Unfriend me
MYMC - MYMHOT |
Posted: 06 Jun 2014 05:46 AM PDT
ကျွန်တော်
ဆီမှာဆို အရင်တုန်းက သူငယ်ချင်း ၂၀၀ လောက်ကနေ ခုဆို ၁၅၀၀ လောက်ဖြစ်နေပြီ။
ကျွန်တော် အဲဒီ သူငယ်ချင်း ၁၅၀၀ လုံးကို သိနိုင်စရာ အကြောင်း မရှိပါဘူး။
ဒါအပြင် သူတို့ တွေရဲ့ အဖြစ်အပျက်တွေ Post တွေက ကျွန်တော့်ရဲ့ social network အသုံးပြုမှု ကိုစိတ်အ နှောင့်အယှက် ပေးသလို ဖြစ်နေပါတယ်။ ကဲဒီအတွက် unfriend button ရှိပါတယ်။
Facebook ရဲ့ကောင်းမွန်လွန်းတဲ့ algorithms ကြောင့် ကျွန်တော် News Feed ပာာကျွန်တော် မမြင်ချင်တဲ့ Post တွေတော်တော် များများကို မြင်ရပါတယ်။ ကျွန်တော် မမြင်ချင်တဲ့ Post တွေဆိုတာ ဘာတွေလဲ ဆိုတော့ သူများ ဆီက ကူးချ ထားတဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ထ မင်းစား ရေသောက်တဲ့ ပုံတွေ၊ အိမ်သာထဲ ရောက်နေတဲ့ ပုံတွေ၊ ဘာမဆိုင် ညာမဆိုင် tag ပြီး လူကိုဖြစ်စေ၊ ပစ္စည်းကို ဖြစ်စေ marketing ဆင်းတာတွေ၊ ပိာုနား ဒီနားသွားလည်း ဓာတ်ပုံရိုက်၊ ပေါက်ကရ Page တွေလုပ်ပြီး နာမည်တပ် စရာ မရှိလို့သာ သတင်းလို့ ခေါ်ရတဲ့ မပာုတ် ကပာုတ်က သတင်းတွေ၊ နိုင်ငံရေး ဝါဒီတွေ၊ ပိာုလူ ဒီလူ အတင်း အဖျင်းတွေ စတာတွေ စတာတွေပာာ News Feed ကို ၇၂ နာရီ စာလောက် ရှည်စေ ပေမယ့် စိတ်ဝင်စားဖို့ လည်းမကောင်း သလို ဂရုစိုက် လို့လည်း မရပါဘူး။

ကျွန်တော် ဘာတွေကို ဂရုစိုက်လဲ ဆိုတော့ ကျွန်တော် သိတဲ့ သူငယ်ချင်း တစ်ယောက် "သူဘာတွေ လုပ်နေလဲ" "တစ်ခုခု ထူးခြားတာ လုပ် လိုက်လား။ oh! Congrats!. "မင်းစေ့စပ် လိုက်ပြီလား" "ကလေး တောင်ရသွား ပြီလား" "ကားအသစ် ဖုန်းအသစ် ဝယ်လိုက်ပြီလား" "ကျောင်း ဝင်ခွင့် ရသွားပြီလား" "အလုပ်သစ် ရသွားပြီ?" စတာတွေ အပြင် သူအင်းလေးကို ခရီးသွားတဲ့ ပုံတွေ၊ ရှုခင်းပုံတွေ၊ စတာတွေပါ။ ကျွန်တော် သူငယ်ချင်း တွေရဲ့ ဘဝတွေကို စိတ်ဝင်စား ပါတယ်။ ဂရုလည်း စိုက်ပါတယ်။ ပုံမှန် အတိုင်းဆို သိခွင့် မရပေမယ့် Facebook သုံးပြီး သိခွင့် ရ လို့ပါ။ အဲတော့ ကျွန်တော် စိတ်မဝင်စားတဲ့ အကြောင်းအရာ တွေကို share တဲ့လူတွေကို unfriend လုပ်ပါတယ်။ မပာုတ်ရင် Facebookကို မုန်းမိ တော့မှာ။

Facebook ပာာလူတိုင်း အတွက် ခြားနားပါတယ်။ တစ်ချို့ အမြတ်တနိုး တန်ဖိုးထား Share လုပ်ပေမယ့် ကျွန်တော့် အတွက် စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဒါတွေပာာ သူ့အတွက် သိပ်ကောင်းလွန်း Share လွန်းနေရင် ကျွန်တော် unfriend လုပ်ပါတယ်။ တစ်ကယ့် သူငယ်ချင်း အ ရင်းခေါက်ခေါက် ဖြစ်နေရင် unfollow လုပ်ပါတယ်။ ကျွန်တော့် Post တွေ ကျွန်တော် share လုပ်တာတွေကို မကြိုက်ဘူး ဆိုရင်လည်း ကျွန် တော့်ကို unfriend လုပ်ဖို့ တိုက်တွန်းပါတယ်။ အားပေး ပါတယ်။ ကျွန်တော် စိတ်မဆိုး ပါဘူး။

Images from voanews, spartanpost, icaworld, secretsofthefed, evolver. Source from medium.com

0 comments:
Post a Comment