Wednesday, May 7, 2014

ကြောင်ဆိုး

Zay Ya shared his photo.
.................
ကြောင်ဆိုး
................
နားရွက်ထောင်ထောင်
ဟိုအကောင် ငရွှေကြောင်ပေါ့၊
သူ့ပေါင်ခြံထဲ သူ ခေါင်းဝှက်၊
တစ်ချက် တစ်ချက်မှာ
ကြမ်းလျှလျှ လျှာဖျား၊
ကန့်လန့် အနေအထားနဲ့
~ အမြီးကိုလည်း လျှက်၊ ပေါင်ကိုလည်း လျှက်တယ်။

ကျုပ်လည်းလေ .... သိလား...။
သံဝေဂတရားတွေထဲ 
မြုပ်နေအောင် ခေါင်းကိုဝှက်၊
တစ်ချက် တစ်ချက်
ငါ ရှိလား မရှိလား 
ငါ သိလား မသိလား
ငါ ငြိလား မငြိလား
ဓမ္မဂီတ ရွှေရင်ကို ထိလား မထိလား ဆိုတာ
"မိ" သွားမှပဲ ကြည့်ကြတော့။

အခုအခါမယ် 
မိုး - ဘယ်နှစ်ကြိမ် ချိုးခဲ့ဖူးလဲ ငါ မေ့။
နှင်း - ဘယ်နှစ်ခါ စိုခဲ့ဖူးလဲ ငါ မေ့။
လမ်း - ဘယ်နှစ်ခါ မှားခဲ့ဖူးလဲ ငါ မေ့။
စမ်းရေထဲ မျော၊ ကိုယ့်ကိုယ်ကိုယ် မတွေ့ရဲလို့
 တမင်ရှောင်ကွေ့၊ ပျော်မွေ့နေလိုက်တာ...။

"ကိုယ့်ကိုယ်ကိုယ် လူလို့ မြင်နေသရွေ့
သင် တရားမတွေ့သေးဘူး ငါ့ရှင်" ... တဲ့။ 
သူ ပြောမှ ဗြုန်းခနဲ 
ဘုရားတ'လို့ လန့်နိုး၊
ကြောင်ဆိုးကြီး အဖြစ်နဲ့ ငါ။
သင်္ဃန်းတစ်ဖက်၊ ထွန်တစ်ဖက်နဲ့၊
လောကထဲ အရသာခံ၊
ပလပ် ပလပ်၊ တပျပ်ပျပ် လျက်ရင်း
ကျုပ် ခေါင်းကို ဝှက်၊ အအိပ်မက်နေလိုက်တာများ၊

အိုကွယ်.... 
~ မိုးကိုလည်း ရှက်၊ မြေကိုလည်း ရှက်လိုက်တာ။

...........................
:Be in the moment. 
With My Beloved Ma, Lin Lin Latt
Dec 26th 2013

နားရွက်ထောင်ထောင်
ဟိုအကောင် ငရွှေကြောင်ပေါ့၊
သူ့ပေါင်ခြံထဲ သူ ခေါင်းဝှက်၊
တစ်ချက် တစ်ချက်မှာ
ကြမ်းလျှလျှ လျှာဖျား၊
ကန့်လန့် အနေအထားနဲ့
~ အမြီးကိုလည်း လျှက်၊ ပေါင်ကိုလည်း လျှက်တယ်။
ကျုပ်လည်းလေ .... သိလား...။
သံဝေဂတရားတွေထဲ
မြုပ်နေအောင် ခေါင်းကိုဝှက်၊
တစ်ချက် တစ်ချက်
ငါ ရှိလား မရှိလား
ငါ သိလား မသိလား
ငါ ငြိလား မငြိလား
ဓမ္မဂီတ ရွှေရင်ကို ထိလား မထိလား ဆိုတာ
"မိ" သွားမှပဲ ကြည့်ကြတော့။

အခုအခါမယ်
မိုး - ဘယ်နှစ်ကြိမ် ချိုးခဲ့ဖူးလဲ ငါ မေ့။
နှင်း - ဘယ်နှစ်ခါ စိုခဲ့ဖူးလဲ ငါ မေ့။
လမ်း - ဘယ်နှစ်ခါ မှားခဲ့ဖူးလဲ ငါ မေ့။
စမ်းရေထဲ မျော၊ ကိုယ့်ကိုယ်ကိုယ် မတွေ့ရဲလို့
တမင်ရှောင်ကွေ့၊ ပျော်မွေ့နေလိုက်တာ...။
"ကိုယ့်ကိုယ်ကိုယ် လူလို့ မြင်နေသရွေ့
သင် တရားမတွေ့သေးဘူး ငါ့ရှင်" ... တဲ့။
သူ ပြောမှ ဗြုန်းခနဲ
ဘုရားတ'လို့ လန့်နိုး၊
ကြောင်ဆိုးကြီး အဖြစ်နဲ့ ငါ။
သင်္ဃန်းတစ်ဖက်၊ ထွန်တစ်ဖက်နဲ့၊
လောကထဲ အရသာခံ၊
ပလပ် ပလပ်၊ တပျပ်ပျပ် လျက်ရင်း
ကျုပ် ခေါင်းကို ဝှက်၊ အအိပ်မက်နေလိုက်တာများ၊
အိုကွယ်....
~ မိုးကိုလည်း ရှက်၊ မြေကိုလည်း ရှက်လိုက်တာ။

No comments:

Post a Comment