မူလတန်းပညာရေးအတွေးအခေါ် ( ၃)
Author: lubo601 |
1:40 PM |
No မှတ်ချက် |
တီထွင်ဖန်တီးမှု ( Creativity )
သိပ်မကြာသေးခင်က ရေဒီယိုပရိုဂ၇မ်တစ်ခုမှာ ကျွန်တော်စကားပြောဖြစ်တော့ origin ဖြစ်ဖို့ အရေးကြီးတယ် ဆိုတဲ့ အကြောင်းကို ရောက်သွားတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အနုပညာနဲ့ ပတ်သတ်လာရင် အနောက်တိုင်းက လာတာတွေကို ပုံတူ ကူးချနေကြတယ်ဆိုတဲ့ အကြောင်းကနေ ရောက်သွားတာပါပဲ ။ ကျွန်တော်တို့ဟာ အသိပညာ ဆိုင်ရာ ၊ အနုပညာတွေမှာ အမြဲပုံတူကူးချနေရတဲ့ ဘ၀ကနေ လွတ်ဖို့ အရေးကြီးတယ်။ တကယ်က ပုံတူ ကူးချမှုတွေ ကနေ လွတ်ဖို့တင်မကဘူး ၊ တစ်ဦးချင်း ဖန်တီးစဉ်းစားနေတဲ့ သူတွေမှာ oirgin ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ origin ကို ဘယ်လို အနက်ပြန်ရမလဲ ဆိုတာကတော့ ခက်လိမ့်မယ် ။ တကယ်က origin ဖြစ်တယ် ဆိုတာ ကိုယ့်ရှေ့က မျိုးဆက် ရဲ့ အတွေးအခေါ်တွေ ၊ဖန်တီးပုံတွေနဲ့ လုံးဝ ယတိပြတ်ခွဲထွက် သူက သာလျင် အရင်းအမြစ်တစ်ခု ၊ အစတစ်ခုလို ပြန်ဖြစ် နေတာပဲ ။ ဒဿနပညာမှာဆိုရင်တော့ နစ်ရှေးဟာ origin ၀ါ သူရှေ့က ဒဿနပညာရှင်တွေရဲ့တွေးခေါ်ပုံအခြေခံနဲ့ မတူ တဲ့ အုတ်မြစ်တစ်ခု ပေးနိုင်စွမ်းရှိတဲ့ သူ ။ အော်ရီဂျင် ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ အဲဒီလို ပုံတူ မကူးချတာ ၊ကိုယ် ပိုင် ဖန်တီးတာတွေ ၊ နောက်ဆုံးအရေးပါတဲ့ origin ဖြစ်ဖို့ ဆိုတာတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေရာတိုင်းမှာ ပျောက် ဆုံးနေတာ။ လူအများစုမှာ ပျောက်ဆုံးနေတာတင်မကဘဲ ၊ မျိုးဆက်အများစု ၊ လူအားလုံးလိုလိုမှာ ပျောက်ဆုံး နေတာကတော့ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကနေ လေ့ကျင့် ပျိုးထောင်ပေးလိုက်တဲ့ ပညာရေး ၊ ကျွန်တော်တို့ရဲ့ မွေးရာပါ ပါရမီတစ်ခုဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ မူလတန်းပညာရေးမှာ အားနည်းပျော့ညံ့ချက်တွေ အများကြီး ရှိနေပြီ ဆိုတာသိနိုင်တယ်။

မူလတန်းပညာရေးနှင့် တီထွင်ဖန်တီးမှု
ကျွန်တော်တို့ရဲ့ မူလန်းပညာရေးမှာမှ ကလေးတွေကို တီထွင်ဖန်တီးတတ်တဲ့သဘာဝကို ပုံဖော်မပေးနိုင်ဘူး ဆိုရင် တခြားအရွယ်တွေမှာ ဒါကို ပုံဖော်ပေးနိုင်ဖို့ ခဲယဉ်းသွားမှာဖြစ်တယ်။ မူလတန်းပညာရေး ၊ မူလတန်းအရွယ် ဆိုတာ ကလေးငယ်ရဲ့ ညဉ်မှန်သမျှကို မွေးရာပါဗီဇတစ်ခုလိုမျိုးထင်လာအောင် ပုံဖော်ပေးနိုင်တဲ့အရာပဲ ။ တီထွင်ဖန်တီမှု ဆိုတာ မွေးရာပါ ဗီဇလား ၊ သင်ကြားလို့ ရနိုင်ရဲ့ လားလို့ အငြင်းပွားဖွယ်ရာ ကြားထဲကို မ၀င်ပါနဲ့ ။ အကြောင်းက ကျွန်တော်တို့ ကလေးတွေဟာ အဲဒီလို အငြင်းပွားဖွယ်ရာ ပြဿနာဆီမရောက်နိုင်ဘဲ သူတို့မှာ တီထွင်ဖန်တီဖို့ ကိစ္စမျိုး မပြောနဲ့ အမြဲတမ်း ထိန်းချုပ်ခံ နေရလို့ပါပဲ ။ တီထွင်ဖန်တီနိုင်ဖို့ နေနေသာသာ အဲဒီလို အခင်အကျင်းမျိုး ဆီလုံးဝ ဦးမလှည့် နိုင်တဲ့ အနေအထားတစ်ရပ်နဲ့ ကျွန်တော်တို့ ကလေးတွေ မူလတန်းကတည်းက နေနေရတာပါ ။ မူလတန်ပညာရေးမှာ ကလေးတွေ တီထွင်ဖန်တီးမှု တိုးပွားလာအောင် လုပ်ပေးဖို့ အရေးကြီးပါတယ်တဲ့ ။ ဒါလူ တိုင်း သိထား နားလည်ထားတဲ့ အရာပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ ကလေးတွေဟာစာသင်ခန်းတွေမှာ စိတ်ထဲ တင်းတင်း ကြပ်ကြပ်ထားပြီး စာတွေ ထိုင်သင်နေရတယ်။ တစ်ချိန်တစ်ချိန် ဆရာဆရာမ အကူးအပြောင်းများကြာမှာ လစ်ဟာ သွား လို့ စကားပြောတာ ၊ ဆော့တာမျိုး လုပ်ရင် အမြင်မတော် အရိုက်ခံရသေးတယ်။ ဆရာမက ကြိမ်လုံးတစ်လုံးနဲ့ တဖြန်းဖြန် လုပ်ပြီး စကားမပြောဖို့ ( ကလေးတွေ စိတ်ထဲ လုပ်ချင်ရာကို ထိန်းချုပ် ထားဖို့ ) အမိန့်တွေပေးနေတယ်။ စာသင်တဲ့ ဆရာမက မုန့်သွားစားတာဖြစ်စေ ၊ အပေါ့အပါးသွားတာဖြစ်စေ ၊ ကလေးတွေ ဆော့ဖို့ မပြောနဲ့ စကားတောင် မပြော နိုင် ရှာအောင် ကလေးတစ်ယောက်ကို နာမည်မှတ်ထား အရိုက်ခံရမယ်ဆိုတာ မျိုးမှာခဲ့တယ်။ ဒီလို ပညာရေးမျိုးမှာ ကလေးတွေကို ဘယ်လို လုပ်တီထွင်ဖန်တီးတတ်တဲ့ ညာဉ်ထည့်ပေးနိုင်တော့မလဲ ။ အဲဒီကလေးတွေ လူကြီးဖြစ်လာတဲ့ အခါတီထွင်ဖန်တီးမှု ၊ အရင်းအမြစ် ( origin ) ဖြစ်ဖို့ မရှာဘဲ ၊ ပုံတူကူးချဖို့ ကြီးပြင်းလာတာ ဆန်းတော့မဆန်းလှဘူး။ ဒါဟာ မူလတန်းပညာရေးကနေ ပေးအပ်လိုက်တဲ့ အခြေခံကနေစလို့ မြန်မာ လူ့အဖွဲ့အစည်းထဲမှာ လာ ရောက်ရိုက် ခတ်နေရတဲ့ အခြေအနေတစ်ရပ်ပဲ ။ မူလတန်းမှာကတည်းက ကလေးတွေတီထွင်ဖန်တီးတတ်လာအောင် မလုပ်ပေး ခြင်းဟာ လူ့အဖွဲ့ အစည်းကို အမြစ်ကနေစပြီး အဆိပ်သင့်အောင် လုပ်နေတာပါပဲ ။
ကလေးငယ်တွေ တီထွင်ဖန်တီးမှုရှိလာဖို့
ကလေးတွေကို အတန်းထဲမှာ စာတွေ အလွတ်ကျတ်မှတ်ခိုင်းတာ ၊ ကလေးတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ စာသင်ခန်းထဲမှာ ရှိနေသရွေ့ကလေးတွေ တီထွင်ဖန်တီးနိုင်စွမ်း ရှိလာဖို့ ဘယ်တော့မှာ ပြုစုပျိုးထောင်ပေးလို့ မရဘူး။ ကလေးတွေမှာ တီထွင်ဖန်တီးမှု ထွက်ပေါ်လာဖို့ ဆိုတာက သူတို့ကို တင်းကြပ်တဲ့ ထိန်းချုပ်မှု တွေ ၊ တင်းကြပ်တဲ့ အလုပ် ဇယားတွေကနေ လွတ်ပေးလိုက်ပြီး တကယ့်စစ်မှန်တဲ့ အခြေအနေတစ်ရပ်မှာ လေ့လာစူးစမ်းခွင်ပေးမှာသာလျင် ဖြစ်လာမှာ ဖြစ်တယ်။ အတန်းထဲ ကလေးတွေ စကားပြေရင် ရိုက်မယ် ဆိုတဲ့ အတွေးဟာသာမန် လုပ်ရပ်ကလေး ဖြစ်ပေမယ့် ကလေးငယ်တွေရဲ့ တီထွင်ဖန်တီးမှုကို ချိုးဖျက်လိုက်ရာကစလို့ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ မြုံသွားနိုင်တဲ့ အခြေအနေအထိ ရှိနေတာ။ မူလတန်းကလေးတွေဆိုတာ စာတွေကျတ်နေဖို့ထက် တကယ် စစ်မှန်တဲ့ ပုံပြင်ကောင်းတွေ သူတို့ကို ဖတ်ပြနေရင်ပဲ သူတို့ကို အတော်ကလေးနှိုးဆွ နိုင်ပါပြီ ။ သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေတိုးပွားလာဖို့ သူတို့ကို ကဗျာဆရာတွေ၊ ၀တ္ထုရေးဆရာတွေ ၊ ကြီးကျယ်ခန်းနားတဲ့ အနုပညာရှင်တွေနဲ့ အမြဲထိတွေ့ပေးနေရမယ် ။ ပြဇာတ်ရုံ တွေကို ကျောင်းတွေမှာလဲ ထား ၊ ပြဇာတ်ရုံတွေ ၊ ပန်းချီပြခန်းတွေ ၊ ပြတိုက်တွေ ၊ အနုပညာပွဲတွေကို အမြဲခေါ်သွား ပေးနိုင်ဖို့ စီစဉ်ပေးထားရမယ်။ ဒါမှမဟာ ကလေးငယ်တွေ စကားပြောတာ ၊ သူတို့ရဲ့စိတ်လှုပ်၇ှားမှုတွေကိုချဲ့ထွင်သာ၊ သူတို့ရဲ့ မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင်ပေးရာရောက်မှာဖြစ်တယ်။ ကလေးငယ်တွေကို စာသင်ခန်းထဲမှာ ချည်းပဲ အချိန် မကုန်စေဘဲ အပြင်ဘက်ကို ထွက်ပြီး အလုပ်လုပ်စေတာ ရှိရမယ်။ ပန်းခြံတွေကို ပြရင်မယ် ။ ဖန်တီးမှုဆိုင်ရာ ပရော ဂျတ်တွေကို လုပ်ခိုင်းရမယ်။ ကလေးငယ်တွေကို စာသင်ခန် ပိတ်လှောင်ထားတာဟာ တကယ့်တော့ အနာဂတ်လူ့အဖွဲ့ အစည်းတစ်ရပ်လုံးကို ပိတ်လှောင်ထားခြင်သာလျင်ဖြစ်တယ်။
တီထွင်ဖန်တီးမှု ဆိုတာ
တီထွင်ဖန်တီးမှု ဆိုတာ ကလေးငယ်အနေနဲ့ သူ့ရဲ့ ကိုယ်ရေ ကိုယ်သွေးနဲ့ လေ့လာထားသမျှတွေကို အဆက်အစပ်အသစ်တွေအမြဲအသုံးချနေတဲ့သဘောရှိတယ်။ ဒီတော့တစ်ဖက်မှာ လည်း နေရာတစ်ခု ၊ စာသင်ကြားခြင်အလွတ်ကျမှတ်နေရခြင်း ဆိုတဲ့ အဆက်အစပ်တစ်ခုတည်းမှာ ပိတ်မိနေတဲ့ ကလေး ငယ်မှာ ဘယ်လိုတီထွင်ဖန်တီမှုမျိုးမှ ရှိလာမှာ မဟုတ်ဘူး ။ ပညာရေးကကလေးငယ်တွေ တီထွင်ဖန်တီးမှု ရှိလာအောင် ကလေးတွေအပေါ် လွှမ်းမိုး ဖီနှိပ်ထားတဲ့ အခြေအနေမှန်သမျှကို ပယ်ဖျက်ပေးနေရမှာဖြစ်တယ်။ ပြီးတော့ ကလေးငယ်တွေမှာ အခွင့်အလမ်း လွတ်လပ်မှု ( freedom opportunity ) ၀ါ လွတ်လွတ်လပ်လပ် လုပ်ကိုင် နိုင်စရာ အခွင့်အလမ်းများများ စားစား မရှိဘဲ နဲ့ တီထွင်ဖန်တီးမှုဆိုတာ မရှိနိုင်ဘူး ။တီထွင်ဖန်တီးမှုဟာတွေးခေါ်ခြင်းနဲ့ ဆက်စပ် နေတဲ့ အတွက်လဲ ကလေးငယ်တွေ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်စွမ်း ရှိအောင် ပြုစုပျိုးထောင်ရမယ်။ ဒီအချက်တွေ အားလုံးနဲ့ ဆန့်ကျင်ဘက်တွေအားလုံးဟာ ကျွန်တော်တို့ မူလတန်းပညာရေးစနစ်ထဲမှာ ကိန်းအောင်နေတာ။ တကယ်လို့ ကျွန်တော်တို့ဟာ တီထွင်ဖန်တီးမှု ရှိတဲ့ ကိုယ်ပိုင်ဟန်နဲ့ ဆန်းသစ်တီထွင်မှုရှိမှုတွေကိုလူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အတိုင်း အတာတစ်ခုနဲ့ လိုချင်တယ်ဆိုရင်တော့ အခုရှိနေတဲ့ မူလတန်းပညာရေး ပုံစံခွက်ကို မှောက်လှန်ပြီး ပြောင်းလဲ ပစ်ဖို့ လိုအပ် တယ်။
မင်းခက်ရဲ
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment