငံပြာရည်၊နှမ်းဆီ၊ဆားတို့ကိုအချိုးစားအတိုင်းပြင်ထားပါ။
၅။ကြက်သွန်မြိတ်၊ကူဆိုင်း၊ဂေါ်ဖီထုပ်အားလုံးကိုတပန်းကန်လုံစာပါးပါးလှီးထည့်ပေးပါ။
ပြုလုပ်ပုံတွင်ပါဝင်တဲ့ပစ္စည်းအားလုံးကိုရောနှယ်ပြီးအပေါ့အငံမြည်းပါ။အစာအဆင်သင့်ဖြစ်ပါကပေါက်စီအစာသွပ်လို့ရပါပြီးရှင့်။
မှတ်ချက်။အစာကိုအစိမ်းအတိုင်းမထည့်ချင်ပါကဆီသတ်ပြီးအနည်းငယ်ချက်ကာထည့်နိုင်ပါတယ်။
Credit: Sabai Daily Foods

No comments:
Post a Comment