အဖေချောင်း ၊ ဖေချောင်း ၊ ဖေချောင်း . . .
စင်အောက် ကွင်းပြင်ထဲမှ လူထုကြီး၏ အော်ဟစ်သံကြောင့် ဆြာမာကျက်သီးဖြန်းဖြန်းထမိသ ည် ။ ပရိတ်သတ်ကြီးသည် သူတို့၏ ပြည်သူ့ခေါင်းဆောင်ကြီး ဦးသံချောင်း၏ အမည်ကို ဟစ်ကြွေးနေကြခြင်းဖြစ်သည်။ဖ ခင်ကဲ့သို့ပင်အလေးအမြတ်ထားသ ဖြင့် အဖေချောင်း ၊ ဖေချောင်းဟုခေါ်ကြတော့သည် ။
ဆြာမာ နဂိုကတော့ သံချောင်းပါတီဝင်မဟုတ် ။ သံချောင်းပါတီခေါင်းဆောင်ခဲ့ သော ၉၉ အရေးအခင်းတုန်းကလည်း ဆြာမာ မပါ ၊ သေနတ်ကျည်ထိမည်
စိုးသဖြင့် အိမ်ကမိန်းမနှင့် ၀ပ်ကျင်းဝပ်နေသည် ။ ၂၀၁၇ ရွှေနီရောင်တော်လှန်ရေးမှာလည်း ဆြာမာ မသွား ။ ဒုတ်စာမိမှာစိုး၍ ဆြာမာ ဘီယာဆိုင်
ကသာ ဘုန်းဘုန်းများကို အားပေးခဲ့သည် ။ သို့သော် ကိစ္စမရှိ ။ ယခုလတ်တလောတွင်ဆြာမာသည် ပြည်သူ့ခေါင်းဆောင်ကြီး ဖေချောင်း ၏ အနီးဆုံးနေရာတွင် အကျီအဖြူကြီးဝတ် ၊ နဖူးတွင် သံချောင်းနဖူးစည်းစည်းလျှက်
အပီအပြင်နေရာယူထားသည် ။မျက်လုံးစွေသည်ကို လူမမြင်စေရန် မျက်မှန်အမဲကြီးပင် တပ်လိုက်သေးသည် ။ ကိစ္စမရှိ ။ ဂိုက်ဆိုက် က အမေရိကန်
သမ္မတလုံခြုံရေးဆိုက်ပင် ပေါက်သွားသေးသည် ။
မည်သည့်အရေးအခင်းတွင်မှ မပါပဲ ၊ ဆြာမာ သံချောင်းပါတီတွင်နေရာမည်သို့ရခဲ့သနည်း ။ ဆြာမာလုပ်ခဲ့သည့်နည်းတွေက ပညာပါသည် ။ ဖေချောင်း
အကျယ်ချုပ်က လွတ်လာသည်နှင့် အပြေးသွားသည် ။ ဖေချောင်းအနီးမှအရာရောက်သူများဖြစ်သော အုတ်ခဲတို့ ၊ လေလွင့်သူတို့ ၊ စိုပြေတို့ကိုဘီယာတိုက်သည် ။ အရက်တိုက်သည် ။ မာဆတ်လိုက်ပို့သည် ။ ကလပ်
ပို့သည် ။ ထိုသူတို့နှင့်အင်မတန်ရင်းနှီးလာသည်နှင့် ၊ အဖေချောင်း ၊အဖေချောင်း ဟု တဖွဖွခေါ်ကာ အဖေချောင်းနားအမြဲကပ်နေသည် ။ အိမ်
ပင်ပြန်မအိပ် ၊ အဖေချောင်းအိမ်တွင်အိပ်သည် ၊ အဖေချောင်းအနားမှာစား
သည် ။ ဆြာမာ အဖေချောင်းကို ချစ်ပြသည် ။
လမ်းလျှောက်ရင်လည်း အဖေချောင်း ၊ ထမင်းစားလျှင်လည်းအဖေချောင်း ၊
