မိမိသည် ထိပ်ခပ်နာ ရောဂါကို ငယ်စဉ်ကတည်းက နှစ်ရှည်လများ ခံစားနေရသူဖြစ်ပါတယ်
ခုတလော အအေးမိ ဖျားနေသည့်အတွက် နှာသီးပိတ်ပြီး ညဘက်အိပ်လို့ပင်မရပါ...

တစ်နေ့ပါပါးက
ဆေးနည်းလေးတခုယူလာပါတယ်....စမ်းကြည့်ဖို့ပြောပါတယ်...ဆေးပေးတဲ့သူက အာမခံနဲ့
ဆယ်ယောက်မှာ ကိုးယောက်ပျောက်တယ်လို့ပြောပါတယ်..
ခုစမ်းကြည့်တာ တစ်ကြိမ်မှာပင် အတော်သိသာပြီး ယခု သုံးကြိမ် သုံးပြီးချိန်မှာတော့ အတော်ကောင်းမွန်သွားပါပြီ...
နှာရည် ပုပ်များ အတော်ကင်းသွားပြီး နှာချေလည်း သက်သာသွားပါပြီ..
ထိပ်ခပ်နာ ဝေဒနာရှင်များ လက်တွေ့စမ်းသပ်ကြည့်စေလိုပါသည်...
ဆေးနည်းက အင်မတန်လွယ်ကူပါသည်
နံ့သာဖြူ နှင့် ကင်မွန်းသီးကို ကျောက်ပြင်သန့်သန့်ပေါ်တွင် ဆတူခန့် သွေး၍ နှာခေါင်းတွင်းသို့ ၀င်နိုင်သမျှ ၀င်အောင် တစ်ကော် ထည့်ပေးပါ..
မကြာခင်ပူလာပါလိမ့်မည်...နှာချေလာပြီး အပုပ်ရည်များ ကျဆင်းလာပါလိမ့်မည်
တစ်နေ့ သုံးကြိမ် လိမ်းကြည့်ပါ...ပိုသောဆေးများကိုလည်း နှာခေါင်းအပြင် ပတ်ဝန်းကျင်ကို လိမ်းပေးနိုင်ပါသည်...ကျမ သုံးကြိမ် သုံးကြည့်ပြီးပါပြီ..
ဝေဒနာ ပျောက်ကင်းကြပါစေရန် စေတနာထား ဝေမျှ လိုက်ရပါသည်....။
Credit to Thanda Than
K.K(ကနောင်)
Soe Soe Win
ဒီထက်ကောင်းပိုက်ဆံမကုန်တဲ့ဆေးနည်းမျှဝေပါမယ်။ ခေါင်းလောင်းပန်းအဝါရောင်အပွင့်၂ ပွင့်၃ပွင့်ခူးပြီး
ရေဆေးငရုတ်ဆုံသန့်သန့်ထဲထည့်ထောင်းပါ။
ထွက်လာတဲ့အရည်ကိုညှစ်ပြီးပုလင်းထဲထည့်သိမ်းပြီးရင် အစက်ချတဲ့ညှစ်တံလေးနှင့်ညစ်ပြီး ဘယ်ညာနှာခေါင်းထဲသို့အစက်ချပေးပါ။ ၁မိနစ်အတွင်းနှာခေါင်းအတွင်းမှပုရွက်ဆိတ်များဝင်သလိုရွစိရွစိဖြစ်လာပြီး နှပ်ပုတ်နှပ်ခဲအကျိအချွဲများချီပြီးထွက်ကြလာပါလိမ့်မည်။ အနှစ်နှစ်အလလခံစားနေရသောဝေဒနာမှာ တထိုင်တည်းယူပစ်သလိုပျောက်ပေါ့ပါးလန်းဆန်းအသက်ရှုဝပါလိမ့်မည်။
နှစ်ရှည်ကြာခံစားနေရသော အကိုတယောက်ဆေးရုံတက် ကုသမှု့ခံယူနေစဉ်အတွင်း ခွဲစိတ်ခံရမှု့အနေအထားကိုဆေးရုံသို့လာသော အသိမိတ်ဆွေကုလားအမျိုးသမီးတယောက်ပြောသောဆေးနည်းကို စမ်းကြည့်ရာမှ လုံးဝပျောက်ကင်းသွားခြင်းဖြစ်ပါသည်။ ကျွန်မကိုယ်တိုင်နှာအမြဲစီးနေ၍အမြဲတရှုံရှုံဖြစ်နေတာကို အဲဒီဆေးနည်းစမ်းသုံးကြည့်ရာနှာခေါင်းထဲမှ နှာချိုးအခဲအဖတ်များပါ ထွက်ကျလာပြီးကောင်းသွားပါသည်။ ၁ကြိမ်ဘဲသုံးလိုက်ရသည်။ ယခုပျောက်ကင်းတာ ၁၅ နှစ်ကျော်ပါပြီ အရည်ညှစ်ထည့်ထားတာနောက်ရက်လဲသုံးနိုင်ပါသည် ။ ဝဒနာရှင်များစိတ်ချယုံကြည်စွာသုံးနိုင်သည် ။ ခေါင်းလောင်းပန်းအဝါ အစိမ်းရောင်အသီးသီးပါသည်။
လဝန်း စန္ဒာ
ထိပ်ကပ်နာအတွက်ဆေားနည်းထပ်ပေးချင်ပါတယ်။ ဒန့်သလွန်ခေါက်ကိုအဝတ်သန့်သန့်ထဲထည့်ပြီးထုခြေပါ။ ဒါမှမဟုတ်ထုခြေထါးတဲ့ဒန့်သလွန်ခေါက်ကို
အဝတ်သန့်ထဲထည့်ထုပ်ပြီးရှုပေးပါ။ အချိန်တော်တော်ကြာအေါင်ရှုပေးပါက နခေါင်းဖျားစပ်လါပါလိမ့်မယ်။ မရပ်ပဲရှုပါက အပုပ်ရည်များအခဲများကျဆင်းလါပါလိမ့်မယ်။ ရောဂါရင့်ပါက တပတ်လေါက်ရှုပေးရင် သိသါလါပါလိမ့်မယ်။ ကိုယ်တွေ့ရောဂါရှင်မှမျှဝေခိုင်းခြင်းဖြစ်ပါတယ်။

No comments:
Post a Comment