“ မင်း အောင်မြင်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလား ” “ မင်းရဲ့ ဘ၀မှာ ကြီးပွားတိုးတက်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလာ့း့ ”
တကယ် ဖြစ်ချင်တယ်ဆိုရင် အောင်မြင်ကြီးပွားသွားတဲ့ လူတွေအကြောင်း ရေးထားတဲ့ စာတွေ ဖတ်ပါ။ သူတို့ လုပ်ဆောင်ခဲ့တာတွေကို လေ့လာသင်ယူပါ။
ငယ်ငယ်ကတည်းက ကိုယ့်ထက် အကြီးတွေ ပြောနေကျ စကားတွေပါ။ မမှားဘူး ဆိုပေမယ့် အပြည့်အစုံကြီးလို့တော့ မခံယူမိပါဘူး။
“စာတွေ့နဲ့
လက်တွေ့က ကွာခြားပါသေးတယ်” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးတယ်လေ။ စာပေကနေ
တစ်ဆင့် သိတာတော့ ဟုတ်နေပေမယ့် “တကယ်ကော လက်တွေ့ လုပ်ဆောင်ဖူးသလား” ဆိုတဲ့
မေးခွန်းက ရှိနေပြန်တယ်။