Myanmar Youth Media Club 21 Mar 2014
MYMC - MYMHOT |
Posted: 21 Mar 2014 07:46 PM PDT
MYMC မှာ အမြဲမပြတ် ပေါ်သမျှ Smartphone တွေအကြောင်းတွေ နည်းပညာ အကြောင်းတွေကို တင်ပြလာ ခဲ့ရာမှာ ယခုအခါ မှာလည်း Oppo ကုမ္ပဏီရဲ့ Smartphone အသစ် Find 7 အကြောင်း တင်ပြထား ပါတယ်။
Oppo
ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီ ဖြစ်ပါတယ်။ တရုတ်လုပ် ဆိုလို့ "တရုတ်စက် တစ်ရက်စုတ်"
လို့အထင် မမှားလိုက် ကြပါနဲ့။ ဒီ Find 7က တော့ တော်တော်လေး အဆင်ပြေတဲ့
Smartphone တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီဖုန်းရဲ့ သိသိသာသာ ကောင်းတာ ကတော့
Camera ပါပဲ။ ဒီဖုန်းနဲ့ ရိုက်တဲ့ ပုံတွေဟာ 50 Megapixels အထိ လုံးဝ
ကြည်လင်တဲ့ ပုံတွေကို ရိုက်ကူး နိုင်ပါတယ်။ အမှန်အတိုင်း ပြောရရင် Smart
phone တွေထဲမှာ လက်ရှိ Camera အကောင်းဆုံးဖြစ်တဲ့ Nokia Lumia တောင်မှ 41
Megapixels အထိပဲ စွမ်းဆောင် နိုင်တာပါ။ ဒါ့ကြောင့် ဒီ Find 7 ဟာဘာတွေ
လုပ်ထားလို့ Megapixels အမြင့်စားကို စွမ်းဆောင် ပေးနိုင် သလဲဆိုတာ
စိတ်ဝင်စား စရာပါပဲ။ ဒီနေရာ မှာတော့ သူတို့ ကုမ္ပဏီက နည်းနည်းလေး
လှည့်ကွက်လေး သုံးထား တာကို ပြောပြချင် ပါတယ်။ Oppo Find 7 က Camera
ဟာပုံမှန် အတိုင်းဆို 13 Megapixels ပဲ စွမ်းဆောင် ပေးနိုင် ပါတယ်။
ဒါပေမယ့် Super Zoom ဆိုတဲ့ Feature လေးသုံးပြီး ကိုယ်ရိုက် ချင်တဲ့
နေရာကို Zoom နဲ့ နေရာအနှံ့ ဆယ်ပုံ အမြန်ရိုက်ပြီး အကောင်းဆုံး လေးပုံကို
ပေါင်းစပ် လိုက်တဲ့ အခါမှာ 6120 x 8160 resolution ရှိတဲ့ 50 Megapixel
ပုံရလာ ပါတယ်။
Find 7 မှာ Camera တင်ကောင်းတာ မဟုတ်ပါဘူး။ အခြား ပါဝင်တဲ့ အစိတ်အပိုင်း တွေလည်း အံ့မခန်း ပါပဲ။ Screen အနေနဲ့ 5.5 inch ရှိပါတယ်။ Screen Resolution အနေနဲ့ 2560 x 1440 အထိ စွမ်းဆောင် ပေးနိုင်တဲ့ Quad HD display ကို သုံးထား ပါတယ်။ Processor အနေနဲ့ 2.5 GHz Qualcomm Snapdragon 801 သုံးထားပြီး HD ထက်ကောင်းတဲ့ 4K video တွေကိုတောင် ရိုက်ကူးပေး နိုင်ပါတယ်။ ချောမောတဲ့ Screen ကိုတော့ Gorilla Glass 3 နဲ့ပြုလုပ် ထားပါတယ်။ Performance ပိုင်းအနေနဲ့ 3 GB RAM ပါဝင်ပြီး 32 GB အထိ Data သိမ်းနိုင်ကာ Data storage အတွက် တိုးချဲ့ နိုင်အောင် microSD slot တွေလည်း ပါဝင်ပါ သေးတယ်။ ခေတ်မီ 4G LTE networks တွေကို ချိတ်ဆက် နိုင်ပြီး ဈေးနှုန်း အနေနဲ့ ၅၉၉ ဒေါ်လာ ဖြစ်ပါတယ်။

ဒေါ်လာ ၅၉၉ တန် Find 7 version ကိုဈေးကြီး တယ်လို့ မ၀ယ် ချင်ဘူး ဆိုရင် သူ့ထက် နည်းနည်း နိမ့်တဲ့ ဒေါ်လာ ၄၉၉ တန် version လဲရှိပါ သေးတယ်။ သူကတော့ အပေါ်က version နဲ့ယှဉ် ရင်တော့ အရာရာမှာ နိမ့်ကျ နေပါတယ်။ အထူးသဖြင့် Screen Display ဟာ Quad HD အစား Full HD သာပေးနိုင်ပြီး Resolution အနေနဲ့ 1920 x 1080 သာပေးနိုင် ပါတယ်။ Processor အနေနဲ့ 2.3 GHz သာစွမ်းဆောင် နိုင်တဲ့ Snapdragon 800 ကိုသုံးထားပြီး 2 GB RAM နဲ့ Data သိမ်းဖို့ 16 GB သာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီ version ကတောင် iPhoneလို တခြားသော နာမည်ကြီး Smartphone တွေနဲ့ ကောင်းကောင်း ယှဉ်လို့ ရတဲ့အထိ ကောင်းပါတယ်။ Oppo ရဲ့ Find 7 ကို ဈေးကွက် သွင်းမယ့် အချိန် ကာလကတော့ မသိရသေး တာကတော့ စိတ်ခိုးလိုး ခုလု ဖြစ်စရာ ရှိနေတဲ့ အတွက် စိတ်မကောင်း ပါဘူး။ ဘာလိုပဲ ဖြစ်ဖြစ် ကောင်း မွန်တဲ့ စွမ်းဆောင် မှုမျိုးနဲ့ ဆွဲဆောင်မယ့် Oppo Find 7 ကိုစာဖတ် သူများ အနေနဲ့ စိတ်ရှည်ရှည် ထားပြီး စောင့်စား ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
Images from gsmarena, postmobliereview, cbsistatic, mashable, techz. Source: mashable.com

0 comments:
Post a Comment