Monday, April 28, 2014

" ထာဝရ ကျောင်းသား "

True Man's photo.
Photo: " ထာဝရ ကျောင်းသား "
__________________
ဘ၀ဆိုတာ တကယ်တော့ ရှေရည်စီမံကိန်းနဲ့  သင်ကြားနေတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့ အားလုံးဟာလည်း ထာဝရ ကျောင်းသားတွေ
ပါ။ ရေတိုစီမံကိန်းလို သင်ခန်းစာတွေကိုလည်း အကြိမ်ကြိမ်အောင်မြင်အောင် ဖြေဆိုကြရပါတယ်။

အရာရာတိုင်း မတတ်မြောက်နိုင်ပေမယ့် အရာရာတိုင်းကိုတော့ သင်ကြားရပါမယ်။ မသင်ပဲ မြင်နေရတဲ့ အရာတွေဟာလည်း အမြင်နဲ့ သင်ခြင်း
ပါ။ နားမထောင်ပါပဲ ကြားနေရတာဟာလည်း အကြားနဲ့ သင်ယူလိုက်ခြင်းပါ။

ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိဟာ ကျောင်းသားတစ်ယောက်ပါပဲလားဆိုတဲ့ ခံယူချက်မျိုးထားခြင်းက အကောင်းဆုံးပါပဲ။ ဒါမှ ဘာ
ကို သင်သင် တတ်မြောက်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ငါသိ၊ ငါတတ်ဆိုပြီးနေရင်တော့ ဘာတစ်ခုမှ လောကထဲက သင်ယူနိုင်မှာ မ
ဟုတ်ပါဘူး။

လူတွေဟာ တခါတရံ လောကဓံကို ရင်မဆိုင်ရခင် ကျရှုံးခြင်းတွေ ကြုံတတ်ပါတယ်။ ဒါဘာလို့ လည်းဆိုတော့ မသိ၊ မတတ်ပါပဲ မိမိကိုယ်ကို
အထင်ကြီးနေမိခြင်းကြောင့်ပါပဲ။ ဒီစိတ်မျိုးဝင်နေသူများဟာ အောင်မြင်ဖို့ သိပ်ခက်ခဲပါတယ်။ 

မိမိကိုယ်ကို အထင်ကြီးနေတာကတော့ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့သူက နည်းတာပေါ့။ မိမိဟာ
ကျောင်းသားဆိုတာထက် မိမိဟာ ဆရာပဲ ဆိုတဲ့ အတွေးမျိုးကို လူတွေဟာ မိန်ရည်ယှက်ရေ ခံယူတတ်ကြပါတယ်။

လောကထဲ ရောက်လာပြီဆိုကတည်း သင်ယူရတာတွေ သိပ်များနေတော့ ဆရာကြီးပဲလို့ ခံယူထားတာဟာ အဆင်မပြေလှဘူးပေါ့။ မိမိဟာ
သင်ယူလို့ မပြီးနိုင်တဲ့ လောကကျောင်းသား၊ တနည်း ထာဝရကျောင်းသားလို့ သာ ခံယူထားရမှာဖြစ်ပါတယ်။

True Man

ဘ၀ဆိုတာ တကယ်တော့ ရှေရည်စီမံကိန်းနဲ့  သင်ကြားနေတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့ အားလုံးဟာလည်း ထာဝရ ကျောင်းသားတွေပါ။ ရေတိုစီမံကိန်းလို သင်ခန်းစာတွေကိုလည်း အကြိမ်ကြိမ်အောင်မြင်အောင် ဖြေဆိုကြရပါတယ်။

အရာရာတိုင်း မတတ်မြောက်နိုင်ပေမယ့် အရာရာတိုင်းကိုတော့ သင်ကြားရပါမယ်။ မသင်ပဲ မြင်နေရတဲ့ အရာတွေဟာလည်း အမြင်နဲ့ သင်ခြင်း
ပါ။ နားမထောင်ပါပဲ ကြားနေရတာဟာလည်း အကြားနဲ့ သင်ယူလိုက်ခြင်းပါ။

ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိဟာ ကျောင်းသားတစ်ယောက်ပါပဲလားဆိုတဲ့ ခံယူချက်မျိုးထားခြင်းက အကောင်းဆုံးပါပဲ။ ဒါမှ ဘာ
ကို သင်သင် တတ်မြောက်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ငါသိ၊ ငါတတ်ဆိုပြီးနေရင်တော့ ဘာတစ်ခုမှ လောကထဲက သင်ယူနိုင်မှာ မ
ဟုတ်ပါဘူး။

လူတွေဟာ တခါတရံ လောကဓံကို ရင်မဆိုင်ရခင် ကျရှုံးခြင်းတွေ ကြုံတတ်ပါတယ်။ ဒါဘာလို့ လည်းဆိုတော့ မသိ၊ မတတ်ပါပဲ မိမိကိုယ်ကို
အထင်ကြီးနေမိခြင်းကြောင့်ပါပဲ။ ဒီစိတ်မျိုးဝင်နေသူများဟာ အောင်မြင်ဖို့ သိပ်ခက်ခဲပါတယ်။

မိမိကိုယ်ကို အထင်ကြီးနေတာကတော့ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့သူက နည်းတာပေါ့။ မိမိဟာ
ကျောင်းသားဆိုတာထက် မိမိဟာ ဆရာပဲ ဆိုတဲ့ အတွေးမျိုးကို လူတွေဟာ မိန်ရည်ယှက်ရေ ခံယူတတ်ကြပါတယ်။

လောကထဲ ရောက်လာပြီဆိုကတည်း သင်ယူရတာတွေ သိပ်များနေတော့ ဆရာကြီးပဲလို့ ခံယူထားတာဟာ အဆင်မပြေလှဘူးပေါ့။ မိမိဟာ
သင်ယူလို့ မပြီးနိုင်တဲ့ လောကကျောင်းသား၊ တနည်း ထာဝရကျောင်းသားလို့ သာ ခံယူထားရမှာဖြစ်ပါတယ်။

True Man

No comments:

Post a Comment