ပြည်သူကို နှိပ်စက်ထားတဲ့ ပူဖောင်းတွေ ပေါက်ဖို့နိမိတ်ပြပြီ
Published on: September 28, 2014
Written by: မာန်သူရှိန်
ရပ်ဆိုင်းလိုက်ပြီဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း တစ်နေရာကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သမ္မတဦးသိန်းစိန်
အစိုးရသစ်လက်ထက် သုံးနှစ်ကျော်ကနေ လေးနှစ်နီးပါး ကာလအတွင်းမှာ
ရန်ကုန်မြို့ရဲ့မြေဈေး၊ ရုံးခန်းငှားရမ်းခဈေးတွေဟာ
မြေဈေးဝင်ကစားသူတွေကြောင့် ငှားရမ်းခအမြင့်ဆုံး
ကမ္ဘာ့မြို့ကြီးများစာရင်းမှာ အဆင့် ၃ အထိ ခုန်တက်သွားခဲ့ရတယ်။
လန်ဒန်နဲ့ ဟောင်ကောင်ပြီးရင် ရန်ကုန်မြို့စီးပွားရေး အချက်အချာကျ နေရာတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ငှားရမ်းခဈေးဟာ အမြင့်ဆုံးဖြစ်နေပါပြီ။
၂၀၀၈ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်း၊ မြေကွက် ၃၀၀၀ ကျော်ကို ပုဂ္ဂလိကကို အပြတ်ရောင်းပေးတဲ့အခါ ပုဂ္ဂလိကလက်ထဲ မြေကွက်တွေ ရောက်သွားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာလည်း နိုင်ငံပိုင်မြေကွက်၊ လုပ်ငန်းပေါင်းများစွာကို ထပ်ပြီး ပုဂ္ဂလိကကို လွှဲလိုက်တာ နိုင်ငံတော်လက်ထဲမှာ မပြောပလောက်တဲ့ ပမာဏပဲ ကျန်ပါတော့တယ်။
ဒီမြေကွက်တွေကို လက်ချိုးရေလို့ရတဲ့ လူနည်းစုကပဲ ရသွားတာပါ။ မြေကွက်တွေကို လူနည်းစု ထိန်းချုပ်ကိုင်တွယ်ထားပြီးတဲ့ေ နာက် မြေဈေးတွေကို ဆွဲတင်၊
ငှားရမ်းခဈေးတွေကို ဆွဲတင်ရင်းနဲ့ ၂၀၁၀ ပြည့်နှစ်က အိမ်ခြံမြေဈေးနဲ့
လက်ရှိအိမ်ခြံမြေဈေးယှဉ်ရင် တစ်နှစ်ကို တစ်ဆနှုန်းနဲ့ တက်နေတာပါ။
တချို့နေရာတွေဆို ငါးဆလောက်အထိ ခုန်တက်လာပါတယ်။
နောက်တစ်ချက်က ဘယ်ကစီးဝင်လာမှန်းမသိတဲ့ ငွေတွေ၊ သစ်၊ ကျောက်မျက်မှောင်ခို၊ မူးယစ်ဆေးဝါးက စီးဝင်လာတဲ့ငွေတွေနဲ့ ခေါ်သလောက်ဈေးနဲ့ ပေးဝယ်ပြီး ငွေကြေးခ၀ါချတဲ့ လူတစ်စုကြောင့် မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးဟာ ပုံမှန်မဟုတ်တဲ့ဈေးအထိ ထပ်ပြီးထောင်တက်သွားပါတယ်။
ဒီလိုမြင့်တက်မှုကြောင့် အသေးစားအလတ်စား လုပ်ငန်းရှင်တွေ လုပ်ငန်းထပ်မချဲ့နိုင်၊ ငှားရမ်းခရှာနေရတာနဲ့တင် လုံးလည်ချာလပတ် ယမ်းနေရတယ်။ အိုးပိုင်အိမ်ပိုင်မရှိလို့ ငှားနေရတဲ့ ပြည်သူတွေလည်း နေစရိတ်လို့ဆိုတဲ့ အိမ်ငှားခအတွက် မနိုင်ဝန်ကို ထမ်းနေကြရတယ်။
ခုတော့ မဖြစ်သင့်တဲ့ ဈေးတွေအထိရောက်အောင် ကစားထားတဲ့ ပြည်သူတွေကို နှိပ်စက်ထားတဲ့ အိမ်ခြံမြေပူဖောင်းကြီး ပေါက်တော့မလား မေးစရာရှိလာပါပြီ။
