သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၃)
သစ်ထူးလွင် |
- လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ
- တိုင်းပြည်ရဲ့အနုတ်လက္ခဏာပြ ကြော်ငြာသာဓကတစ်ခု
- နိုင်ငံခြားသားများအား ဒေသခံများနှင့်အတူနေထိုင်သည့် Home Stay ခွင့်မပြုသေး
- ထမင်းအိုးခွဲသူများ
- ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရန်လိုဟု ဒေါ်စု ပြော
- ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗုံး ၄ လုံး ပေါက်ကွဲ
- လှည်းကူးမြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ်ကအဓမ္မပြောင်းရွှေ့ (ရုပ်/သံ)
- မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသောပစ္စည်းများ ရေမြှုပ်ဟု သြစတြေးလျပြော
- စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်
- ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ်
- ပုံတစ်ပုံကြောင့် ဘ၀ပြောင်းသွားတဲ့ အာကာကျော် နိုင်ငံတကာပွဲ သွားမည်
-
ဖရီးမောင့်မြန်မာတဦး ကလေးသူငယ်များ၏လိင်ပိုင်းဆိုင်
ရာ ကာယအိနြေ္ဒထိခိုက်စေသော ဓာတ်ပုံရုပ်သံများ တက်ဆက်သည့်အမှုဖြင့် ဖမ်းဆီးခံရ - NLD နဲ့ ကြံ့ခိုင်ရေး တိုင်းရင်းသား ဒေသ အားလုံးမှာ ယှဉ်ပြိုင်မည်
- ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ
- လေယာဉ်ပျောက် ရှာဖွေနေတဲ့ အမေရိကန် စစ်လေယာဉ်ပေါ်က သတင်းပို့ချက် (ရုပ်/သံ)
- မြန်မာ စပါးကြီး မြွတွေရဲ့ မှတ်ဉာဏ်
- တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော
- Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စုပါဝင်
- ရိုဟင်ဂျာအမည် ထည့်သွင်းရေး ဗြိတိန်သံအမတ် တိုက်တွန်းချက်ကို ငြင်းဆို
- ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်
- မတ်လ(၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- မတ်လ(၂၂)ရက်နေ့ ထုတ် မြန်မာ သံတော်ဆင့် အတွဲ ၃၊ အမှတ် ၂
Posted: 22 Mar 2014 05:09 AM PDT
မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန်ဆာ
အိမ်တစ်အိမ်ကို ၀င်ဖမ်းတဲ့ အခါ ပြည့်တန်ဆာ တွေသာ အဖမ်းခံရပြီး
လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင်
အဖမ်းမခံရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ်သမတွေဟာ
ရဲတွေရဲ့လက်မှာ မတရားပြုမှုတွေကို ခံရလေ့ ရှိတတ်ပါတယ် . . .
ရန်ကုန်မြို့ရဲ့ အထင်ကရ ဘီယာဆိုင်ကြီး တစ်ဆိုင်ဟာ ညနေခင်းတစ်ခုမှာ အသက်ဝင်
လှုပ်ရှားနေတယ်။ မလုံ့
|
Posted: 22 Mar 2014 05:07 AM PDT
ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက
““ပြည်ပအိမ်ဖော် အလုပ်”တဲ့ . . . ““သြော် . . . ကျွန်တော်တို့
တိုင်းပြည်ရဲ့ အနုတ်လက္ခဏာပြ ကြော်ငြာသာဓက တစ်ခုပါလား””လို့
စာအုပ်ထုတ်ဝေရေး စာပေတိုက်ကြီး တစ်တိုက်က ကျွန်တော်ရေးခဲ့တဲ့
ဆောင်းပါးတချို့ကို စုစုစည်းစည်းနဲ့ စာအုပ်တစ် အုပ်ထုတ်မယ်ဆိုတာနဲ့
ဂျာနယ်တွေကို မိတ္တူကူးဆိုင် ယူသွားပြီး မိတ္တူကူးရပါတယ်။ မိတ္တူကူး
ဆိုင်ရှေ့က
|
Posted: 22 Mar 2014 04:48 AM PDT
ဟိုတယ်မရှိသည့် ဒေသများတွင် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံများ
အတူနေထိုင်ခြင်း (Home Stay) ကို ခွင့်ပြုသွားရန်မရှိကြောင်း ဟိုတယ် နှင့်
ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ ”ခုလတ်တလောမှာတော့ ခွင့်ပြုပေးဖို့