ရေချိုးလျှင်လည်း အဖေချောင်း ချိုးသည် ဟု ဖွဖွလေးရွတ်သည် ။ ရေသောက်လျှင်လည်း အဖေချောင်းသောက်သည်ဟုရွတ်သည် ။ အိမ်သာတက်၍ အီအီး ကျသွားလျှင်ပင် အဖေချောင်း ကျသွားပြီဟု ဂါထာစုတ်သည်။
အဖေချောင်း ကြည်တော့ ဆြာမာလည်း ဟောခနဲ ဒိုင်းခနဲရာထူးတက်သည်။နယ်တွေဘာတွေ ဖေချောင်း စည်းရုံးရေးဆင်းလျှင် ဆြာမာတို့သိပ်အရာ
ရောက်သည် ။ နယ်က သံချောင်းပါတီဝင်လေးတွေ ဆြာမာကို သိပ်ကြောက်ရသည် ။ ကိုယ်ပြောချင်တာပြောပြီး အဖေချောင်းပြောခိုင်းတာ ဆိုလျှင်ပြီး
သည် ။ ဖေချောင်း အနားကိုဆြာမာတို့ကပ်စေချင်ေ သာသူတွေမှကပ်ရ
သည် ။ နဂိုကတည်းက သံချောင်းပါတီအမာခံတွေ ဆြာမာတို့နှင့်ရှော့ဖြစ်ပြီး ထွက်ကြသည် ။ ကိစ္စမရှိ ။ သံချောင်းပါတီ မှာ ၀င်ချင်သူတွေအရင်ကထက်များလာ သည် ။ ရွေးကောက်ပွဲနိုင်ဖို့လည်း အင်မတန်သေချာသောပါတီ ။
ထိုနောက်ဆြာမာ လူမှု့ကွန်ယက် ဖေ့ဘုတ်သုံးလာသည်။ ဟုတ်သည်ဖေ့ဘုတ်က ဆြာမာလိုလူမျိုးများအတွက် အင်မတန်အသုံးကျသည် ။
ပထမဆုံး ဖေချောင်းနှင့် ဆြာမာ အရက်ခွက်ချင်းတိုက်နေကြပုံကို
ကောက်ကက်တင်ပလိုက်သည် ။ ပရိုင်ဖိုင်မှာ ဖေချောင်းကို ဆြာမာ
ဆွဲခြင်းနှင့် ဂါနေပုံကိုတင်သည် ။ ထိုနောက် နေ့စဉ်ပင် အဖေချောင်းကိုဝန်းရံကြ ၊ အဖေချောင်းသည် တတိယဘုရားသခင် ၊ အဖေချောင်း
၏ပေးဆပ်မှု့များ စသည်ဖြင့် ပိုစ့်များတင်သည် ။ ဖေ့ဘုတ်မှ လူများဝက်ဝက်ကွဲလိုက်ခ်ကြသည် ။ သံချောင်းပါတီ သတင်းများကို သူများထက်ဦးအောင်တင်သည် ။ ဖေချောင်း က အရက်နာကျတာတောင်ခန့်နေသေးတယ် ဘာညာ စတေးတပ်အမြဲတင်သည် ။ သို့နှင့်
ဆြာမာသည် ဖေ့ဘုတ်တခွင်မှာလည်း သံချောင်းဆလစ်ဘရီတီကြီး
ဖြစ်လာတော့သည် ။
ထိုနှင့် ဖေချောင်းတို့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့  ဆြာမာလည်းဆြာမာတို့မြို့နယ် မှာ ရွေးကောက်ပွဲဝင်သည် ။ ဆြာမာအမည်ကို ဘယ်သူမှမကြားဖူးလည်း ကိစ္စမရှိ ။ သံချောင်းပါတီကိုယ်စားလှယ်ဆိုသည်နှင့်
ကိစ္စပြတ်သည် ။ ဆြာမာနိုင်သည် ။ လွတ်တော်ကိုယ်စားလှယ်ဆြာမာ
