Wednesday, February 26, 2014

"ကျေးညို နဲ့ ၄ စက္ကန့်"

"ကျေးညို နဲ့ ၄ စက္ကန့်"

McLaren ပြိုင်ကားအသင်းက သူတို့အသင်းရဲ့ ကားဘီးလဲတဲ့အဖွဲ့ကို သိပ်သဘောမကျဘူး။ 
ကားဘီးလဲတာ နှေးလို့တဲ့
ပြိုင်ပွဲကျင်းပနေစဉ်မှာ ကားဘီးလဲတဲ့ အဖွဲ့ရဲ့လျင်မြန်မှုကလည်း ကားပြိုင်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်နိုင်စွမ်းရှိတာကိုး။

ဒါနဲ့ အဲဒီလူတွေကို အလုပ်ကထုတ်လိုက်ပြီး လူသစ်ရှာတယ်။
သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်... ...
"ကားဘီးလေးလုံးကို လေးစက္ကန့်အတွင်း လဲပေးနိုင်သူ အလိုရှိသည်"... ဆိုပြီး။

လူပေါင်းများစွာ အလုပ်လာလျှောက်ကြတယ်။
လူတွေ့စစ်ဆေးပြီး လက်တွေ့လုပ်ခိုင်းကြည့်တော့ ဘယ်သူမှ လေးစက္ကန့်အတွင်း ပြီးအောင်မလဲနိုင်ဘူး။

အဲဒီမှာ...
ကျေးညိုဦးဆောင်တဲ့ အဖွဲ့ကလည်း အင်တာဗျူးလာဖြေတယ်
အင်တာဗျူးတဲ့လူက မေးတာပေါ့... ...
"မင်းတို့ကြည့်ရတာ ပေစုပ်စုပ်နဲ့၊ ဟုတ်ကောဟုတ်ပါ့မလား"
"လက်တွေ့ကြည့်ကြည့်ပေါ့ဗျာ..."
"အေး... ကြည့်တာပေါ့"
... ဆိုပြီး ပြိုင်ကားတစ်စီးနဲ့ လက်တွေ့လုပ်ခိုင်းတယ်... ...

"ကဲ... စ"... လို့လည်း ပြောလိုက်ရော...
ဘာပြောကောင်းမလဲ ဘိုညိုနဲ့အဖွဲ့ တက်ညီလက်ညီနဲ့ လုပ်လိုက်တာ....
အဲဒီ ပြိုင်ကားကို ၄ စက္ကန့်အတွင်း ကားဘီလဲရုံတင်မကဘူး ဆေးဟောင်းကိုခွာ၊ ဆေးသစ်ပြန်သုတ်ပြီး တခြားအသင်းမှာ သူခိုးဈေးနဲ့တောင် သွားရောင်းစားပစ်ခဲ့တယ် တဲ့။

မြန်ဘူးလား... ...

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

McLaren ပြိုင်ကားအသင်းက သူတို့အသင်းရဲ့ ကားဘီးလဲတဲ့အဖွဲ့ကို သိပ်သဘောမကျဘူး။
ကားဘီးလဲတာ နှေးလို့တဲ့ပြိုင်ပွဲကျင်းပနေစဉ်မှာ ကားဘီးလဲတဲ့ အဖွဲ့ရဲ့လျင်မြန်မှုကလည်း ကားပြိုင်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်နိုင်စွမ်းရှိတာကိုး။


ဒါနဲ့ အဲဒီလူတွေကို အလုပ်ကထုတ်လိုက်ပြီး လူသစ်ရှာတယ်။
သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်... ...
"ကားဘီးလေးလုံးကို လေးစက္ကန့်အတွင်း လဲပေးနိုင်သူ အလိုရှိသည်"... ဆိုပြီး။

လူပေါင်းများစွာ အလုပ်လာလျှောက်ကြတယ်။
လူတွေ့စစ်ဆေးပြီး လက်တွေ့လုပ်ခိုင်းကြည့်တော့ ဘယ်သူမှ လေးစက္ကန့်အတွင်း ပြီးအောင်မလဲနိုင်ဘူး။

အဲဒီမှာ...
ကျေးညိုဦးဆောင်တဲ့ အဖွဲ့ကလည်း အင်တာဗျူးလာဖြေတယ်
အင်တာဗျူးတဲ့လူက မေးတာပေါ့... ...
"မင်းတို့ကြည့်ရတာ ပေစုပ်စုပ်နဲ့၊ ဟုတ်ကောဟုတ်ပါ့မလား"
"လက်တွေ့ကြည့်ကြည့်ပေါ့ဗျာ..."
"အေး... ကြည့်တာပေါ့"
... ဆိုပြီး ပြိုင်ကားတစ်စီးနဲ့ လက်တွေ့လုပ်ခိုင်းတယ်... ...

"ကဲ... စ"... လို့လည်း ပြောလိုက်ရော...
ဘာပြောကောင်းမလဲ ဘိုညိုနဲ့အဖွဲ့ တက်ညီလက်ညီနဲ့ လုပ်လိုက်တာ....
အဲဒီ ပြိုင်ကားကို ၄ စက္ကန့်အတွင်း ကားဘီလဲရုံတင်မကဘူး ဆေးဟောင်းကိုခွာ၊ ဆေးသစ်ပြန်သုတ်ပြီး တခြားအသင်းမှာ သူခိုးဈေးနဲ့တောင် သွားရောင်းစားပစ်ခဲ့တယ် တဲ့။

မြန်ဘူးလား... ...

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

No comments:

Post a Comment