ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ
နိုင်ငံတော်စစ်စစ်ကို သွားလိုသူများ
ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...
ဘယ်တော့ရောက်မယ်မှန်း မသိနိုင်သော
ခရီးအတွက် စိတ်ပင်ပန်းနေသူများ
ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...
ဘာသာရေး အထိကရုဏ်းများကြောင့်
တုန်လှုပ်ခြောက်ခြားနေသူများ
ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...
ပညာရေး နိမ့်ကျလို့ ကလေးတွေရဲ့
အနာဂတ်ကို ရင်လေးစိတ်ပူနေသူများ

ကျန်းမာရေးအာမခံ ဘာမှမရှိ၍ မဆိုလောက်ဖွယ်
သေးငယ်သော ရောဂါလေးများဖြင့် အသက်ပေးနေကြရသည်ကို ၀မ်းနည်းနေကြသူများ ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...
ညီအကိုအချင်းချင်း သေနတ်ဖြင့်ပစ်၍ ရန်ဖြစ်နေကြခြင်းများကို ရပ်တန့်စေလိုသူများ

အခုလက်ရှိရထား၏ စက်ခေါင်းမောင်းသမားသည်
လမ်းမသိသူ...ပန်းတိုင် မသိသူဖြစ်သည်...
သံလမ်းမြင်တိုင်း ရထားမောင်းလို့ရသည် အထင်ဖြင့် တွေ့ကရာအရပ်သို့ မောင်းနှင်နေသူဖြစ်သည်...
ထိုစက်ခေါင်းမောင်းသမား မောင်းနေသာခရီးသည်
အနာဂတ်ကို သွားနေသောခရီးမဟုတ်...
အခန့်မသင့်လျှင် အတိတ်သို့ပင်
ပြန်လည်ရောက်ရှိသွားနိုင်သောကြောင့်
ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ကြောင်း
အကျိုးမျှော်၍ နိုးဆော်ရခြင်း ဖြစ်ပါသည်...
ရှေ့ဘူတာတွင် အသင့်စောင့်နေသော ရထားသည် အမြန်ရထားဖြစ်သည်...
အလွန်ကျွမ်းကျင်သော စက်ခေါင်းမောင်းသမား၏
မောင်းနှင်ခေါ်ဆောင်မှုဖြင့် အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ အလျှင်အမြန် ရောက်ရှိနိုင်မည် ဖြစ်သောကြောင့်

ထိုရထားသည် သန်း 60 လုံး သက်သာချောင်ချိစွာ စီးနင်းလိုက်ပါနိုင်ရန် အထူးပြုလုပ်ထားသော်လည်း
ဘ၀ဟောင်းကို တွယ်တာသူများ မလိုက်လိုက လက်ရှိ
ဘယ်ကိုသွားနေမှန်းမသိသော အနှေးရထားကြီးတွင်ပင်
နေခဲ့နိုင်ကြောင်း အသိပေးလိုပါသည်...
ဘ၀အသစ်...ပျော်ရွှင်မှုအသစ်...စိတ်ကူးအသစ်...
အသစ်အသစ်များဖြင့် သာယာလှပသော
ဒီမိုကရေစီနိုင်ငံစစ်စစ်သို့ အရောက်သွားလိုသူများ

.
Credit to : Ko Pyi Soe via Zarni Htike
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
06-05-2015

No comments:
Post a Comment