ဒလတံတားစီမံကိန်း အပျက်မှာ ရိုက်ခတ်မှု၊ အဲဒီနောက် သိပ်မကြာဘူး။ အခု မြို့သစ်စီမံကိန်း အပျက်မှာ ကြီးမားတဲ့ရိုက်ခတ်မှု ခံလိုက်ရမှု၊ အိမ်ခြံမြေရောင်းဝယ်မှုအပေါ်မှာ အခွန်က သတိပေးစာ ထုတ်ပြန်မှု၊ မြေယာဥပဒေ ပြဋ္ဌာန်းရေးဆွဲမယ့် သတင်းတွေက ပုံမှန်မဟုတ်တဲ့ မြေပူဖောင်းကြီးပေါက်မယ့်နိမိ တ် ဖြစ်လာမှာလား။ ဘယ်လိုပဲဖြစ်ဖြစ်
နိမိတ်တော့ ပြလာပြီလို့ ပြောရမှာပါပဲ။
ဒလကပေးတဲ့ သင်ခန်းစာ
၂၀၁၁ ခုနှစ် အောက်တိုဘာမှာ ဒလဘက်ကမ်း တံတားစီမံကိန်း ရှိတယ်ဆိုပြီး စည်ပင်က သတင်းထုတ်ပြန်တယ်။ ဒလဘက်မှာ အရင် သိန်း ၅၀ လောက်ရှိတဲ့ မြေကွက်က သိန်း ၁၀၀၀ လောက်အထိ ခုန်တက်သွားပါတယ်။
ကိုင်းတောပဲရှိပြီး လူနေလို့မရတဲ့ မြေကွက်တောင် သိန်း ၁၀၀၀ လောက်ဖြစ်သွားတဲ့အထိ အလုအယက် ဈေးပေးမြှုပ်နှံကြတာပါ။
ဒါပေမဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒလဘက်ကို တံတားထိုးဖို့ တိုးချဲ့ဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာလိုက်တဲ့ အခါမှာတော့ အရောင်းအ၀ယ် ထိုးရပ်သွားပြီး မြေကွက်တွေပဲ ပိုက်မိသွားကြရတယ်။
အဲဒီမှာ တစ်ခုထောက်ပြစရာ ရှိတာက ငွေအလုံးအရင်းနဲ့ အရှေ့က အရင်ဝယ်ပြပြီး ဈေးတက်တော့မှ နောက်လူတွေဆီ ထုတ်ရောင်းသွားတဲ့ တချို့ကတော့ ငွေထုပ်ပိုက်သွားခဲ့ကြတယ်။ ခံလိုက်ရတာက ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေနဲ့ မြှုပ်နှံမိတဲ့သူတွေပါပဲ။ ပုံမှန်မဟုတ်တဲ့ဈေးတွေဟာ တစ်ချိန်မှာ ပြန်ဆင်းတတ်တယ်ဆိုတာ ဒလက သင်ခန်းစာ စပေးလိုက်တာပါပဲ။
မြို့သစ်စီမံကိန်းကပေးတဲ့ သင်ခန်းစာ
သြဂုတ် ၂၂ ရက်မှာ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချု ပ် ဦးမြင့်ဆွေကပေးပို့တဲ့ ရန်ကုန်မြို့သစ်
စီမံကိန်းနှင့်ပတ်သက်တဲ့ သ၀ဏ်လွှာမှာ ကြည့်မြင်တိုင်၊
ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ထဲမှာရှိတဲ့ မြေဧက ၃၀၀၀၀ ပေါ်မှာ
မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီက လုပ်မယ်လို့ ထုတ်ပြန်ခဲ့တယ်။
အဲဒီလိုမထုတ်ပြန်ခင် လုပ်မယ့်ကုမ္ပဏီက အဲဒီဘက်မှာ မြေဧကထောင်ချီပြီး အရင်ကတည်းက ကြိုဝယ်ထားခဲ့တယ်ဆိုတာ လုပ်ငန်းရှင်တွေကြားမှာ သိနေတယ်။
ထုတ်ပြန်လိုက်တဲ့နောက် လယ်မြေတွေတောင် တစ်ဧက ကျပ်သိန်းထောင်နဲ့ချီ ဈေးတွေမြင့်တက်သွားသလို အလုအယက် သွားဝယ်ကြပြန်တယ်။
ထုံးစံအတိုင်း ကြိုဝယ်ထားတဲ့သူအချို့က ဈေးအမြင့်နဲ့ပြန်ရိုက်ပြီး ငွေထုပ်ပိုက်သွားတယ်။
သြဂုတ် ၂၈ ရက်ကျတော့ တင်ဒါပြန်ခေါ်ပြီးမှ လုပ်မယ်ဆိုပြီး ထပ်ပြောတယ်။ အဲဒီလိုပြောလိုက်တဲ့နောက် အရောင်းအ၀ယ် ချက်ချင်းကျသွားတယ်။ စက်တင်ဘာ ၂၆ ရက်မှာ မြို့သစ်စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်တဲ့အခါ အရောင်းအ၀ယ် လုံးဝနီးပါး ရပ်သွားတယ်။ နောက်မှ လိုက်ဝယ်တဲ့သူတွေ မြေကွက်ပိုက်ပြီး ကျန်ခဲ့ရပြန်တယ်။
ဘယ်လောက်အထိ ရိုက်ခတ်သွားလဲဆိုရင် ဒလနဲ့ မြို့သစ်စီမံကိန်းဘက်မှာတင် အရောင်းအ၀ယ်ရပ်တာ မဟုတ်ဘဲ ထန်းတပင်၊ လှိုင်သာယာ ရိုးကြီးရိုးလေး၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာလို မြို့နယ်ဘက်တွေမှာပါ လယ်မြေအရောင်းအ၀ယ် ကျဆင်းသွားတဲ့အထိ ဒီဂယက်က ရိုက်သွားတယ်။ အဓိကအချက်ကတော့ စီမံကိန်းဆိုတိုင်း မယုံရဲတော့တာနဲ့ အစိုးရပြောတိုင်းလဲ ခုလုပ်မယ် တော်ကြာမလုပ်ဘူးဆိုတဲ့ကြားမှာ ခဏခဏခံရလို့ မြေဈေးကွက်မှာမြှုပ်နှံဖို့ လက်တွန့်သွားကြတယ်။ ဒီအခြေအနေကိုကြည့်ရင် ဒီဂယက်ကလည်း မြေပူဖောင်းကြီးပေါက်ဖို့ မြို့သစ်စီမံကိန်းက နိမိတ်ပြပြီလား မေးစရာရှိလာပါတယ်။
မြေပူဖောင်းပေါက်တော့မယ့် မူဝါဒနိမိတ်လား
ပုံမှန်မဟုတ်ဘဲ ကစားထားတဲ့ ဈေးတွေဟာလည်း သူ့အချိန်နဲ့သူ ပြန်ထိုးဆင်းမှာ အတိအကျပါပဲ။ ဥပမာ-လူတစ်စုကပဲ ထိန်းချုပ်ကန့်သတ်ပြီး ဈေးဆွဲတင်ခဲ့လို့ ကားဈေးကွက်ပူဖောင်းကြီးက မယုံနိုင်လောက်အောင် ကြီးထွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ မူဝါဒအပြောင်းအလဲကြောင့် ကားပူဖောင်းကြီး ပေါက်သွားတာကတော့ အကောင်းဆုံးနမူနာပါပဲ။ အဲဒီမှာလဲ ပူဖောင်းကြီးပေါက်တော့မယ့် မူဝါဒအပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့ အကြောင်းအရာတွေ၊ သတင်းတွေ ကြိုတင်ပေါ်ထွက်လာပြီး နိမိတ်ပြလိုက်ပါသေးတယ်။
လန်ဒန်နဲ့ ဟောင်ကောင်ပြီးရင် ရန်ကုန်မြို့စီးပွားရေး အချက်အချာကျ နေရာတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ငှားရမ်းခဈေးဟာ အမြင့်ဆုံးဖြစ်နေပါပြီ။
၂၀၀၈ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်း၊ မြေကွက် ၃၀၀၀ ကျော်ကို ပုဂ္ဂလိကကို အပြတ်ရောင်းပေးတဲ့အခါ ပုဂ္ဂလိကလက်ထဲ မြေကွက်တွေ ရောက်သွားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာလည်း နိုင်ငံပိုင်မြေကွက်၊ လုပ်ငန်းပေါင်းများစွာကို ထပ်ပြီး ပုဂ္ဂလိကကို လွှဲလိုက်တာ နိုင်ငံတော်လက်ထဲမှာ မပြောပလောက်တဲ့ ပမာဏပဲ ကျန်ပါတော့တယ်။
ဒီမြေကွက်တွေကို လက်ချိုးရေလို့ရတဲ့ လူနည်းစုကပဲ ရသွားတာပါ။ မြေကွက်တွေကို လူနည်းစု ထိန်းချုပ်ကိုင်တွယ်ထားပြီးတဲ့ေ
နောက်တစ်ချက်က ဘယ်ကစီးဝင်လာမှန်းမသိတဲ့ ငွေတွေ၊ သစ်၊ ကျောက်မျက်မှောင်ခို၊ မူးယစ်ဆေးဝါးက စီးဝင်လာတဲ့ငွေတွေနဲ့ ခေါ်သလောက်ဈေးနဲ့ ပေးဝယ်ပြီး ငွေကြေးခ၀ါချတဲ့ လူတစ်စုကြောင့် မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးဟာ ပုံမှန်မဟုတ်တဲ့ဈေးအထိ ထပ်ပြီးထောင်တက်သွားပါတယ်။
ဒီလိုမြင့်တက်မှုကြောင့် အသေးစားအလတ်စား လုပ်ငန်းရှင်တွေ လုပ်ငန်းထပ်မချဲ့နိုင်၊ ငှားရမ်းခရှာနေရတာနဲ့တင် လုံးလည်ချာလပတ် ယမ်းနေရတယ်။ အိုးပိုင်အိမ်ပိုင်မရှိလို့ ငှားနေရတဲ့ ပြည်သူတွေလည်း နေစရိတ်လို့ဆိုတဲ့ အိမ်ငှားခအတွက် မနိုင်ဝန်ကို ထမ်းနေကြရတယ်။
ခုတော့ မဖြစ်သင့်တဲ့ ဈေးတွေအထိရောက်အောင် ကစားထားတဲ့ ပြည်သူတွေကို နှိပ်စက်ထားတဲ့ အိမ်ခြံမြေပူဖောင်းကြီး ပေါက်တော့မလား မေးစရာရှိလာပါပြီ။
ဒလတံတားစီမံကိန်း အပျက်မှာ ရိုက်ခတ်မှု၊ အဲဒီနောက် သိပ်မကြာဘူး။ အခု မြို့သစ်စီမံကိန်း အပျက်မှာ ကြီးမားတဲ့ရိုက်ခတ်မှု ခံလိုက်ရမှု၊ အိမ်ခြံမြေရောင်းဝယ်မှုအပေါ်မှာ အခွန်က သတိပေးစာ ထုတ်ပြန်မှု၊ မြေယာဥပဒေ ပြဋ္ဌာန်းရေးဆွဲမယ့် သတင်းတွေက ပုံမှန်မဟုတ်တဲ့ မြေပူဖောင်းကြီးပေါက်မယ့်နိမိ
ဒလကပေးတဲ့ သင်ခန်းစာ
၂၀၁၁ ခုနှစ် အောက်တိုဘာမှာ ဒလဘက်ကမ်း တံတားစီမံကိန်း ရှိတယ်ဆိုပြီး စည်ပင်က သတင်းထုတ်ပြန်တယ်။ ဒလဘက်မှာ အရင် သိန်း ၅၀ လောက်ရှိတဲ့ မြေကွက်က သိန်း ၁၀၀၀ လောက်အထိ ခုန်တက်သွားပါတယ်။
ကိုင်းတောပဲရှိပြီး လူနေလို့မရတဲ့ မြေကွက်တောင် သိန်း ၁၀၀၀ လောက်ဖြစ်သွားတဲ့အထိ အလုအယက် ဈေးပေးမြှုပ်နှံကြတာပါ။
ဒါပေမဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒလဘက်ကို တံတားထိုးဖို့ တိုးချဲ့ဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာလိုက်တဲ့ အခါမှာတော့ အရောင်းအ၀ယ် ထိုးရပ်သွားပြီး မြေကွက်တွေပဲ ပိုက်မိသွားကြရတယ်။
အဲဒီမှာ တစ်ခုထောက်ပြစရာ ရှိတာက ငွေအလုံးအရင်းနဲ့ အရှေ့က အရင်ဝယ်ပြပြီး ဈေးတက်တော့မှ နောက်လူတွေဆီ ထုတ်ရောင်းသွားတဲ့ တချို့ကတော့ ငွေထုပ်ပိုက်သွားခဲ့ကြတယ်။ ခံလိုက်ရတာက ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေနဲ့ မြှုပ်နှံမိတဲ့သူတွေပါပဲ။ ပုံမှန်မဟုတ်တဲ့ဈေးတွေဟာ တစ်ချိန်မှာ ပြန်ဆင်းတတ်တယ်ဆိုတာ ဒလက သင်ခန်းစာ စပေးလိုက်တာပါပဲ။
မြို့သစ်စီမံကိန်းကပေးတဲ့ သင်ခန်းစာ
သြဂုတ် ၂၂ ရက်မှာ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချု
အဲဒီလိုမထုတ်ပြန်ခင် လုပ်မယ့်ကုမ္ပဏီက အဲဒီဘက်မှာ မြေဧကထောင်ချီပြီး အရင်ကတည်းက ကြိုဝယ်ထားခဲ့တယ်ဆိုတာ လုပ်ငန်းရှင်တွေကြားမှာ သိနေတယ်။
ထုတ်ပြန်လိုက်တဲ့နောက် လယ်မြေတွေတောင် တစ်ဧက ကျပ်သိန်းထောင်နဲ့ချီ ဈေးတွေမြင့်တက်သွားသလို အလုအယက် သွားဝယ်ကြပြန်တယ်။
ထုံးစံအတိုင်း ကြိုဝယ်ထားတဲ့သူအချို့က ဈေးအမြင့်နဲ့ပြန်ရိုက်ပြီး ငွေထုပ်ပိုက်သွားတယ်။
သြဂုတ် ၂၈ ရက်ကျတော့ တင်ဒါပြန်ခေါ်ပြီးမှ လုပ်မယ်ဆိုပြီး ထပ်ပြောတယ်။ အဲဒီလိုပြောလိုက်တဲ့နောက် အရောင်းအ၀ယ် ချက်ချင်းကျသွားတယ်။ စက်တင်ဘာ ၂၆ ရက်မှာ မြို့သစ်စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်တဲ့အခါ အရောင်းအ၀ယ် လုံးဝနီးပါး ရပ်သွားတယ်။ နောက်မှ လိုက်ဝယ်တဲ့သူတွေ မြေကွက်ပိုက်ပြီး ကျန်ခဲ့ရပြန်တယ်။
ဘယ်လောက်အထိ ရိုက်ခတ်သွားလဲဆိုရင် ဒလနဲ့ မြို့သစ်စီမံကိန်းဘက်မှာတင် အရောင်းအ၀ယ်ရပ်တာ မဟုတ်ဘဲ ထန်းတပင်၊ လှိုင်သာယာ ရိုးကြီးရိုးလေး၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာလို မြို့နယ်ဘက်တွေမှာပါ လယ်မြေအရောင်းအ၀ယ် ကျဆင်းသွားတဲ့အထိ ဒီဂယက်က ရိုက်သွားတယ်။ အဓိကအချက်ကတော့ စီမံကိန်းဆိုတိုင်း မယုံရဲတော့တာနဲ့ အစိုးရပြောတိုင်းလဲ ခုလုပ်မယ် တော်ကြာမလုပ်ဘူးဆိုတဲ့ကြားမှာ ခဏခဏခံရလို့ မြေဈေးကွက်မှာမြှုပ်နှံဖို့ လက်တွန့်သွားကြတယ်။ ဒီအခြေအနေကိုကြည့်ရင် ဒီဂယက်ကလည်း မြေပူဖောင်းကြီးပေါက်ဖို့ မြို့သစ်စီမံကိန်းက နိမိတ်ပြပြီလား မေးစရာရှိလာပါတယ်။
မြေပူဖောင်းပေါက်တော့မယ့် မူဝါဒနိမိတ်လား
ပုံမှန်မဟုတ်ဘဲ ကစားထားတဲ့ ဈေးတွေဟာလည်း သူ့အချိန်နဲ့သူ ပြန်ထိုးဆင်းမှာ အတိအကျပါပဲ။ ဥပမာ-လူတစ်စုကပဲ ထိန်းချုပ်ကန့်သတ်ပြီး ဈေးဆွဲတင်ခဲ့လို့ ကားဈေးကွက်ပူဖောင်းကြီးက မယုံနိုင်လောက်အောင် ကြီးထွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ မူဝါဒအပြောင်းအလဲကြောင့် ကားပူဖောင်းကြီး ပေါက်သွားတာကတော့ အကောင်းဆုံးနမူနာပါပဲ။ အဲဒီမှာလဲ ပူဖောင်းကြီးပေါက်တော့မယ့် မူဝါဒအပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့ အကြောင်းအရာတွေ၊ သတင်းတွေ ကြိုတင်ပေါ်ထွက်လာပြီး နိမိတ်ပြလိုက်ပါသေးတယ်။
အဲဒီမှာ တစ်ခုထောက်ပြစရာ ရှိတာက ငွေအလုံးအရင်းနဲ့ အရှေ့က အရင်ဝယ်ပြပြီး ဈေးတက်တော့မှ နောက်လူတွေဆီ ထုတ်ရောင်းသွားတဲ့ တချို့ကတော့ ငွေထုပ်ပိုက်သွားခဲ့ကြတယ်။ ခံလိုက်ရတာက ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေနဲ့ မြှုပ်နှံမိတဲ့သူတွေပါပဲ . . . . .
ကားတုန်းကလိုပဲ အခုလည်း မြေဈေးကွက်ပူဖောင်းကြီးပေါက် မယ့် မူဝါဒနိမိတ်နှစ်ခု ထွက်လာပါတယ်။ သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။
စက်တင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ မြေအိမ်အဆောက်အအုံ အခြေပစ္စည်း ၀ယ်ယူတဲ့အခါ ၀င်ငွေရလမ်း အစစ်ခံရမယ်၊ ၀င်ငွေထိမ်ချန်တာတွေ မလုပ်ရဘူး။ တကယ်လို့ ၀င်ငွေရလမ်း အစစ်ခံဖို့ ပျက်ကွက်တာပဲဖြစ်ဖြစ် ၀င်ငွေထိမ်ချန်တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်ခဲ့ရင် ဒဏ်တပ်မယ်၊ တရားစွဲခံရမယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီထုတ်ပြန်ချက်နောက်ပိုင်းမှာ ကြိုပွိုင့်ဝယ်ထားတဲ့သူတချို့ အစစ်ခံရမှာစိုးလို့ ချက်ချင်းပြန်ထုတ်ရောင်းတာတွေ ဖြစ်သွားပါတယ်။
အခုအနေအထားမှာတော့ လိမ်ညာပြီးဝယ်ယူမယ်၊ ပြည်တွင်းကလုပ်ငန်းရှင်က နာမည်ခံပေးပြီး ပြည်ပကငွေတွေနဲ့ ၀ယ်မယ်ဆိုရင်လည်း တစ်နေ့မဟုတ်တစ်နေ့ ပေါ်နိုင်တဲ့အတွက် ရလမ်းမပြနိုင်တဲ့ငွေတွေ မြေဈေးကွက်ထဲရောက်လာဖို့ အရင်ကထက် ဘောင်ကျဉ်းသွားပြီ။ တချို့ငွေတွေဟာ ရလမ်းအစစ်မခံနိုင်လို့ ခေါ်တဲ့ဈေးအတိုင်း ပေးဝယ်မယ့်သူ နည်းသွားပြီဆိုတာကို ပြလိုက်တဲ့ မူဝါဒနိမိတ်လို့ မြင်ပါတယ်။

ရပ်ဆိုင်းလိုက်ပြီဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း တစ်နေရာကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
စက်တင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ မြေအိမ်အဆောက်အအုံ အခြေပစ္စည်း ၀ယ်ယူတဲ့အခါ ၀င်ငွေရလမ်း အစစ်ခံရမယ်၊ ၀င်ငွေထိမ်ချန်တာတွေ မလုပ်ရဘူး။ တကယ်လို့ ၀င်ငွေရလမ်း အစစ်ခံဖို့ ပျက်ကွက်တာပဲဖြစ်ဖြစ် ၀င်ငွေထိမ်ချန်တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်ခဲ့ရင် ဒဏ်တပ်မယ်၊ တရားစွဲခံရမယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီထုတ်ပြန်ချက်နောက်ပိုင်းမှာ ကြိုပွိုင့်ဝယ်ထားတဲ့သူတချို့ အစစ်ခံရမှာစိုးလို့ ချက်ချင်းပြန်ထုတ်ရောင်းတာတွေ ဖြစ်သွားပါတယ်။
အခုအနေအထားမှာတော့ လိမ်ညာပြီးဝယ်ယူမယ်၊ ပြည်တွင်းကလုပ်ငန်းရှင်က နာမည်ခံပေးပြီး ပြည်ပကငွေတွေနဲ့ ၀ယ်မယ်ဆိုရင်လည်း တစ်နေ့မဟုတ်တစ်နေ့ ပေါ်နိုင်တဲ့အတွက် ရလမ်းမပြနိုင်တဲ့ငွေတွေ မြေဈေးကွက်ထဲရောက်လာဖို့ အရင်ကထက် ဘောင်ကျဉ်းသွားပြီ။ တချို့ငွေတွေဟာ ရလမ်းအစစ်မခံနိုင်လို့ ခေါ်တဲ့ဈေးအတိုင်း ပေးဝယ်မယ့်သူ နည်းသွားပြီဆိုတာကို ပြလိုက်တဲ့ မူဝါဒနိမိတ်လို့ မြင်ပါတယ်။
ရပ်ဆိုင်းလိုက်ပြီဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း တစ်နေရာကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အခုနောက်ဆုံး ထပ်ပြီးထုတ်ဖော် ပြောကြားလိုက်တာကတော့
အလုံးစုံလွှမ်းခြုံတဲ့ မြေယာဥပဒေကို ၂၀၁၅ မှာ အပြီးရေးဆွဲမယ်လို့
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပတဲ့
ရင်းနှီးမြှုပ်နှံမှုညီလာခံမှာ ပြောကြားလိုက်တာပါ။
မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေအတွက် အလုံးစုံလွှမ်းခြုံတဲ့ ဥပဒေဆိုပေမယ့် ဘာတွေထပ်ပါလာမလဲ။ ဒါကလည်း မြေပူဖောင်းဈေးကွက်ကြီး အနည်းနဲ့အများ ပေါက်တော့မယ့် မူဝါဒနိမိတ် မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ကားနဲ့မြေနဲ့ ဈေးကွက်သဘာဝချင်း မတူဘူးဆိုပေမယ့် ကားတုန်းကဖြစ်သွားတာကိုလည်း မမေ့သင့်ပါဘူး။
တစ်နှစ်တစ်ဆနှုန်း အနည်းဆုံးခုန်တက်ပြီး ပြည်သူကို နှိပ်စက်ထားတဲ့ မြေပူဖောင်း
အစိုးရသစ် တာဝန်မယူခင် ၂၀၁၀ ပြည့်နှစ်က အိမ်ခြံမြေ၊ စက်မှုဇုန်မြေကွက်ဈေးတွေနဲ့ အခုလက်ရှိဈေးတွေ ချိန်ထိုးကြည့်ရင် ဘယ်လောက်အထိ မြေဈေးတွေ ထိုးတက်တယ်၊ ဘယ်လောက်အထိ ကစားခဲ့တယ်၊ ပြည်သူတွေ ဘယ်လောက်အထိ ဒုက္ခရောက်တယ်ဆိုတာကို ထင်ထင်ရှားရှား မြင်ရမှာပါ။
၂၀၁၀ တုန်းက ကုက္ကိုင်းရိပ်သာလမ်းမှာ မြေကွက်ကို တစ်စတုရန်းပေ ကျပ် ၆၀၀၀၀ ခန့်နဲ့ပဲ ဈေးခေါ်ပြီး ကြော်ငြာရောင်းချတာ တွေ့ရတယ်။ အခု ကုက္ကိုင်းရိပ်သာလမ်းမှာ တစ်စတုရန်းပေကို ကျပ် ၃၀၀၀၀၀ အနည်းဆုံး ဈေးခေါ်နေပြီ။ သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ငါးဆကျော်အထိ တက်သွားတယ်။
ပြည်သူတွေနဲ့ အဓိကနီးစပ်တဲ့ တိုက်ခန်းဈေးကိုပဲကြည့်။ ၂၀၁၀ တုန်းက လှည်းတန်းလမ်းမပေါ်မှာ မြေညီထပ် တိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၈၅၀ ပဲ ပေါက်ဈေးရှိတယ်။ အခု အဲဒီတိုက်ခန်းက ကျပ် သိန်း ၃၆၀၀ အထိဈေးခေါ်နေပြီ လေးဆကျော်လောက်ကို ထိုးတက်သွားတယ်။
စီးပွားရေးအတွက် အဓိကအရေးကြီးတဲ့ စက်မှုဇုန်ဈေးကိုလည်း ကြည့်လိုက်ဦး။ ရွှေပြည်သာမှာ ၂၀၁၀ တုန်းက တစ်ဧက သိန်း ၈၅၀၊ အင်မတန်ကောင်းတဲ့ အကွက်မှ သိန်း ၁၅၀၀ ပဲရှိတယ်။ အခု ရွှေပြည်သာမှာ တစ်ဧကကို ကျပ်သိန်း ၅၀၀၀ အနည်းဆုံးဈေးခေါ်နေပြီ။ ရွှေလင်ပန်းစက်မှုဇုန်ဆိုလည်း ဒီလိုပဲ ၂၀၁၀ တုန်းက တစ်ဧက သိန်း ၉၀၀၊ သိန်း ၁၀၀၀ ပဲရှိတယ်။ အခု တစ်ဧက သိန်း ၅၀၀၀ ပေါက်ဈေးရှိနေပြီ။ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဆိုရင်လည်း ၂၀၁၀ တုန်းက တစ်ဧကကို ကျပ်သိန်း ၅၀၀၊ ၅၅၀ ၀န်းကျင်ပဲ ပေါက်ဈေးရှိတယ်။ အခု တစ်ဧကကို ကျပ်သိန်း ၃၂၀၀ ကနေ ၃၆၀၀ အထိ ဈေးခေါ်ထားတယ်။ လေးနှစ်တောင် မပြည့်သေးဘူး။ ခြောက်ဆကျော် ခုနစ်ဆအထိ ဈေးတက်သွားတယ်။ လုပ်ငန်းလုပ်မယ့်သူကို စက်မှုဇုန်မြေကွက် မပေးဘူး။ ဘာမှ လုပ်ငန်းမရှိတဲ့သူတွေက ဇုန်မြေကွက် အများကြီးရပြီး ကိုင်ထားတယ်။ ဈေးဆွဲတင်၊ ငှားတဲ့ဈေး ဆွဲမြှင့်လုပ်လို့ တကယ်အလုပ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဒုက္ခတွေ့နေရတယ်။
ငှားရမ်းခဈေးတွေလည်း ဒီလိုပဲ အရမ်းကို မြင့်တက်သွားတယ်။ ရန်ကုန်မြို့လယ်မှာ အရင်က တစ်လကျပ်သုံးသိန်း အခန်းက အခု တစ်လကျပ်ကိုးသိန်း၊ ၁၀ သိန်းဖြစ်သွားပြီ။ အိမ်ငှားနေရတဲ့ သူတွေလည်း အရင်အပေါ်လွှာတွေမှာ ငှားတာတောင် အရင်တုန်းက ကျပ် ၈၀၀၀၀ ပေးရတဲ့အခန်းကို အခု ကျပ်နှစ်သိန်းလောက် ပေးငှားနေရပြီ။
ချုပ်လိုက်ရင် အသေးစားအလတ်စား လုပ်ငန်းရှင်တွေဟာ စက်မှုဇုန်မြေ ၀ယ်နိုင်တဲ့သူ ရှားသွားပါပြီ။ မ၀ယ်နိုင်လို့ ငှားပြန်တော့လည်း အငှားဈေးက အဆမတန် မြင့်တက်လာတဲ့အတွက် ငှားခရဖို့ ပြန်ရှာရတာနဲ့တင် ရှေ့ဆက်ပြီး လုပ်ငန်းမချဲ့နိုင်ဘဲ ၀န်ပိရတယ်။ ဒီလိုပဲ အိုးပိုင်အိမ်ပိုင် မရှိတဲ့သူတွေလည်း ရှာသမျှနေဖို့ စရိတ်ထဲပဲ ထည့်နေရတာပါ။
မြေဈေးချုပ်ကိုင်ကစားတယ်၊ အစိုးရလည်း မထိန်းတဲ့အတွက် မြင့်တက်လာမျှဒဏ်ကို ပြည်သူပဲခံရတာ မဟုတ်ပါဘူး။ အခုဆို နိုင်ငံတော်ကိုယ်တိုင် ပြန်ခံနေရပါပြီ။
ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ဖို့ တွန့်ဆုတ်တာ၊ ၀င်ရောက်မလာတာ အခုလို မြေဈေးကြီးမြင့်မှုကြောင့်လည်း ပါတယ်လို့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ ပြောထားပြီးသားပါ။
အဲဒီလို ၀င်ရောက်မလာတဲ့အတွက် ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းသစ် ရသင့်သလောက် မရလို့ ဒီမြေပူဖောင်းဈေးကွက်ကြီးကြော င့် နိုင်ငံလည်းနာ၊ ပြည်သူလည်း နာပါတယ်။ ၂၀၁၅
နောက်ပိုင်းအထိကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ အများအပြား
ဝင်ရောက်လာစရာ မရှိနိုင်ပါဘူး။
အခုတော့ ဒီလောက်ဒုက္ခပေးတဲ့ မြေပူဖောင်းကြီးဟာ ကားပူဖောင်းလိုဖြစ်ဖို့ နိမိတ်တွေတော့ စတွေ့လာရပါပြီ။ ကိုယ့်ချွေးနှဲစာနဲ့ ရထားတဲ့ငွေနဲ့ မြေရင်းနှီးမြှုပ်နှံရမယ့် သူတွေကိုတော့ ကားပူဖောင်းပေါက်ခဲ့တာကို နမူနာယူစေချင်ပါတယ်။
ဂရပ်ဖ်ဆိုတာ အမြဲတမ်း ထိုးတက်မနေပါဘူး။ အနိမ့်အမြင့် အတက်အကျ ရှိကိုရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ နည်းလမ်း၊ ပုံမှန်မဟုတ်တဲ့ ဈေးတွေဟာလည်း သူ့အချိန်နဲ့သူ ပုံမှန်ဈေးကို ပြန်ရောက်တယ်ဆိုတာ အတိအကျပါပဲ။

အဲဒီလို ၀င်ရောက်မလာတဲ့အတွက် ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းသစ် ရသင့်သလောက် မရလို့ ဒီမြေပူဖောင်းဈေးကွက်ကြီးကြော
အခုတော့ ဒီလောက်ဒုက္ခပေးတဲ့ မြေပူဖောင်းကြီးဟာ ကားပူဖောင်းလိုဖြစ်ဖို့ နိမိတ်တွေတော့ စတွေ့လာရပါပြီ။ ကိုယ့်ချွေးနှဲစာနဲ့ ရထားတဲ့ငွေနဲ့ မြေရင်းနှီးမြှုပ်နှံရမယ့် သူတွေကိုတော့ ကားပူဖောင်းပေါက်ခဲ့တာကို နမူနာယူစေချင်ပါတယ်။
ဂရပ်ဖ်ဆိုတာ အမြဲတမ်း ထိုးတက်မနေပါဘူး။ အနိမ့်အမြင့် အတက်အကျ ရှိကိုရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ နည်းလမ်း၊ ပုံမှန်မဟုတ်တဲ့ ဈေးတွေဟာလည်း သူ့အချိန်နဲ့သူ ပုံမှန်ဈေးကို ပြန်ရောက်တယ်ဆိုတာ အတိအကျပါပဲ။
0 comments:
Post a Comment