Posted: 09 Apr 2015 06:47 AM PDT
သမ္မတဦးသိန်းစိန်ရဲ့
နော်ဝေခရီးစဉ်နှင့် DVB အော်စလိုရုံး နိဂုံး အစ
DVB ဖြစ်ပေါ်လာရေးအတွက် အဓိကနေရာမှာပါဝင်ခဲ့သူ၊ ၁၉၉၁ မှာ သူရခဲ့တဲ့
နိုဗယ်ငြိမ်းချမ်းရေး ဆုကနေ DVB ဖြစ်ပေါ်လာအောင် အားပေးခဲ့သူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပြီး ၆ လ ၀န်းကျင်အကြာ ၂၀၁၃ ခုနှစ်
ဖေဖေါ်ဝါရီလမှာ သမ္မတဦးသိန်းစိန် နော်ဝေးနိုင်ငံဆီရောက်လာ ပါတယ်။ ဒါဟာ
မြန်မာသမ္မတဦးရဲ့ ပထမဆုံး နော်ဝေးခရီးစဉ် ဖြစ်သလို ၈ လေးလုံးနောက်ပိုင်း

|
Posted: 09 Apr 2015 06:01 AM PDT
ယာဉ်၂ စီး မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဧပြီ ၉
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊
ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီး၊ မုံရွာ-မန္တလေးကားလမ်း၊
မိုင်တိုင်အမှတ်(၆၄/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ချောင်းဦးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးဘက်မှ မုံရွာဘ
|
Posted: 09 Apr 2015 05:53 AM PDT
လမ်းလယ်ကျွန်းလမ်းဖြတ်အား ''ဂ''ကွေ့ချိုးကွေ့စဉ် ယာဉ်တိုက်မှုဖြစ်
နေပြည်တော်၊ ဧပြီ ၉
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၅/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားေ
|
Posted: 09 Apr 2015 05:50 AM PDT
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေါ်ခင်ဝင်းအမှု တရားခွင်က ပြန်လာတဲ့
ရွာသားတွေစီးလာတဲ့ ထော်လာဂျီယာဉ်နဲ့ ကုန်တင်ယာဉ်ငယ်တစီး တိုက်မိတဲ့အတွက်
ကား တိမ်းမှောက်ပြီး ၁၅ ဦးဒဏ်ရရှိသွားပါတယ်။
ရဲတပ်ဖွဲ့ရဲ့သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဒေါ်ခင်ဝင်အမှုနဲ့
ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်တရားရုံးမှာ ဒီကနေ့ အမိန့်ချမှတ်တဲ့
တရားခွင်ကို လက်ပံတောင်းဒေသက တောင်သူ၁၀၀ ကျော်လည်း သွားရောက်နားထောင်
|
Posted: 09 Apr 2015 05:50 AM PDT
လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ အသက် ၅၀ ကျော်အရွယ်
မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုဟာ သေနတ်ထိမှန်
သေဆုံးခဲ့တာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးက ဒီကနေ့
အမိန့်ချပါတယ်။
မြန်မာဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်းအနီးတ၀ိုက် လယ်ယာမြေလျော်ကြေးမယူတဲ့
လယ်သမားတွေရဲ့မြေတွေပေါ်မှာ မနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ကုမ္ပဏီက အတင်းအကျပ်
ခြံစည်းရိုးခတ်တာက အစပြုလို့ ဒေသခံရွာသားတွေ
|
Posted: 09 Apr 2015 05:50 AM PDT
အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိတိမ်းမှောက်
နေပြည်တော်၊ ဧပြီ ၉
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ရ ရက်နေ့ နံနက် ၅ နာရီ ၃၅ မိနစ်အချိန်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၇/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး
ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက
သက်သေများနှင့်
|
Posted: 09 Apr 2015 05:45 AM PDT
အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဧပြီ ၉
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၁ဝ မိနစ်အချိန်
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၃၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စ
|
Posted: 09 Apr 2015 05:28 AM PDT
ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေကို ထောက်ခံအားပေး နေတယ်ဆိုတဲ့
စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်နေတဲ့အပေါ် အီရန်ကို အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက သတိပေးလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသထဲမှာ အီရန်ရဲ့ ခြိမ်းခြောက်မှု ခံရတယ်လို့ ယူဆရတဲ့
ဘယ်နိုင်ငံကို မဆို အမေရိကန်က ကူညီသွားမှာ ဖြစ်ပြီး အီရန်အနေနဲ့
ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့မယ်ဆိုရင် လက်ပိုက်ကြည့်နေမှာ
မဟုတ်ဘူးလို့လည်း သူက ပြောပါတ
|
Posted: 09 Apr 2015 05:26 AM PDT
ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ်
မပိုပိုကို ကမာရွတ်ရဲ စခန်းက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။
အသက် ၁၉ အရွယ် တတိယနှစ်တက္ကသိုလ်ကျောင်းသူ မပိုပိုကို ဧပြီလ ၈ ရက်နေ့ညနေ ၎
နာရီလောက်မှာ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတွေက သူမနေအိမ်ကနေ ခေါ်သွားခဲ့ပြီး
စခန်းမှာ ချုပ်နှောင်ထားတာလို့ မပိုပို
|
Posted: 09 Apr 2015 05:25 AM PDT
ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင်နဲ့ တောင်ပိုင်း
ချွန်းဖွန်းခရိုင်တွေမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေနဲ့
အသက်မပြည့်ဘဲ အလုပ်ဝင်လုပ်နေတဲ့ ကလေးအလုပ်သမားတွေ ဖမ်းဆီးရမိတယ်လို့
မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက တာ့ခ်ခရိုင်ဝန် ဦးဆောင်ပြီး နယ်မြေခံ စစ်တပ်နဲ့
နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ
မဲဆောက်မြို့နယ်ထဲမှာရှိတဲ့
|
Posted: 09 Apr 2015 05:25 AM PDT
ဘလွမ်းမင်တန် ၊ ၉-၄-၂၀၁၅
အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် အင်ဒီယာနာ ပိုလစ်မြို့ ၌ ကျင်းပသော
NCAA ဘတ်စကက် ဘောပြိုင်ပွဲမှ ပြန်လာသည့် ကိုယ်ပိုင် လေယာဉ်ငယ် တစ်စင်း သည်
အီလီနွိုက်စ် ပြည်နယ် ဘလွမ်းမင်တန် မြို့၌ ပျက်ကျခဲ့ရာ အီလီနွိုက်စ်
တက္ကသိုလ် ဘတ်စကက်ဘော အသင်းနည်းပြ နှင့် တက္ကသိုလ် အားကစားဌာန လက်ထောက်
ညွှန်ကြားရေးမှူး တို့အပါအဝင် ခုနစ်ဦးစလုံး အသက်ဆုံးရှုံး ခဲ့ကြောင်း
သိရသည်။
အဆိုပါ လေယာဉ်သည် 
|
Posted: 09 Apr 2015 05:23 AM PDT
လန်ဒန် ၊ ၉-၄-၂ဝ၁၅
ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ် ရှိ စိန်တိုက် တစ်ခု အတွင်းမှ အာမခံ သေတ္တာ
အလုံး ၃ဝဝကို သူခိုးများက ဖောက်ထွင်း ခိုးယူခဲ့ကြောင်း ရဲဌာနနှင့် မီဒီယာ က
ဧပြီ ၇ ရက်တွင် ထုတ်ပြန် ပြောကြား ခဲ့သည်။
အဆိုပါ ဖောက်ထွင်းမှု သည် အီစတာ ပွဲတော် ရက်သတ္တပတ် ၌ ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး ရဲတပ်ဖွဲ့၏ ဖော်ပြချက် အရ သူခိုးများသည် အာမခံသေတ္တာ များကို
ဖောက်ထွင်း ရာ၌ ကြီးမားသည့် ပစ္စည်း ကိရိယာများကို အသုံးပြု 
|
Posted: 09 Apr 2015 04:39 AM PDT
ကြေညာချက်အမှတ် (၁/၂ဝ၁၅)
နေ့စွဲ - ၂ဝ၁၅ ခုနှစ် မတ်လ (၂၂) ရက်
မြန်မာပြည်တွင်း၌ လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်
ဆောင်ရွက်နေသူများကို အပြည်ပြည်ဆိုင်ရာ မြန်မာ တိုင်းရင်းသား မိသားစုများက
လေးစားဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည်ဆုဖြင့်
၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ပြည်သူ့ဂုဏ်ရည်ဆုရရှိသူကို ဂုဏ်ပြုဆု တံဆိပ်နှင့်အတူ ငွေသား (ဒေါ်လာ) တ
|
Posted: 09 Apr 2015 12:44 AM PDT
ဖမ်းဆီးခံသပိတ်မှောက် ကျောင်သားတွေနဲ့ ၀န်းရံပြည်သူတွေကို
လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာ ကျောင်းသားတွေနဲ့ မိဘတွေကို
တွေ့ခွင့် မပေးခဲ့တဲ့ အတွက် ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။
ဖမ်းဆီးခံကျောင်းသား ကိုရဲဝင်းအောင်ရဲ့ ဖခင် ဦးစံထွန်းက “မနက်တုန်းက
တွေ့ခွင့်မပေးဘူး။ သာယာဝတီထောင်မှာ သွားတွေ့ပါဆိုပြီးတော့ ပြောတယ်ပေါ့။
ပြောတော့ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာပေါ့နော်။ ဖြစ်တော့ အဲ
|
Posted: 08 Apr 2015 11:54 PM PDT
ရေမဆေးကျောက် ရှာဖွေနေသူများ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဧပြီ ၇ ရက်
ညနေပိုင်းက မြေစာပုံထပ်မံပြိုကျပြီး ရေမဆေးကျောက်ရှာသူတွေ
ပျောက်ဆုံးဒဏ်ရာရမှု ရှိခဲ့ပါတယ်။
လုံးခင်းကျေးရွာအုပ်စု ကုဋေမော်ရွာက မြယမုံကုမ္ပဏီပိုင်
မြေစာပုံသွန်တဲ့ကျင်းထဲမှာ ဧပြီ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က
မြေစာပုံပြိုကျလို့ လူ ၁၁ ဦးပျောက်ဆုံးပြီး ၆ ဦးကို ဆေးရုံမှာ
အတွင်းလူနာအဖြစ်ကုသနေရတယ်လို့ 
|
Posted: 08 Apr 2015 11:16 PM PDT
မြိတ် ဧပြီ ၈
မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ မော်တုံးကြီးကျွန်းနှင့် သမီးလှ
ကျွန်းအကြားရှိ ရေပြင်၌ ယမန်နေ့ ညနေ ၃ နာရီခွဲ၌ လှိုင်း ကြီး၍
နစ်မြုပ်သွားသော ကင်းမွန် မီးထွန်းလှေ(ကင်းမွန်ဖမ်းလှေ)မှ ရေလုပ်သား
ခုနစ်ဦးစလုံးကို ပင်လယ်ပြင် ကင်းလှည့်လုံခြုံ ရေး တာဝန်ထမ်းဆောင်နေသော
စစ်ရေယာဉ်ရန်နိုင်(၅၁ဝ)မှတာဝန်ခံ အရာရှိ ဗိုလ်ကြီးသက်ထွဋ်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ြေ
|
Posted: 08 Apr 2015 10:07 PM PDT
နယူးယောက်မြို့က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဟာ သူ့ရဲ့ ဘလော့(blog)
ကို လူတွေ အကြည့်များအောင် သားဖြစ်သူကို တမင်တကာ ဖျားနာအောင်
လုပ်ပြီး သေတဲ့အထိ လုပ်ဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်
ခံနေရပါတယ်။
သားဖြစ်သူဟာ တစ်ခုပြီး တစ်ခု ခံစားနေရတဲ့အတွက် ဆေးကုသမှု
ခံယူနေရပြီဆိုတဲ့ ကျန်းမာရေး ဖြစ်စဉ်တွေကို မိခင်ဖြစ်သူ Lacey Spears
က ရေးပြီး လူတွေ သူ့ရဲ့ ဘလော့ အပေါ် စိ
|
Posted: 08 Apr 2015 10:16 PM PDT
ရဲဖြစ်သူ Michael Slager (ယာ) က အသက် ၅၀ အရွယ် Walter Scott ကို
လိုက်ပစ်ခတ်ခဲ့စဉ် (Credit: ABC licensed)
အမေရိကန်နိုင်ငံ North Charleston မှာ လူဖြူရဲ တစ်ဦးက အသက် ၅၀
အရွယ် လူမည်း တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီးတဲ့နောက် ဆန္ဒပြမှုတွေ
ဖြစ်ပေါ်ခဲ့ပါတယ်။
အသက် ၅၀ အရွယ် Walter Scott ကို အသက် ၃၃ နှစ်အရွယ် ရဲဖြစ်သူ
Michael Slager က ကားကို စစ်ဆေးဖို့ လုပ်တုန်း Walter က ထွက်ြေ
|
Posted: 08 Apr 2015 10:01 PM PDT
အင်ဒိုနီးရှားနိုင်ငံအတွင်းက ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခိုင်းစေမှုတွေ
ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် အဲဒီကိစ္စကို
အထူးအဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့
အင်ဒိုနီးရှားအစိုးရက ကြေညာလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံထဲက ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့
ရာနဲ့ချီတဲ့ နိုင်ငံခြားသား သင်္ဘောသားတွေကို သူတို့ တိုင်းပြည်အသီးသီးကို
ပြန်ပို့ဖို့ အာဏာပိုင်တွေက စီစ
|
Posted: 08 Apr 2015 10:01 PM PDT
၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန်ပြေးပွဲကို ဗုံးခွဲတိုက်ခိုက်တာမှာ
ပါဝင်မှုသံသယနဲ့ အဖမ်းခံထားရပြီး တရားရုံးတင် စစ်ဆေးနေတဲ့ Dzhokha Tsarnaev
မှာ အပြစ်ရှိတယ်လို့ ဂျူရီလူကြီးအဖွဲ့တဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ချက်
ချလိုက်ပါတယ်။ သူ့ရဲ့အကို ဖြစ်သူနဲ့အတူ လုပ်ခဲ့တာလို့ စွပ်စွဲထားတဲ့
အဲဒီဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၃ ဦးသေဆုံးပြီး ၂၆၄ ဦး ဒဏ်ရာရပါတယ်။
ဂျူရီလူကြီးအဖွဲ့ဟာ နှစ်ရက်အတွင်း ၁၁ နာရီကြာေ
|
Posted: 08 Apr 2015 09:45 PM PDT
ကျောင်းသား သပိတ်မှောက်ဆန္ဒပြပွဲနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီနှင့်
မွန်အမျိုးသား ပါတီတို့၏ ပူးတွဲ ထုတ်ပြန် ကြေညာချက်ကြောင့် ပြီးခဲ့သည့်
ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မွန်ပြည်နယ် ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲက မွန်အမျိုးသား ပါတီကို ခေါ်ယူ သတိပေး ခဲ့ကြောင်း သိရသည်။
မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီ (ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ 
|
Posted: 08 Apr 2015 09:22 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတဦးသိန်းစိန်
ဦးဆောင်ပြီး မနက်ြဖန် ကျင်းပမယ့် နိုင်ငံရေးခေါင်းဆောင်
ခြောက်ဦးဆွေးနွေး ပွဲကို ကြိုဆိုလိုက်ပါတယ်။ RFA က သီးသန့် တင်ဆက်နေတဲ့
ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်
သွယ်မေးမြန်းရာမှာ သူကအခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။
"ဝမ်းသာတာပေါ့၊ အစကတည်းက ဒီလို ခြောက် ဦးတွေ့ဆုံမယ့်ဟာကို လွတ်တော်ကလည်း
တင်ခဲ့ 
|
Posted: 08 Apr 2015 08:50 PM PDT
မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ အဝေးသင်
တက္ကသိုလ်တွေကို အသိအမှတ် မပြုတဲ့သဘော အစိုးရတာဝန်ရှိ သူတွေဘက်က
ပြောဆိုမှုကို AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ကန့်ကွက်လိုက်ပါတယ်။
ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေမှာ ပါဝင်မှုနဲ့
ဖမ်းဆီးခံထားရသူတွေထဲမှာ ပါဝင်တဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေဟာ
ကျောင်းသား မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့တဲ့အပေါ် AHRC က 
|
Posted: 08 Apr 2015 08:18 PM PDT
ပြည်သူတွေရဲ့အသံလို့ တင်စားခေါ်ဝေါ်လေ့ရှိကြတဲ့ သံချပ်အဖွဲ့တွေ
မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်မှာ ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေကြပါပြီ။
၁၉၈၉ နောက်ပိုင်း သံချပ်အားလုံးကို ပိတ်ပင်တားဆီးခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃
နှစ်ကစပြီး အစိုးရက တရားဝင်ခွင့်ပြုထားပေမဲ့ သံချပ်စာသားတွေကိုတော့
စိစစ်မှုတွေ ရှိနေဆဲပါ။ ဒီနှစ်မှာတော့ ပိုပြီး စိစစ်မှုတွေ ပြုလုပ်လာတယ်လို့
သံချပ်အဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း
|
Posted: 08 Apr 2015 08:13 PM PDT
ထိုင်းနိုင်ငံမှာ ဆုန်ခရမ်း (ခေါ်) သင်္ကြန်နီးလာတာနဲ့ သင်္ကြန်နဲ့ သက်ဆိုင်တဲ့
ရေပြွတ်တွေ သင်္ကြန်အင်္ကျီတွေ ဈေးကွက်ထဲကို ရောက်လာတဲ့အချိန်မှာပဲ ရေနဲ့
ဖျော်ပြီး မျက်နှာကို လိမ်းလေ့ ရှိသလို သင်္ကြန်မှာ တယောက်နဲ့
တယောက်မျက်နှာတွေကို သုတ်လိမ်းလေ့ရှိတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါရဲ့
အခန်း ကဏ္ဍကလည်း မဖြစ်မနေ ပါလာလေ့ ရှိပါတယ်။
ရေသဘင်ပွဲကာလအတွင်း မျက်နှာမှာ ပေါင်ဒါ လိမ်းထားတဲ့ ထိုင်းလူမျိုးတွေရဲ့
ဓာတ်ပုံတွေဟာလ
|
0 comments:
Post a Comment