ဖြစ်လာသည် ။ ၂၀၂၅ ကို ဆြာမာမျှော်လင့်သည် ။ ၂၀၂၅တွင် သံချောင်းပါတီနိုင်ရမည် ။ သံချောင်းပါတီ ၏ ပြိုင်ဖက် ပြည်ထောင်စုအရက်သောက်ရေးနှင့်မာဆတ်ဖွင့်ရေးပါတီမှာ အင်အားကြီးသော်လည်း ပြည်သူမုန်းနေ
သည် ။ ထိုအချက်ကို ဆြာမာတို့ပါတီအခွင့်ရေးယူရမ ည် ။ ဆြာမာတို့ပါတီနိုင်လျှင် ဖေချောင်းအနားကပ်၍ ၀န်ကြီးတစ်နေရာစာတောင်းရန်
စဉ်းစားထားသည် ။ ခစ်ခစ် . . . ဆြာမာအတွေးလွန်၍ ခစ်ခနဲရယ်မိလိုက်စဉ်မှာပင် . . . ။
မိဘပြည်သူများခဗျာ . . . ယခုဟောပြောမဲ့သူကတော့ မူးပြဲ ပြည်သူ့လွတ်တော်အမတ် ဆြာမာ ဖြစ်ပါတယ် ခင်ဗျား ဟု ကြေငြာသံထွက်လာသည် ။
ဆြာမာ မိုက်ခွက်ကို ဆွဲကာ ရှေ့ကိုထွက်လိုက်ပြီး စင်အောက်မှ သံချောင်းပြည်သူများကို နုတ်ဆက်လိုက်သည် ။
ပရိတ်သတ်ကြီး ...... မင်္ဂလာ ဘာာာာာာာာာာာ !!!!!
မာဃ
၂၆ ။ ၂ ။ ၂၀၁၄
( တတိယ ဘုရားသခင် - အဖေ ချောင်း )
စင်အောက် ကွင်းပြင်ထဲမှ လူထုကြီး၏ အော်ဟစ်သံကြောင့် ဆြာမာကျက်သီးဖြန်းဖြန်းထမိသ
ဆြာမာ နဂိုကတော့ သံချောင်းပါတီဝင်မဟုတ် ။ သံချောင်းပါတီခေါင်းဆောင်ခဲ
စိုးသဖြင့် အိမ်ကမိန်းမနှင့် ၀ပ်ကျင်းဝပ်နေသည် ။ ၂၀၁၇ ရွှေနီရောင်တော်လှန်ရေးမှာလည
ကသာ ဘုန်းဘုန်းများကို အားပေးခဲ့သည် ။ သို့သော် ကိစ္စမရှိ ။ ယခုလတ်တလောတွင်ဆြာမာသည် ပြည်သူ့ခေါင်းဆောင်ကြီး ဖေချောင်း ၏ အနီးဆုံးနေရာတွင် အကျီအဖြူကြီးဝတ် ၊ နဖူးတွင် သံချောင်းနဖူးစည်းစည်းလျှက်
အပီအပြင်နေရာယူထားသည် ။မျက်လုံးစွေသည်ကို လူမမြင်စေရန် မျက်မှန်အမဲကြီးပင် တပ်လိုက်သေးသည် ။ ကိစ္စမရှိ ။ ဂိုက်ဆိုက် က အမေရိကန်
သမ္မတလုံခြုံရေးဆိုက်ပင် ပေါက်သွားသေးသည် ။
မည်သည့်အရေးအခင်းတွင်မှ မပါပဲ ၊ ဆြာမာ သံချောင်းပါတီတွင်နေရာမည်သိ
အကျယ်ချုပ်က လွတ်လာသည်နှင့် အပြေးသွားသည် ။ ဖေချောင်းအနီးမှအရာရောက်သူမ
ပို့သည် ။ ထိုသူတို့နှင့်အင်မတန်ရင်းန
ပင်ပြန်မအိပ် ၊ အဖေချောင်းအိမ်တွင်အိပ်သည် ၊ အဖေချောင်းအနားမှာစား
သည် ။ ဆြာမာ အဖေချောင်းကို ချစ်ပြသည် ။
လမ်းလျှောက်ရင်လည်း အဖေချောင်း ၊ ထမင်းစားလျှင်လည်းအဖေချောင်
ရေချိုးလျှင်လည်း အဖေချောင်း ချိုးသည် ဟု ဖွဖွလေးရွတ်သည် ။ ရေသောက်လျှင်လည်း အဖေချောင်းသောက်သည်ဟုရွတ်သည
အဖေချောင်း ကြည်တော့ ဆြာမာလည်း ဟောခနဲ ဒိုင်းခနဲရာထူးတက်သည်။နယ်တေ
ရောက်သည် ။ နယ်က သံချောင်းပါတီဝင်လေးတွေ ဆြာမာကို သိပ်ကြောက်ရသည် ။ ကိုယ်ပြောချင်တာပြောပြီး အဖေချောင်းပြောခိုင်းတာ ဆိုလျှင်ပြီး
သည် ။ ဖေချောင်း အနားကိုဆြာမာတို့ကပ်စေချင်ေ
သည် ။ နဂိုကတည်းက သံချောင်းပါတီအမာခံတွေ ဆြာမာတို့နှင့်ရှော့ဖြစ်ပြီ
ထိုနောက်ဆြာမာ လူမှု့ကွန်ယက် ဖေ့ဘုတ်သုံးလာသည်။ ဟုတ်သည်ဖေ့ဘုတ်က ဆြာမာလိုလူမျိုးများအတွက် အင်မတန်အသုံးကျသည် ။
ပထမဆုံး ဖေချောင်းနှင့် ဆြာမာ အရက်ခွက်ချင်းတိုက်နေကြပုံက
ကောက်ကက်တင်ပလိုက်သည် ။ ပရိုင်ဖိုင်မှာ ဖေချောင်းကို ဆြာမာ
ဆွဲခြင်းနှင့် ဂါနေပုံကိုတင်သည် ။ ထိုနောက် နေ့စဉ်ပင် အဖေချောင်းကိုဝန်းရံကြ ၊ အဖေချောင်းသည် တတိယဘုရားသခင် ၊ အဖေချောင်း
၏ပေးဆပ်မှု့များ စသည်ဖြင့် ပိုစ့်များတင်သည် ။ ဖေ့ဘုတ်မှ လူများဝက်ဝက်ကွဲလိုက်ခ်ကြသည
ဆြာမာသည် ဖေ့ဘုတ်တခွင်မှာလည်း သံချောင်းဆလစ်ဘရီတီကြီး
ဖြစ်လာတော့သည် ။
ထိုနှင့် ဖေချောင်းတို့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော
ကိစ္စပြတ်သည် ။ ဆြာမာနိုင်သည် ။ လွတ်တော်ကိုယ်စားလှယ်ဆြာမာ
ဖြစ်လာသည် ။ ၂၀၂၅ ကို ဆြာမာမျှော်လင့်သည် ။ ၂၀၂၅တွင် သံချောင်းပါတီနိုင်ရမည် ။ သံချောင်းပါတီ ၏ ပြိုင်ဖက် ပြည်ထောင်စုအရက်သောက်ရေးနှင
သည် ။ ထိုအချက်ကို ဆြာမာတို့ပါတီအခွင့်ရေးယူရမ
စဉ်းစားထားသည် ။ ခစ်ခစ် . . . ဆြာမာအတွေးလွန်၍ ခစ်ခနဲရယ်မိလိုက်စဉ်မှာပင်
မိဘပြည်သူများခဗျာ . . . ယခုဟောပြောမဲ့သူကတော့ မူးပြဲ ပြည်သူ့လွတ်တော်အမတ် ဆြာမာ ဖြစ်ပါတယ် ခင်ဗျား ဟု ကြေငြာသံထွက်လာသည် ။
ဆြာမာ မိုက်ခွက်ကို ဆွဲကာ ရှေ့ကိုထွက်လိုက်ပြီး စင်အောက်မှ သံချောင်းပြည်သူများကို နုတ်ဆက်လိုက်သည် ။
ပရိတ်သတ်ကြီး ...... မင်္ဂလာ ဘာာာာာာာာာာာ !!!!!
မာဃ
၂၆ ။ ၂ ။ ၂၀၁၄
( တတိယ ဘုရားသခင် - အဖေ ချောင်း )
No comments:
Post a Comment