ငယ်ငယ်တုန်းက ငါးတန်းလောက်မှာ ထင်ပါတယ်။ ရှေ့သို့ဝတ္ထုတိုများဆိုပြီး
မြန်မာစာအနေနဲ့ သင်ရတယ်။ အဲဒီအထဲမှာ အမြီးပေါက်သူအကြောင်း ရေးထားတဲ့
ဝတ္ထုတစ်ပုဒ်ပါတယ်။ မဟုတ်တာလုပ်ပြီး အမြီးပေါက် လာသူအကြောင်း စာရေး
ဆရာကဖတ်ကောင်းအောင် ရေးနိုင်သလို၊ သင်တဲ့ဆရာကလည်း ပီပြင်စွာသင်နိုင်လို့
အရမ်းစိတ်ဝင်စားပြီး ဝတ္ထု ရေးဆရာ ဖြစ်ချင်စိတ်ပါပေါ်သွားခဲ့မိတယ်။
တစ်လောက ဆရာသမားတစ်ယောက်နဲ့တွေ့တယ်။ ဂူထဲဝင်သွားတဲ့ ဆရာသမားပေါ့။ ကျွန်တော်က ဂူထဲမှာ ဘယ်လိုနေသလဲလို့ မေးလိုက်တော့
“ငါ ဂူထဲရောက်သွားမှ ကိုယ်ချင်းစာသွားမိတယ်ကွာ။ သူတို့မှာလည်း
အခက်အခဲတွေနဲ့ပဲ။ သနားပါတယ်။ ဒါကြောင့် ငါလည်း ဂူထဲက ပြန်မထွက်နိုင်တော့ပဲ
သူတို့လိုရာ ခိုင်းစေတော့ဆိုပြီး ကုန်းရုန်းလုပ်နေလိုက်တာ
စေတနာအကျိုးပဲနဲ့တူတယ်။ သူတို့လို ငါက အစွယ်လည်း ထွက်မလာဘူး။ အမွှေးတွေလည်း
ထွက်မလာဘူး” လို့ပြောလိုက်တယ်။