Saturday, February 1, 2014

ဆယ်လမွန်ငါး

January 31, 2014 at 12:48pm

 ဆယ်လမွန်ငါးတွေဟာ
ရေဆန်ကိုလှန်ပြီးတော့ အိမ်ပြန်တယ်။

ဆယ်လမွန်ငါးတွေဟာ
မိုးဦးဆိုတာ သေချာမှာ အိမ်ပြန်တယ်။

မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတွေပါလား အမေ လို့ ဆရာချောကရေးခဲ့
အခုက
မိုးဦး နောက်ကျ
အဲဒါလည်း
တကယ်တော့ လောကဓံတွေ
တကယ်တော့ တော်လှန်သော လောကဓံတွေ။

ရေဆန်ကိုတော့ လှန်နေရတုန်း
မိုးဦးဆိုတာသေချာပြီလား
မေးမနေနဲ့
ငါ အခုထိ အိမ်မပြန်သေး။

ညိုထက် (လမ်းသစ်ဦး)
၃၁ - ၁ - ၂၀၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...