မရှိသေးဘူး။ နောင်လာမယ့် အခြေအနေမှာတော့ ဒါတွေက ပြောနေကြတာ တွေတော့ရှိတယ်”
ဟု ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းလုံလောက်မှု
|
Posted: 22 Mar 2014 04:38 AM PDT
ခေတ်စနစ်ပြောင်းလာချိန်တွင်
လုပ်ထုံးလုပ်နည်းများ ပြောင်းလာသလို ပြိုင်ဘက် အသစ်များလည်း ပေါ်လာသည်။
ယခင် ရပေါက်ရလမ်းများဖြင့် ရှာဖွေနိုင်ခြင်း မရှိတော့သဖြင့်
ထမင်းအိုးကွဲသူတို့ ကွဲကုန်ကြပြီ။
ထမင်းအိုးကွဲလျှင် ဘာလုပ်ကြမလဲ။ ရွေးစရာ နည်းလမ်းမရှိ၊ ထမင်းအိုး
အသစ်တည်ရန်သာ ဖြစ်သည်။ စင်စစ် ထမင်းအိုးဟောင်းများ ကွဲခြင်း ကိုယ်တိုင်က
ထမင်းအိုးသစ် တည်ခွင့်ကို ဖန်တီးပေးသည်။ အဓိကမှာ ထမင်းအိုးသည်
ခေတ်အပြောင်းတွင်
|
Posted: 22 Mar 2014 04:38 AM PDT
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီကို
သွားနေတယ်လို့ ပြောရင် ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်စားနေတာပဲလို့
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
မတ်လ ၂၂ ရက်က မန္တလေးတိုင်း မိုးကုတ်မြို့ အောင်နန်းဘောလုံးကွင်းမှာ
ကျင်းပပြုလုပ်တဲ့ အခြေခံဥပဒေပြင်ရေး လူထုဆန္ဒရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က
အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့
|
Posted: 22 Mar 2014 04:26 AM PDT
ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ မတ်လ ၂၁ ရက်နေ့ ညက
နေရာ ၃ နေရာမှာ ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက
ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ အခုချိန်ထိ ထုတ်ဖော်ပြောဆိုတာ
မရှိသေးပေမယ့် ဗုံးပေါက်ကွဲမှုတွေဟာ လူထုအလန့်တကြားဖြစ်အောင်
တမင်ရည်ရွယ်ပြီး လုပ်တာ ထင်ရှားတယ်လို့ ဆိုပါတယ်။
ပထမဗုံးပေါက်ကွဲမှုကတော့ ပီတီတီ ဓါတ်ဆီဆိုင်တဆိုင်မှာ ည ၈ နာရီခွဲကေ
|
Posted: 22 Mar 2014 04:05 AM PDT
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဇရပ်ကွင်းအုပ်စု လက်ကျိုက်ကျေးရွာကို
ဖေဖော်ဝါရီလတုန်းက တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၉) က
အတင်းအဓမ္မပြောင်းရွှေ့ခဲ့ပြီး အိမ်ခြေ ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လက်ကျိုက်ကျေးရွာဟာ ၁၉၅၀ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ကျေး၇ွာဖြစ်ပါတယ်။
အလားတူ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာအုပ်စု
အင်းပတီးကျေးရွာကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျေးရွာအနီးတဝိုက်မှာ
အခြေစိုက်တဲ့
|
Posted: 22 Mar 2014 03:56 AM PDT
ကင်ဘာရာ၊ မတ် ၂၁
မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းများ ရေနစ်မြုပ်
သွားပြီးလောက်ပြီဟု သြစတြေးလျ ဒုတိယဝန်ကြီး ဝါရန်ထရတ်က ပြောကြားလိုက်ပြီး
လေယာဉ်အမှတ် MH-370 ကို ရှာဖွေနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှာ
မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း Reuters သတင်းတွင်
ဖော်ပြထားသည်။
အိန္ဒိယနှင့် ထိုင်းနိုင်ငံကြားတွင် တည်ရှိသည့် ကပ္ပလီပင်လယ်ပြင် အတွင်း၌လည်း
မလေးရှားလေယာဉ် ရှာဖွေမှုကို
|
Posted: 21 Mar 2014 07:51 PM PDT
ရန်ကုန်၊ မတ် ၂၁
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန်
ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား” အမည်အရ အဆိုပါ
ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ
|
Posted: 21 Mar 2014 06:19 PM PDT
ပျောက်ဆုံးနေဆဲ မလေးရှားဂျက်လေယာဉ်ကို ရှာဖွေဖို့အတွက် ရေအောက်
စုံစမ်းထောက်လှမ်းရေး ကိရိယာတွေ အကူအညီ ပေးဖို့ မလေးရှားနိုင်ငံက အမေရိကန်
ပန်တဂွန်စစ်ဌာနချုပ်ကို ပန်ကြားထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်ဆီ သောကြာနေ့က တယ်လီဖုန်းဆက်သွယ်
ပြောဆိုချိန်အတွင်း မလေးရှား ကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က
ပန်ကြားခဲ့တာဖြစ်တယ်လို့ ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါ တယ်။
|
Posted: 21 Mar 2014 06:14 PM PDT
လွန်ခဲ့တဲ့ တစ်နှစ်ခွဲနီးပါးက လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ မြန်မာနိုင်ငံခရီး
ကို ပြည်သူအများ စိတ်ဝင်စား၊ စိတ်လှုပ်ရှားနေကြချိန်မှာ လူငယ်လေးတစ်ဦးဖြစ်တဲ့ အာကာကျော်
ကလည်း သူဝါသနာပါရာအနုပညာနဲ့ နံရံပေါ်မှာ ဂရပ်ဖစ်တီပုံဆွဲလို့ သမ္မတကြီးကို ကြိုဆိုခဲ့ပါတယ်။
ပုံလေးဆွဲပြီးတဲ့အခါ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး နောက်နေ့မှာ Like လေးတွေ တက်
နေမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုးရိုးလေး
|
Posted: 21 Mar 2014 03:35 PM PDT
မိုးမခအထောက်တော် ၀၀၃၊ မတ် ၂၁၊ ၂၀၁၄
(Child Pornography – အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏
လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်စေသော၊ ကျုးလွန်သော၊ စော်ကားသော
ဓာတ်ပုံ၊ ရုပ်သံများ၊ မီဒီယာထုတ်လုပ်မှုများ)
ဆန်ဖရန် ဘေးဧရိယာ၊ ဖရီးမောင့်မြို့နေ မြန်မာတဦးဖြစ်သည့် မိုက်ကယ်ဂေါ၊
(အောင်ဂေါ) ၂၅ နှစ် နှင့်အတူ အခြား ၁၃ ဦးကို အရွယ်မရောက်သေးသည့်
ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ
|
Posted: 21 Mar 2014 02:22 PM PDT
ဒီနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ ၂၀၁၅ အထွေထွေ
ရွေးကောက်ပွဲ အတွက် အားစမ်းမှုတခု ဖြစ်နိုင်တယ်လို့ အများက သုံးသပ်ကြပေမယ့်
တိုင်းရင်းသား ပါတီ တချို့ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပိုပြီး
အားကောင်း စေတယ်လို့ သုံးသပ်ကြပါတယ်။ အင်အားအကြီးဆုံး အတိုက်အခံ
ပါတီဖြစ်တဲ့ NLD ကလည်း တိုင်းရင်းသား ဒေသတွေမှာပါ သူတို့အနေနဲ့
အနိုင်ရနိုင်ခြေရှိကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က
|
Posted: 21 Mar 2014 02:29 PM PDT
မကြာသေးခင်က
ထိုင်းနိုင်ငံရေး တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းရောက်
မြန်မာအလုပ်သမားတွေ ပတ်စ်ပို့ နဲ့ ဗီဇာ သက်တမ်းတိုးရေးကိစ္စကို အခု ပြန်လည်
လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ကုန်ဆုံးသွားတဲ့
ယာယီနေထိုင်ခွင့် ပတ်စ်ပို့တွေကို အသစ် လုပ်ပေးနေတာဖြစ်တယ်လို့ ဘန်ကောက်
မြန်မာသံရုံးက ပြောပါတယ်။ ဒါပေမဲ့လည်း ပတ်စ်ပို့အတွက် လိုအပ်တဲ့
စာရွက်စာတမ်းတွေကြောင့် အလုပ်သမားတွေ ဒုက္ခရောက်နေကြရတယ်လို့
|
Posted: 21 Mar 2014 02:14 PM PDT
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကြီးကို ရှာနေကြဆဲပါ။
စတုရန်း ကီလိုမီတာ သောင်းနဲ့ချီ ကျယ်တဲ့ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း
ရေပြင်ကျယ်မှာ ဂြိုဟ်တုဓာတ်ပုံထဲက အပျက်အစီးလို့ ထင်ရတဲ့ အရာတွေကို
ရှာနေပေမယ့် မတွေ့ရသေးပါဘူး။
အဲဒီလို ရှာနေကြတဲ့ အဖွဲ့တွေထဲက အမေရိကန်စစ်တပ်ရဲ့ ရှာဖွေရေး လေယာဉ်ပေါ်ကို
ဘီဘီစီက လိုက်ပါနိုင်ခဲ့ပါတယ်။
သူတို့ ဘာတွေလုပ်နေသလဲ၊ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။ BBC Burmese
ရုပ်/သံ
|
Posted: 21 Mar 2014 02:07 PM PDT
ဖလော်ရီဒါ ပြည်နယ်မှာ ရှင်သန် ပေါက်ဖွား နေတဲ့ မြန်မာ စပါးကြီး ခေါ်
စပါးအုံး မြွကြေီး တွေဟာ မွေးရပ်ကို ခင်တွယ် တဲ့ စိတ်ရှိတယ်လို့ သုတေသီတွေက
မကြာခင်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။
The Royal Society journal Biology Letters ပါ ဆောင်းပါး တပုဒ် အရ ပင်လယ်
လိပ်ကြီးတွေနဲ့ အလားတူ မြန်မာ စပါးကြီး မြွကြေီးတွေဟာလည်း နေရပ်ရင်း
ပြန်နိုင်တဲ့ မှတ်ဉာဏ် စွမ်းအား ရှိတယ်လို့ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် တောင်စွန်းက
|
Posted: 21 Mar 2014 02:29 PM PDT
တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
ဆိုင်ရာညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲဝင်တွေ ဟာ တစ်နိုင်ငံလုံး ဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း (Single Text) ရရှိရေး
အတွက် အချောသတ်မှတ်နိုင်ဖို့ ချင်းမိုင်မြို့မှာ ၂ရက်ကြာ ဆွေးနွေးပွဲ
ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ မူကြမ်းမှာအခန်း (၇) ခန်းမှာ
ပါဝင်မယ့် အချက်အလက်တွေနဲ့ တပ်မတော်က တပြည်လုံး
|
Posted: 21 Mar 2014 01:58 PM PDT
အမေရိကန်က နံမည်ကျော် စီးပွားရေး မဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ်အတွက်
ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် အယောက် ၅၀ စာရင်းကို မနေ့ကထုတ်ပြန် ခဲ့တာမှာ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အများ
အကျိုး ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပေးနိုင်သူတွေ၊
မဟာဗျူဟာတွေကို မှန်မှန်ကန်ကန် ချမှတ် အကောင်အထည် ဖော်နိုင်သူတွေ၊
လိုရာပန်းတိုင်ရောက်တဲ့ အထိ အလျော့မပေး
|
Posted: 21 Mar 2014 01:55 PM PDT
မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ
ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က
ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ
သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်
|
Posted: 21 Mar 2014 03:04 PM PDT
အမျိုးသား
ပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်လည်ထားရှိဖို့ အတွက်
ထည့်သွင်း ရေးဆွဲပေးဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့
ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့် ခဲ့ပါတယ်။
ကျောင်းသား သမဂ္ဂနဲ့ ပတ်သက်ပြီး နေရာပေးရမယ့် အစား အထင်အမြင်မှားတွေ
ရှိနေတယ်လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က
အခုလို ပြောပါတယ်။
"ကျောင်းအုပ်ချုပ်ရေး အဖွဲ့တို့၊
|
Posted: 21 Mar 2014 01:46 PM PDT
မတ်လ(၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 21 Mar 2014 01:43 PM PDT
မတ်လ(၂၂)ရက်နေ့ ထုတ် မြန်မာ သံတော်ဆင့် အတွဲ ၃၊ အမှတ် ၂
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment