သစ်ထူးလွင် |
- အာဖဂန်အရှေ့ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် ၃၃ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ
- ရန်ကုန် - နေပြည်တော် အမြန်လမ်း ကိုယ်ပိုင်ယာဉ်များ အထူးသတိထား
- ရဟတ်ယာဉ်တစီး ထားဝယ်မြို့အနီး အရေးပေါ်ဆင်းသက်
- အီရတ်နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် ကားဗုံးကွဲ၊ ၃ ဦး သေဆုံး
- Podesta အကျိုးဆောင် ငှားရမ်းမှု သူတို့ ရှုတ်ချ
- အစိုးရ စစ်စာမေးပွဲ တွင် အချို့ကျောင်းများ ၌ ဖြေဆိုကျောင်းသား ထက်ဝက် နီးပါ ကျရှုံး
- မြင်းခြံမြို့မှ နေပြည် တော်သို့ ဘုရားဖူးလာသောယာဉ် တိမ်းမှောက် (၅)ဦးသေဆုံး
- ရေပတ်ခံထွက်လည်သည့်ကား တောင်ညွန့်၌ တိမ်းမှောက် လူနှစ်ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ
- ပြည်သူအားလုံးကို ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
- သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ်နဲ့ အင်တာဗျူး
- မင်းတပ်မြို့ စံပြရပ်ကွက်၌ အိမ်ခြောက်လုံးမီးလောင်
- “သာဓုပါဗျာ” သံချပ်အဖွဲ့ (ရုပ်/သံ)
- “သာကီနွယ်” သံချပ်အဖွဲ့ (ရုပ်/သံ)
- အိန္ဒိယ မြန်မာ ထိုင်း လမ်းဖောက်ဖို့ ဝန်ကြီးတွေ ဆွေးနွေးမယ်
- တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်သုံးစွဲသူ ၁၅ ရာခိုင်နှုန်းရှိလာ ပိုမိုကျယ်ပြန့်စွာ သုံးစွဲနိုင်ရေး စိန်ခေါ်မှုများ ရှိနေသေး
- တရုတ် သတင်းထောက်တဦး ထောင် ၇ နှစ်ချခံရ
- ကျောက်ပန်းတောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ (ရုပ်/သံ)
- အယ်လ်ဒူရီ ကို သတ်နိုင်ပြီလို့ အီရတ်က ပြောနေ
-
ယီမင်တောင်ပိုင်းရှိ လေဆိပ်အယ်လ်ခိုင်ဒါများသိမ်းပို
က် - တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းတွင် တရုတ်လေယာဉ် ပြေးလမ်း တည်ဆောက်
- ဧပြီလ (၁၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
Posted: 18 Apr 2015 06:50 AM PDT
အာဖဂန်နစ္စတန် အရှေ့ပိုင်းက ဂျာလာလာဘတ်မြို့မှာ အသေခံဗုံးခွဲမှုကြောင့် လူ
၃၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။
ဘဏ်တခုမှာ အစိုးရ ၀န်ထမ်းတွေ လစာထုတ်နေချိန်မှာ အသေခံ ဗုံးခွဲမှုဖြစ်တာလို့
မြို့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။
အသေခံ ဗုံးခွဲသမားက ကိုယ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ပတ်ထားတာလား၊ ဒါမှမဟုတ်
အသေခံ ကားဗုံးကွဲမှုလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
တာလီဘန်အဖွဲ့က အရင် ပေါက်ကွဲ
|
Posted: 18 Apr 2015 06:46 AM PDT
အခုတင်ပြမှာကတော့ မတ်လ ၃၀ ရက်နေ့ ရန်ကုန်မှ နေပြည်တော် ခရီးစဉ်မှာ
ဖြစ်ပါတယ်။ ရန်ကုန်က ၁း၃၀ နာရီ အမြန်လမ်း တိုးဂိတ်ကို ရောက်တော့ ၂း၀၀
နာရီ(နေ့လည်) တိုးဂိတ်မှာ လမ်းခွန်ပေးဆောင်ပြီး Van-9F-**** အဖြူရောင်ကို
သားငယ်ဖြစ်သူကမောင်း၊ ကားပေါ်မှာ မိသားစု ၅ ဦး၊ ကျား ၄ ဦး၊ မ ၁ ဦး စီးနင်း
လာခဲ့ကြပါတယ်။
နေ့ခင်းဖက်ကို တမင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းသမားဖြစ်လို့ ဓာတ်ပုံလေး
ရိုက်နိုင်အောင်ရယ်၊ ပတ်ဝန်းကျင်အခြေ
|
Posted: 18 Apr 2015 06:30 AM PDT
တနင်္သာရီ ကမ်းလွန်ပင်လယ်ရှိ ရဲတံခွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး
လုပ်ငန်းခွင်ကို သွားရောက်တဲ့ ရဟတ်ယာဉ်တစင်းဟာ ထားဝယ်မြို့အနီးမှာ အရေးပေါ်
ဆင်းသက်လိုက်ရပါတယ်။
ဧပြီ ၁၈ ရက် မနက်ပိုင်း လုပ်ငန်းခွင် သွားရောက်ရာမှာ
ဟိုက်ဒရောလစ်ပိုက်ပေါက်တာကို သတိထားမိတဲ့အတွက် ပြန်လှည့်ရာကနေ
လောင်းလုံဘက်က ရွာတရွာမှာ အရေးပေါ် ဆင်းသက်လိုက်ရတာလို့ ထားဝယ်လေဆိပ်
တာဝါတိုင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဟတ်
|
Posted: 18 Apr 2015 06:27 AM PDT
အီရတ်နိုင်ငံ ကာဒ္ဒစ္စတန်နယ်မြေရဲ့ မြို့တော် အာဘေးမြို့ရှိ အမေရိကန်
ကောင်စစ်ဝန်ရုံး ၀င်ပေါက်မှာ ဧပြီ ၁၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃
ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားပါတယ်။
တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ
အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ကြေညာပါတယ်။
ကာကက်နယ်မြေက အိုက်အက်စ်တပ်ဖွဲ့ဟာ ကောင်စီဝန်ရုံး ၀င်ပေါက်မှာ
ကားဗုံးခွဲနိုင်ခဲ့တယ်ဆိုပြီး အိုင်အက်အဖွဲ့ရဲ့ တွစ်
|
Posted: 17 Apr 2015 08:47 PM PDT
ဝါရှင်တန်အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့
ဝါရှင်တန် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရ ငှားရမ်း
တာဟာ ငွေဖြုန်းတီးခြင်းသာဖြစ်ပြီး အကျိုးမရှိဘူးလို့ မြန်မာ့ အရေး
လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအပေါ်
အကောင်းမြင်လာအောင် ဒီအကျိုးဆောင်အဖွဲ့က တိုက်တွန်းကြိုးစားပေးမယ် ဆိုပေမဲ့
မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေမှန်ကို အမေရိကန်လွှတ်တော်နဲ့ အစိုးရက
သိရှိထားပြီးသာြး
|
Posted: 17 Apr 2015 08:42 PM PDT
ခရိုင်အဆင့် အစိုးရစစ် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
အချို့ကျောင်းများ၌ ဖြေဆို ကျောင်းသား ထက်ဝက်နီးပါး ကျရှုံးကြောင်း
ကျောင်းဆရာမများ ထံမှ သိရသည်။
“ဆယ်တန်းရောက်မှ အောင်ချက်မြင့်မားရေး ဆိုပြီး အတင်းလုပ်ကြတာ။ တကယ်တော့
ဒီအတန်းတွေမှာကတည်းက စစ်ချလိုက်ရမှာ။ အခု အောင်တဲ့ ကျောင်းသားစာရင်း နဲ့
ကျရှုံးပြီး ပြန်ကုစားရမဲ့ကျောင်းသား စာရင်းက ထက်ဝက်ပဲ။ဒီလိုလုပ်မှ ဆယ်တန်း
အောင်ချက်က ကောင်းလာမှာ။
|
Posted: 17 Apr 2015 03:05 PM PDT
နေပြည်တော်သို့ ဘုရားဖူးလာသောယာဉ် တိမ်းမှောက်
နေပြည်တော် ဧပြီ ၁၇
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု ကြီးပွားရွာ၌
ယနေ့နံနက် ၃ နာရီခွဲက ဘုရားဖူးယာဉ် တိမ်းမှောက်မှုဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့မှ နေပြည် တော်သို့ လူဦးရေ ၂၆ ဦး တင်ဆောင်
လာသည့် JAC အမျိုးအစား 5H/-- ------ ဘုရားဖူးယာဉ်သည် ကြီးပွား ကျေးရွာ
ပင်းသီးပေါက်ကွေ့ မိုင်တိုင် (၂ဝ/၁)အနီး၌ အရှိန်မထိန်းနိုင်ဘဲ
|
Posted: 17 Apr 2015 03:05 PM PDT
ရန်ကုန် ဧပြီ ၁၇
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်က မင်္ဂလာ တောင်ညွန့်မြို့နယ်
ဂျိုးဖြူလမ်းရှိ ယောမင်းကြီးလမ်း ဘတ်စ်ကားမှတ် တိုင်အနီးတွင်
သင်္ကြန်ရေပက်ခံထွက် လည်သော လိုက်ထရပ်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ကာ
လူနှစ်ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ်နှစ်ဦး
အပါအဝင် အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကြသည်။
ဖြစ်ပွားပုံမှာ အဆိုပါညနေက
|
Posted: 17 Apr 2015 03:04 PM PDT
ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကြောင့်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရပ်တည်နိုင်တာဖြစ်တဲ့ အတွက် ပြည်သူပြည်သားအားလုံးကို ကျေးဇူး တင်ကြောင်း
ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း
တစ်ရက်နေ့မှာ နှစ်သစ်ကူးဆုမွန်စကား ပြောကြား လိုက်ပါတယ်။
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့
ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ NLD အဖွဲ့ချုပ် လူကြီးတွေ ကို ကန်တော့ပွဲ
|
Posted: 17 Apr 2015 03:04 PM PDT
မြန်မာ
အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့၊ မြန်မာ အစိုးရရဲ့ ပြုပြင်
ပြောင်းလဲမှုတွေကို အမေရိကန် ကွန်ဂရက်နဲ့ အမေရိကန် ပြည်သူတွေ သိရှိအောင်
စည်းရုံးဆောင်ရွက်ပေးဖို့အတွက် တစ်နှစ်ကို ဒေါ်လာငွေ ၈ သိန်းကျော်
အကုန်ခံပြီး အမေရိကန်က အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ကို မြန်မာအစိုးရက
ငှားရမ်းခဲ့ပါတယ်။
ဒီတော့ အခုလို ရွေးကောက်ပွဲ နီးနေတဲ့ ကာလမှာ ဘာကြောင့် ငှားတာလဲ၊ အခု
အချိန်မှာ အစိုးရ အတွက် ဒီလို စည်းရုံး
|
Posted: 17 Apr 2015 03:03 PM PDT
မင်းတပ် ဧပြီ ၁၇
ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် ကွက်စိပ်(၇)တွင် ဧပြီ ၁၆ ရက် ည ၁ဝ
နာရီခွဲက ပုဂ္ဂလိကနေအိမ်မှစ၍ မီးလောင်ရာ ဈေးဆိုင်ကြီးတစ်ဆိုင် အပါအဝင်
ပုဂ္ဂလိကအိမ်ခြောက်လုံး မီးလောင်ကျွမ်းသွားသည်။
ဒေါ်ရွီလိုင်း၏နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းရာမှ မီးလောင်ကျွမ်းမှု
စတင်ဖြစ်ပွားကြောင်းနှင့် ဧပြီ ၁၇ ရက် နံနက် ဝဝး၄၅ နာရီတွင် မီးငြှိမ်း
သတ်နိုင်ခဲ့သည်။
အိမ်ထောင်စု ရှစ်စုရှိ မီးဘေးဒုက္ခသည် ၃၈ ဦး
|
Posted: 17 Apr 2015 03:03 PM PDT
လူရွှင်တော်ကိုမေတ္တာ
ဦးဆောင်တဲ့ “သာဓုပါဗျာ” သံချပ်အဖွဲ့ဟာ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့
ညပိုင်းက ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ရွှေစင်မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။
“သာဓုပါဗျာ” အဖွဲ့ရဲ့သံချပ်တွေ ထဲက တချို့ကို ကိုကျော်သူက ကောက်နုတ်
တင်ပြထားပါတယ်။ RFA MyanmarVideoChannel
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 17 Apr 2015 03:03 PM PDT
ရန်ကုန်မြို့က
သာကီနွယ်သံချပ်အဖွဲ့ဟာ သင်္ကြန်အကြတ်နေ့ညက သင်္ဃန်းကျွန်းမြို့နယ် ရွှေစင်မဏ္ဍပ်
မှာ ဖျော်ဖြေခဲ့ပါတယ်။ ရွှေစင်မဏ္ဍပ်ဟာ ရေကစားမဏ္ဍပ်သီးသန့်မဟုတ်ဘဲ
သံချပ်အဖွဲ့တွေ ယှဉ်ပြိုင်ကြ တဲ့ မဏ္ဍပ်ဖြစ်ပါတယ်။ သာကီနွယ်သံချပ်အဖွဲ့ရဲ့
သံချပ်တွေအထဲက တချို့ကို ကိုကျော်ဇောဝင်းက ကောက်နှုတ် တင်ပြထားပါတယ်။ RFA
MyanmarVideoChannel
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 17 Apr 2015 03:09 PM PDT
မဏိပူရနယ် အင်ဖာ ကနေ မန္တလေးကို အပတ်စဉ် ဘတ်စ်ကား ပြေး နိုင်ဖို့လည်း စီစဉ်
ထားကြ ပါတယ်။
အိန္ဒိယ- မြန်မာ-ထိုင်း တို့ကို ဆက်သွယ် ပေးမယ့် လမ်းသစ် ဖောက်လုပ် ဖို့ ၃
နိုင်ငံ က ပို့ဆောင်ရေး ဝန်ကြီး တွေ ဧပြီလ ၁၈ ရက်နေ့ အိန္ဒိယ နိုင်ငံမှာ
တွေ့ဆုံ ပြီး အခြေခံ သဘောတူ မှု တွေ ကို ဆုံးဖြတ် ကြ ဖို့ ရှိပါ တယ်။
အိန္ဒိယ ဟာ မြန်မာ နိုင်ငံ နဲ့ စီးပွားရေး ဆက်ဆံ မှု တိုးမြှင့် ဖို့
ကြိုးစား နေတာ မှာ အခုလို လမ်းသစ် တွေ တ
|
Posted: 17 Apr 2015 03:01 PM PDT
ရန်ကုန် ဧပြီ ၁၇
ဆက်သွယ်ရေး အော်ပရေတာများ၏ ဈေးကွက်ပြိုင်ဆိုင်မှု အခြေကျလာချိန်ဝယ်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာ နက်သုံးစွဲမှု မြင့်တက်လာသော်လည်း
ကျယ် ပြန့်စွာသုံးစွဲနိုင်ရေး အတွက် စိန်ခေါ်မှုများ ကျန်ရှိနေသေးကြောင်း
နည်းပညာပညာ ရှင်များက ခန့်မှန်းထားသည်။
''၂ဝ၁၃ခုနှစ်မှာ အင်တာနက်အသုံးပြု သူ ၁ ဒသမ ၂ သန်းသာရှိခဲ့ပေမယ့် အခု ၂ဝ၁၅
ခုနှစ်အရောက်မှာ ၁၅ ရာခိုင်နှုန်း အထိ အင်တာနက်သုံးစွဲသူဦးရေက တ
|
Posted: 17 Apr 2015 03:01 PM PDT
တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေး အချက်အလက်တွေကို ပြည်ပက ၀ဘ်ဆိုဒ်တခုကို
သတင်းပေါက်ကြားခဲ့မှုနဲ့ သတင်းထောက် တဦးကို တရုတ်တရားရုံးက ထောင်ဒဏ် ၇ နှစ်
ချမှတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက
ဘေဂျင်းမြို့မှာ တံခါးပိတ် တရားရုံးတင် စစ်ဆေးခံခဲ့ရတဲ့ အသက် ၇၁ နှစ်အရွယ်
သတင်းထောက် Gao Yu ကို ၅ လအကြာ ဒီကနေ့မှာပဲ နိုင်ငံတော်
လျို့ဝှက်ချက်တွေကို ပြည်ပက အဆက်အသွယ်တွေထံ ပေးပို့မှုနဲ့
|
Posted: 17 Apr 2015 03:01 PM PDT
မြန်မာသက္ကရာဇ်
၁၃၇၇ ခုနှစ်ရဲ့ နှစ်ဆန်းတစ်ရက်နေ့ ဒီကနေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုရင်း
နှစ်ကူးကို ကြိုဆိုကြတဲ့ မြန်မာ့ဓလေ့နဲ့အညီ မန္တလေးတိုင်းဒေသကြီး၊
ကျောက်ပန်းတောင်းမြို့မှာလည်း သံဃာတော်တွေအတွက် မြို့လုံးကျွတ်
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပါတယ်။ ကိုထက်အောင်က
သတင်းပေးပို့ထားပါတယ်။ VOA Burmese
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 17 Apr 2015 03:00 PM PDT
ဆဒမ်ရဲ့ လက်ရုံးတွေကို မှတ်မိအောင် အီရတ်ကိုဝင်တိုက်တဲ့ အမေရိကန်စစ်သားတွေ
ကို ထုတ်ပေးခဲ့တဲ့ ဖဲချပ်တွေထဲ ညှင်းဖဲဘုရင် အချပ်ဟာ အယ်လ်ဒူရီရဲ့ ရုပ်ပုံ
နဲ့ ဖြစ်ပါတယ်။
ဆဒမ်ဟူစိန် ရဲ့ လက်ရုံးတွေ ထဲ နောက်ဆုံး လက်ကျန် လွတ်နေသေး သူတွေ ထဲက ရာထူး
အကြီးဆုံး ဖြစ်မယ် လို့ ယူဆရသူ Izzat Ibrahim al-Douri ကို သတ်လိုက်
နိုင်ပြီ လို့ အီရတ် အာဏာပိုင် တွေ က ပြောနေ ပါတယ်။
မစ္စတာ အယ်လ်ဒူရီ ဟာ အီရတ် နိုင်ငံ အတွင်း အစ္စလာမ်
|
Posted: 17 Apr 2015 03:00 PM PDT
ဆာနား ဧပြီ ၁၇
အာရေဗျကျွန်းဆွယ် အယ်လ် ခိုင်ဒါ စစ်သွေးကြွများသည် ယီမင် တောင်ပိုင်းရှိ
လေဆိပ်တစ်ခုကို သိမ်းပိုက်လိုက်ကြောင်း တာဝန်ရှိ သူများက ပြောသည်။
ဟာဒရာမောပြည်နယ် မူခါလာ မြို့ အဓိကလေဆိပ်ရှိ အစောင့် တပ်ဖွဲ့ဝင်များ
ထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုသည်။
အဆိုပါ အယ်လ်ခိုင်ဒါစစ်သွေးကြွ များကြောင့် ယီမင်နိုင်ငံအတွင်း မငြိမ်
မသက်မှုများ ပို၍ဆိုးရွားလာကြောင်း၊ ယခုလအစောပိုင်းက မူခါလာမြို့ကို
|
Posted: 17 Apr 2015 03:00 PM PDT
ပေကျင်း ဧပြီ ၁၇
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ရှိ အငြင်း ပွားလျက်ရှိရာ ကျွန်းပေါ်တွင်
လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်နေပုံကို ဂြိုဟ်တုဓာတ်ပုံများက ပြသထား ကြောင်း
သတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရုတ်၏ လေယာဉ်ပြေးလမ်းတည်ဆောက်ရေး လုပ်ငန်းကို စပရက်လေကျွန်းရှိ
သန္တာကျောက်တန်း ပေါ်တွင် လုပ်ဆောင်ထားခြင်းဖြစ်သည်ဟု ဂြိုဟ်တု ဓာတ်ပုံများက
ဖော်ပြသည်။
ပြေးလမ်း မီတာ ၃ဝဝဝ ထိ ရှည်လျားသော တရုတ်နိုင်ငံ၏ လေယာဉ်ကွင်း တ
|
Posted: 17 Apr 2015 02:58 PM PDT
ဧပြီလ (၁၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
No comments:
Post a Comment